Friday, 6 July 2012

# Flowers # My Own Feelings

ရောင်စုံနှင်းဆီကမ္ဘာ .... ^^

ဒီနေ့ နည်းနည်း အချိန်ရလို့ ဟိုလည်ဒီလည်လုပ်ပြီးတော့... တစ်ခုခုရေးဖို့ စဉ်းစားမိတယ်...။
ဒါပေမယ့် ....ဘာမှရေးဖို့..... စိတ်ကူးထဲ မရှိပြန်ဘူး...။ ဒီနေ့ စာမေးပွဲက presentation တွေအားလုံးပြီးသွားပြီ ..ပြီးတော့ သောကြာနေ့လည်းဖြစ်တော့... စာမကြည့်ပဲ အငြိမ့်ဖွင့်ထားရင်း အခန်းရှင်း... စာအုပ်တွေ ဟိုစီဒီစီလုပ်နေတာ အခု ည ၁၁ နာရီထိုးမှပဲ ပြီးတော့တယ်...။ ၁၉ ရက်နေ့မှ ပြန်ပြီးတော့ oral exam/ written exam တွေဆက်ဖြေရပြီး ၈ လပိုင်း ၁၇ ရက်နေ့ဆိုရင် အားလုံးပြီးသွားပြီး အေးအေးဆေးဆေးစာရေးနိုင်တော့မှာ..။ ဒီကြားထဲ... ပျင်းရင်ပျင်းသလို ဟိုရေးဒီရေးပေါ့ ...။ ဒီမှာ စာမေးပွဲကာလက အရမ်းကြာတယ်... တစ်ဘာသာနဲ့ တစ်ဘာသာကြားထဲမှာ အနည်းဆုံး ၄ ရက်လောက်ခြားတယ်...။ စာကြည့်ချိန်တော့ရပေမယ့် stress တွေနဲ့ အကြာကြီးနေရတာကျတော့လည်း မကောင်းပြန်ဘူး ။။။ 
နှင်းဆီတွေ တစ်ဝကြီးကြည့်ကြပါဦးနော်.. အပျင်းပြေပေါ့..။ နှင်းဆီချစ်တတ်သူများအတွက်ပါ ....။ ဂျပန်က နှင်းဆီပန်းတွေပါပဲ..။ နောက်ထပ်လည်း အများကြီးရှိသေးတယ်..။ နောက်ပျင်းတဲ့အချိန်.. ရေးစရာမရှိတဲ့အချိန်မှ ထပ်တင်ရဦးမယ် ^_*









အပိုင်း -၂ :D
Creativity starts from a BELIEF ++

ကလေးတုန်းက..... ဘာကိုမှ အကြောက်အလန့်မရှိ..
ကိုယ်သာ ဘုရင်.. ကိုယ်သာ သူများထက်သာတယ် လုပ်နိုင်တယ်လို့ ..ယုံကြည်ခဲ့ကြတော့
ကလေးသဘာဝပေမယ့်... မိမိကိုယ်ကို ယုံကြည်မှုကြောင့် ဘာဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်ခဲ့တယ်..။
ယုတ်စွအဆုံး.... ကစားတာပဲဖြစ်ဖြစ်ပေါ့...။
နည်းနည်းရင့်ကျက်လာတဲ့အခါ ...
ပတ်ဝန်းကျင်ကို မြင်တတ်လာပြီး ယှဉ်ကြည့်တတ်လာကြတယ်..
ယုံကြည်မှုတွေ တဖြည်းဖြည်းလျော့လာပြီး
ငါလုပ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်လာကြတယ်..။
အဲဒီပူပန်မှုတွေက ..... ရဲဝံ့မှု မိမိကိုယ်ကိုယုံကြည်မှုတွေကို အနည်းနဲ့အများ လျော့နည်းစေလာခဲ့တယ်...။
အဲဒီတော့ တခါတလေ အကောင်းဆုံးဖြစ်အောင်... မလုပ်နိုင်တော့ဘူး....။
တကယ်တော့ လူတစ်ယောက်ရဲ့ အောင်မြင်မှုကို ဖန်တီးနိုင်စွမ်းအားဆိုတာ.. မိမိကိုယ်ကို၊ မိမိအစွမ်းအစကို ယုံကြည်မှုပေါ်မှာ အခြေခံဖြစ်တည်လာတာပါ..။ (ဒီ movie လေးကို သဘောကျလို့ .. ကိုယ်တွေးမိသလို ပြန်ရေးကြည့်မိတာ၊ ပြီးဆုံးအောင် ကြည့်လိုက်ရင် တကယ်ကောင်းတဲ့ အတွေးအခေါ်တစ်ခုကို ရိုးရိုးရှင်းရှင်းလေး သရုပ်ဖော်ထားတာကို တွေ့ရပါလိမ့်မယ်..။ အားလုံးသိပြီးသားဖြစ်ပေမယ့်.. သရုပ်ဖော်ထားတာလေးက တကယ်ဖြစ်နေတတ်တာတွေကို ထင်ဟပ်မိစေတယ်.. 

