Thursday, 17 May 2012

# My Favorite Songs ^^ # Short stories of Love

Pls don't wake me ♪ ♫ ♥


 ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
အိပ်မက်တွေ…… အဲဒီအိပ်မက်တွေကြောင့်… ညရောက်ရင်… သူမအိပ်ပျော်မှာကြောက်နေခဲ့တာ အချိန်အတော်ကြာခဲ့ပြီ …။ နေ့လည်အချိန်တွေမှာ… ဇွတ်အတင်းမေ့ပစ်ဖို့ ကြိုးစားထားလို့….. မေ့နေသယောင် ရှိနေတတ်ပေမယ့်… ညရောက်လို့ အိပ်မောကျလာပြီဆိုရင်တော့… အဲဒီအိမ်မက်တွေပဲ… သူမရဲ့ညတွေကို လွှမ်းမိုးချုပ်ကိုင်လာခဲ့တာ…. သူနဲ့လမ်းခွဲခဲ့ပြီး တဲ့အချိန်ကတည်းကပဲ ဖြစ်ခဲ့ပါသည်..။

ဖတ်ခဲ့ဖူးတဲ့စာတစ်ခုအရဆိုရင်တော့.. တစ်ယောက်ယောက်က ကိုယ့်ကိုသတိရနေခဲ့တယ်ဆိုရင်.. သူ့ကို အိမ်မက်ထဲမှာ… အလိုအလျောက်တွေ့လာရတတ်သတဲ့..။ ဒါပေမယ့်.. နေ့စဉ်ရက်ဆက်.. သူမရဲ့အိမ်မက်တွေထဲ… သူ့ကိုတွေ့ရတာကတော့ အဲဒီအဆိုကို ပြောင်းပြန်ဖြစ်သွားစေနိုင်ပါလိမ့်မည်..။ ဘာကြောင့်လဲဆိုတော့.. သူက သူမကို နေ့စဉ်ရက်ဆက်တိုင်း သတိရနေမည့်သူတစ်ယောက်မဟုတ်တာ အသေအချာ.. ဖြစ်နေသောကြောင့်ပင်..။ 
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
သူ့ကိုမေ့ပစ်လိုက်နိုင်ပါပြီဟု အပေါင်းအသင်းသူငယ်ချင်းများကြား….. ထင်မှတ်ခံခဲ့ရပေမယ့်…. တခါတရံ ဒါမှမဟုတ်.. အမြဲလိုလို.. အကြောင်းမတိုက်ဆိုင်ပါပဲ…. သတိရနေတတ်တာ… သူမတစ်ဦးတည်းသာ အသိဆုံးဖြစ်ပါလိမ့်မည်…။ တချိန်တုန်းက…. သူနဲ့သူမကြားမှာ.. ဂဏန်း ၇ လုံးသာခြားထားခဲ့ပြီး… သတိရချိန်တိုင်း… အဲဒီဂဏန်းလေးများပေါ် ထိတွေ့လိုက်ရုံဖြင့်…. ကြင်နာစွာပြောတတ်သော သူ့စကားသံများကို ကြားခဲ့ရစမြဲဖြစ်ခဲ့ဖူးသည်…။ အခုတော့ တချိန်တုန်းက အကြောင်းအရာများ၊ ပြန်လည်မရနိုင်တော့သော အမှတ်တရများကို… ညလယ်အိပ်မက်ဆိုးများအဖြစ်… သူမပိုင်ဆိုင်နေ ရပြီ ဖြစ်ပါသည်….။ 

အိပ်မက်တွေထဲမှာ…. မရိုးသော အကြောင်းအရာများအဖြစ်… နှစ်ယောက်အတူရှိစဉ်အချိန်တုန်းကအတိုင်း… သူ့ရဲ့ ကြင်နာသောစကားသံများ… ၊ တိုးညှင်းညင်သာသော ဂစ်တာထိခတ်သံများ၊ ရှတတသီချင်းဆိုသံများကို သူမကြားနေရစမြဲဖြစ်ခဲ့တိုင်း….။ နိုးထလာတဲ့အချိန်တိုင်းမှာ… အိပ်မက်တွေပါဆိုတာလက်ခံနိုင်ဖို့… လက်ရှိဘ၀ထဲမှာ … ပြန်လည်ရှင်သန်နိုင်ဖို့.. သူမအတော်ကြိုးစားရလေ့ရှိတတ်ပါသည်…။ 

