ဒီနေ့တော့ ဘလော့ပေါ်မှာ hanami ကျင်းပချင်လို့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်...။
ပန်းချစ်သူတွေတော့ သဘောကျကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်....။ ကျမကတော့ ပန်းပွင့်ပန်းခိုင်ဆိုရင်ကို အနံ့မရှိတဲ့ ပေါက်ပန်းပွင့်ကအစ ကြည့်ရတာကို စိတ်ချမ်းသာပါတယ်..။
Hanami ဆိုတာကတော့ အားလုံးလိုလိုသိပြီးကြတဲ့အတိုင်း ဂျပန်စကားလုံးတစ်လုံးဖြစ်ပြီး ပန်းအလှခံစားတဲ့ပွဲတော်တစ်ခု ကို ပြောတာဖြစ်ပါတယ်..။ ဟာနာမီပွဲတော်ကို ဂျပန်နိုင်ငံမှာတော့ ချယ်ရီပန်းပွင့်တဲ့အချိန် ဒါမှမဟုတ် အုမဲပန်းလို့ခေါ်တဲ့ ချယ်ရီပန်းနဲ့ခပ်ဆင်ဆင်တူတဲ့ပန်းလေးတွေ ပွင့်တဲ့အချိန်မှာ ကျင်းပကြတယ်လို့ သိရပါတယ်..။ အခုအချိန်မှာတော့ ဂျပန်နိုင်ငံမှာ ဟာနာမီကို ပန်းအလှခံစားရုံတင်မဟုတ်ပဲ ချယ်ရီပင်တွေအောက်မှာ ပျော်ပွဲစားထွက်တာမျိုးနဲ့ပါ တွဲဖက်ပြုလုပ်ကြတယ် လို့ ဖတ်ရပါတယ်..။
အခုကျမလုပ်မယ့်ဟာနာမီကတော့ ပန်းအလှခံစားရုံသက်သက်ပါ.. အစားအသောက်မပါပါဘူး... :)
ကျမက ပန်းတွေကို ချစ်တတ်တော့ သူငယ်ချင်းတွေကိုလည်း ကျမခံစားထားတဲ့ ပန်းအလှအပများကို ဝေမျှချင်ရုံသက်သက်ပါ..။ အားလုံးလည်း ပန်းလေးတွေကို ကြည့်ပြီး ခဏတာ အမောပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်..(^_^)
ပန်းရောင်ချယ်ရီပန်းများရဲ့ အလှ
အဖြူရောင် ချယ်ရီပန်းများရဲ့ အလှကို ထပ်ခံစားဖို့
ချယ်ရီပန်းတွေပြီးတော့ ဒက်ဖိုဒီးလ် (Daffodils) ပန်းလေးတွေရဲ့ အ၀ါရောင်အလှအပများ
White Daffodils
Lovely Tulips (RED)
Lovely Tulips (Purple)
Meadow Daisy မြန်မာနိုင်ငံမှာတော့ ဒေလီယာပန်းလို့ ခေါ်ကြတဲ့ပန်းသေးသေးလေးတွေပါ :)
တစ်ပင်လုံးပွင့်နေတဲ့ ချယ်ရီပင် ၂ ပင်
ဒါကတော့ ကိုယ်တိုင်စိုက်ထားတဲ့ ပန်းပင်လေးက ပွင့်လာတဲ့ ပန်းတွေပါ :)
အခုတင်ထားတဲ့ ပန်းပုံလေးတွေကို သဘောကျတဲ့သူများ လွတ်လွတ်လပ်လပ် ကူးသွားလို့ရပါတယ်..။
အဲဒါကြောင့်လည်း ဘလော့အမည်မထည့်ထားတာပါ..။ ပြီးတော့ ကျမကိုယ်တိုင်ရိုက်ထားတဲ့ ဓါတ်ပုံများဖြစ်လို့ ဒီပန်းပုံတွေအတွက် Copy right မလုပ်ထားပါဘူး..။
Thank you very much ^_^
Hope to see you again on my little blog,,, Good Luck !!
