အချိန်က
၂၀၀၆ ခုနှစ်ရဲ့ ရက်တစ်ရက်...။
အဲဒီရက်တစ်ရက်မှာ ၀တ္ထုတချို့တလေကို
ဖတ်စပြုနေပြီဖြစ်တဲ့ မိန်းကလေးတစ်ယောက်က သူမအကြိုက်ဆုံး စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ ဆရာမ
“ဂျူး” ရဲ့ အသစ်စက်စက်ဝတ္ထုတစ်အုပ်ကို ဖတ်ချင်လွန်းလို့ အိမ်နဲ့ မနီးမဝေးက စာအုပ်အငှားဆိုင်လေးမှာ
သွားငှားလာခဲ့တယ်...။ စာအုပ်လေးရဲ့ နာမည်က “စောင့်နေမယ်လို့ မပြောလိုက်ဘူး” တဲ့...။
မဖတ်ခင်အချိန်ထိတော့ ဘာကြောင့် စောင့်နေမယ် လို့ မပြောလိုက်တာလည်းလို့ ခပ်ငယ်ငယ်မိန်းကလေးတစ်ယောက်ရဲ့
အတွေးနဲ့ မချင့်မရဲဖြစ်နေမိခဲ့ ပါသေးတယ်..။ တကယ်ဆို သူမဘက်ကသာ စောင့်နေမယ်လို့သေချာပြောလိုက်ရင်
သူတို့နှစ်ယောက် တချိန်မဟုတ်တချိန် ပြန်တွေ့ကြပြီး ပျော်စရာနိဂုံးတစ်ခုဖြစ်မှာလို့
မဖတ်ခင်တော့ တွေးနေမိခဲ့တယ်...။ ဖတ်ပြီးသွားချိန်မှာတော့ ကြိုးစားမှုတွေနဲ့အတူ မျှော်လင့်ချက်တပွေ့တပိုက်နဲ့
ကောင်မလေးတစ်ယောက်က ပျံသန်းဖို့အတောင်ပံတွေ အပြည့်ရှိလာတဲ့ အချိန်မှာ ကောင်းကင်ကြီးမှာ လွတ်လွတ်လပ်လပ်ပျံသန်းသွား မှာဖြစ်လို့
မရေမရာနဲ့ စောင့်မျှော်နေတဲ့အလုပ်တစ်ခုကို လုပ်မှာမဟုတ်ဘူးဆိုတဲ့ သူမဖက်ကနေ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုအတွက်
ထပ်တူပျော်ရွှင်နေခဲ့မိတယ်...။ ပြီးတော့ သူမလည်း အောင်မြင်စွာ ပျံသန်းသွားနိုင်ပါစေလို့
တိတ်တိတ်လေးဆုတောင်းပေးရင်းပေါ့..။
ငယ်ငယ်ကတော့ မြန်မာမိဘတွေရဲ့ ထုံးစံအတိုင်း
အဖေနဲ့အမေက အပြင်စာတွေ အထူးသဖြင့် အချစ်ဝတ္ထုတွေဖတ်တာ လုံးဝမကြိုက်တော့ အချစ်လုံးချင်းဝတ္ထုတွေနဲ့
မရင်းနှီးခဲ့ဘူး...။ မှတ်မှတ်ရရ ပထမဆုံးရင်ထဲထိရောက်တဲ့ အချစ်ဝတ္ထုတစ်အုပ်က ဆရာမ ဂျူးရဲ့
‘အမှတ်တရ’ ဆိုတဲ့ စာအုပ်ကလေးပါ..။ အဲဒီစာအုပ်ကလေးကို ၆ တန်းလောက်ကနေ ၁၀ တန်းထိ မခွဲဘဲအတူတူကျောင်းတက်လာပြီး
ဆယ်တန်းမှာ ကျသွားခဲ့တဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်နဲ့ သူ့အစ်မကို study guide ပြန်လုပ်ပေးရင်း
