အားလုံးပဲ မင်္ဂလာပါရှင်..... ^V^
ပြီးခဲ့တဲ့ စနေနေ့က အတန်းထဲက အာဖရိကန်သူငယ်ချင်းတွေက သူတို့ရဲ့ ရိုးရာ အစားအစာတွေကို သူငယ်ချင်းတွေအားလုံးကို သိအောင်ကျွေးချင်လို့ဆိုပြီး... ညစာဖိတ်ကျွေးတာ သွားခဲ့ပါတယ်...။ အတန်းထဲမှာက အာဖရိက က ၄ ယောက်ပါတယ်..။ ယောက်ျားလေး ၃ ယောက်၊ မိန်းကလေး ၁ ယောက်ပါ..။ ၂ ယောက်က ဂါနာက၊ တစ်ယောက်က ဇင်ဘာဘွေကနဲ့ နောက်တစ်ယောက်က တန်ဇန်နီးယားက ဖြစ်ပါတယ်..။ သူတို့ကဖိတ်တော့... Typical African Food မှ ငါတို့က လာစားမှာနော်လို့ပြောတော့ သူတို့အာဖရိကမှာ.. နေ့စဉ်စားလေ့စားထရှိတဲ့ အစားသောက်တွေပဲ ချက်ထားပါမယ်ဆိုပြီး အာမခံပါတယ်..။ အဲဒါနဲ့ပဲ စားခဲ့တဲ့ အာဖရိကန်ရိုးရာ အစားအစာများကို ဗဟုသုတအဖြစ် ဝေမျှလိုက်ပါတယ်..။
ဒါက အားလုံးစုထည့်ထားတဲ့ ကျမစားခဲ့တဲ့ ပန်းကန်ပါ..။ ဟင်းက ၃ မျိုး.. ထမင်းက တစ်မျိုး..။
၎ ယောက်ရှိတာမှာ... ကလေးမက ကောင်းကောင်းမချက်တတ်တော့... သူတို့အစားအစာ သိက္ခာကျမှာစိုးလို့ဆိုပြီး မချက်ပဲ အချိုရည်ပဲ တာဝန်ယူပြီး... ကောင်လေး ၃ ယောက်က ချက်ကြပါတယ်..။ သူတို့ချက်တာ သူတို့အမေတွေချက်တာကို အမှီလိုက်နိုင်ပါတယ်ဆိုပြီး.. ပြောကြတာပဲ..။ ဒင်နာလဲ ကျွေးရသေးတယ်.. ကျမအင်တာဗျူးတာလဲ သူတို့ဖြေရပါသေးတယ်...။ ဘယ်လိုချက်တယ်..၊ ဘာတွေပါတယ်.. စသဖြင့်... စပ်စုကြည့်မိတာပါ..။ တစ်ခုရှိတာက သူတို့ အလှအပမကြိုက်ကြဘူးထင်တယ်.... အစားအသောက်တွေကို လှလှပပ စားချင်စဖွယ်ဖြစ်အောင်လည်း မပြင်ထားကြဘူး.. :) အိုးခွက်ပန်းကန်တွေ မပြည့်စုံတာလည်း ပါမှာပေါ့လေ.. ကျမဆီမှာတောင် .. တစ်ယောက်စာပဲရှိတယ်... :D
အဲဒါကြောင့် ဓါတ်ပုံတွေက စားချင်စဖွယ်တော့ ဖြစ်မှာမဟုတ်ဘူး.. ဒါပေမယ့် ဗဟုသုတအနေနဲ့ပေါ့နော်....။ ကျမလည်း အရင်က အာဖရိကန်တွေ ဘာတွေစားကြလဲဆိုတာ သိတာမဟုတ်ဘူးလေ.. သူတို့ဒီလို ဖိတ်ကျွေးမှပဲ သူတို့ဆီမှာ ဒီလိုစားပါလားလို့ သိရတာ....ကျမတို့ အာရှက စားသောက်ပုံချင်း ဆင်တူသလိုမျိုး သူတို့လဲ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အစားအသောက်စားပုံချင်း ဆင်တူကြပါတယ်..။
