Thursday, 16 August 2012

# My Own Feelings

သူငယ်ချင်းသို့ ............
















လာဟာ..ပျင်းတယ်
ရေတမာပင်တန်းအောက်က ခရေပန်းတွေသွားကောက်ကြမယ်
တမာရနံ့လေးက သင်းလို့ပေါ့ ………
အော်ရေးရှားပင်ကကြွေကျလာတဲ့အရွက်တွေကိုဖယ်ရင်း…..။
ရေကန်ကြီးကိုကျော်ပြီး တောင်တန်းပြာပြာတွေဆီကလာတဲ့
လေတဖြူးဖြူးကြားမှာ …စကားသံတွေ မသဲမကွဲ
နင့်သီချင်းသံတွေ မကြားရဘူးဟာ ………။

တောင်တက်လမ်းတစ်ချို့မှာ ငါမောရင်
နင့်လက်တစ်ဖက် ကမ်းလိုက်ပေါ့
ငါ့ရယ်မောသံတွေ ပုံမှန်ပြန်ဖြစ်သွားတဲ့အထိလေ….။
နေပူပူ မိုးရွာရွာ ..ထီးမဆောင်းကြေး….
ငါတို့က သဘာဝကိုပဲ ချစ်သူတွေမို့…
ရေတစ်ခွက်သောက်ပြီး ..တစ်မနက်လုံးအသက်ရှင်နိုင်သလို
ထမင်းတစ်နပ်စားပြီး ..တစ်နေကုန်လမ်းလျှောက် …..
ငါတို့အတူတူချစ်ခဲ့တဲ့ သစ်ပင်တွေကိုငေးရင်းပေါ့……..။

ဇွန်ပန်းဖြူဖြူတွေ မပေးပါနဲ့လား
ခရေတွေလို ခြောက်တဲ့အချိန်ဆိုအနံ့မှမရှိတာ ….
နီရဲရဲစိန်ပန်းတွေကတော့ … ငါ့အတွက်ကဗျာမဆန်ပြန်ဘူး ….
ပေးခဲ့ဖူးတဲ့..သစ်ခွပန်းတွေလည်း ငါ့အတွက်အသုံးမ၀င်ပါဘူးလေ
ငါက ပန်းပန်ရတာကို ကြိုက်ရလောက်အောင် မိန်းကလေးဆန်တာလည်းမဟုတ်…။

သူငယ်ချင်းတွေနဲ့ စကားနိုင်လုကြရင်
ငါ့အတွက် ကူပြောပေးပါဟာ …
နင့်လိုသည်းခံပြီး ခပ်ပြုံးပြုံးနေနိုင်လောက်အောင်
ငါလူကြီးမဆန်ဘူးလေ …..
ရန်ဖြစ်လိုက် ..ပြန်ချစ်လိုက်နဲ့
ငါတို့သူငယ်ချင်းတွေ … ခုချိန်ထိ လက်တွဲခဲ့ကြတာ
နင်မပါတော့ပေမယ့် ….. ငါတို့ရင်ခုန်သံတွေ ထပ်တူကျတုန်း…….။ 















နင်မပါတော့ပေမယ့် …ငါတို့လမ်းတွေဆက်လျှောက်နေတုန်း ….
နင်မပါတော့ပေမယ့် …… သစ်ပင်တွေရှင်သန်နေတုန်း …သစ်ရွက်တွေလည်း ကြွေနေတုန်း……
နင်မပါတော့ပေမယ့် ….. ခရေတွေလည်းမွှေးနေတုန်း ..တမာတွေလည်း သင်းနေတုန်း ……
နင်မပါတော့ပေမယ့် …. ရေပြင်ကျယ်ကြီးလည်း လှိုင်းထနေတုန်း …တောင်တန်းတွေလည်းပြာနေတုန်း …
နင်မပါတော့ပေမယ့် … တောင်တက်လမ်းလေးလည်း ရှိနေတုန်း .. ရေတမာပင်တွေဝေနေတုန်း …
နင်မပါတော့ပေမယ့် …………………….
နင်မပါတော့ပေမယ့် …………………….
နင်မပါတော့ပေမယ့် …………………….
နင်မပါတော့ပေမယ့် …………………….
……………..
…………………..
………………………………..
နင်မပါတော့ပေမယ့် .... ငါချစ်တဲ့သစ်ပင်ကို ငါ့လက်နဲ့ ..ငါကိုယ်တိုင်စိတ်တိုင်းကျ ..ပျိုးထောင်နေတုန်း..။

ဘ၀တစ်ပါးမှာ ..... နင်ပျော်ရွှင်ငြိမ်းချမ်းနေမှာပါ ............။


..................................................................................................................

ကဗျာမဟုတ်တော့ ဖတ်ရတာ တစ်မျိုးတော့ဖြစ်နေလိမ့်မယ်.... ဒါပေမယ့် အဆင်ပြေမှာပါ ..။ ရုတ်တရက် စိတ်ကူးပေါ်တာကို ချရေးမိလိုက်တာမို့လို့ပါ ..။  အားလုံးပျော်ရွှင်ပါစေ .....။


16 comments:

မင်းမုန်းတဲ့သူ said...

