Saturday, 16 March 2013

# My Own Feelings # အမှတ်တရ အချိန်များ

သတိတရ ^^

Hallo,, Good morning :)

ခု မြန်မာပြည်ကနေ နှုတ်ဆက်နေတာပါ ... ပြန်ရောက်တာ ဒီနေ့ဆို တစ်ပတ်ပြည့်ပြီ ..။ ရောက်ရောက်ချင်း စီစဉ်စရာရှိတာတွေ စီစဉ်တာ.. ဘာညာသာရကာတွေတော့ ပြီးသွားပြီ ..။ ဘယ်မှတော့ မလည်ဖြစ်သေးပါဘူး..။ အလုပ်အရင်လုပ်ရဦးမယ်...။ ပြီးမှ လျှောက်လည်ဖို့ အစီအစဉ်အကောင်အထည်ဖော်ဖြစ်မှာ..။ ဒီရောက်တော့ ဖုန်းနဲ့ပဲ အင်တာနက်သုံးဖြစ်တယ်..။ တက်လိုက်ကျလိုက်ပဲ. ။ mail တော့ ကောင်းကောင်းစစ်လို့ရပါတယ်..။ ကွန်ပျူတာနဲ့ ချိတ်လိုက်ရင် လိုင်းက မကောင်းတော့ ဘာမှတော့ သိပ်သုံးမရ ...။ Online တိုက်ပွဲတွေ ဆင်နွှဲနေကြတဲ့ facebook ဆိုတာကြီးကျတော့ ဖုန်းနဲ့ ကောင်းကောင်းဝင်ရတယ်ဂျ >:o OMBuddha !!!

တကယ်က ကျမသုံးချင်တာ Google ပဲ သုံးချင်တာ .. လိုချင်တဲ့ Information က အဲမှာမှ ရှာရအဆင်ပြေတာကိုး..။ အဲဒါကျတော့ တက်လိုက်ကျလိုက် .. Link တစ်ခု နှိပ်လိုက်ရင် ရောက်ချင်မှရောက်တာမျိုး .. အမြင်ကပ်စရာကောင်းးတဲ့ facebook သုံးပြီး ဘာ information ရှာလို့ရမှာလဲကွယ် ... ရန်ဖြစ်နေတာတွေ ထိုင်ဖတ်နေရလောက်အောင် ကိုယ်လဲ အားနေတဲ့၊ အချိန်တွေပေါနေတဲ့ သူမျိုး မဟုတ်ဘူးလေ .. ahinttt ;(

Blog ထဲတော့ ၀င်လို့ရပါတယ်.. ရေးရမရဆိုတာ ခု စမ်းကြည့်နေတာ.. ဆိုင်တွေမှာ သွားသုံးရင်တော့ အေးအေးဆေးဆေးဝင်လို့ရလောက်တယ်.. ဒါပေမယ့် နေပူပူမသွားချင်ဘူး .. အဲဒါနဲ့ ဖုန်းက wifi လွှင့်ပြီး ကွန်ပျူတာနဲ့ဝင် စာရေးကြည့်တာပါ.. ဓါတ်ပုံတွေ တင်ရမရတော့ မသိသေးပါဘူး..။ အခြား blog တွေ ၀င်ဖတ်ဖို့လဲ ပြန်ပြန်ကျသွားတာနဲ့ ဘယ်ကိုမှ သွားပြီး အားမပေးဖြစ် ..။ ပြန်ရောက်မှပဲ အားရပါးရ အလည်လာ စာဖတ်တော့မယ်နော်...။ 



ဓါတ်ပုံတွေ တင်ရမရ တင်ကြည့်တာ အရမ်းနှေးတယ်.. ဂျာမနီပြန်ရောက်မှပဲ သေသေချာချာ ခရီးသွားတဲ့အကြောင်းတွေ ရေးတော့မယ် .. :)

10 comments:

Aunty Tint said...

အော်... အမိမြေကို ခေတ္တခနပြန်ရောက်နေတာကိုး သတိရရင် ဖုန်းလေးတစ်ချက်ဆက်လိုက်ပေါ့ ဆွိတီစနိုးရေ :P
ကိုရီးယားရောက် အမှတ်တရလေးလည်း ကြုံတုန်း ဖတ်ရင်း ရိုက်ချက်တွေကြည့်ခဲ့တယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးညချမ်း said...