ဒါက ကျမတို့ ဆန်ကို ထမင်းချက်ပြီး အခြေခံအစာအဖြစ်စားသလိုမျိုး... သူတို့က Maize Flour လို့ခေါ်တဲ့ ပြောင်းဖူးမှုန့်ကို ကျိုထားတာပါ... Ugali (အူဂါလီ) လို့ခေါ်ပါတယ်တဲ့..။ ချက်တော့ ရေနဲ့ပြောင်းဖူးမှုန့် ဘယ်လိုအချိုးနဲ့ထည့်လဲမေးတော့.. အတိအကျမသတ်မှတ်ထားဘူးတဲ့..။ မီးဖိုပေါ်မှာ ရေကိုတည်ထားပြီး ရေမဆူခင်မှာပဲ နည်းနည်းပူလာပြီဆိုရင် အမှုန့်တွေကို ထည့်ကျိုပါတယ်..။ ခပ်ပျစ်ပျစ်အနေအထားလောက်ရောက်တဲ့အထိ ပြောင်းဖူးမှုန့်လိုရင် ထည့်လိုက်၊ အဆက်မပြတ် ကျိုလိုက် နဲ့ နောက်ဆုံး ဒီအနေအထားရောက်လာတာပါပဲ..။ ပြီးတော့ သပ်သပ်ရပ်ရပ်တစ်ခုခုထဲ ပြောင်းထည့်စရာ မရှိလို့ ထင်ပါတယ်... ဒီအိုးအတိုင်းပဲ စားပွဲပေါ်မှာ ချပါတယ်..။
အူဂါလီကို ဘယ်လိုလှလှပပပြင်ဆင်တတ်ကြသလဲဆိုတာ သိချင်လို့ အင်တာနက်ထဲကနေ ရှာကြည့်ထားတဲ့ပုံပါ..။ သူငယ်ချင်းတွေ ပြင်ထားတဲ့ပုံနဲ့များ ကွာပါ့ :D
ဒါက ဟင်းတစ်မျိုး...။ ပြောင်းဖူးစေ့တွေရယ်.. ပဲတွေရယ်.. မုန်လာဥနီတွေထည့်ပြီး ချက်ထားတာတဲ့..။ ဒီဟင်းက တန်ဇန်းနီးယားက ဟင်းဖြစ်ပါတယ်.။သူတို့ဆီမှာ အသားသိပ်မစားကြဘူးတဲ့.. ။ အခုလည်း ဟင်း ၃ မျိုးက အသားလုံးဝ မပါပါဘူး.. ။ ပြီးတော့ ဆီနည်းနည်းပဲ ထည့်တယ်.. ဟင်းခတ်အမွှေးအကျိုင်တွေ မထည့်ပါဘူး..။ အဲဒါတော့ ကြိုက်တယ်။ ကျမက ဟင်းကို အနံ့တွေ အရမ်းထည့်ထားရင် မစားတတ်ဘူး...။
ဒီဟင်းက ဂါနာက တစ်ယောက်ချက်တဲ့ဟင်း .. အသီးအရွက်တွေအားလုံးရောပြီး.. ချက်ထားတယ် ပြီးတော့ သူကကျတော့ အရောင်တင်မှုန့်တွေ အရမ်းထည့်တာပဲ.. ရုံပတီသီးသေးသေးလေးတွေလည်း ပါတယ်...။
ဒါကလည်း တန်ဇန်းနီးယားက ငါးသေးသေးလေးတွေကို ချက်ထားတဲ့ဟင်းပါ.. သူတို့ဆီမှာ ထမင်းစားတိုင်း မပါမဖြစ်ချက်စားတဲ့ဟင်း ဖြစ်ပါသတဲ့..။ ငါးလေးတွေကတော့ စားကောင်းတယ်..။ သူက အခြောက်ခံပြီး အများကြီး သယ်လာခဲ့တာတဲ့.။
အားလုံးစုပြီး ထည့်လိုက်တော့ ဒီလိုပုံဖြစ်သွားပါလေရော... ။ ဇင်ဘာဘွေကတစ်ယောက်က ဒါတွေကို လက်နဲ့စားတယ်.. သူတို့ဆီမှာလည်း လက်နဲ့ပဲ စားကြတာများတယ်တဲ့..။
သူများဖိတ်ကျွေးတာ သွားစားတာ တစ်ခုခုတော့ ယူသွားဦးမှ ဆိုပြီး.. ရေခဲမုန့်တစ်ဗူးပဲ ယူသွားပေးတယ်. မြန်မာလို သစ်ကြားစေ့လို့ခေါ်မယ်ထင်တယ် အဲဒါနဲ့ လုပ်ထားတဲ့ ရေခဲမုန့်..။
^^ ပြီးပါပြီ ^^
***********************************************************
ဘာမှ မထူးခြားတဲ့ ကျမရဲ့ဘလော့ဂ်ကို အလည်လာပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်..။
12 comments:
ကြုံတုန်းကြိုက်တုန်း အာဖရိကန် အစားအသောက်လေး ၀င်စားသွားတယ် ညီမရေ..:)
ဆက်လက် မျှဝေနိုင်ပါစေ...
