Sunday, 22 July 2012

# Love Poems

မဆုံနိုင်သော ~~~~~~~


နိဒါန်းမှာကတည်းက
မမြဲခဲ့တဲ့ တွဲလက်အစုံ
ခပ်ယဲ့ယဲ့သံယောဇဉ်မှတ်တိုင်အောက်မှာ
ထာဝရနိဂုံးအဖြစ်
လက်တွဲပြုတ်သွားကြတာ အဆန်းတော့မဟုတ်ပါဘူး .....

ဒါပေမယ့်လည်း …
အမှတ်တရအဖြစ်
အမုန်းတွေတော့ ထင်ကျန်ရစ်နေခဲ့တယ် …..
အဲဒီအမုန်းတွေကို ….
ဥပေက္ခာတွေအဖြစ် အသွင်ပြောင်း မေ့ပစ်လိုက်ဖို့တော့
နားလည်မှုတစ်ချို့လိုအပ်နေသေးတယ်…..

အင်းးးးး ……သူပျော်နေမှာကို
ကိုယ်ငေးကြည့်နေနိုင်ဖို့ဆိုတာ
နေ့ရက်တစ်ချို့အတွက် ……
မုဒိတာတရားပွားများဖို့တော့
ကိုယ်ကြိုးစားရဦးမယ် ……။

 ***************************************************

အားပေးမှုတိုင်းအတွက် ကျေးဇူးတင်ပါတယ် ....။ ရေးသမျှကို ခံစားနားလည်အားပေးတတ်သူများ ... C-box မှာ ခင်မင်ရင်းနှီးစွာနှုတ်ဆက်တတ်သူများ၊ ရေရေရာရာရေးတတ်တာလည်းမဟုတ်ပဲ ကြုံသလိုရေးတာတွေကို ကြုံသလိုအားပေးသွားကြသော ချစ်ဖို့ကောင်းတဲ့ စာဖတ်သူများ၊ အရာအားလုံးအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်..။
အနည်းဆုံးတော့ ဒီနေရာက ကျမပျင်းလာရင် ချရေးချင်ရာရေးတတ်တဲ့... နေရာတစ်ခုဖြစ်နေခဲ့ပြီ ....။ တစ်ခါတစ်လေတော့ ခံစားချက်တစ်ချို့ရေးတယ်... အများအားဖြင့် အငှားခံစားပြီး ဖန်တီးရေးတတ်တာများပါတယ် ....။  ဘာကြောင့် ကိုယ့်ခံစားချက်အစစ်တွေမဟုတ်ပဲ အဲလိုရေးတာလည်းမေးရင်... စာရေးရတာ တစ်ကယ်အပျင်းပြေလို့ပါ ...။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မထိခိုက်စေပဲ ...စာတွေဆက်ရေးဖြစ်ဦးမှာပါ ........။

ခင်မင်လေးစားမှုများစွာဖြင့် ~~~~~~~~

15 comments:

မိုးသူ(တောင်ကြီး) said...

စနိုးရေ.....

ကဗျာလေးက ရင်ထဲကိုထိတယ်ဗျာ

တိုက်ဆိုင်သွားလို့ ထင်ပါရဲ့ 

ဥပေက္ခာတွေအသုံးပြုဖို့ 

ကျွန်တော်အခုကျိုးစားကြည့်နေတယ်ဗျာ

ခင်တဲ့

မိုးသူ(တောင်ကြီး)

စံပယ်ချို said...

မမြဲခဲ့တဲ့ တွဲလက်အစုံ
ခပ်ယဲ့ယဲ့သံယောဇဉ်မှတ်တိုင်အောက်မှာ
ထာဝရနိဂုံးအဖြစ်
တွဲလက်ပြုတ်သွားကြတာ အဆန်းတော့မဟုတ်ပါဘူး......................
.........................
ခပ်ယဲ့ယဲ့ သံယောဇဉ်အောက်မှာဆိုမှတော့
လက်တွဲပြုတ်သင့်ပါတယ်ညလေးရေ

ရင်ဆူး said...

