ဘယ်လောက်ဝေးဝေး
ဘယ်လောက်ကွာကွာ
ဘယ်နေရာမှာရှိရှိ
သူ့ကိုချစ်သည့် မေတ္တာတရား
ဆံချည်မျှင် မြူတစ်မှုန်မှ
လျော့ပါးမသွားပါ...... ♥ ♥
ဘယ်လောက်ကွာကွာ
ဘယ်နေရာမှာရှိရှိ
သူ့ကိုချစ်သည့် မေတ္တာတရား
ဆံချည်မျှင် မြူတစ်မှုန်မှ
လျော့ပါးမသွားပါ...... ♥ ♥
ဤသစ္စာမှန်ကန်ပါက
သခင်နမ်းမည့် နှင်းဆီနီသည်
နှင်းဆီပြာဖြစ်၍ သွားစေသား........ ♥ ♥
သခင်နမ်းမည့် နှင်းဆီနီသည်
နှင်းဆီပြာဖြစ်၍ သွားစေသား........ ♥ ♥
(ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာဖြစ်မည်ထင်ပါတယ်... ငယ်ငယ်တုန်းကကြားဖူးပြီး.. မှတ်မိနေတဲ့ကဗျာတစ်ပုဒ်ကို ခံစားချက်နဲ့တိုက်ဆိုင်လို့ ချရေးးမိရင်း... ကဗျာချစ်သူများ အတွက် ပြန်လည်ဝေမျှလိုက်ပါတယ်...။ ဆရာရဲ့ကဗျာဖြစ်ကြောင်း သိသူများရှိရင်လည်း အတည်ပြု သွားပေးပါဦးနော်.....။ စာအုပ်ထဲမှာ ချရေးထားတာမဟုတ်ပဲ... စိတ်ထဲမှာမှတ်မိနေတာ ကို ရေးထားတာဆိုတော့.... ကဗျာဆရာကို သေချာမမှတ်မိတော့လို့ပါ....။ တော်တော်ကြာခဲ့ပြီ...။ ဆယ်စုနှစ်တစ်ခုကျော်လောက်တော့ ရှိလောက်ပြီထင်ပါတယ်...။ ဒီကဗျာလေးကို စိတ်ထဲမှာ စွဲနေခဲ့ပြီး... ဘယ်အချိန်ပြန်ရွတ်ရွတ်အမှတ်ရနေခဲ့တာ.....။ ငယ်ငယ်တုန်းက အော်တိုစာအုပ်မှာ သူငယ်ချင်းမိန်းကလေး တစ်ယောက်ရေးပေးသွားခဲ့ဖူးတာကို... အခုထိ သတိရပြီး.. အရမ်းကြိုက်တဲ့ ကဗျာတစ်ပုဒ်ပါ...။ ဓါတ်ပုံတွေကတော့ ဂျပန်က ပန်းများအဆက်ဖြစ်ပါတယ် )
10 comments:
ကဗျာတိုပေမယ့် အဓိပ္ပာယ်တွေအများကြီးပဲ..
ဘယ်လောက်ဝေးဝေး
ဘယ်လောက်ကွာကွာ
ဘယ်နေရာမှာရှိရှိ
သူ့ကိုချစ်သည့် မေတ္တာတရား
ဆံချည်မျှင် မြူတစ်မှုန်မှ
လျော့ပါးမသွားပါ...... ♥ ♥ အင်း........ဟုတ်တယ်
ကဗျာလေးကောင်းတယ်...ကြိုက်တယ်...
ကဗျာလေးအရမ်းကောင်းတယ်ဗျာ
လာဖတ်သွားပါတယ်
ဖတ်တော့ဖတ်ဖူးတယ် ဘယ်သူ့ကဗျာလဲ အတိအကျတော့မမှိတ်မိတော့ဘူး။
အခုလို ပြန်ဖတ်ရလို့ စနိုးကို ကျေးကျေးပါ။
ကဗျာလေး က ချစ်ဖို့ ကောင်းတယ်
ကျွန်တော်လဲ တခါမှ အဲဒီကဗျာမဖတ်ဖူးဘူး ဗျ
တွေ့ တဲ့ နေ့ တော့ ညွှန်းပေးပါ့မယ်
ခင်တဲ့
မိုးသူ(တောင်ကြီး)
ညလေးရေ
သိပ်ဟုတ်တာပေါ. အဲဒီကဗျာကို မောင်စိန်ဝင်း(ပုတီးကုန်း)ေ၇းတာ။
တိုက်တိုက်ဆိုင်ဆိုင် မမကျား ဂျာမနီေ၇ာက်တော.အဲဒီကဗျာလေးကို အမြဲတမ်းလိုရွတ်လိုက် ရေးလိုက် လုပ်လွန်းလို.
အတန်းထဲက သူငယ်ချင်းနိုင်ငံခြားသားတွေကတောင်မေးလို. ဂျာမန်လိုဘာသာပြန်ပေး၇တဲ.ကဗျာလေးပေါ.
သူတို.တွေလည်း ကြိုက်ကျတယ်လေ။
တကယ်.အမှတ်တရပေါ.ညလေးရေ။
ကဗျာလေးကတိုပေမယ့်ကောင်းတယ်
ကဗျာလေးနဲ့ ပန်းလေးတွေ အလှချင်းပြိုင်နေကြတယ် :D
ကြည့်စမ်း ဒါတော့ တူသွားပြီ.. ခက်တာက အိမ်မက်လဲ ဘယ်သူရေးတာမှန်းမသိဘူး.. ဟိ
စိတ်ထဲ မှာ အောက်ဆုံးအပိုဒ် ကို နှင်းဆီဖြူနေရာ မှာ နှင်းဆီပြာလို့ ထင်နေတာ.. ခုမှ နှင်းဆီဖြူမှန်းသိတယ်..း))
အချစ်စစ်စစ်ဆိုတာအဲလိုပါပဲညလေးရေ
ဘယ်လောက်ဝေးဝေးပေါ့
ချစ်နေတဲ့အချစ်တွေနဲသွားလျှော့သွားတယ်မရှိဘူးလေ
Post a Comment