မိုးတွေရွာနေတယ်......
တခါတလေ.. ထစ်ချူန်းလို့
တခါတခါတော့လည်း .... မသည်းပဲ မိုးဖွဲလေးတွေမျှသာပါပဲ .........
မိုးရေတွေထဲမှာ .....
တစ်ယောက်တည်းလျှောက်ရင်း ....
တွေးချင်ရာတွေးတယ်.....
အတွေးတချို့က လက်ရှိကာလကိုပဲ ....
တချို့ကတော့ ....... ကျန်ခဲ့တဲ့အတိတ်ဆီကို အပြေးအလွှား ......
မိုးစက်တစ်ချို့က
မျက်နှာကိုလာစင်တယ် .........
တချို့ကတော့ မြေပြင်ပေါ်မှာ ကစဥ့်ကလျားကျလို့ ........
တစ်ချို့ပန်းပွင့်လေးတွေကတော့
မိုးရေစက်တွေအနဲ့အတူလှပလို့
တစ်ချို့ကတော့ မိုးရေစက်တွေနဲ့အတူ လေထဲမှာလွင့်မျော .....
တစ်ချို့မိုးစက်လေးတွေတော့
မြေပြင်နဲ့တောင် ထိတွေ့ခွင့်မရဘဲ .....
ရေငွေ့အဖြစ်နဲ့ပဲ ....လေခေါ်ဆောင်ရာနောက် လိုက်ပါလို့ ......
အဲလိုပဲ .... မပြောဖြစ်တဲ့စကားလုံးတစ်ချို့လည်း ....
အတွေးတွေနဲ့အတူပဲ ...တဖြည်းဖြည်းလွင့်မျောကုန်လို့
စာမျက်နှာပေါ်မရောက်လာတဲ့ စကားလုံးတွေ
ဘယ်လောက်တောင်များနေခဲ့ပြီလဲ ........။
မိုးကလည်း သူ့တာဝန်သူကျေပွန်စွာ ...
အချိန်တန်ရွာတာပဲ .....
သူ့ကိုမုန်းသူရှိမယ် ...ချစ်သူရှိမယ် ....
မုန်းသူတွေ ပိုမုန်းမှာစိုးရိမ်လို့ဆိုပြီး .... မရွာချပဲနေတာမှမဟုတ်တာ ....
အဆိုးအကောင်းဒွန်တွဲနေတဲ့လောကကြီးမှာ ....
အကောင်းချည်းလက်ခံချင်လို့လည်း မဖြစ်ဘူးလေ .......
အဲဒီတော့ ကိုယ့်တာဝန်ကိုကျေ.... ကိုယ့်အလုပ်ကိုယ်လုပ် ....
******************************
အခုတလော ဒီမှာ မိုးအမြဲလိုလိုရွာတယ်.....။ မိုးတဖွဲဖွဲရွာလာရင် အိမ်ကိုပိုသတိရတယ် ...။ ဘာကြောင့်တော့မသိဘူး...။ ဒါပေမယ့် အိမ်ကိုတော့ အချိန်ပြည့်အချိန်တိုင်းသတိရနေတာပဲ...။ မိုးတွေရွာလာရင် ပိုဆိုးတယ်...။ အိမ်မှာဆိုရင် မိုးရွာလာပြီဆို အပြင်သိပ်မထွက်ဖြစ်ပဲ... မိသားစုတွေဆုံပြီး မုန့်တွေစား..စကားတွေပြောနဲ့ .. အခုအချိန်မှာတော့ တစ်ယောက်တည်း..... အဲဒီတော့ ပိုလွမ်းတယ်....။ ဘ၀လှဖို့ ခဏတာခွဲရတာပဲ...စာဖွဲ့လောက်စရာတော့ မဟုတ်ပေမယ့်.... ကိုယ့်အတွက်တော့ ရေးချင်ရာချရေးတဲ့ စာအပိုင်းအစတွေဖြစ်ဖြစ်သွားတယ် .....။
9 comments:
မုန်းသူတွေ ပိုမုန်းမှာစိုးရိမ်လို့ဆိုပြီး .... မရွာချပဲနေတာမှမဟုတ်တာ ....
အဆိုးအကောင်းဒွန်တွဲနေတဲ့လောကကြီးမှာ ....
အကောင်းချည်းလက်ခံချင်လို့လည်း မဖြစ်ဘူးလေ .......
