အများကြီးမလိုအပ်ပါဘူး
ရေးချင်တဲ့အချိန်
ကဗျာတွေ ချရေးဖို့ စာရွက်လွတ်တစ်ချို့ရယ်
မင်းအတွက်
သံစဉ်တွေကို ဖော်ကျူးပေးမယ့် ဂစ်တာတစ်လက်ရယ်
ကိုယ်ကဗျာတွေ
ရွတ်လိုက်တဲ့အခါတိုင်း
လက်ခုပ်တီးပေးသလို
….တသွင်သွင်စီးဆင်းနေမယ့် စမ်းချောင်းသေးသေးလေးတစ်ခုရယ်
မင်းရဲ့ ဂစ်တာသံတစ်ချို့ကို
…ဟာမိုနီလိုက်ပေးမယ့်
တီတီတာတာ
ကျေးငှက်ကလေးတွေရယ် ……… ♥ ♫ ♥
ပန်းပွင့်လှလှလေးတွေ….
ပျားပိတုန်းတွေ လိပ်ပြာတွေ ရစ်ဝဲနေမယ့်
လှပတဲ့ ဥယျာဉ်ကြီးတစ်ခု
မရှိရင် နေပါစေ …….
အစိမ်းရောင်
သစ်ပင်တွေရှိရင်ပဲ ….ကိုယ်ကျေနပ်ပါပြီ …..။
အသည်းပုံဖော်ထားတဲ့
အနံ့မွှေးလွန်းတဲ့ အမျိုးအစားစုံ ကော်ဖီတွေ ကိုယ်မလိုပါဘူး……
အနည်ကျတဲ့အထိ
..စောင့်ပြီးသောက်ရတဲ့
သကြားမပါတဲ့
ကော်ဖီကြမ်းတစ်ခွက်ဆိုရင်ပဲ….
ကိုယ့်အတွက်က ကဗျာဆန်နေတတ်ခဲ့ပြီ….. ♥ ♫ ♥
ကိုယ်ကဗျာတွေရေးဖို့ ကာရံတွေမရှိတဲ့အခါ …… မင်းက ဂစ်တာသံတိုးလျလျလေး တီးခတ်ပြမယ်
ကြယ်ကလေးတွေ
…ရေတွက်ရင်း….. သီချင်းတစ်ချို့ဆိုညည်းပြမယ် …..။
မင်းသီချင်းတွေရေးစပ်ဖို့ သံစဉ်တွေ မရှိချိန်ဆိုရင် ……
ကိုယ်က မင်းအတွက်ရေးထားတဲ့
ကဗျာတွေ ရွတ်ပြမယ် ….
လမင်းကြီးးကို
ငေးကြည့်ရင်း….. မပြီးဆုံးသေးတဲ့ဘ၀ခရီးတစ်ခုကို အတူဆက်လျှောက်ဖို့ ….
ကိုယ့်ရဲ့မျှော်လင့်ချက်တစ်ချို့ကို
…..တိုးတိုးလေးပြောပြမယ် ……။
မင်းက သီချင်းတွေဆိုမယ်…
ကိုယ်က ကဗျာတွေရေးမယ် ……
လောဘတွေ ဒေါသတွေ
….. သံသယတွေ.. အာဃာတတွေ မရှိဘူး …..
အချစ်လို့
ခေါင်းစဉ်မတပ်ချင်တဲ့…. အေးချမ်းတဲ့ မေတ္တာတရားတွေ စီးဆင်းနေမယ် ……
နားလည်မှုနဲ့စတဲ့
ခရီးတစ်ခုအတွက်
ကိုယ်တို့တွေ
နားလည်မှုတွေနဲ့ပဲ ..ရှေ့ဆက်ကြမယ် ……..♥ ♫ ♥
****************************************************
****************************************************
Photo credit: gallery.mobile9.com
12 comments:
Gutan Tag Snow!!!!
လာရောက်ခံစားသွားပါတယ်ညလေးစနိုးရေ။
ကဗျာလေးကိုဖတ်ရင်း ကြည်နူးမှုလေးတစ်ခုကို ရလိုက်သလိုပဲ စနိုးရေ ... :)
ညီမလေးစနိုးရေ
မကြီးလွမ်း လာရောက်အားပေးခဲ့တယ်။
အချစ်ဆုံးလေးကတော့ စနိုးတင်လိုက်တဲ့
ပုံလေးပါဘဲ။ အရမ်းချစ်ဖို့ကောင်း
ကဗျာလေးက ကြည်နူးစရာများနဲ့
ရင်ထဲဝင်ရောက်နေရာယူခဲ့ပြီကွယ်
ဟုတ်တယ်-----အများကြီးမလိုဘူးနော်
ကဗျာလေးကကြည်နူးစရာလေး..
ကောင်းတယ်ဗျ...
စာမေးပွဲကောဖြေနေရပြီလား
ဖြေကောဖြေနိုင်လားခင်ဗျ...
စနိုးကလဲ နုနုရွရွလေးတွေရေးတတ်တယ်နော်
ဖတ်ရတာ ကြည်နူးသလိုလိုပျော်သလိုလိုခံစားရတယ်ဗျ
ခင်တဲ့
မိုးသူ(တောင်ကြီး)
လူတိုင်းရဲ့ရင်ထဲမှာချစ်ချင်းမေတ္တာတွေ
လိုအပ်တယ်စနိုးရေ.. ချစ်ချင်းမေတ္တာတွေသာ
လိုအပ်သလိုရနေရင် ငွေမလိုဘူး
ဂုဏ်မလိုဘူး အရာအားလုံးပြီးပြည့်စုံတယ်
အချစ်ကိုငတ်ခဲ့ရင်တော့
လူဟာ အရိုင်းအစိုင်းလေးဖြစ်တတ်တယ်..
စနိုး ချစ်တတ်သလို အချစ်ကိုပိုင်ဆိုင်ပါစေ..
ခံစား၇တာကြည်နူးဖိုပကောင်းလိုက်တာ
ခံစားချက်ပြင်းလှချည်လား အစ်မရေ
ကဗျာတွေမှာ ခံစားချက်တချို့ကို
လှမ်းမြင်နေရတယ်
ခံစားသွားရတယ်
လာရောက်ခံစားသွားပါတယ်..စနိုးရေ
ခံစားလို့ ကောင်းတယ် အမရေ...:-)
ကဗျာလေးကအရမ်းကောင်းပါတယ်
စာသားလေးတွေကလည်း ရိုးရိုးလေးနဲ့
ရင်ကိုထိပါတယ် ^_^
Post a Comment