Friday, 25 May 2012

# Love Poems

ကာရံမညီ…. ကဗျာမပီ .....



လေတစ်ချက်အဝေ့မှာ လိပ်ပြာတောင်ပံခတ်သွားတယ်..
မျက်လုံးမှိတ်လိုက်စဉ်ခဏမှာ.. သူ့ရုပ်သွင်ကို မြင်တတ်တယ်…။

မိုးတစ်ပေါက်အကျမှာ… ရေပွက်တစ်ခဏထသွားတယ်…
ခြေတစ်လှမ်းရွေ့လိုက်တိုင်းမှာ… သူ့အကြောင်းတွေးမိတယ်…။

လျှပ်စီးတစ်ခါလက်ပြီးတိုင်း… မိုးခြိမ်းသံကြားရတယ်…
မနက်နိုးထတဲ့အခါတိုင်း…. ဖုန်းထဲက သူ့နိုးစက်သံကို ပြန်ကြားမိတယ်..။

တိမ်ကင်းစင်တဲ့ညတိုင်း… ကြယ်တွေကို တွေ့ရတယ်…
ကော်ဖီသောက်တဲ့အခါတိုင်း… အရင်ကကော်ဖီတစ်ခွက်ကို ငေးမိတယ်..။

ကာရံမညီ…. ကဗျာမပီ.. ရေးချင်ရာရေးတတ်တယ်
ရေးလိုက်တိုင်းလည်း.. သူ့အကြောင်းများ ဖြစ်နေတတ်တယ်…။
မိုးမရွာတဲ့နေ့တွေတိုင်း.. နေမသာတတ်ပေမယ့်
အသက်တစ်ခါရှုလိုက်တိုင်းတော့…. သူ့ကို သတိရနေတတ်တယ်..။
ကြယ်တစ်ပွင့်ကြွေအကျ.. သူမဆုတောင်းတတ်တယ်
သူ…ထာဝရပျော်ရွှင်စေသားးးးးးးး။

13 comments:

မိုးသက် said...

အစ်မပို့သတဲ့မေတ္တာတွေကြောင့် သူပျော်ရွှင်မှာပါ. ။

မင်းမုန်းတဲ့သူ said...

ကြယ်ကြွေတဲ့အချိန်ဆုတောင်းရင်ပြည့်တယ်တဲ့၊ ဆုတောင်းပြည့်မှာပါ.....

ချစ်စံအိမ် said...

အသက်တစ်ခါရှုလိုက်တိုင်းတော့…. သူ့ကို သတိရနေတတ်တယ်..။ အတူတူပဲ တိန်..

မိုးသူ(တောင်ကြီး) said...

အဲဒီလောက်တောင်ချစ်တတ်တာလား
အဲဒီလောက်တောင်လွမ်းတတ်တာလား
သူသိပါစေနော် ၀ိုင်းကူပြီးစုတောင်းပေးပါတယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

လွင်ပြင်လှိုင်းငယ် said...

အသက်တစ်ခါရှုလိုက်တိုင်းသူ့ကို အကြိမ်တရာမက ချစ်မိကြောင်း နှလုံးသားက သတင်းပို့တယ်။ဟိ

နွေလ said...

အဝေးကိုငေးလိုက်တိုင်း
အမှတ်တရတွေ ရင်ထဲရောက်လာတယ်
အဝေးက တိုက်ခတ်လာတဲ့ လေပြည်လေညင်းတွေ
ငါ့ရင်ထဲက အလွမ်းတွေကို
သယ်ဆောင်သွားရင်ကောင်းမယ်

တွေးမိလို့ ချက်ချင်းကောက်ရေးလိုက်တာ ... အဟဲ
ကဗျာလေး ဖတ်သွားပါတယ်
ပျော်ရွှင်ပါစေ ဗျာ

Snow May said...

အော်... ကဗျာဆရာများကြားထဲ... မတက်တခေါက်. ကဗျာဆရာမလေးမှာ မျက်နှာငယ် ဟိဟိ.. (အားလုံးကို ခင်လို့စတာပါ)

စံပယ်ချို said...

ချစ်သူကိုကျော်ရွှင်အောင်ဆုတောင်းပေးတတ်တာကိုပဲ
လေးစားမိတယ် ချစ်တတ်လိုက်တာနော်

နွေတေးရှင် (မင်းဧရာ) said...

ကဗျာလေးက အတော်ချိုပါလားဗျာ....
ချိုသလို ဆိုသော ဆုများကိုလည်း ပြည့်ပါစေလို့ ဆန္ဒပြုခဲ့တယ်ဗျာ။

ကြည်ဖြူခင်ခင် said...

ကာရံမညီပေမယ့်.. စေတနာတွေနဲ့ ဟန်ပါပါရေးဖွဲ့ထားတဲ့ ကဗျာလေးက သိပ်ကောင်းပါတယ်..စနိုးရေ..

ရင်ဆူး said...

မိုးမရွာတဲ့နေ့တွေတိုင်း.. နေမသာတတ်ပေမယ့်
အသက်တစ်ခါရှုလိုက်တိုင်းတော့…. သူ့ကို သတိရနေတတ်တယ်..။
ကြယ်တစ်ပွင့်ကြွေအကျ.. သူမဆုတောင်းတတ်တယ်
သူ…ထာဝရပျော်ရွှင်စေသားးးးးးးး။

အဲ့အဆုံးအပိုဒ်လေး မိုက်တယ်သယ်ရင်း......။ GOOD !

ဧဒင်အချစ်ပုံပြင် said...

ကဗျာလေးတွေတော်တော်ကောင်းလိုက်တာဂျာ...လေးစားပါတယ်ဆရာမရယ်...ဟိ

ပဥာက် said...

ကြွေသွားတဲ့ကြယ်လေးတွေတော့ သနားပေးလိုက်ပါ..

Follow Us @soratemplates