ဒီတစ်နှစ်အတွက်
ဒုတိယမြောက် Friday 13 ဟာ မတ်လထဲမှာ တစ်ခါကြုံလာရပါပြီ..။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်တဲ့
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာလည်း တိုက်တိုက်ဆိုင်ဆိုင် Friday 13 ဖြစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလဟာ
၂၈ ရက်ပဲရှိတဲ့လဖြစ်တာကြောင့် မတ်လထဲမှာ ဒီလိုရက်မျိုး တစ်ခါကြုံဦးမှာပါလားလို့ တွေးနေမိခဲ့သေးတယ်...။
အဲဒါအပြင်
နောက်ထပ်တစ်ရက်အဖြစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ တစ်ခါ ကြုံဦးမှာပါ ..။ အနောက်နိုင်ငံတွေမှာတော့
Friday 13 ကို Black Friday or unlucky day အဖြစ် သတ်မှတ်ကြပါတယ်...။ အဲဒီလိုပဲ တခါတလေ
ကျမလည်း မှတ်မှတ်ထင်ထင်ရှိနေတတ်ပြန်တယ်..။ အထူးသဖြင့် ဂျာမနီရောက်ပြီးခါမှ Friday
13 ကို မှတ်မှတ်ရရ စဖြစ်ခဲ့တာပါ ..။ ဟိုအရင်ကတော့ ၁၃ ဂဏန်းကိုသာ မှတ်မှတ်ရရဖြစ်ပြီး
မကြိုက်တာကြောင့် အမြဲလို ရှောင်လေ့ရှိပါတယ်..။ ဘာရယ်တော့ မဟုတ်ဘဲ စိတ်ထဲမှာ နံပါတ်
၁၃ ဟာ ကံဆိုးတဲ့ဂဏန်းတစ်ခုလို့ သတ်မှတ်ပြီး ဘာလုပ်လုပ် ၁၃ ကို ရွေးလေ့မရှိပါဘူး...။
ကားလက်မှတ်ဝယ်ရင်တောင် နံပါတ် ၁၃ က လွဲရင် ဘယ်နံပါတ်ဖြစ်ဖြစ် ရပါတယ်လို့ ပြောလေ့ရှိတတ်သူပါ
...။
ဒါတွေကလည်း
မှန်တယ်၊ မှားတယ်ဆိုတာထက် လူတွေရဲ့ အစွဲတွေ၊ ယုံကြည်မှုတွေသာ ဖြစ်ပါတယ်..။ ဘာပဲဖြစ်ဖြစ်
ကိုယ်ယုံကြည်တဲ့အတိုင်း လုပ်ကိုင်ဆောင်ရွက်တယ်ဆိုတော့လည်း ယုံကြည်ချက်ကြောင့် အမှားတော့
နည်းတာပေါ့ ...။
၁၃ အကြောင်းရေးရင်း တိုက်ဆိုင်စွာပဲ အခုပို့စ်က ၂၀၁၅ ခုနှစ်အတွက် ၁၃ ခုမြောက်ပို့စ်ဖြစ်နေလေရဲ့ ..။
၁၃ အကြောင်းရေးရင်း တိုက်ဆိုင်စွာပဲ အခုပို့စ်က ၂၀၁၅ ခုနှစ်အတွက် ၁၃ ခုမြောက်ပို့စ်ဖြစ်နေလေရဲ့ ..။
Spring is coming ~~~~~
နွေဦးရောက်လာပေမယ့်လည်း
ရာသီဥတုက အပူချိန် ၁၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ အေးနေဆဲပါ ...။ အချို့ရက်တွေမှာ နှင်းပွင့်လေးတွေ
တဖွဲဖွဲကျနေတတ်ပြန်ပါသေးတယ်...။ ရာသီဥတုက အေးနေဆဲဖြစ်တာကြောင့် အုမဲပန်းအချို့သာ ဟိုတစဒီတစပွင့်နေခဲ့ပြီး
ချယ်ရီတွေတော့ မပွင့်သေးပါဘူး..။ ပုံမှန်ဆိုရင်တော့ ဒီမြို့လေးမှာ ချယ်ရီတွေဟာ မတ်လကုန်
ဒါမှမဟုတ် ဧပြီလဆန်းမှာ ပွင့်လေ့ရှိသတဲ့ ..။ ဧပြီလထဲမှာ ခရီးသွားမှာဖြစ်တာကြောင့် ဒီတစ်နှစ်တော့
ချယ်ရီတွေနဲ့ တွေ့ဖြစ်ပါဦးမလား မသိသေးပါဘူး..။ ပုံမှန် ၀ ကနေ ၃ ဒီဂရီလောက် ရှိနေရာကနေ