တစ်ရက်တော့ သူ့အစ်မက ဖတ်ဖြစ်အောင်ဆိုကာ ငှားပေးလိုက်ရင်းကနေ ဖတ်ဖြစ်သွားခဲ့ပါတယ်..။
အဲဒီအချိန်တုန်းက အဲဒီစာအုပ်က ဆရာမရဲ့ ပထမဆုံးလုံးချင်းမှန်းလည်း မသိ၊ ဆရာမဆိုတာ ဘယ်လိုလူမျိုးလည်းတောင်
သေချာမသိသေးဘဲ နှစ်ပေါင်းတော်တော်ကြာနေပြီဖြစ်တဲ့ စာအုပ် ခပ်နွမ်းနွမ်းလေးကို ၂ ခါလောက်ပြန်ဖတ်ခဲ့မိတယ်..။
ဖတ်ရင်းလည်း ရင်ထဲမှာ နင့်နင့်သည်းသည်း ခံစားနေခဲ့ရတယ်..။ နောက်တော့ အဲဒီအချိန်က စာအုပ်အငှားဆိုင်တွေ
ခေတ်ရှိနေသေးတဲ့အချိန်ဆိုတော့ စာအုပ်ဆိုင်မှာ ဆရာမဂျူးရဲ့ စာအုပ်တွေကို အကုန်လုံး ငှားဖတ်ဖြစ်ခဲ့တယ်..။
ဆယ်တန်းအောင်ပြီးခါစ တက္ကသိုလ်တက်ဖို့ စောင့်နေတဲ့အချိန်၊ စာကြည့်စရာမလိုတော့ပေမယ့်
Study Guide တစ်ယောက်အဖြစ် တနေကုန် မနက် ၆ နာရီလောက်ကနေ ည ၁၀ နာရီလောက်အထိ လုပ်နေချိန်ဆိုတော့
အားချိန်မရှိပေမယ့် မရှိရှိတဲ့အချိန်လေးမှာ စာအုပ်တွေ ဖတ်ဖြစ်ခဲ့တယ်..။ စာအုပ်အထွက်ကျဲတဲ့
ဆရာမရဲ့ စာအုပ်တွေက လပိုင်းလောက်အတွင်းပဲ ဖတ်လို့ပြီးသွားတဲ့အတွက် စာအုပ်အသစ်ထွက်ဖို့အရေး
အမြဲလိုလို လက်ချိုးရေရင်း စောင့်နေတဲ့သူတွေထဲမှာ ကျမတစ်ယောက်လည်း အပါအ၀င်ဖြစ်ခဲ့တယ်..။
အဲဒီလိုနဲ့ ၂၀၀၆ ခုနှစ်ရဲ့ ရက်တစ်ရက်မှ
ထွက်လာတဲ့ စာအုပ်တစ်အုပ်ကို ထွက်ထွက်ချင်းဖတ်ချင်မိခဲ့ကာ ဖတ်ပြီးတော့ အဓိက ဇာတ်လိုက်မလေး
အေသင်ကို အားကျတာမဟုတ်ဘဲ သူမရဲ့ role model ဖြစ်တဲ့ "ခက်" ဆိုတဲ့ အမျိုးသမီးကို အေသင်နဲ့အတူတူ
အားကျကာ ခက် လိုမျိုး နိုင်ငံခြားမှာ ပညာသင်ချင်တဲ့သူ တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်ချင်ခဲ့မိတယ်..။
တကယ်တော့ ငယ်ရွယ်နုနယ်သေးတဲ့ နှလုံးသားတွေက
တစ်ခုခုဆိုရင် စွဲထင်ကျန်ရစ်နေတတ်စမြဲပါ..။ ခပ်ငယ်ငယ်အရွယ်က ကြည့်ခဲ့ဖူးတဲ့ရုပ်ရှင်၊
ကြားခဲ့ဖူးတဲ့ပုံပြင်၊ အကြောင်းအရာ စတာတွေက မှတ်ညဏ်ကောင်းလွန်းတဲ့ ငယ်ရွယ်သူတွေရဲ့
မသိစိတ်ထဲမှာ စွဲထင်ကျန်ရစ်နေတတ်တာ သဘာဝပဲလေ..။ ငယ်ငယ်က ဆရာမရဲ့ စာတွေကို ဖတ်ရင်း နိုင်ငံခြားက
Conference တွေ၊ Seminar, Workshop တွေကို သွားတက်လေ့ရှိတဲ့ ပညာတတ်မိန်းမတစ်ယောက်ရဲ့