ရုတ်တရက်စိတ်ကူးပေါ်လာတာကိုချရေးတာကလည်း
ကဗျာလိုပါပဲ..ကောင်းတယ်
စာသားတွေကြိုက်တယ်..
ဘ၀တပါးဆိုတော့..သေသွားတာများလားအမစနိုး
ကဗျာထဲက'နင်'ကလေ...

Phyu Lwin said...

အင်းး အဲလိုပဲဆိုပါတော့လေ .....

ချစ်စံအိမ် said...

စနိုးစိတ်ကူးလေးကို လာရောက်ခံစားသွားပါတယ်။။။

Unknown said...

ခံစားသွားတယ် အမရေ...
အရေးအသားလေးကိုတော့ ကြိုက်တယ်ဗျာ...
ကျွန်တော်လည်း ဘယ်တော့မှရေးတတ်တော့မလည်း မသိဘူး....:-)

mstint said...

သူငယ်ချင်းဆိုတာ သံယောဇဉ်ဆိုတာ ဖြတ်ဘို့အခက်ဆုံး နှောင်ကြိုးဖြစ်သလို နှလုံးခုန်နေသမျှ ခိုင်မြဲနေတယ် စနိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Yoemyaykya said...

နောက်ဆို ခရေပန်းပဲပေးပါ့မယ်

လွင်ပြင်လှိုင်းငယ် said...

သူငယ်ချင်းသံယောဇဉ် အကြောင်းကဗျာလေးပဲ။
ကောင်းတယ် စနိုးရေ အားပေးလျက်နော် ။

အလွမ်းမြို့ said...

သူငယ်ချင်းသံယောဇဉ်လေးတွေ ရေးဖွဲ့သီကုံးတာ
ကဗျာမဟုတ်ပေမဲ့ လက်တွေ့ဘဝထဲကဆိုတော့
ပိုလို့တောင်ဖတ်လို့ကောင်းသေး။
အားပေးသွားတယ် ညီမလေး။

စံပယ်ချို said...

သစ်ပင်တွေရှင်သန်နေတုန်း …သစ်ရွက်တွေလည်း ကြွေနေတုန်း……
….. ခရေတွေလည်းမွှေးနေတုန်း ..တမာတွေလည်း သင်းနေတုန်း ……
…. ရေပြင်ကျယ်ကြီးလည်း လှိုင်းထနေတုန်း …တောင်တန်းတွေလည်းပြာနေတုန်း …
… တောင်တက်လမ်းလေးလည်း ရှိနေတုန်း .. ရေတမာပင်တွေဝေနေတုန်း …

ဒါတွေက ရှင်သန်နေဆဲပေါ့နော်-----------

Phyu Lwin said...

ဟုတ်တယ် အစ်မစပယ်..ပြောင်းလဲသွားတာတွေရှိသလို မပြောင်းလဲတာတွေလည်း ရှိနေနိုင်တာပဲလေ..

ဝိ၀ိ said...

အစ်မ စိတ်ကူးတွေကို ခံစားအားပေးသွားပါတယ်

pyaenyein said...

တောင်တက်လမ်းတစ်ချို့မှာ ငါမောရင်
နင့်လက်တစ်ဖက် ကမ်းလိုက်ပေါ့
ငါ့ရယ်မောသံတွေ ပုံမှန်ပြန်ဖြစ်သွားတဲ့အထိလေ….။
နေပူပူ မိုးရွာရွာ ..ထီးမဆောင်းကြေး….
ငါတို့က သဘာဝကိုပဲ ချစ်သူတွေမို့… စနိုးေ၇ အဲဒီစာသားလေးတော့ကြိုက်တယ်ဗျာ။ ကျွန်တော်ဆိုတာလည်း အဲဒီလို လက်တွဲညီမယ်ဆို၇င်လေ ဘယ်လောက်ပဲကြမ်းတမ်းပါစေနော် အဆင်သင့်ပဲဗျာ။ကျွန်တော့ အတွက် နှင်းဆီ ပန်းေ၇ာင်လေး တခင်းလောက်စိုက်ပေးပါလားဟင်
ကျွန်တော်ကတော့မသေသေးဘူးပေါ့နော်

မင်းအရိပ် said...

စိတ်ကူးပျော်ရာပဲ ဒါပေမယ့် ကဗျာလေးပါပဲ
အစပိုင်းကတော့ ကြည်နူးဖို့ကောင်းတဲ့သူငယ်ချင်းတွေပေါ့
နောက်ကျတော့ သူမပါတော့တာ ၀မ်းနည်းစရာလေးဖြစ်သွားတယ်
အားပေးသွားတယ်နော်

Anonymous said...

အားပေးသွားတယ်နော်။
အိုင်အိုရာ

အိပ်မက်ကောင်းကင် said...

သည်စာလေးကိုဖတ်ရင်း ငယ်ငယ်ကသူငယ်ချင်းများကို သတိရလိုက်တာ
ကဗျာမဟုတ်ပေမဲ့လည်း မမစနိုးရေးထားတာ ဖတ်လို့အရမ်းကောင်းပါတယ်
အားပေးသွားတယ်နော်

Anonymous said...

ဒါမျိုးလေးတွေမဖတ်ရတာကြာပြီ။အားရင်ရေးပါအုန်း ချစ်မ :)
@Ahthu

Follow Us @soratemplates