၁၀ လောက်အထိ အပူချိန်တက်လာတာကြောင့် နေရတာ သွားရတာတော့ သက်သောင့်သက်သာဖြစ်လာသလို အဝတ်အစားအလွှာတစ်ခုလောက်လည်း
ခွာချလို့ ရလာပါပြီ ...။ ဆောင်းတွင်းမှာ ဇီဝဖြစ်စဉ်တွေ ခဏနားထားပြီး အအေးဒဏ်ကို အံကြိတ်ခံနေတဲ့အပင်တွေလည်း
နွေဦးရောက်လာပြီဆိုတဲ့အချက်ပြလိုက်တာနဲ့ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ချက်ချင်းအကောင်အထည်ဖော်ကြတော့တာပါပဲ
..။ အပင်တိုင်းမှာ ပုရစ်ဖူးတွေ တွေ့နေရပြီး နေရောင်ပြင်းလာတာနဲ့ ချက်ချင်းအပွင့်တွေ
ဝေဆာဖို့ အသင့်ဖြစ်နေကြပါပြီ ...။
လူတွေလည်း
အတူတူပါပဲ..။ ဆောင်းတွင်းတစ်ခုလုံး ကုပ်ချောင်းချောင်းနဲ့ အဝတ်အစားတွေအထပ်ထပ်ဝတ်ပြီး
အေးခဲနေတဲ့ရာသီဥတုထဲမှာ ဖြတ်သန်းလာရာကနေ မြင့်မားစပြုလာတဲ့အပူချိန်ကြောင့် တက်ကြွလန်းဆန်းလာကြပါပြီ..။
အခုမှပဲ ကမ္ဘာလောကကြီးဟာ ပုံမှန်အတိုင်း ပြန်လည်ပတ်သလို ခံစားရကာ နေရောင်အောက်မှာ သွားလာလှုပ်ရှားရတာ
ပျော်စရာကောင်းလာပါတယ်...။
ဆောင်းတွင်းမှာ အအေးဒဏ်ကို အံတုဖို့ အရိုးအပြိုင်းပြိုင်းဖြစ်ခဲ့ကြတဲ့အပင်တွေဟာ နွေဦးမှာတော့ ပန်းရောင်စုံပွင့်ဖို့ အဆင်သင့်ဖြစ်နေတာကြောင့် ပန်းတွေအရောင်စုံနဲ့လှပနေတတ်တဲ့ အအေးပိုင်းနိုင်ငံက နွေဦးရာသီကို ကျမက ချစ်တာပါ ...။ ဆောင်းဦးကတော့ သစ်ရွက်အရောင်စုံနဲ့ ကဗျာဆန်ဆန်လှပသလို နွေဦးကလည်း ရောင်စုံပန်းတွေနဲ့ ဝေဆာလှပနေတာကြောင့် ဂျာမနီမှာတုန်းကဆိုရင် နွေဦးရောက်လာတာနဲ့ ကင်မရာတစ်လုံးကိုင်ပြီး ပန်းပွင့်တွေ ဓါတ်ပုံရိုက် မှတ်တမ်းတင်ရတာ အလုပ်တစ်ခုပါပဲ..။ ဒီမှာတော့ အခုချိန်ထိ အပြင်ရယ်လို့ သိပ်မထွက်ဖြစ်ဘဲ စာတွေဖတ်နေရတာနဲ့ တနေ့ပြီးတစ်နေ့ကို ကုန်ဆုံးနေရပါတယ် .....။

Thoughts in those days ~~
အစွဲကင်းပြီး
ကျိုးကြောင်းဆီလျော်မှုရှိစွာ ပိုင်းခြားဝေဖန်နိုင်မှုဟာ လူတိုင်းအတွက် အရေးကြီးလှပါတယ်
...။ ပညာရည်မပြည့်ဝမှုဟာ အကြောင်းအရာတစ်ခုကို ကောက်ချက်ချရာမှာ အမှားဘက်ကို ရာခိုင်နှုန်းအနည်းနဲ့အများ
ချဉ်းကပ်သွားနိုင်ပါတယ်...။ ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ကို တိတိကျကျ ချမှတ်မထားရုံမက
ကိုယ်တိုင်က ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိသူဟာ ဘေးပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို
ခံရတတ်ကာ မိမိကိုယ်နဲ့ သူများစိတ်ဖြစ်သွားတတ်ပါတယ်..။
No comments:
Post a Comment