မမရေ ... ဂျာမနီမပြန်ခင်တော့ အဆက်အသွယ်လေး လုပ်အုံးနော် ... အဆင်ပြေလည်း တွေ့ရအောင်လို့လေ ... :)

နွေလ said...

တို့အစ်မတော့ နေပြည်တော်ကို ရောက်ခဲ့ပြီပေါ့
နွေရာသီကြီး ရောက်လာတော့
အတော့်ကို ပူမှာပဲ
နေပြည်တော်ဘက်တွေကတော့
လိုင်းကောင်းပါတယ် အစ်မရေ
ဂျာမနီနိုင်ငံလိုတော့ ဘယ်ဟုတ်မလဲ
အင်းလေ ... ဂျာမနီနိုင်ငံနဲ့ ယှဉ်ရင်တော့
ပမွှားလောက်ပဲ ရှိမှာပေါ့
ဒါပေမဲ့ ဒီလောက်ကောင်းနေတာလေးကိုပဲ
ကြံဖန်ပြီး ဂုဏ်ယူနေရတာ
ဝမ်းသာနေရတာ အစ်မရေ

blackroze said...

ကဲ ..မြန်မာပြည်ရောက်တုန်းရောက်ခိုက်
စားချင်တာတဝကြီး စားခဲ့ပေတော့ညီမရေ

မင်းအရိပ် said...

အင်း
အမိနိုင်ငံတော်ကြီးကို ပြန်ရောက်နေပြီပေါ့ စနိုးရေ
ကောင်းပါတယ်ဗျာ
လွမ်းသမျှ အတိုးချလည်လိုက်ပေဦးတော့
ဖုန်းက wifiနဲ့ ဘလော့ပို့စ်တင်ရတာဆိုတော့ ဘယ်လောက်ကြာသွားသတုန်းဗျ
သိချင်လို့ မေးကြည့်တာ
ကွန်မန့်replyပြန်ပေးဖို့တောင် အတော်အချိန်ပေးရမယ်ထင်တယ် :)

Yoemyaykya said...

မမရေ wifi နဲ့ ချိတ်ပြီးသုံးတာ မြန်ပါတယ်။ ကျနော်ကတော့ ရုံးမှာ အဲဒီအတိုင်းသုံးတယ်။ ဘလော့လဲပို့စ်တင်လို့ရတယ်။ ဒေါင်းလို့လဲရတယ်။ ဟုတ်ပ ဖေ့ဘုတ်က သုံးရတာ personal ထိတော့ ခု ခဏပိတ်ထားတယ်။

Phyu Lwin said...

လာအားပေးသူအားလုံးကို ကျေးဇူးတင် ပါတယ် :) မင်းအရိပ်ရေ လိုင်းကောင်းရင် ခဏပဲ မ ကောင်းရင်တော့ ဖွင့်လို့ကိုမရ။ အဲဒီတော
့ ကောင်းတဲ့ ရှားရှားပါးပါးချိန်လေးကို မိအောင် ဖမ်းပီး တင် ရင် အဆင်ပြေမှာပါ ;)


Anonymous said...

း) လိုင်းကောင်းချက်ကတော့ ဘယ်နိုင်ငံနဲ့မှ မနှိုင်းပါနဲ့ဗျား)
နေပြည်တော်မှာလည်းသိပ်ကောင်းကြီးဟုတ်ပါဖူး
ဖုန်းနဲ့သုံးလို့အဆင်မပြေပါဖူးး


မောင်ဘကြိုင်
နေပြည်တော်

Phyu Lwin said...

တိန်န်န် နေပြည်တော်က ဦးလေးတစ်ယောက်တော့ အားရှိအောင် လာအားပေးသွားပြီ :D

အိပ်မက်ကောင်းကင် said...

မမစနိုးက မြန်မာနိုင်ငံရဲ့ လိုင်းအကြောင်းကို အခုမှသိတာကိုး :P
နှေးချက်ကတော့ လိပ်တောင်အရှုံးပေးရပါတယ်
ခိခိ
မရောက်တာကြာပေမဲ့လည်း သတိရပါတယ်
ပျော်ရွှင်ပါစေနော် မမစနိုး
ခင်တဲ့(အိပ်မက်ကောင်းကင်)

Follow Us @soratemplates