ဒီနေ့တော့ ကျောင်းပိတ်ရက်ဆိုတော့ ဈေးဝယ်ထွက်ဖြစ်တယ်...။
အဓိကက ချက်ဖို့ပြုတ်ဖို့ အိုးခွက်ပန်းကန်၊ အနွေးထည်တွေ ၀ယ်ရင်း စနေနေ့ဆိုတော့ သူငယ်ချင်းက
သွားတတ်အောင် ဈေးဝယ်လိုက်ပို့ပေးတာ .။
နောက်တစ်ခု အရေးကြီးဆုံး လုပ်ရမယ့်အရာက
ဖုန်းဝယ်ဖို့ ..။ အရင်နေ့တွေက ကျောင်းကိစ္စတွေရှုပ်နေ တာနဲ့ ချက်ချင်းမ၀ယ်ဖြစ်ခဲ့ဘူး
...။ ဒီနေ့တော့ မဖြစ်မနေ၀ယ်မှ ရမယ်ဆိုတော့ ဈေးဝယ်ထွက်ဖြစ်တာပေါ့ ...။
ရောက်တဲ့နေ့၊
ရောက်တဲ့အချိန်ကတည်းကစပြီး မနားရသေးတာ ဒီနေ့အထိပါပဲ..။ ဒါပေမယ့်လည်း ဘယ်လောက်ပင်ပန်းပင်ပန်း
အစားအသောက်က မပျက်ဘဲ ဒီရောက်မှ ပိုပြီးတောင် စားနိုင်နေပြန် ပါသေးတယ်..။ အဓိကက ကျမက
ဆန်စီးကြိုက်တဲ့သူဆိုတော့ ဂျပန်ဆန်နဲ့ ကျမအကြိုက်ကွက်တိဖြစ်နေတော့
စားလို့ကို မရိုးနိုင်သေးပါဘူး...။ နောက်ဆိုရင်တော့ အစားကို သေချာဂရုစိုက်ပြီး လျှော့စားမှ
ဖြစ်မယ်..။ ၀ိတ်တက်လို့ မဖြစ်ဘူး..။ ကျမက ၀လာရင် အသက်ရှုကျပ်တော့ ၀ိတ်မတက်အောင် မနည်းထိန်းနေရတာ
T_T
ရောက်တဲ့နေ့တစ်ရက်လုံး အဲဒီမှာ အရင်ကျောင်းတက်နေကြတဲ့
မြန်မာသူငယ်ချင်းတွေက ဆိုင်မှာ လိုက်ကျွေးတယ်..။ ခရီးသာပန်းတာ စားတာတော့ အများကြီးစားတာပဲ
.။ နောက်တစ်ရက်တော့ ကျောင်းက Cafeteria မှာ နေ့လည်စာစားတယ်..။ ညစာကို Lab က
newcomers တွေအတွက် welcome party လုပ်ပေးတာ အင်ဒီးယန်းဆိုင်မှာ လုပ်ကြတယ်..။ ကုလားစာမစားနိုင်ဘူးထင်တာလည်း
ချသမျှအကုန်စားတာပဲ ..။ အင်းးးး အစားအသောက်ပျက်နေတာလေ -.- -.- -.-
ဖုန်းကိစ္စပြန်ဆက်ရရင် ဒီမှာက မြန်မာနိုင်ငံမှာလို
Sim card သီးသန့်မရောင်းဘူးလေ...။ ဂျာမနီမှာဆိုရင်တော့ ဖုန်းမပါပဲ Sim card and
Line ရောင်းတာရှိတယ်..။ ဒီမှာကျတော့ Handset မှာပဲ လိုင်းရော၊ အင်တာနက်ရော တခါတည်း
ချိတ်ပြီး Contract နဲ့ ရောင်းတာဆိုတော့ Handset က မဖြစ်မနေ ၀ယ်ရတာပေါ့ ..။ ဈေးနည်းနည်းနဲ့
ကိုင်လို့ရတဲ့ Handset မျိုးလည်း ရှိပေမယ့် ၀ယ်မယ့်ဝယ်မှတော့ ကောင်းတာပဲ ၀ယ်ချင်တာကြောင့်
Iphone 6 ပဲ ၀ယ်ဖြစ်ခဲ့တယ်..။ တစ်လျှောက်လုံး Samsung Android Phone သုံးလာခဲ့တဲ့သူက
အခုတော့ Iphone ပြောင်းကိုင်ရပြန်ပါဦးမယ်...။ ဈေးတွေက Iphone 5s 16GB or Iphone