သရုပ်ဟာ ကျမရဲ့ သိစိတ်မှာရော၊ မသိစိတ်မှာပါ မသိမသာ စွဲထင်နေခဲ့တယ်..။ နယ်မြို့ကလေးတစ်မြို့နားက
ရွာလေးတစ်ရွာမှာနေတဲ့ သာမာန်မိဘနှစ်ပါး ကနေ မွေးလာတဲ့သူတစ်ယောက်အနေနဲ့ အဲဒီလို အမျိုးသမီးတွေရဲ့
ဘ၀က ကိုယ်နဲ့ လားလားမှ မသက်ဆိုင်လောက်အောင် မြင့်မားလွန်းတယ်လို့ မသိစိတ်ထဲမှာ အမြဲလိုလိုတွေးနေမိတတ်ပြန်သေး တယ်..။
ဘာကြောင့်ဆိုရင် အနီးအနားမှာက ဆယ်တန်းကို မအောင်လို့ ငါးနှစ်ခြောက်နှစ် ဆက်တိုက်ဖြေနေရသူတွေ၊
ကံကောင်းလို့ အောင်သွားရင်တောင် အောင်မှတ်လေး ပွတ်ကာသီကာနဲ့ မန္တလေးအဝေးသင်တက္ကသိုလ်လောက်ကိုသာ
လက်လှမ်းမီတဲ့သူတွေ၊ အချို့လည်း အဝေးသင်တောင် မတက်နိုင်ကြဘဲ မိဘလက်ငုတ်လက်ရင်းအလုပ်တွေသာ
ဝင်လုပ်ရင်း ဘ၀တက္ကသိုလ်ထဲမှာပဲ ကျင်လည်နေကြသူတွေသာ ပေါများလှတဲ့နေရာတစ်ခုမှာ ဆယ်တန်းဆိုတာ
အောင်ဖို့ အတော်ခက်ခဲတဲ့ အခြေအနေတစ်ခုပါလားလို့ စွဲနေခဲ့တာဖြစ်ပါတယ်..။
ကျမရဲ့ အဲဒီအတွေးတွေကို ချေဖျက်ပေးလိုက်သူက ကျမနဲ့ အသက် ၂ နှစ်ကွာပေမယ့် အတန်းတစ်တန်းထဲသာ ကွာတဲ့ ကျမအစ်မပါ..။ အစ်မက ဆယ်တန်း ကို နှစ်ချင်းပေါက် ဂုဏ်ထူးတစ်ခုနဲ့ အောင်ခဲ့ပါတယ်..။ အဲဒီအခါ အဲဒီလိုအောင်မြင်မှုမျိုး ရှားပါးလှတဲ့ရွာမှာ အဖေက ၀မ်းသာလွန်းလို့ အစ်မရဲ့ အောင်မြင်မှုအထိန်းအမှတ်အဖြစ် အိမ်မှာ အလှူလုပ်ပေးတော့ အစ်မကို အားကျစိတ်တွေ ဖြစ်ခဲ့ရတယ်..။ ကျမလည်း အစ်မလိုကြိုးစားရင်ဖြစ်မှာပဲ၊ သူများတွေပြောသလောက် ဆယ်တန်းဆိုတာ မခက်ခဲပါဘူးလို့ စိတ်ထဲမှာ ပြန်စွဲသွားတော့ ဘာသာစုံဂုဏ်ထူးနဲ့အောင်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်တယ်..။ အဲဒီအချိန်မှာ ကျမက ဆယ်တန်းတက်နေပြီလေ..။
