Sunday, 5 August 2012

# Love Poems

အနိုင်အရှုံးမရှိတဲ့ပြိုင်ပွဲ +++


 ရှုံးမယ်လို့ ကြိုသိနေတဲ့ပြိုင်ပွဲတစ်ခုအတွက်
အနိုင်နဲ့ပိုင်းခဲ့မိတာ ..ငါမှားခဲ့တယ်လို့
စွပ်စွဲကြလည်း ခံနိုင်ရည်ရှိခဲ့ပါတယ် ...........
ဇာတ်သိမ်းကို ကြိုသိနေတာက နင်နဲ့ငါပဲဖြစ်နေခဲ့တာကိုး ......

အရှုံးတွေပဲဆိုကြပါစို့ .....
အဲဒီအရှုံးတွေကို ကဗျာတွေအဖြစ် ထုဆစ်
မေ့ပစ်ဖို့ ကြိုးစားနေမိတာ ..ငါမမှားသေးဘူးထင်တာပဲ .....
အဆိုးထဲကနေ အကောင်းကျန်အောင်တော့ 
ငါ့မှာကြိုးစားဖို့ လွတ်လပ်ခွင့်တစ်ချို့ရှိနေသေးတယ် .......

ပြိုင်ပွဲတစ်ခု အနိုင်ရရှိဖို့
နှလုံးသားတစ်ခု စတေးခဲ့ရတယ်
နင်နိုင်ပါတယ်ဆိုတဲ့စကားလုံးတွေနဲ့ မျက်ရည်တစ်ချို့ရဲ့ရှေ့မှာ
ဟန်ဆောင်ကောင်းခဲ့တဲ့ နှလုံးသားတစ်စုံ
ကြေမွကွဲအက်နေတာတော့
ရှုံးတယ်လို့ အများကထင်တဲ့နင် သိလိုက်မှာမဟုတ်ပါဘူး 
လျှပ်တပြက်အတွင်းမှာ ခွပ်ကနဲ ကွဲအက်သွားခဲ့တာကိုး .........။

 ~~~~~~~~~~~~~~~~~~~~~
တကယ်တော့ အချစ်မှာ အနိုင်အရှုံးမှမရှိတာ
သူ့ဘ၀ ပိုချောမွေ့ဖို့
နှလုံးသားရဲ့ရေရွတ်သံကို မသိကျိုးကျွန်ပြုပြီး လှည့်အထွက်
ထာဝရသတိရနေမှာပါဆိုတဲ့ စကားလုံးတစ်ချို့
ကိုယ်ကြားလိုက်တယ် ........
တိုးလျလျလေး ....ကိုယ်ကြားလိုက်တယ်ဆိုရုံလေး ......
သူရေရွတ်လိုက်လေသလား ........
တကယ်တော့ ကိုယ့်ရင်ဘတ်ထဲက ကွဲအက်သွားတဲ့
နှလုံးသားရဲ့ နောက်ဆုံးညည်းညူသံသဲ့သဲ့မှန်း
ကိုယ်တစ်ယောက်ပဲ သိခဲ့တယ်
သူသိအောင်လည်း ကိုယ်ဖွင့်မပြောမိခဲ့ ~~~~~~~~။

13 comments:

စံပယ်ချို said...

နှလုံးသားရဲ့ နောက်ဆုံးညည်းညူသံသဲ့သဲ့မှန်း
ကိုယ်တစ်ယောက်ပဲ သိခဲ့တယ်-----
---------
--------
အဲဒီ ညည်းညူသံလေးကိုလာပြီးနားထောင်နေလိုက်ရသလို
ခံစားခဲ့ရပါတယ်

မင်းမုန်းတဲ့သူ said...

ကဗျာလေးလာဖတ်သွားတယ်အမ...
အသဲကွဲကဗျာလေးပဲနော်...

မိုးသက် said...

အလွမ်းကဗျာတွေ ဖတ်ချင်ဘူး..။ ဒါပေမယ့် ဖတ်သွားတယ်.။

လွင်ပြင်လှိုင်းငယ် said...

အခုတလော အသဲကွဲတဲ့သူတွေများနေပါ့လား ။
ကဗျာလေးကတော့ တော်တော်ကောင်းပါတယ်

မိုးသူ(တောင်ကြီး) said...

အဲဒီအရှုံးတွေကို ကဗျာတွေအဖြစ် ထုဆစ်
မေ့ပစ်ဖို့ ကြိုးစားနေမိတာ ..ငါမမှားသေးဘူးထင်တာပဲ
စနိုးရေ အသုံးပြု ထုဆစ်ထားတဲ့ စကားလုံးတွေ
အရမ်းလှပသေသပ်တယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

khin said...

လာလည်သွားတယ်ညီမလေး။

mstint said...

သူနိုင်ကိုယ်နိုင် အပြိုင်နွှဲကြတဲ့ ဒီပြိုင်ပွဲလေးရဲ့ အဆုံးသတ်မှာ အနိုင်အရှုံးဆိုတာ မပီပြင်ခဲ့ဘူးပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

တစ်ပုဒ်လုံး ရင်ထဲဝင်တယ်
ကျွန်တော်လည်း အသည်းကွဲနေတယ်
ကျွန်တော့်ချစ်ချစ် ဘလော့လေး
ပျောက်သွားလို့

နွေလ

ချစ်စံအိမ် said...

လာရောက်ခံစားသွားပါတယ် စနိုးရေ..

မြတ်နိုးသူ(MUFL) said...

ရှုံးမယ်လို့ ကြိုသိနေတဲ့ပြိုင်ပွဲတစ်ခုအတွက်
အနိုင်နဲ့ပိုင်းခဲ့မိတာ ..ငါမှားခဲ့တယ်လို့
စွပ်စွဲကြလည်း ခံနိုင်ရည်ရှိခဲ့ပါတယ် ...........
ဇာတ်သိမ်းကို ကြိုသိနေတာက နင်နဲ့ငါပဲဖြစ်နေခဲ့တာကိုး ......ကဗျာလေးခံစားသွားပါတယ်နော်

အလွမ်းမြို့ said...

ညီမလေး စနိုးရေ။

မကြီးလွမ်း လာရောက်အားပေးခဲ့တယ်။

နှလုံးသားရဲ့ နောက်ဆုံးညည်းညူသံသဲ့သဲ့မှန်း
ကိုယ်တစ်ယောက်ပဲ သိခဲ့တယ်

တစ်ယောက်ထဲသိအောင် သိမ်းထားလိုက်လို့နေ
မှာပေါ့။


ခင်တဲ့
မကြီးလွမ်း

အိပ်မက်ကောင်းကင် said...

အလွမ်းကဗျာလေးကို ဖတ်ပြီး
လွမ်းမိလိုက်ပါသေးတယ် ^_^
အလွမ်းကဗျာလေးက ကောင်းလိုက်တာ

မိုးညချမ်း said...

အရှုံးတွေပဲဆိုကြပါစို့ .....
အဲဒီအရှုံးတွေကို ကဗျာတွေအဖြစ် ထုဆစ်
မေ့ပစ်ဖို့ ကြိုးစားနေမိတာ ..ငါမမှားသေးဘူးထင်တာပဲ ...

-----------------------------------

အရှုံး၊ အလွမ်းတွေနဲ့ ကဗျာတွေထုဆစ်နေခဲ့တာ အချိန်နာရီ ရာသီတောင်ပြောင်းသွားတာတောင် မေ့နေခဲ့ပေါ့ရှင် ... :)

Follow Us @soratemplates