Saturday, 20 December 2014

Blog update disappeared in Blog Rolls

တစ်နေ့က Blog post တစ်ခုရေးပြီးပြီးချင်းပဲ ကျမရဲ့ Blog roll မှာ စစ်ကြည့်လိုက်တော့ update တက်လာတယ်..။ အဲဒါနဲ့ ပိတ်ထားလိုက်ပြီး နောက်တစ်ကြိမ်ပြန်ဖွင့်တဲ့အချိန်မှာ update မှာ ပို့စ်ကို မတွေ့တော့ something wrong နေပြီလို့ စိတ်ထဲမှာ ထင်နေမိတာ...။ အသစ်မတက်ပေမယ့်လည်း အရင်ပို့စ်အဟောင်းနဲ့တော့ Blog roll မှာ ရှိနေပါလိမ့်မယ်ဆိုပြီး ဒီအတိုင်းပဲ ထားလိုက်တာ...။
ဒါပေမယ့် ဒီနေ့ပြန်ကြည့်မှာ Blog roll မှာ ကျမရဲ့ blog ကို လုံးဝမတွေ့ရဘူး..။ အဲဒါနဲ့ အခြားသူတွေရဲ့ Blog roll မှာ လိုက်ကြည့်လိုက်တော့လည်း အဲလိုပျောက်နေတယ်..။
ပြီးမှ သေချာပြုးပြဲကြည့်လိုက်မှ ဟိုးလွန်ခဲ့တဲ့ ၄ လ လောက်က ပို့စ်တစ်ခုနဲ့ အောက်ဆုံးကိုရောက်နေခဲ့တာ...။
template တွေ မကလိတာကြာတော့ ဘာမှလည်း ပြင်ချင်စိတ်မရှိဘူး...။ အဲဒါနဲ့ပဲ ဒီပို့စ်ကို ရေးကြည့်ရင် အပေါ်ကို အသစ်ပြန်တက်လာမလားလို့ စမ်းကြည့်မိတာပါ......။ ပို့စ်တွေ ခဏခဏရေးပါတယ်ဆိုမှ လွန်ခဲ့တဲ့ လေးလလောက်က ပို့စ်အဟောင်းတစ်ခုနဲ့ အောက်ဆုံးကိုရောက်နေတော့ ဘယ်လိုမျိုး update ကိုတွေ့မှာလဲနော်....။

5 comments:

Thu said...

အသက်(၃၀)ဘာညာဆိုတဲ့ပို့စ်လား။အဲ့ပို့စ်ကိုတက်လာတာတွေ့တယ်။ဖွင့်လိုက်တော့ မရဘူး။အမပိတ်ထားတယ်ထင်လို့။ကျွန်တော့ထဲတော့အမကupdateဖြစ်ပါတယ်။http://sitecheck.sucuri.net/ဒီဆိုဒ်မှာတော့ဝဲရှိမရှိစစ်လို့ရတယ်

Phyu Lwin said...

အင်း အသူ အခုဒီပို့စ်တင်လိုက်တော့ update တက်သွားတာ တွေ့တယ်။ ပြန်ကောင်းသွားပြီထင်တယ်။ ဒါပမေယ့် ဝဲရှိမရှိတော့ စစ်ကြည့်လိုက်ဦးမယ်။ ကျေးဇူးး <3

blackroze said...

ပစ်လည်းဟိုနေ့က စိတ်ထဲ အသစ်မတင်ဘူးလားဆိုပြီးလာမှ
တွေ့တာ...
blog roll မှာ မတက်လာဘူး..
အခုတပုဒ်တော့ တက်လာတယ်..
ပြန်ကောင်းသွားပြီ ထင်ပါတယ်..

Mrs. Bagel said...

၃၀ ပို့စ်တော့ တွေ့လိုက်တယ်။ လိုက်လာဖတ်တော့ မရှိဘူး။

Aunty Tint said...

တစ်ခြားသူဆီကနေ မြင်မှဖတ်ခွင့်ရပြီး တီတင့်ရဲ့ ဘလော့လစ်မှာ တက်မလာတဲ့ ပို့စ်မျိုး ဘလော့၂ခု မှာမြင်ဘူးတယ် ...

Follow Us @soratemplates