အဲဒီလိုနဲ့ ဆယ်တန်းအောင်တော့ ရွာမှာတစ်ခါမှ မကြုံဖူးခဲ့တဲ့ ဂုဏ်ထူးတွေအများကြီးနဲ့ စာမေးပွဲအောင်တဲ့ ဘာသာစုံ ရမှတ်ပေါင်းက တစ်ဘာသာချင်းပျမ်းမျှ ၈၀ ကျော်ရတဲ့ ပထမဆုံးမိန်းကလေးတစ်ယောက်ဖြစ် လာခဲ့တယ်..။ ဒါပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ အဲဒီအချိန်က ဆေးတက္ကသိုလ်အမှတ်ကို ၄ မှတ်အလိုနဲ့ ကပ်လွဲသွားခဲ့ပါ တယ်..။ ရည်မှန်းချက်ကြီးကြီးမရှိလှတဲ့၊ မသိလှတဲ့ ကျမအနေနဲ့ ဆေးတက္ကသိုလ်နဲ့လွဲတာ ကို သိပ်တော့ ၀မ်းနည်းပက်လက်မဖြစ်လှပါဘူး..။ ဆေးကိုသာ တက်ဖြစ်ရင် နောက်ထပ်ဘွဲ့လွန်တွေ အတွက် စာတွေ အများကြီးကြည့်နေရမယ်၊ လုပ်ငန်းခွင်ထဲမှာလည်း စာတွေ ဆက်ဖတ်နေရဦးမယ်ဆိုတော့ စာကြမ်းပိုးဖြစ်ပြီး ပင်ပန်းတာပေါ့၊ အခုတက်မယ့်တက္ကသိုလ်ဆိုရင် ဘွဲ့လေးတစ်ဘွဲ့ရပြီးရင် စာဆက်ကြည့် စရာမလိုဘဲ အေးအေးဆေးဆေး နားနေလို့ရပြီဆိုပြီး စာကြည့်ရမှာ ပျင်းလှတဲ့ကျမက အဲလိုအတွေးနဲ့ ဖြေသိမ့်ခဲ့ပါတယ်..။ စက်မှုတက္ကသိုလ်တွေကလည်း ပိတ်ထားပြီး ကျမတို့နှစ်တွေမှာ GTC ပဲခေါ်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိလှတဲ့ကျမက B.E ထိရောက်အောင် မကြိုးစားနိုင်ဘဲ B.Tech လောက်မှာဘဲ ရပ်သွားရင် ဘွဲ့မရဖြစ်နေမယ်ဆိုပြီး Architect တစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့် GTC ကိုတော့ မလျှောက်ခဲ့ ပါဘူး..။ အဲဒီတော့ အဲဒီခေတ်ကာလက ဆေးတက္ကသိုလ်ပြီးရင် တက္ကသိုလ်ဝင်ခွင့်တွေထဲ ဒုတိယအမှတ် အမြင့်ဆုံးဖြစ်တဲ့ လူသိပ်မသိတဲ့ တက္ကသိုလ်တစ်ခုကို အလိုအလျောက်တက်ခဲ့မိပါတယ်..။ ရည်ရွယ်ချက် က တော်တော်ကြီးမားပါတယ်..။ ဘွဲ့တစ်ခုရရင် တော်ပြီ.၊ စာတွေကို နှစ်ရှည်လများ မဖတ်ချင်ဘူး၊ စာတွေနဲ့ တစ်သက်လုံး အဖော်မပြုချင်ဘူး လို့ ဖြစ်ပါသတဲ့..။
ကျမရဲ့ အဲဒီအတွေးတွေကို ချေဖျက်ပေးလိုက်သူက ကျမနဲ့ အသက် ၂ နှစ်ကွာပေမယ့် အတန်းတစ်တန်းထဲသာ ကွာတဲ့ ကျမအစ်မပါ..။ အစ်မက ဆယ်တန်း ကို နှစ်ချင်းပေါက် ဂုဏ်ထူးတစ်ခုနဲ့ အောင်ခဲ့ပါတယ်..။ အဲဒီအခါ အဲဒီလိုအောင်မြင်မှုမျိုး ရှားပါးလှတဲ့ရွာမှာ အဖေက ၀မ်းသာလွန်းလို့ အစ်မရဲ့ အောင်မြင်မှုအထိန်းအမှတ်အဖြစ် အိမ်မှာ အလှူလုပ်ပေးတော့ အစ်မကို အားကျစိတ်တွေ ဖြစ်ခဲ့ရတယ်..။ ကျမလည်း အစ်မလိုကြိုးစားရင်ဖြစ်မှာပဲ၊ သူများတွေပြောသလောက် ဆယ်တန်းဆိုတာ မခက်ခဲပါဘူးလို့ စိတ်ထဲမှာ ပြန်စွဲသွားတော့ ဘာသာစုံဂုဏ်ထူးနဲ့အောင်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်တယ်..။ အဲဒီအချိန်မှာ ကျမက ဆယ်တန်းတက်နေပြီလေ..။
