
၂၀၁၉ ခုနှစ်အတွင်းမှာ ဘယ်လိုမျိုး ဘဝနေထိုင်မှုပုံစံတွေ လွှမ်းမိုးလာမလဲဆိုတာကို ကြည့်လိုက်ကြရအောင် ။
******************************************
၁။ Plant-based skincare
အစိမ်းရောင်ကိုအခြေခံတဲ့၊ အပင်၊ organic ကို ဦးတည်တဲ့ skincare ပစ္စည်းတွေ
ဒီတလောမှာ လူကြိုက်များ၊ ရေပန်းစားလာတယ်ဆိုတော့ ဒီ trend ဟာ ၂၀၁၉ မှာလည်း
ဆက်ရှိနေမှာပါ။ အစိမ်းရောင်အပင်တွေ၊ အသီးတွေကနေထုတ်ထားတဲ့ moisturizer၊
Face wash၊ facial scrub စတဲ့ skincare
ပစ္စည်းတွေဟာ စင်တွေပေါ်မှာ နေရာယူလာမှာပဲဖြစ်ပါတယ်။ လက်ရှိမှာ ခေတ်စားနေတဲ့
Chemicals တွေများလှတဲ့ skincare products တွေနေရာမှာ gentle ဖြစ်တဲ့
သဘာဝကို အခြေခံတဲ့ ထုတ်ကုန်တွေက ဈေးကွက်ထဲမှာ နေရာယူလာပါပြီ။
၂။ Mindful exercise
အရင်လိုမျိုး ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို အားကြိုးမာန်တက်လုပ်တာထက် ဒီနှစ်မှာတော့ ကိုယ့်ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကိုလိုက်ပြီး ကစားတဲ့လေ့ကျင့်ခန်းမျိုးတွေ
ပိုပြီး ခေတ်စားလာပါလိမ့်မယ်။ ကျွန်မတို့ခန္ဓာကိုယ်က အဖိုးတန်တယ်၊
တန်ဖိုးထားရမယ်၊ စောင့်ရှောက်ရမယ်ဆိုတဲ့ mindset ရှိလာကြပြီး
အရမ်းမပြင်းထန်တဲ့၊ ခန္ဓာကိုယ်ကို မထိခိုက်နိုင်တဲ့လေ့ကျင့်ခန်းမျိုးတွေကို လုပ်လာကြပါလိမ့်မယ်။ အဖွဲ့လိုက်အတူတူလုပ်တဲ့လေ့ကျင့်ခန်းမျိုးတွေ၊
အကလေ့ကျင့်ခန်းတွေလိုမျိုး community ကို ဖွံ့ဖြိုးစေမယ့်
လေ့ကျင့်ခန်းမျိုးတွေ ခေတ်စားလာမယ်လို့ ခန့်မှန်းထားကြပါတယ်။
၃။ Declutter
ဒီစကားလုံးဟာ YouTuber တွေကြားထဲ ခေတ်စားလာခဲ့ပြီး တော်တော်များများလုပ်ပြကြတဲ့
vlog တစ်ခုအဖြစ် ၂၀၁၈ အတွင်းမှာလည်း ခေတ်စားလာခဲ့ပါတယ်။ အရင်ကတော့
ပစ္စည်းတွေအများကြီး ပြည့်စုံကျပ်ညှပ်နေအောင် ရှိနေဖို့ ဝယ်ကြတယ်။
ဖြည့်ဆည်းကြတယ်။ အဲဒီအခါ သန့်ရှင်းရေးလုပ်ရတာမလွယ်သလို
မလိုအပ်တဲ့ပစ္စည်းတွေဟာ အခန်းထဲ စုပြုံနေကာ စိတ်ရှုပ်စေပါတယ်။ ၂၀၁၈
အတွင်းမှာတော့ minimalism ဆိုတာ ခေတ်ထလာခဲ့ပြီး ရိုးရှင်းတဲ့
ဘဝနေထိုင်မှုပုံစံကို သဘောကျလာကြကာ stress ကို လျော့ကျစေတဲ့နည်းလမ်းတစ်ခုအဖြစ်
ပြုမူလာကြပါတယ်။ ကိုယ့်အိမ်မှာ လိုသလောက်ပစ္စည်း၊ ပရိဘောဂတွေပဲရှိစေကာ
ရှင်းလင်းသပ်ရပ်စေတာ၊ ကိုယ့်အဝတ်ဗီဒိုထဲမှာလည်း တကယ်ဝတ်မယ့် အဝတ်အစား၊
အသုံးအဆောင်တွေပဲ ထားတာမျိုး၊ အလုပ်စားပွဲပေါ်မှာ မလိုအပ်တာတွေမထားတာ၊
ယုတ်စွအဆုံး ကိုယ့် electronic devices တွေထဲမှာတောင် files တွေ
ရှင်းလင်းသပ်ရပ်နေတာမျိုးတွေပေါ့။
၎။ Green Travel
ဒီနှစ်ထဲမှာတော့ စွမ်းအင်ကို ချွေတာတဲ့၊ ပတ်ဝန်းကျင်ကို မထိခိုက်တဲ့ အစိမ်းရောင်ခရီးသွားမှုတွေကို
ပိုလုပ်လာကြမယ်လို့ ခန့်မှန်းကြပါတယ်။ ကားစီးမယ့်အစား စက်ဘီးစီးတာ၊
လမ်းလျှောက်တာမျိုးကစလို့ တောရွာက ဒေသခံတွေ၊ သဘာဝအလှအပတွေကို
ဦးစားပေးပြီးသွားတဲ့ ခရီးမျိုးတွေကို ပိုဦးစားပေးလာကြပါလိမ့်မယ်။ လူတွေလုပ်ထားတဲ့ အလှတရားတွေထက် သဘာဝအလှတွေရှိရာကို ပိုသွားကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လိုက်လျောညီထွေဖြစ်မယ့် နေထိုင်သွားလာမှုပုံစံတွေကို အလေးပေးလာမယ်လို့ မျှော်လင့်ရပါတယ်။
References >> https://agirlinprogress.com/2018/10/01/these-8-lifestyle-trends-are-set-to-be-huge-in-2019/
https://www.finglobal.com/2018/12/31/trend-forecast-2019/
Photo by me (Phyu Phyu Lwin)
Location > Inle Lake, Southern Shan State
1 comment:
Casinos Near Harrah's Philadelphia in Chester, PA - Mapyro
Find Casinos Near Harrah's Philadelphia in Chester, 서귀포 출장샵 PA in real-time and 제주 출장마사지 see 오산 출장마사지 activity. 포천 출장샵 The location bar, casino and event space 안산 출장샵 is 507 square meters (187
Post a Comment