အမတော့မြန်မာစားကလွဲလို့ဘာမှမကြိုက်ဘူး ညီမရေ ဗဟုသုတ အနေနဲ့ကြည့်သွားတယ် :)
ဟိုတခေါက်ကလည်းစားပြီးသွားပြီဆိုတော့ဒီတခါမစားတော့ပါဘူး။ အားနာလို့။ ကြည့်ပဲကြည့်သွားတယ်အစ်မစနိုးရေ
မစားဖူးလို့ နဲနဲဝင်တီးသွားတယ်
အာဖရိကအစားအသောက်လေးတွေ လာငမ်သွားတယ်စနိုးရေ...နင်က ဟင်းတွေတော့ ဘယ်လိုချက်တယ်....ဘာညာပြောသွားပြီ...စားကောင်လား မကောင်လားလဲ မပြောဘူး.....ဘယ်လိုနေလဲ..:P
ဘယ်လိုနေလဲဆိုတော့ မကြိုက်ဘူး.. ဟိဟိ ငါက မုန့်ဟင်းခါးတို့ အုန်းနီု့ခေါက်ဆွဲတို့ အသုပ်စုံတို့ပဲ ကြိုက်တဲ့သူလေ :D
ကြိုက်ပါဘူးဟာ.....ကိုယ်တွေက ဝတ်တားလေးဘာလေးပါမှ စားဝင်တာရယ်....:)))))
တစ်ခါမှမစားဖူးဘူး။ သူငယ်ချင်းတစ်ယောက်ကအီသီယိုးပီးယန်းစာအရမ်းကောင်းတယ်ပြောလို့ စမ်းစားကြည့်ချင်နေတာ။ နောက်ဆုံးတော့အိမ်ကထမင်းလေးငပိထောင်းလေးနဲ့ ဘဲစားလိုက်ချင်တာအမြဲဘဲ။
အိုင်အိုရာ
အာဖရိ့ကန်ညစာနိုက်မြည်းသွားပါတယ် ကြိုက်ပူး :P
ညီမလေး စနိုးရေ... မကြီးလွမ်းလည်း လာကြည့်သွားတယ်။ ရင်ဆူးကတော့ ကောင်းလာ မကောင်းလားတဲ့
စပ်စုသေးတယ်။ စားချင်ပုံပေါ်တယ် ထင်တယ်နော်။ အဟဲ။
ဓါတ်ပုံလေးနဲ့ သိအောင်တင်ပြပေးတဲ့ ညီမလေးရေ ကျေးဇူးပါ
ခင်မင်တဲ့
မကြီးလွမ်း
မိုက်ထှာကွာ ငတို့လည်း သူတို့ဟင်းတွေ တုပြီးချက်ကြည့်ဦးမှပဲ ဟီးဟီး
လာစားပါဦးလား ဟဲဟဲ
ခုလို ဗဟုသုတလေးတွေပေးသွားလို့ ကျေးကျူးပဲနော့
ဘိုင့်
ဗဟုသုတရတယ်လေ..
Post a Comment