အဲဒီလိုနဲ့ ဆယ်တန်းအောင်တော့ ရွာမှာတစ်ခါမှ မကြုံဖူးခဲ့တဲ့ ဂုဏ်ထူးတွေအများကြီးနဲ့ စာမေးပွဲအောင်တဲ့ ဘာသာစုံ ရမှတ်ပေါင်းက တစ်ဘာသာချင်းပျမ်းမျှ ၈၀ ကျော်ရတဲ့ ပထမဆုံးမိန်းကလေးတစ်ယောက်ဖြစ် လာခဲ့တယ်..။ ဒါပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ အဲဒီအချိန်က ဆေးတက္ကသိုလ်အမှတ်ကို ၄ မှတ်အလိုနဲ့ ကပ်လွဲသွားခဲ့ပါ တယ်..။ ရည်မှန်းချက်ကြီးကြီးမရှိလှတဲ့၊ မသိလှတဲ့ ကျမအနေနဲ့ ဆေးတက္ကသိုလ်နဲ့လွဲတာ ကို သိပ်တော့ ၀မ်းနည်းပက်လက်မဖြစ်လှပါဘူး..။ ဆေးကိုသာ တက်ဖြစ်ရင် နောက်ထပ်ဘွဲ့လွန်တွေ အတွက် စာတွေ အများကြီးကြည့်နေရမယ်၊ လုပ်ငန်းခွင်ထဲမှာလည်း စာတွေ ဆက်ဖတ်နေရဦးမယ်ဆိုတော့ စာကြမ်းပိုးဖြစ်ပြီး ပင်ပန်းတာပေါ့၊ အခုတက်မယ့်တက္ကသိုလ်ဆိုရင် ဘွဲ့လေးတစ်ဘွဲ့ရပြီးရင် စာဆက်ကြည့် စရာမလိုဘဲ အေးအေးဆေးဆေး နားနေလို့ရပြီဆိုပြီး စာကြည့်ရမှာ ပျင်းလှတဲ့ကျမက အဲလိုအတွေးနဲ့ ဖြေသိမ့်ခဲ့ပါတယ်..။ စက်မှုတက္ကသိုလ်တွေကလည်း ပိတ်ထားပြီး ကျမတို့နှစ်တွေမှာ GTC ပဲခေါ်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိလှတဲ့ကျမက B.E ထိရောက်အောင် မကြိုးစားနိုင်ဘဲ B.Tech လောက်မှာဘဲ ရပ်သွားရင် ဘွဲ့မရဖြစ်နေမယ်ဆိုပြီး Architect တစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့် GTC ကိုတော့ မလျှောက်ခဲ့ ပါဘူး..။ အဲဒီတော့ အဲဒီခေတ်ကာလက ဆေးတက္ကသိုလ်ပြီးရင် တက္ကသိုလ်ဝင်ခွင့်တွေထဲ ဒုတိယအမှတ် အမြင့်ဆုံးဖြစ်တဲ့ လူသိပ်မသိတဲ့ တက္ကသိုလ်တစ်ခုကို အလိုအလျောက်တက်ခဲ့မိပါတယ်..။ ရည်ရွယ်ချက် က တော်တော်ကြီးမားပါတယ်..။ ဘွဲ့တစ်ခုရရင် တော်ပြီ.၊ စာတွေကို နှစ်ရှည်လများ မဖတ်ချင်ဘူး၊ စာတွေနဲ့ တစ်သက်လုံး အဖော်မပြုချင်ဘူး လို့ ဖြစ်ပါသတဲ့..။
ကျမရဲ့ ဘွဲ့တစ်ခုရရင်တော်ပြီဆိုတဲ့