ပြန်မရနိုင်တော့တဲ့.... အရာတစ်ခုကို... မိုက်မိုက်မဲမဲပြန်လည်တောင့်တနေမိတာမဟုတ်ပေမယ့်... မသိစိတ်တစ် ခုကြောင့်...... ပျော်ရွှင်ခဲ့ဖူးတဲ့ အမှတ်တရများစွာကို.... . မေ့ဖျောက်ရခက်နေမိတာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့် မည်.....။  အမှတ်တရများစွာက အိပ်မက်များအဖြစ်.. ယခုအချိန်ထိ.. ထပ်ကြပ်မကွာ ဘ၀မှာလိုက်ပါနေသလိုပဲ... အလွမ်းတွေကလည်း ကဗျာတွေအဖြစ်....။ ကြားထဲမှာ... အတင်းအကြပ်မွေးမြူထားရသော အမုန်းများက... အင်အားများအဖြစ်.. မခံချင်စိတ်များအဖြစ်..... ။ အချစ်တွေကတော့..... တမင်ဖန်တီးထားနိုင်ခဲ့သော ရယ်စရာဟာသများအဖြစ်.... စသဖြင့်.... စသဖြင့်...။ အနည်းဆုံးတော့..... အချိန်အတိုင်းအတာတစ်ခုကိုေ ကျာ်လွန်ဖြတ်သန်းပြီးတဲ့နောက်မှာ..... နာကျည်းမှုများကို.... ဟာသတစ်ဖန်ပြန်ပြောနေနိုင်ပြီဆိုပေမယ့်.... ကွဲအက်သွားတဲ့မှန်တစ်ချပ်က... ဘယ်လိုမှ အက်ရာဖျောက်ဖျက်နိုင်မှာမဟုတ်ဘူးဆိုတာကိုတော့... သူမဘယ်သူ့ကိုမှ... မပြောပြဖြစ်ခဲ့ပါ....။ 
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ဖြစ်နိုင်ရင်တော့..... နိုးထခွင့်မပေးပဲ.... အိပ်မက်တွေထဲမှာပဲ.... ရှင်သန်နေစေဖို့... မသိစိတ်တစုံတရာက တောင်းဆိုနေမှန်းကို သူမ မသိကျိုးကျွန်ပြု၍ လက်တွေ့မှာတော့ အဲဒီအိပ်မက်တွေကို သူမအလွန်မုန်းမိပါသည်..။
 ♥ ♥ ..................................................... ♥ ♥

Christian Rock Band ဖြစ်တဲ့ Skillet ရဲ့ နာမည်ကြီးအယ်လ်ဘမ် Awake ထဲက Don't wake me ဆိုတဲ့ သီချင်းကို ခံစားရေးဖွဲ့ထားပါတယ်..။ အဲဒီအယ်လ်ဘမ်ထဲက သီချင်းအတော်များများကို ကြိုက်လို့ နားထောင်ဖြစ်တယ်..။ ဒီသီချင်းကိုတော့ အကြိုက်ဆုံးပါပဲ..။ သီချင်းကြိုက်သူများ ခံစားနိုင်စေဖို့ youtube ကနေ သီချင်းလင့်ကို ထည့်ပေးထားပါတယ်..။ သီချင်းတွေကို ခံစားပြီး... ဒီလိုမျိုးဇာတ်လမ်းလိုလို ဘာလိုလိုရေးဖွဲ့ချင်တာကလည်း ကျမရဲ့ ၀ါသနာတစ်ခုပါပဲ..။ ဝေမျှခွင့်ရတဲ့အတွက်.. အရာအားလုံးကို ကျေးဇူးတင်ပါတယ်..။

~~~~~~~~~~~~~~~~~~~~~~~~~
17-05-2012
Thank you all with Love ! :-*****



10 comments:

ရင်ဆူး said...

Snow ရေ သီချင်းလေးနားထောင်ရင်း ခံစားဖတ်ရှု့သွားတယ်ဟေ့.....အိပ်သေးဘူးပေါ့...

Snow May said...

ဒီမှာက အခုမှ ၁၀ နာရီခွဲပဲရှိသေးတယ်.. ငါက ဇီးကွက်လိုပဲ ည ၂ နာရီလောက်မှာ အိပ်တာလေ :D

ကိုရင် said...

အဲ့ဒီသီချင်းတော့ တော်တော်ခိုက်တယ်ဗျ..ခဏခဏ နားထောင်ဖြစ်တယ်.

မိုးသက် said...

လန်ထွက်နေတာပဲ.. လက်ရာတွေက. အစ်မ မဂ္ဂဇင်းနဲ့ဆက်သွယ်ပြီးရေးပါ့လား.။ ကျွန်တော်တို့ကတော့ အဲ့လောက်ဝမ်းစာမရှိသေးဘူး. ဟီးဟီး .။ နောက်မှ ကျူရှင်လာတက်ဦးမယ်.။

ချစ်စံအိမ် said...

စာလေးဖတ်ပြီ ၀ထ္ထုလို့တောင်ထင်ရတယ် တကယ်သိလားအရေးအသားတေံ
လန်းတယ်။။ဆက်ရေးနော်အားပေးနေမယ်။။
သီချင်းလေးပါနားထောင်သွားတယ်။

အောင်အောင် said...

စာတွေဖတ်သွားပြီး သီချင်းလေးနားထောင် သွားတယ် ချနိုးရေ....

လွင်ပြင်လှိုင်းငယ် said...

အာပါးပါး လက်စွမ်းထက်လှချေလား

နွေလ said...

ရေးထားတာလေး ကောင်းလိုက်တာ
အစ်မရေ ... အားပေးနေပါတယ်
တိုက်တွန်းပါတယ်
စာမှုတွေ ပို့ဖို့ကိုလေ
သီချင်းလေးကိုလည်း စွဲသွားပြီ
ဒေါင်းထားလိုက်ပြီ

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

စာလည်းဖတ် သီချင်းလည်းနားထောင်သွားပါတယ်။
ဝထ္ထုလေးလန်း၏။

မိုးသက် said...

ကဗျာက ရင်ဘတ်ကို တည့်တည့်ထိတယ်..တစ်ခွက်တည်း..ဟုတ်ပေါင်..တစ်ချက်တည်းနဲ့ မှောက်သွားတယ်.။

Follow Us @soratemplates