(Facebook မှာတော့ share ထားတယ်..ဒါပေမယ့် အဲဒီကိုက တော်တော်များများက ရောက်ဖြစ်မှာမဟုတ်လို့ ဒီမှာ ထပ်ရှယ်လိုက်တာပါ.. အိုင်ဒီယာလေး ကြိုက်လို့ပါ)

  ****************************************************************

Thanks a lot for your kind visit ! :-**

14 comments:

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

အမစနိုးရေ..ဓါတ်ပုံလေးတွေလာကြည့်သွားတယ်ခင်ဗျ

မိုးသူ(တောင်ကြီး) said...

နှင်းဆီပန်းတွေပက်ပက်စက်စက်လှတယ် ချနိုးေ၇
အရမ်းသဘောကျဖို့ ကောင်းတယ်
ယောင်္ကျားလေး သာဖြစ်ပေမယ့် အဲလို ပန်းတွေလှတာ
မြင်ရင် နှစ်သက်မိတာဝန်ခံပါတယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

ချစ်စံအိမ် said...

ပန်းတွေအရမ်းလှတယ်.. စိတ်ကြည်နူးလိုက်တာ

khin said...

Gutan Tag Snow!!! Du bist sehr Fleissig. Ich druecke die Daumen fuer dich.

khin said...

Gutan Tag Snow!!! Du bist sehr Fleissig. Ich druecke die Daumen fuer dich.

Candy said...

ပန်းလေးတွေ သိပ်လှတာပဲ.. ရိုက်တဲ့လူကလည်း တော်လို့ပါ :D

လွင်ပြင်လှိုင်းငယ် said...

ပန်းလေးတွေ လှမှလှ

3rdthameetaw said...

ပန်းလေးတွေ နဲ့အပြိုင် လှနိုင်ပါစေ..

စံပယ်ချို said...

ပန်းလေးတွေ အရမ်းကိုလှတယ်

နွေလ said...

ကွန်မကောင်းတော့
ပုံတွေလည်း မမြင်ရဘူး
မန့်တာတောင် အသက်ကို
ဖြည်းဖြည်းရှုနေရတယ်
လိုင်းကျသွားမှာစိုးလို့

ညိမ်းနိုင် said...

နှင်းဆီပန်းတွေမြင်တော့ မနှင်းဆီကိုတောင်သတိရသေး..၊
မနှင်းဆီ ကိုပို့ပေးဖို့ တစ်ပုံလောက် မ သွားမလားစဉ်းစား
နေသေးတာ....:))))

Unknown said...

ပန်းတွေရောင်စုံပဲနော် အမ ...
အရမ်းလှတယ် ... :-)

မိုးညချမ်း said...

အရောင်အသွေးအစုံပဲနော် snow ရေ ... မိုးညလည်း နှင်းဆီကြိုက်တယ်ရှင့် ... :)javascript:void(0)

အိပ်မက်ကောင်းကင် said...

ပန်းလေးတွေက စုံစုံလင်လင်နဲ့ အရမ်းကိုလှပါတယ်

Follow Us @soratemplates