ဒီနေ့ ဂျပန်ကနေ ပန်းတွေအများကြီး လက်ဆောင်ရလိုက်တယ်..။
ဒေါင်းလို့တောင် မနိုင်ပါဘူး.. စေတနာတွေ ကောင်းလိုက်ပုံက ၁၈၉ ပုံတောင် ပို့လိုက်ပါတယ်..။
မြန်မာပြည်မှာ တက္ကသိုလ်တက်တုန်းက ပေါဖော်ပေါဖက် တစ်ခန်းတည်း အတူတူနေခဲ့ပြီး အခု Kyoto University မှာ တက်နေတဲ့ သူငယ်ချင်းကောင်မလေးက Kyoto Botanical Garden ကို အလည်သွားတော့ ပန်းတွေအများကြီး ဓါတ်ပုံရိုက်ခဲ့တယ်တဲ့..။ အဲဒါနဲ့ ကျမက ပန်းတွေကြည့်ရတာ သဘောကျမှန်းသိတော့လိုချင်ရင် ဒေါင်းလို့ရအောင် ဖေ့ဘွတ်မှာ ချက်ချင်းပဲ တင်ပေးတယ်..။ ၁၈၉ ပုံတောင် အများကြီးပဲ ခဏလေးနဲ့ တင်လိုက်တာ ..သူတို့ဆီမှာ အင်တာနက်က တော်တော်ကွန်ကောင်းပုံပဲ.. ။ဒီမှာဆိုရင်တောင် နည်းနည်းကြာတယ်..။ အဲဒါနဲ့ နင့်ပန်းတွေကို ငါက စီးပွားရေးအရ အသုံးမချဘူး၊ ကြိုက်လို့ သိမ်းထားမှာပါလို့ပြောတော့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပြီး တင်ပေးတာ၊ ကြိုက်သလိုသာလုပ်ဆိုတာနဲ့.. ချစ်လွန်းလို့ ဘလော့ဂ်ပေါ်မှာ.. တခြားသူငယ်ချင်းတွေရော.. ခံစားလို့ရအောင် ပြန်လည်ဝေမျှခြင်းသက်သက်ပါ..။ မြင်သာမြင်ရ. မကြင်ရတဲ့ပန်းတွေ.. အရမ်းလှတာပဲ.. ကြည့်ပြီးတော့ ရောက်ဖူးချင်လိုက်တာ..။
@@@@@@@@@@@@@@@@@@@
နောက်မှ ကျန်တဲ့ပုံတွေ ဆက်တင်ပါတော့မယ်..။ ခုတော့ အားတော့ပါဘူး..။
ပုံတွေက FB ကနေ ဒေါင်းတာဆိုတော့ resolution သိပ်မကောင်းဘူး..။
ဒါပေမယ့် ကျမသူငယ်ချင်းက ဓါတ်ပုံရိုက်တာတော့ တော်တော်ကောင်းတယ်..။ လုံးဝ edit မလုပ်ထားပါဘူး..။ သဘာဝအတိုင်းရိုက်ထားတာပါ..။ ပန်းလေးတွေ အရမ်းလှတာပဲ..။ အားလုံးလည်း ကြည့်ပြီး စိတ်ချမ်းသာမယ်ထင်ပါတယ်..။ အနည်းငယ်တော့ ပျော်ရွှင်မှုပေးနိုင်မယ်ဆိုရင်ကို ကျေနပ်ပါပြီ...။
အားလုံးပျော်ရွှင်ပါစေ..။ နောက်ပို့စ်မှာ ပြန်ဆုံကြပါစို့..♥ ♥ ♥

12 comments:
ပန်းချစ်သူ စံပယ်ကဒီပိုစ့်လေးအတွက် ကျေးဇူးကမ္ဘာပါပဲ
ကြိုက်တဲ့ပုံတွေလေးတွေ ကူးယူခွင့်ရမလား?
တကယ် လှတယ် အရမ်းလန်းတယ်..
အဟုတ် ကြိုက်တယ်.. ဟီးး
ပန်းတွေကြည့်လိုက်တော့ ညစ်နေတာပျောက်သွားသလိုပဲ
ကျေးဇူးပါ စနိုးရေ.......
ကိုယ်ချစ်တဲ့နှင်းဆီလှလှလေးတွေကို လာကြည့်သွားပါတယ်...။
ရပါတယ် မမ. commercial purposes မှမဟုတ်တာ. ကူးလို့ရပါတယ်..
ပန်းလှလှလေးတွေ ငေးသွားတယ် စနိုးရေ..
ခင်တဲ့
အိမ်မက်စေရာ
တို့လည်းပန်းတွေကြည့်သွားတယ်နော်...အဲလေ...မှားကုန်ပြီ
ကျွန်တော်လည်းပန်းတွေကြည့်သွားတယ်လို့ပြောတာ
ပန်းတွေကြည့်ရင်းနဲ့စိတ်တွေတောင်တမျိုးဖြစ်ကုန်ပြီ...ဟက်ဟက်
လှပတဲ့ ပန်းလေးတွေကို လာကြည့်သွားပါတယ်။ရိုက်ချက်တွေက တော်တော်ကောင်းတယ်
ပန်းတွေကြည့်သွားတယ် စနိုးရေ....ပန်းတွေကြည့်ရတာ အေးချမ်းတယ်..ရိုက်ချက်ကလည်း ကောင်းပါ့ဗျာ....
ပန်းတွေကို ကြည့်ရင်..ပြင်ဦးလွင်ကို သတိရတယ်ဗျာ.။ တင်ပေးလို့ကျေးဇူးပါပဲ အစ်မ.။
ခုတော့ဒီပန်းတွေကိုအနီးကပ်ကြည့်ရပြီပေါ့နော်။
ရာသီဥတုကောင်းလို့ပန်းတွေပြန်ပွင့်တဲ့အချိန်အမလဲရိုက်တင်နော် :)
Post a Comment