6 16 GB ဆိုရင် ဟန်းဆက်ဖိုးက မပေးရဘူး..။ ဒါပေမယ့် ၂ နှစ် Contract မှာ ဖုန်းလိုင်းရော
အင်တာနက်လိုင်းရောသုံးလို့ရပြီး တစ်လကို ယန်း ၇၀၀၀ လောက်ကျတယ်..။ မြန်မာငွေနဲ့ဆိုရင်
၇ သောင်းလောက်ပေါ့..။ တကယ်လို့ အဲဒီ ၂ နှစ်ကြားထဲမှာ Contract ကို Cancel လုပ်လိုက်မယ်ဆိုရင်
Cancellation fees က ယန်းတစ်သောင်းပေးရမယ်တဲ့..။ ဖုန်းကတော့ unlock လုပ်မယ်ဆိုရင် နည်းနည်းတော့
ထပ်ပေးရလိမ့်မယ်ထင်တယ်..။
အခု ကျမ၀ယ်လိုက်တာက Iphone 6 128GB
ဝယ်လိုက်တာဆိုတော့ ဟန်းဆက်ဖိုးက အလကားမဟုတ်ပြန်ဘူး..။ တစ်လကို ယန်း ၉၉၀ ပေးရတယ်ဆိုတော့
လိုင်းဖိုးနဲ့ အင်တာနက်ဖိုးနဲ့ဆိုရင် တစ်လကို ယန်း ၈၀၀၀ ကျော် ပေးရတယ်...။ ဒါပေမယ့်လည်း
Iphone တွေက External memory ထည့်မရတော့ ကောင်းကောင်းသုံးလို့ရအောင် 128 GB ပဲ တစ်ခါတည်း
ဝယ်လိုက်တာ..။ မဟုတ်ရင် 16 GB က App တွေ အများကြီးလည်း ထည့်လို့မရသလို photo တွေ အများကြီးလည်း
မဆန့်ဘူးလေ..။ ဖုန်းပြောခက အချင်းချင်းဆိုရင် မနက် ၁ နာရီကနေ ည ၉ နာရီထိ Free။ အခြားဖုန်းတွေကိုဆိုရင်တော့ တစ်မိနစ်ကို ယန်း ၄၀ လောက်ပေးရတယ်။ ဒါပေမယ့် ဒီမှာ ကျောင်းတက်နေတဲ့ မြန်မာတွေအားလုံး ဖုန်းက ကုမ္ပဏီတစ်ခုတည်းက လုပ်ထားတာဆိုတော့ တနေကုန် Free call and free msg ဆိုတော့ အဆင်ပြေပါတယ်..။ အခြားဖုန်းကို အရေးတကြီးဆက်ချင်ရင် Lab မှာ လိုင်းဖုန်းတစ်လုံးရှိတော့ အဲဒါကိုသုံးလို့ရတယ်တဲ့..။ အင်တာနက်ကလည်း unlimited ပါ..။
ညနေ ၄ နာရီလောက်ပြန်ရောက်ကတည်းက
Apple ID လုပ်တာ Apk တွေသွင်းတာနဲ့ အလုပ်တွေကို ရှုပ်လို့.။ ညစာတောင် မချက်ဘဲ ခေါက်ဆွဲပြုတ်စားပြီး
တစ်ချိန်လုံး ထိုင်ကလိ၊ သုံးသမျှ Account တွေကို အကုန်ပြန်ဝင်ရနဲ့ ရှုပ်နေတာပဲ ..။
အရောင်လေးက ရွှေရောင်လေး..။ ဖုန်းနံပါတ်က နောက်ဆုံးဂဏန်း ၄ လုံးကို ကိုယ်ကြိုက်တဲ့ ဂဏန်းရွေးချင်တယ်ဆိုရင်
ယန်း ၃၀၀ ပေးရမယ်လို့ ဆိုင်ကပြောတယ်..။ အင် တော်ပါပြီလို့ .. ကိုယ့်ဂဏန်းက သူများတွေမှတ်ရတာ၊
ကိုယ်မှတ်ရမှာမှ မဟုတ်တာ..။ ပိုက်ဆံအကုန်ခံပြီး မရွေးတော့ဘူး၊ ကံအတိုင်းပဲ ကျတဲ့ ဂဏန်းပဲ