11 comments:
ပန်းရောင်ချယ်ရီပန်းတွေနဲ့တော့ ဟိုးအရင်ကတည်းက ရင်းနှီးခဲ့တာဆိုပေမယ့် အဖြူရောင်ချယ်ရီပန်းတွေတော့ မမြင်ဖူးသေးဘူး
ချယ်ရီပန်းဆိုတာမျိုးက အပင်ပေါ်မှာ ဝေနေတာပဲလှတယ်နော် ခူးယူပြီးသားချယ်ရီပန်းတွေကို မလှဘူးလို့ ထင်မိတယ်
ပန်းတွေကို ချစ်တတ်တာရယ်လို့မဟုတ်ပေမယ့် သဘာဝရဲ့ အလှအပတိုင်းကို မြတ်နိုးတန်ဖိုးထားပါတယ်
နိုင်ငံတကာဗဟုသုတတွေသိခွင့်ရလို့ ကျေးဇူးတင်ပါတယ်နော်
အနီးကပ် ရိုက်ချက်တွေ သေဘောကျတယ်..မေစနိုးရဲ့ ရိုက်ချက်..ဟိဟိ
ပန်းတွေအရမ်းကိုလှတယ်
ကူးယူသွားပါတယ်
မမလည်းပန်းတွေအများကြီးရိုက်ထားတယ်စနိုးရေ နွေရောက်လာရင်
ကင်မရာတစ်လုံးနဲ့အလုပ်ကိုရှုပ်နေတာပဲ ဟီး
ပန်းဆိုမမလည်းကြိုက်တော့ခံစားခဲ့ပါတယ်။။
လှလိုက်တာ
အဲဒီလို နေရာတွေမှာ နေချင်တယ်
ဘုရားကို အဲဒီလို ပန်းလတ်လတ်ဆတ်ဆတ်တွေ ကပ်ချင်တယ်
ရိုက်ချက်တွေက မိုက်ပါ့
ချယ်ရီပန်းလေးတွေကို . မြင်တော့ မွေးရပ်မြေ နဲ့ သူဆိုပြဖူးတဲ့ ချယ်ရီ မြို့ ဆိုတဲ့သီချင်းလေးကိုသွားသတိရတယ်.။
ချယ်ရီပန်းတွေရဲ့ ပုံနဲ့  ကျူးလစ်ပန်းတွေရဲ့ ပုံ ကိုအရမ်းလိုချင်လွန်းလို့ 
download ယူသွားပါတယ်ခင်ဗျာ
ဟာ မိုက်တီးရဲ့ရိုတ်ချက်ထက်လန်းတယ် ချနိုးရေ တော်တယ် အနီးကပ်ရိုတ်ချက်တွေ...
အဖြူရောင်ချယ်ရီတွေ ကြိုက်တယ်စနိုးရေ.....အခက်အခက်နဲ့ ငါကြိုက်တဲ့ ကျောက်နှင်းဆီအဖြူနဲ့သွားတူနေတယ်.....အဲ့လိုပန်းတွေအဆုပ်လိုက်ပွင့်နေတာမြင်ရင် ရည်းစားဦးကိုသွားသတိရတယ်...ဟီး.....
ဒါနဲ့စကားမစပ် ဘုရားကိုကပ်ထားတဲ့ပန်းတွေက ဘာပန်းခေါ်လဲ .....တော်တော်လှတယ်.....
ဘုရားကို လှူထားတဲ့ပန်းက ဒီမှာတော့ Kinda Daisy လို့ခေါ်တယ်.. အရောင်လည်းအမျိုးမျိုးရှိတယ်..။ မြန်မာနိုင်ငံမှာတော့ ဒေစီယာ-ဒေလီယာလို့ခေါ်ကြတာတော့ မှတ်မိတယ် ၊
Post a Comment