Sunday, 23 December 2012

# Days in Germany # My Own Feelings

Happy Holidays ^^

Hallo,,, Everybody ! Merry X'mas and Happy New Year ^^


အားလုံးပဲ မင်္ဂလာပါနော် ..။ နှစ်သစ်ရောက်တော့မှာဆိုတော့ အားလုံးလိုလို ပျော်ရွှင်နေလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ..။ မကြာခင်အချိန်မှာပဲ ၂၀၁၃ ဆိုတဲ့ သက္ကရာဇ်အသစ်တစ်ခုထဲမှာ စီးမျှောလှုပ်ရှားရဦးမယ် ..။ ပျော်ရွှင်စရာတွေလည်းတွေ့ရသလို ၀မ်းနည်းစရာတစ်ချို့လည်း မထင်မှတ်ဘဲ ကြုံချင်ကြုံလာရဦးမှာပါပဲ ... ဒီလိုနဲ့ပဲ ဘ၀သံသရာမှာ လည်နေတာ ကြာနေခဲ့ပြီပဲ ... ။ 

အခုလောလောဆယ် ၂၂ ရက်နေ့ကနေ ဇန်န၀ါရီ ၆ ရက်နေ့အထိ နှစ်သစ်ကူးပိတ်ရက်မို့ ကျောင်းပိတ်ထားလို့ အချိန်နည်းနည်းအားတဲ့အခိုက် စာတစ်ချို့ရေးဖို့တော့ စိတ်ကူးထဲမှာ ရှိနေပြီ .. ။ ရှိနေတော့ ဘာရေးရမှန်း မသိတာနဲ့ ကြုံရာပဲ ကောက်ရေးလိုက်မိတယ် ...။ တစ်ခုတော့ ထူးထူးခြားခြားရေးချင်မိတယ် .. ဒီ Blog နဲ့ ပတ်သက်ပြီး ကျေးဇူးတင်တဲ့အကြောင်း တစ်ခါမှ မရေးဖူးသေးလို့ ဘယ်သူ့တွေကို ဘယ်လိုကျေးဇူးတင်ကြောင်း နည်းနည်းတော့ ကြိုးစားရေးကြည့်မယ်နော် ...။ မေ့ပြီး ကျန်ခဲ့ရင်လည်း ကြိုပြီး တောင်းပန်ပါတယ်.. တစ်ကယ်က အားလုံးကို ကျေးဇူးတင်ပါတယ် .. အားလုံးရဲ့ အားပေးမှုကြောင့်သာ စာဆက်ရေးဖို့ အားရှိပြီး အမြဲပုံမှန်မဟုတ်တောင် အဆက်မပြတ်အောင်တော့ တစ်ခုမဟုတ်တစ်ခု ရေးနေမိခြင်းပါ ..။ 

ပထမတုန်းကတော့ ဒီဘလော့ဂ်ကို ကိုယ့်ဘာသာပဲအရင်ရေးပြီး ဖတ်မယ် နောက်ရေးနေကျသွားပြီး လက်ရည်တက်လာတော့မှ အားလုံးကို မိတ်ဆက်မယ်ဆိုပြီး တွေးထားမိခဲ့တာ..။  တစ်ရက်တော့ မထင်မှတ်ပဲ Blog lists မှာ ချိတ်ထားတဲ့ ကျမဖတ်နေကျ ချစ်စရာဘလော့ဂ်ပိုင်ရှင် မိန်းကလေးတစ်ယောက်စီကနေ ကွန်မန့်လေးတွေ ရလာတယ် .သူကပဲ သူ့ဘလော့ဂ် မှာ လင့်ခ်ချိတ်ပေးရင်းကနေ ကျမဆီကို စာဖတ်သူတွေရောက်လာတယ် ...။ အားလုံးသိပြီးသားတစ်ယောက်ဖြစ်တဲ့ Blogger Candy ပေါ့ .။ နောက်တော့ မမစံပယ်၊အန်တီတင့်၊ မောင်လေးမေမြို့မိုး၊ အစ်မချစ်စံအိမ်၊ ရင်ဆူး၊ မောင် (စွယ်စုံကျမ်း)၊ မကြီးလွမ်း၊ အစ်ကိုလွင်ပြင်၊ အစ်မမိုးငွေ့ စသဖြင့် အားလုံးကစာတွေလာဖတ် လင့်ချိတ်ပေး ကွန်မန့်တွေ အပြန်အလှန်ပေးရင်း နွေးနွေးထွေးထွေး အားပေးခဲ့ကြပါတယ်..။ အားလုံးကို တစ်ကယ် ကျေးဇူးတင်ပါတယ်.. အသစ်တစ်ယောက်ကို လက်တွဲခေါ်ပေးခဲ့လို့ပေါ့ ..။ 