အတွေးက ဆရာမဂျူးရဲ့စာအုပ်တွေဖတ်ပြီး တဖြည်းဖြည်းပြောင်းလဲ လာခဲ့ပါတယ်..။ အဓိက ပြောင်းလဲပေးခဲ့တာက
“စောင့်နေမယ်လို့ မပြောလိုက်ဘူး” ဆိုတဲ့ စာအုပ်လေးကို ဖတ်အပြီးမှာ ပြောင်းလဲသွားခဲ့ပါတယ်..။
မမခက်ကို အားကျခဲ့ပြီး အေသင်နဲ့အတူ သူ့လိုဖြစ်ချင်တဲ့စိတ်တွေ ၀င်လာခဲ့တယ်..။ ဘာကြောင့်ဆိုရင်
သူတို့နှစ်ယောက်လုံးရဲ့ ဘ၀တွေက ကျမရဲ့ ဘ၀နဲ့ အများကြီးအလှမ်း ကွာလှတာ မဟုတ်တဲ့အတွက် အဲဒီစာအုပ်ဖတ်ချိန်
စိတ်ထဲမှာ ငါလည်း ကြိုးစားရင် မမခက်လို ဖြစ်လာမှာပဲ လို့ တွေးနေမိခဲ့တယ်ထင်ပါတယ်..။
အဲဒါအပြင် ကျမရဲ့ အဲဒီအချိန် ဘ၀က အေသင်ထက်တောင် သာနေသေးတယ်လေ..။ မိသားစုဝင်တွေအများကြီးနဲ့
အလုပ်လုပ်ရင်း အဝေးသင်တက်နေရ တဲ့ အေသင့်လိုဘ၀မျိုးမဟုတ်ဘဲ မိဘပံ့ပိုးမှုအလုံအလောက်နဲ့
တက္ကသိုလ်ကျောင်းသူဘ၀ကို သူငယ်ချင်းတွေ၊ ဆရာ၊ ဆရာမတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေချိန်ပါ..။
ဆရာတွေ ဆရာမတွေ ထဲမှာလည်း နိုင်ငံခြားပြန်တွေ၊ သွားနေဆဲသူတွေ တွေ့ရတဲ့အခါ သူတို့ကို
ခက်နဲ့ ချိန်ထိုးအားကျခဲ့ ကာ ကျောင်းစာကို တဖြည်းဖြည်းကြိုးစားလာခဲ့ပါတယ်..။ အဲဒီအချိန်ကာလက
ဘယ်သူမှ ပြောပြမယ့်သူ မရှိခဲ့ပေမယ့် Bachelor မှာ အမှတ်ကောင်းကောင်းရမှ နိုင်ငံခြားက
မဟာဘွဲ့ကို လျှောက်ရင် ရဖို့ရာခိုင်နှုန်းပိုများတယ်ဆိုတာကို မှတ်ထားနေမိတဲ့အတွက် နှစ်တိုင်းအမှတ်ကောင်းကောင်း၊
အဆင့်ကောင်းကောင်းနဲ့အောင်အောင် ကြိုးစားခဲ့ပါတယ်..။ တစ်ဖက်ကလည်း အချိန်ရရင် ရသလို
အင်္ဂလိပ်စာလည်း လေ့လာရင်းပေါ့..။ အဲဒီအချိန်ကာလက ကျောင်းသားလူငယ်တွေကြား ရေပန်းစားခဲ့တဲ့
The Best, Light English, English for All လိုမျိုး စာအုပ်တွေကို မလွတ်တမ်းဝယ်ဖတ်ရင်း
ဘာသာပြန်ပြိုင်ပွဲတွေလည်း တခါတလေ ၀င်ပြိုင်ဖြစ်ပါတယ်..။ ကျမ တက္ကသိုလ်ကျောင်းသူဘ၀မှာ
Facebook ဆိုတဲ့အရာမရှိခဲ့တာ တော်တော်ကံကောင်းတယ်ဆိုရမယ်..။ အားတဲ့အချိန်မှာ အပန်းဖြေစရာ
များများစားစားမရှိဘဲ အဲဒီလို အင်္ဂလိပ်စာအုပ်တွေပဲ ဖတ်ဖြစ်နေခဲ့တာကိုး...။ ပညာရေးအတွက်