ယူမယ်ဆိုပြီး ယူလိုက်တာ နောက်ဆုံးဂဏန်း ၄ လုံးစလုံးက 1111 ဖြစ်နေတယ်.. တိုက်တိုက်ဆိုင်ဆိုင်
ဝယ်တဲ့နေ့စွဲကလည်း ၁၁ လ ပိုင်း ၁ ရက် ..။ အခု ဒီပို့စ်ကို စရေးတဲ့အချိန်တောင်မှ ည ၁၁း၁၁
နာရီဖြစ်နေသေး..။ ဟီးးဟီးး ပျော်စရာကြီး..။ ဂဏန်း ၁ တွေချည်းပဲ ^_^
အရင် ၂ နှစ်ကျော်ကျော်လောက် သုံးလာတဲ့
Samsung Galaxy S2 လေးကို ဘေးဖယ်ပြီး ဖုန်းအသစ်လေး ပြောင်းကိုင်ရတော့မယ် .။ အဲဒီ
S2 က ဂျာမနီမှာကတည်းက ၀ယ်သုံးတာ..။ သုံးရတာအဆင်ပြေလို့ မြန်မာနိုင်ငံပြန်ရောက်တော့လည်း
အသစ်မ၀ယ်ဘဲ အဲဒါလေးပဲ သုံးနေတာ...။ အခုတော့ ခွဲရတော့မယ်လေ ..T_T
My Pink Family
အသစ်ဝယ်လာတဲ့ဖုန်းနဲ့ စမ်းရိုက်ကြည့်ပြီး ကလိနေတာ..။ အဲဒီ B612 ဆိုတဲ့ Selfie apk လေးက တော်တော်မိုက်တယ်..။ ပေတီးပေစုပ်ရုပ်တောင်မှ လှလှလေးထွက်လာသတဲ့ ...။ Apple ကို Samsung နဲ့ရိုက်၊ Samsung ကို Apple နဲ့ရိုက်နဲ့ အားလုံးကို ရှုပ်နေတာပဲ >_<
+++++++++++
ဒီလောက်ပါပဲ ...။ ဖုန်းကလိရတာ မျက်လုံးတွေလည်း ညောင်း၊ ဇက်ကျောတွေလဲတက်၊ ည ၁၂ နာရီလည်းကျော်ပြီဆိုတော့ အိပ်လည်းအိပ်ချင်လာပြီ ....။ နောက်ရက်တွေလည်း ရောက်တတ်ရာရာတွေ ဆက်ရေးပါဦးမယ်...။ Internet Connection က ကိုယ့်ဘက်မှာ ရှိသွားပြီလေ :D :D
5 comments:
S II လေးကိုတော့ အမှတ်တရ
သိမ်းထားလိုက်ပါ မတိမ်လွှာရေ
နိုင်ငံခြားနေရတာ အိမ်လွမ်းရပေမဲ့
အင်တာနက်ကွန်နက်ရှင်ကတော့ ဝှီးဒေါက်
ဆိုသလိုဘဲ
အင်တာနက်ကောင်းပြီဆိုတော့
စာတွေအများကြီးရေးပါဦးလို့...
ဖတ်ဖို့စောင့်နေပါတယ် နော်..
ပန်းသီးသုံးပြီးရင် စက်ရုပ်သုံးချင်တော့မှာမဟုတ်ဘူး ။ ဆုမြတ်လည်း s3 ကနေ apple သုံးလိုက်တာ android ကို လုံးဝမကြိုက်တော့ဘူး :P ဂျပန်မှာအစစအရာရာအဆင်ပြေပါစေနော် ။
အိုင်ကိုကိုင်ဖို့စဉ်းစားရင်း စဉ်းစားရင်းနဲ့မ၀ယ်ဖြစ်သေးဘူးခုထိ...။
အဲ့ဒီကဖလန်းဖလန်းကော်နက်ရှင်းကိုဒီပို့ပေးပါ :P
စုံစုံလင်လင်ပို့စ်လေးပါလား တိမ်လွှာရေ...
ဝလာရင်အသက်ရှူကြပ်တယ်ဆိုတော့ ၀ိတ်ထိန်းပြီးသား ဖြစ်တာပေါ့ ... :) ပြောခါမှ တီတင့်လဲအခုတစ်လော ၀ိတ်တွေတက်နေတယ်ထင်ပါ့ အင်္ကျီတွေမတော်လို့ :P
Post a Comment