♥ ကျေးဇူးပြုပြီးးးးးး
ငါ့ကို ခဏခဏ
သတိမရပါနဲ့
ငါ့အိပ်မက်တွေထဲ….
နင့်ကို ဖျောက်ဖျက်ချင်လို့ပါ…။
♥ ကျေးဇူးပြုပြီး……
ငါ့နာမည်….
ခဏခဏရေရွတ်မနေပါနဲ့….
နင့်အတွေးထဲမှာတောင်..
ငါမရှိစေချင်တော့လို့ပါ…..။
♥ ကျေးဇူးပြုပြီးးးးးးး
ငါကြိုက်ခဲ့ဖူးတဲ့
သီချင်းတွေကို
ခဏခဏမညည်းညူပါနဲ့တော့…
တချိန်က သီချင်းတွေကို
ငါမုန်းပစ်ချင်လို့ပါ….။
♥ ကျေးဇူးပြုပြီးးးး
ငါ့အတွေးထဲက
ထွက်သွားပေးပါ
နင့်ကို ဇာတ်ကောင်တစ်ကောင်အဖြစ်
အသက်သွင်း
ငါကဗျာတွေ
မရေးချင်တော့လို့ပါ….။
♥ ကျေးဇူးပြုပြီးးးး
တစ်ယောက်တစ်နေရာစီ
တစ်ယောက်တစ်ကမ္ဘာစီ
တစ်ယောက်တစ်ဘ၀စီ…..
ကိုယ်စီကိုယ်စီ
ဆုံနိုင်ခွင့်မရှိတော့တဲ့ဘ၀မှာ
အတိတ်က အတိတ်
နောက်မှာကျန်ခဲ့ပြီ
ပြီးသွားတာကို
ပြန်လှည့်ကြည့်.. ရူးမိတဲ့သူတစ်ယောက် မဖြစ်ချင်လို့ပါ….။
********************
နင်က ငါ့ကဗျာတွေအတွက်ကာရံ
ငါက နင့်သီချင်းတွေအတွက် သံစဉ်
နှစ်ယောက်စလုံး အရှုံးမရှိဘူးထင်ရပေမယ့်
ငါတို့ နှစ်ဦးစလုံး.. ဘယ်သူမှလည်း အနိုင်မရခဲ့ကြပြန်ပါဘူး......။
နင်ပျော်ရင်
ငါကျေနပ်တယ်.. ငါပျော်ရင် နင်ကျေနပ်တယ်…
နှစ်ယောက်စလုံးကတော့
ကိုယ်စီအတွေးနဲ့ဟုတ်လို့
တစ်ကယ်တမ်းတော့…..
ငါငိုတာလဲနင်သိ…
နင်ငိုတာလဲငါသိ
ဘ၀မှာ… မသိချင်ယောင်ဆောင်
ဟန်ဆောင်မျက်နှာဖုံးတွေ
တပ်ရတာလည်း မောသားဟာ……..။
13 comments:
စနိုးရေ...စာလေးတွေ ဖတ်လို့ကောင်းတယ်..
များများရေးနော်..ခုတလော သိပ်မရောက်ဖြစ်လို့ ခုမှ စာတွေ စုပြီး အကုန်ဖတ်လိုက်တယ်..
ခင်တဲ့
အိမ်မက်
( frankfurt ရောက်ရင် လာလည်နော်.)
ကောင်းလှကြီးလာ စနိုးရေ ထိတယ် အဟုတ် :P
snow ရေ
ကျေးဇူးပြုပြီး မကြီးဂျက်ကိုမမေ့ပါနဲ့နော်
အားပေးနေပါတယ် စနိုးရေ...
ကဗျာရေးတတ်တာနဲ့ကို ကန်ဒီက အလိုလိုနေရင်း အထင်ကြီးနေတာ :D
လန်းတယ်အစ်မ၊ ဖတ်ရတာလည်းလန်းတယ်၊ ခံစားရတာလည်းလန်းတယ်
အားပါး..ကောင်းလိုက်တာ
လေးစားပါတယ် မရယ် ကဗျာ မကြိုက်တဲ့ ကျွန်တော် တောင် ဒီဆိုဒ်လေးရောက်မှ ကဗျာ ကြိုက်တယ်သွားတယ် ဆက်ရေးနိုင်ပါစေ :)
ကဗျာက ကွက်တိကြီးတိုက်ဆိုင်နေပါလား...အချစ်က ပူတောင်တယ်ဗျာ..အဆင်မပြေဘူး..ကဗျာထဲကလိုပဲ.....(နင်က ငါ့ကဗျာတွေအတွက်ကာရံ
ငါက နင့်သီချင်းတွေအတွက် သံစဉ်
နှစ်ယောက်စလုံး အရှုံးမရှိဘူးထင်ရပေမယ့်
ငါတို့ နှစ်ဦးစလုံး.. ဘယ်သူမှလည်း အနိုင်မရခဲ့ကြပြန်ပါဘူး......။
နင်ပျော်ရင် ငါကျေနပ်တယ်.. ငါပျော်ရင် နင်ကျေနပ်တယ်…
နှစ်ယောက်စလုံးကတော့ ကိုယ်စီအတွေးနဲ့ဟုတ်လို့
တစ်ကယ်တမ်းတော့…..
ငါငိုတာလဲနင်သိ… နင်ငိုတာလဲငါသိ
ဘ၀မှာ… မသိချင်ယောင်ဆောင်
ဟန်ဆောင်မျက်နှာဖုံးတွေ တပ်ရတာလည်း မောသားဟာ……..။)
ပေါင်းလို့ရပြီနဲ့ တူတယ် . . . နော်လည်း ကွဲနေတာဗျ
သူငယ်ချင်း ဆိုတဲ့ ခေါင်းစဉ်အောက်က ကူးလာရတာဆိုတော့
သူငယ်ချင်းလိုပဲ ဆက်နေရအောင် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
သူ့ကိုတွေ့တိုင်း မချိတဲ့ ဟန်ဆောင်ပြုံးနေရတာ
တော်တော်မလွယ်ဘူး
အခက်သားဗျ
ကဗျာလေးက အရမ်းတိုက်ဆိုင်လွန်းနေတယ်
အစ်မနော် ... ဒဏ်ရာတွေ လာဆွနေတယ်
♥ ကျေးဇူးပြုပြီး……
ငါ့နာမည်…. ခဏခဏရေရွတ်မနေပါနဲ့….
နင့်အတွေးထဲမှာတောင်.. ငါမရှိစေချင်တော့လို့ပါ…..။
ကျွန်တော်ကတော့ မနက်ခင်းအိပ်ရာကနိုးရင်တောင်
ချစ်သူနာမည်လေးကို ဖွဖွလေးရေရွတ်ပြီး အိပ်ရာနိုးနေကျဖြစ်နေဘီ
အကျင့်တခုဟာလွယ်လွယ်နဲ့ဖြောက်လို့ မရဘူးလေ (((ချစ်သူသိစေ)))
ရေးတတ်လိုက်တာ ညီမရယ်။
ကဗျာကောင်းလေးဖတ်ရလို့ ကျေးကျေးပါ
နင့်အတွေးထဲမှာလဲငါမရှိစေချင်တော့သလို
ငါ့အတွေးတွေထဲလဲ နင်မလာနဲ့တော့ဟာ
ဒီအတိုင်း နင့်ကိုမေ့ဖို့ကြိုးစားရင်း သတိရနေမိတဲ့ငါ့ကိုယ်ငါတောင်မုန်းလာပီ
ကျေးဇူးပြုပြီးတော့်နော်
Post a Comment