ပထမဆုံး အုတ်မြစ်ချချိန်မှာ မရည်ရွယ်ပါဘဲ အခြေခိုင်အောင် ကြိုးစားမှန်းမသိကြိုးစားနေခဲ့တယ်...။
To be continued~~~
++++++++++++++++ ++++++++++++++++++++++
စာကြွင်း+++
တကယ်တမ်းတော့ ဒီနေ့ပိတ်ရက် စနေနေ့မှာ အိမ်သန့်ရှင်းရေးလုပ်၊ တစ်ပတ်စာ အ၀တ်တွေလျှော်၊ ဈေးဝယ် နဲ့ တစ်မနက်လုံးလှုပ်ရှားပြီးတဲ့အခါ စာဖတ်ဖို့သာ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်.။ ကျမကြိုက်တဲ့ ရသစာတစ်ခုခုဖတ်မယ်ဆိုပြီး E-Book တွေ မွှေနှောက်ရှာဖွေရင်းက ငယ်ငယ်က ဖတ်ခဲ့ပြီး စွဲထင်နေခဲ့တဲ့ ဆရာမရဲ့ စာအုပ်ကလေးကို ခဏ ပြန်ဖတ်ကြည့်မိခြင်းသာ...။ ဖတ်ရင်းနဲ့ အဲဒီစာအုပ်ကလေးကို ဖတ်မိချိန်ကာလက ခက် ဆိုတဲ့ အမျိုးသမီးတစ်ယောက်လို ဖြစ်ချင်စိတ်တွေ များခဲ့တဲ့ ကျမရဲ့ မျှော်လင့်ချက်အိပ်မက်တစ်ခုကို သတိရသွားမိတယ်..။
အဲဒါနဲ့ ရေးချင်စိတ်ပေါ်လာကာ Keyboard ပေါ်မှာ ခက်ကို အားကျစိတ်ဖြစ်ပေါ်ခဲ့ခြင်းက ကျမကို ကြိုးစားဖို့ အားတစ်ခုဖြစ်ခဲ့ကြောင်းလောက်သာ ရေးချင်ရုံသက်သက်ပါ..။ ရေးရင်းရေးရင်း ပြန်ဖတ်မိတဲ့အခါ ကိုယ့်ဂုဏ်ကိုယ်ဖော်ထားသလိုလည်း ဖြစ်နေမိပြန်ရဲ့ ...(တကယ်တော့ မရည်ရွယ်ခဲ့ပါဘူး...၊ ကျမက လိုအပ်ချက်တွေ အများကြီးနဲ့ ကိုယ့်လမ်းကိုယ် စမ်းတ၀ါးဝါးလျှောက်နေရဆဲ အမျိုးသမီးတစ်ယောက်သာ)
ဒါပေမယ့်လည်း ရေးထားတာတွေအားလုံးက အမှန်တရားတွေဖြစ်ခဲ့တဲ့အတွက် ပြီးဆုံးအောင် ဆက်ရေးပါဦးမယ်.....။
7 comments:
ကြိုးစားချင်စိတ်၇ှိတဲ့သူတိုင်းအတွက်
ပန်းတိုင်ဟာလက်တကမ်းမှာဘဲ ရှိနေမှာပါ
ရည်မှန်းချက်တွေ ပြည့်စုံဖို့ အတွက် ကြိုးစားနေတဲ့
သူတိုင်းကို အားလည်းအားပေးတယ်..
အားလည်းအားကျမိတယ် ..မရေ
ဘဝအတွက် ကိုယ်တကယ်လိုချင်တဲ့ အရာကို
မှန်ကန်စွာ ရွေးချယ်ဆုံးဖြတ်တတ်တဲ့ မကို အရမ်းလေးစားမိပါတယ်.
ပစ်ဆို .. ဖြစ်ချင်တဲ့ဆန္ဒက တခု လှုပ်ရှားနေရတဲ့
ဘဝကတခု ဖြစ်နေတယ်..
တခါတလေ ကိုယ့်ဘာကို ပြန်ကြည့်မိ၇င်
စိတ်နဲ့ လူနဲ့က သပ်သပ်စီဖြစ်နေတယ်လို့
အမြဲခံစားမိတယ်...