နောက်ပိုင်းတော့ တော်တော်များများနဲ့ Blog မှာ စာတွေအပြန်အလှန်ဖတ်ရင်း ကွန်မန့်တွေရေးရင်း ခင်မင်လာခဲ့တယ် ..။ အမြဲလာဖတ် အားပေးလေ့ရှိတဲ့ ကိုမိုးသူ (တောင်ကြီး)၊ မောင်လေး နွေလ၊ မိုးနတ်၊ လရိပ်၊ မြတ်နိုးသူ၊ အိပ်မက်ကောင်းကင်၊ မင်းအရိပ်၊ Areal Thu အားလုံးကို ခင်မင်ကျေးဇူးတင်ကြောင်း ပြောရင်းနဲ့ နှစ်သစ်မှာ ပျော်ရွှင်မှုတွေအများကြီး ထွေးပွေ့နိုင်ပါစေနော် ..။ ထူးထူးခြားခြား Facebook မှာ သူငယ်ချင်းဖြစ်ပြီး မကြာခဏစကားပြောဖြစ်တဲ့ ညီမလေး ရိုးမြေကျ ကိုလည်း ကျေးဇူးအထူးတင်ပါကြောင်းနဲ့  .. ဘာမပြောညာမပြော စကားရပ်ရပ်သွားတဲ့ အစ်မကို နားလည်ပေးတတ်တဲ့ စိတ်မဆိုးတတ်တဲ့ ညီမလေးကိုလည်း အားနာမျက်နှာပူတဲ့အကြောင်းပြောရင်းနဲ့ တစ်ကယ်ခင်မင်မိပါတယ်ဆိုတာတော့ ယုံကြည်ပေးပါလို့ :D  ကျေးဇူးတင်ကြောင်းရေးတဲ့ထဲမှာ နာမည်မရေးမိတဲ့ Blogger မောင်နှမများကိုလည်း တောင်းပန်ပါတယ်နော်.. ရုတ်တရက်ချရေးလိုက်တော့ နာမည်တွေအားလုံးကို အသေးစိတ်စဉ်းစားမရဘူး ... တစ်ကယ်က အားလုံးကို ကျေးဇူးတင်ပါတယ်.. အားလုံးကိုလည်း ခင်မင်ရင်းနှီးမိပါတယ်.. အားလုံး ပျော်ရွှင်ပါစေ ...။

ကျမ မတတ်တစ်ခေါက်ရေးသမျှကို အမြဲဖတ်လေ့ရှိတဲ့ Blog readers များကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ စာဖတ်သူတွေရှိလို့သာ ဆက်ရေးဖို့ အားရှိလာတာပါ .။ ကွန်မန့်တွေမချန်ထားဖြစ်ပေမယ့်လည်း ဘယ်နိုင်ငံက ဘယ်အချိန်မှာ လာဖတ်သွားတယ်ဆိုတာ ကြည့်လို့ရနေတော့ စာတစ်ပုဒ်ရေးပြီးရင် Counter မှာတက်လာတဲ့ လူအရေအတွက်ကိုမြင်ရတာနဲ့တင် ပီတိဆိုတာ ဘာနဲ့မှ တိုင်းလို့မရပါဘူး.. ကျမအတွက် ငွေနဲ့တန်ဖိုးဖြတ်လို့မရတဲ့ စာမူခတွေပေါ့ ..။  ပြီးတော့  ဒီနေ့အချိန်မှာက တော်တော်များများက Facebook ပဲသုံးဖြစ်ကြတော့ ဘာရယ်မဟုတ် ... ခေတ်နဲ့အညီလို့ပဲ ပြောပြော ရေးသမျှပို့စ်အသစ်တွေကို Link Share လုပ်ဖို့ ကျမဖန်တီးထားတဲ့ Facebook Page သေးသေးလေးကို Like လုပ်ပေးသော သူငယ်ချင်း အစ်ကိုအစ်မများကိုလည်း လူချင်း မသိပေမယ့် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိသလို ဘာမှမထူးခြားတဲ့ ဘာဗဟုသုတမှ ရေရေရာရာမပေးနိုင်တဲ့ စာမျက်နှာတစ်ခုကို အမြဲလာဖတ်အားပေးတဲ့အတွက် အားနာမျက်နှာပူစွာနဲ့ပဲ ၀မ်းသာကျေးဇူးတင်မိပါတယ်..။ ကိုယ်ပိုင် အကောင့်မှာက ဘလော့ဂ်နဲ့ပတ်သက်ပြီး ဘာတစ်ခုမှ တင်တာရှယ်တာမလုပ်လို့ သီးသန့်နေရာတစ်ခုအနေနဲ့ ဖွင့်ဖြစ်လိုက်တာပါ ..။