အဲဒီတော့ ကိုယ့်တာဝန်ကိုကျေ.... ကိုယ့်အလုပ်ကိုယ်လုပ်----
ညီမလေးရေ
မိုးလေးကိုကြည့်ပြီးအဲလိုလေးတွေးမိတာပေါ့ဟုတ်စ
တွေးမိတာလေးလေးတွေကိုရေးချလိုက်တော့
အတွေးကောင်းလေးဖြစ်ရတယ်
ချစ်တဲ့အမစံပယ်
အဆိုးအကောင်းဒွန်တွဲနေတဲ့လောကကြီးမှာ ....
အကောင်းချည်းလက်ခံချင်လို့လည်း မဖြစ်ဘူးလေ .......ဟုတ်တယ်အမ...အဆိုးတွေကတော့
လက်မခံချင်လည်းရောက်လာတတ်ကျတယ်နော်...
အမကတော့ မိုးကိုမကြိုက်ဘူး..
မိုးရွာလာရင်တစ်ခုခုကိုလွမ်းသလို ငိုချင်သလို
ဖြစ်တတ်တော့အဲဖီလင်ကိုမကြိုက်ဘူး..
စနိုးရေးဖွဲ့ ထားတဲ့မိုးအကြောင်းလေးတော့ခံစားသွားပါတယ်..
တစ်ချို့မိုးစက်လေးတွေတော့
မြေပြင်နဲ့တောင် ထိတွေ့ခွင့်မရဘဲ .....
ရေငွေ့အဖြစ်နဲ့ပဲ ....လေခေါ်ဆောင်ရာနောက် လိုက်ပါလို့ ......
အဲလိုပဲ .... မပြောဖြစ်တဲ့စကားလုံးတစ်ချို့လည်း ....
အတွေးတွေနဲ့အတူပဲ ...တဖြည်းဖြည်းလွင့်မျောကုန်လို့
စာမျက်နှာပေါ်မရောက်လာတဲ့ စကားလုံးတွေ
ဘယ်လောက်တောင်များနေခဲ့ပြီလဲ ........။
စနိုးရေ စာသားတွေအရမ်းကြိုက်တယ်။မိုးရေထဲမှာ လမ်းလျှောက်ရတာလဲကြိုက်တယ်
နွေနေပူမှာရော
မိုးရေထဲမှာရော
ဆောင်းနှင်းများကြားမှာရော
တစ်ယောက်တည်းရှိနေတဲ့အခါ
ဘ၀လှဖို့တစ်ယောက်တည်း မိသားစုနဲ့ခဏခွဲနေရတာလို့တွေးမိရင်း
ဆက်လျှောက်နိုင်ပါစေမမရေ
မိုး နဲ့ စနိုး လိုက်ဖက်ပါတယ်..
ပျော်ပျော်နေပေါ့ စနိုး ရယ် နော်
ကျွန်တော်ကတော့ မိုးကိုချစ်တယ်
ငယ်ငယ်တုန်းက မိုးရွာလမ်းလျောက်ရင်း
အော်ချင်ရာ အော် ... ဆိုချင်တာတွေ ဆို
သရက်သီးတွေ ကြွေကျရင်
လိုက်ကောက်တတ်တဲ့ ...
ကလေးဘဝကို လွမ်းတယ်
အပြင်မှာ သည်းသည်းမည်းမည်းရွာနေတဲ့အချိန်မှာ
အဖြစ်ချင်ဆုံးဆန္ဒက
ကော်ဖီခွက်လေး ဘေးမှာချ
စောင်လေးကို ခြုံ
စာအုပ်လေးတစ်အုပ်နဲ့
အဲ့သည့်အချိန်မှာ ဘာကိုမှ လာမခိုင်းနဲ့
မိုးအကြောင်း ရေးဖွဲ့ထားတဲ့ ကဗျာလေးကိုလည်း ကြိုက်တယ် ... ကဗျာထဲက ပုံလေးတွေကိုလည်း ကြိုက်တယ် ... :)
တစ်ချို့ပန်းပွင့်လေးတွေကတော့
မိုးရေစက်တွေအနဲ့အတူလှပလို့
တစ်ချို့ကတော့ မိုးရေစက်တွေနဲ့အတူ လေထဲမှာလွင့်မျော .....
စူးစူးနင့်နင့်လေးခံစားဖတ်ရှုသွားပါတယ်
ခင်တဲ့
မိုးသူ(တောင်ကြီး)
Post a Comment