( ဆရာမ ဂျူးကို ပစ်လည်းကြိုက်တယ်..တော်တော်များများလည်းဖတ်ဖြစ်တယ်
ဒါပေမဲ့ဆရာမရဲ့စာတွေထဲက ထက်မြက်တဲ့ ဇာတ်ကောင်တွေကို
အတုမယူခဲ့မိဘူး အမရယ်..ကိုယ်ရွေးချယ်တာ မှားသွားတဲ့
လမ်းတခုကို အဆင်ပြေအောင် ဆက်လျှောက်နေရဆဲဆိုပါတော့လေ.. )
ကိုယ်ငယ်ငယ်ကလည်းအဲလိုဘဲ။
ကိုယ့်ကိုကိုယ်နိုင်ငံတကာကကွန်ဖရင့်တွေတက်
နိုင်ငံခြားသားတွေနဲ့ တန်းတူလုပ်နိုင်ချင်တယ်ဆိုပြီးအမြဲအင်္ဂလိပ်စာကိုလေ့လာခဲ့တယ်။
တခါတခါနိုင်ငံခြားသားတွေကို သူတို့ ထက်မညံ့ဘူးလို့ ပြချင်တဲ့စိတ်တွေလည်းရှိခဲ့တယ်။
အားပေးလျှက်ပါစနိုးရေ။
အိုင်အိုရာ
အမှန်တော့ ဘယ်ပဲရောက်ရောက် ကြိုးစားမှုရှိရင် အောင်မြင်တာပါပဲ။ အခုဆိုလည်း နိုင်ငံခြားဘွဲ့လွန်တွေ ယူနိုင်ပြီမဟုတ်လား? :)
အပိုင်း (၂) (၃) ..... တွေ မျှော်နေမယ် မတိမ်လွှာဖြူ
လက်တွေ့ဘ၀နဲ့ ဆန္ဒဆိုတာ တစ်ထပ်တည်းကျဘို့ မလွယ်ကူဘူး ဆိုပေမယ့် အနာဂါတ်အိပ်မက်လေးကို မက်ထားသူတို့အတွက် အချည်းနှီးတော့မဖြစ်ပါဘူး တိမ်လွှာရေ... တီတင့်လဲ ဆေးဖက်ကို ၁-မှတ်နဲ့ ကပ်ပြုတ်တာ ဒါပေမယ့် ပြုတ်သွားတာကို ကျေးဇူးတင်မိတယ် ဆေးဖက်သာဝင်ခွင့်ရရင် ဆရာဝန်မဖြစ်ပဲ စိတ္တဇဆေးရုံရောက်နိုင်တယ် ဟာဟ။
မဖြူနဲ့ အသူနဲ့တော်တော်များများအချက်တွေတူတယ် :)
အသူကတော့ဆေးကျောင်းကိုမှီပေမယ့် ကြပ်တည်းစပြုနေတဲ့အိမ်ကိုအားနာလို့ ကွန်ပျူတာပဲရွေးခဲ့တဲ့သူ။GTCတက်ရင်လဲ BTech BEမှာပြုတ်ရင်ဒုက္ခဆိုပြီး ကွန်ပျုတာ၃နှစ်ပြီးရင်ပြီးပြိဆိုပြီးရွေးခဲ့တာ။တက္ကသိုလ်ရောက်မှကြိုးစားမှုတွေရပ်သွားတာတော့ကိုယ့်ဘာသာတခါတခါအပြစ်တင်ချင်တယ်။မဟာတန်းထိ Rollထိပ်ဆုံးပိုင်းကဝင်ခဲ့ပေမယ့် တကယ့်professionalအတွက်ဘာမှမစုမိမဆောင်းမိတာကိုခုထိနောင်တသေးသေးလေးရနေတယ်။နိုင်ငံခြားကဘွဲ့လွန်တွေစတက်ချင်လာတာကတော့ "စောင့်နေမယ်လို့မပြောလိုက်ဘူး"စာအုပ်ဖတ်ပြီးကတည်းကပဲ။ကဲတို့၂ယောက်တော်တော်တူတယ်နော်။
မဖြူကတော့အကောင်အထည်ဖော်နိုင်ပြီ။ အသူကတော့ ခုထိစိတ်ကူးနဲ့ကိုယ်လျှောက်ချင်တဲ့လမ်းကိုပုံဖော်နေတုန်း။ဒီလိုနဲ့အိုသေသွားမလား..
Fighting နော် ဆက်ရန်အပိုင်းများလဲမျှော်နေပါတယ်
ဆရာမရဲ့စာကနေ ရလိုက်တဲ့ ခွန်အားတစ်ခုအတွက် ၀မ်းသာမိပါတယ်း) အမှတ်တရကို ကိုယ်စဖတ်ဖူးတဲ့အချိန်က ခုနှစ်တန်းနှစ်က... အဲချိန်ကဖတ်ဖူးတဲ့အရသာနဲ့ခံစားမှုက ခုနဲ့တော့ တော်တော်ကွာခြားသွားပြီပေါ့
Post a Comment