စနိုးရေ.....ကဗျာလေး မိုက်တယ်ကွာ....အငှားခံစားချက်လေးတွေမို့ဘဲ.....ကိုယ်ပိုင်သာဆိုရင်တော့....မလွယ်ဘူး...

ကြည်ဖြူခင်ခင် said...

စနိုးရေ.. အပျင်းပြေစေရုံကဗျာလေးပေမယ့်.. စကားလုံးလေးတွေကတော့.. ခံစားလို့ရတယ်ရှင့်.. အမြဲလည်း ဆက်ရေးပါ.. အားပေးနေမှာပဲ.. သိလား..

3rdthameetaw said...

အငှါး ခံစားတာတောင် အဲ့လောက်ထိ ဖြစ်ရင်
ကိုယ်တိုင်များခံစားရင်တော့ အကုန်
မျက်ရည်ကျလောက်တယ် သိလား
စနိုးတို့  လုပ်ချက်ကတော့လေ..ဟက်ဟက်
အားပေးသွားတယ် စနိုးရေ...

Cameron said...

အလွမ်းကဗျာလေးကိုလာအားပေးသွားပါတယ် ညီမစနိုးရေ...။

Candy said...

နောက်ဆုံးအပိုဒ်လေး သဘောအကျဆုံးပဲ :D

ဝိ၀ိ said...

ကဗျာလေး..အားပေးသွားတယ်..အစ်မစနိုးရေ...

မိုးသက် said...

အစ်မတွေထဲမှာ..တိတ်တိတ်လေးနေတတ်တဲ့အစ်မပေါ့လေ...။

ချစ်စံအိမ် said...

နိဒါန်းမှာကတည်းက
မမြဲခဲ့တဲ့ တွဲလက်အစုံ
ခပ်ယဲ့ယဲ့သံယောဇဉ်မှတ်တိုင်အောက်မှာ
ထာဝရနိဂုံးအဖြစ်
လက်တွဲပြုတ်သွားကြတာ အဆန်းတော့မဟုတ်ပါဘူး .....

Yoemyaykya said...

ဟုတ်ပါတယ်။ တခါတရံမှာ မာနက အချစ်ကို အနိုင်ပိုင်းသွားတတ်တာ။ စာတွေဆက်ရေးပါ ဆက်အားပေးနေပါ့မယ် မမ။

မိုးညချမ်း said...

“အင်းးးးး ……သူပျော်နေမှာကို
ကိုယ်ငေးကြည့်နေနိုင်ဖို့ဆိုတာ
နေ့ရက်တစ်ချို့အတွက် ……
မုဒိတာတရားပွားများဖို့တော့
ကိုယ်ကြိုးစားရဦးမယ် ……။” ...

ဘာရယ်မဟုတ်ချရေးမိတဲ့ စာသားလေးတွေကလည်း အရမ်းကို လက်ရာမြောက်တယ် စနိုးရဲ့ ... စာဖတ်သူတွေကို အကြိုက်တွေ့စေတာပေါ့ ... အားပေးနေမယ်နော် ... :)

အိပ်မက်ကောင်းကင် said...

ကဗျာလေးက အရမ်းကောင်းပါတယ်
နောက်လည်းအမြဲလာရောက်အားပေးနေဦးမှာပါ

မင်းမုန်းတဲ့သူ said...

အမစနိုးကဗျာလေးလာအားပေးသွားတယ်နော်...
ခံစားချက်ကဗျာတွေဆိုရင်တော့ဘယ်လိုကဗျာမျိုးပဲဖြစ်ဖြစ်
ကြိုက်တယ်....

လွင်ပြင်လှိုင်းငယ် said...

စနိုးရေ ကဗျာတွေက ကောင်းပြီးရင်း ကောင်းပဲနော်
အားကျထှာ ။

Follow Us @soratemplates