၂၀၁၃ ကိုတော့ မျှော်လင့်ရင်း ရင်ခုန်နေမိတယ်.. အဲနှစ်ထဲမှာ ကျမကျောင်းပြီးမယ် .. စက်တင်ဘာလထဲမှာ ပြီးမှာပါ .. ပြီးရင် မြန်မာပြည်ပြန်မယ် .. ကျမမြတ်နိုးတဲ့အလုပ်တွေ ဆက်လုပ်မယ် ..။ ပြန်ရောက်ရင်လဲ ဒီ Blog မှာ မပြတ်အောင် စာတွေဆက်ရေးမယ် ..။ ပြီးတော့ ဘာအပြောင်းအလဲဖြစ်လာဦးမလဲ ... ရင်ခုန်နေရင်း အကောင်းဆုံးကိုမျှော်လင့်ပြီး ဘာသာရေး၊ လူမှုရေး၊ ပညာရေး အဘက်ဘက်မှာ တတ်နိုင်သမျှကြိုးစားသွားမှာပါ ..။ ဒီပိတ်ရက်မှာလည်း ရေးလက်စတွေကို အပြီးသတ်ရေးဖို့ ကြိုးစားပါဦးမယ် :))

*********************************
Once in a Year ,,,,,
Christmas appear (s)...
May your DAYS be merry & bright ,,,,,
Be patient and things are going all RIGHT ,,,
May every HAPPINESS be yours each step of the way
and JOY & CONTENTMENT fill your heart today ...

Merry Xmas and  Happy New Year !!!

With Love, Yours !

----------------------------------------------------------------------------

Photo credit goes to graphicsaccelerators.blogspot.com !!

10 comments:

အိမ်မက်စေရာ said...

Merry Christmas! ပါ စနိုးရေ.. blogger မောင်နှမတွေက မိသားစုဝင်တွေလိုပဲ သိပ်ကို ချစ်စရာ ကျေးဇူးတင်စရာ ကောင်းကြပါတယ်..ကျောင်းပိတ်ရက်မှာ အသစ်ရေးမယ့် ပို့စ်လေးတွေ မျှော်နေမယ်နော်..
ခင်တဲ့
အိမ်မက်

ချစ်စံအိမ် said...

စာတွေကိုစောင့်မျှော်ရင်း ပျော်ရွှင်သောနှစ်သစ်ကို အောင်မြင်စွာဖြတ်သန်းနိုင်ပါစေ ညီမရေ...

Yoemyaykya said...

ထိပ်ဆုံးကနေ ရင်တထိတ်ထိတ်နဲ့ဖတ်လာတာ နာမည်မတွေ့ဘူး။ပြီးခါနီးလေးမှ ဖေ့ဘုတ်ဝင်ကယ်သွားလို့။ နို့မိုဆို မမကိုစိတ်ဆိုးမှာ ။ တကယ်ကြီး စိတ်ဆိုးပြမှာနော်။ အဲဒီကျရင် အာလူးကတ်တလိတ်ကြော်ကို သက်စေ့ကြော်ကျွေးခိုင်းမှာသိလား။

စံပယ်ချို said...

Merry Christmas! ပါစနိုးရေ
ဘာတွေပဲရေးရေး လာရောက်ခံစားနေမယ်ဆိုတာယုံကြည်ထားလိုက်ပါနော်...

မိုးနတ်ကြယ်စင် said...

စနိုးလေး....နှစ်သစ်မှာပျော်ရွှင်ပါစေနော်..
နောက်နှစ်ဆို ကျောင်းပြီးတော့မှာလား...
မြန်မာပြည်ပြန်လာမယ်ဆိုလို့ ဘာမဆိုင်ညာမဆိုင်
ဝမ်းသာနေမိတယ်..တကယ်က စနိုးပြန်လာရင်တောင်
မိုးနတ်တို့က တွေ့ဖို့မလွယ်ဘူးလေ.....
စာတွေလဲ ဆက်ရေးမယ်ဆိုလို့ မျှော်နေမိပါတယ်..
မိုးနတ်ကလဲ စနိုးကို ကျေးဇူးပါဟယ်...
မိုးနတ်အိမ်လေးကို အမြဲလာလည်ပြီး ကွန်မန့်တွေ
ပေးခဲ့လို့ပါ....မိုးနတ်ကို စနိုးfb အကောင့်ပေးပါလားဟင်...မိုးနတ်အပ်လိုက်မယ်လေ
ချစ်တဲ့...မိုးနတ်

လရိပ်အိမ် said...

ကျောင်းကရက်ရှည်ပိတ်တာဘဲ။ နာမည်လေးထည့်ပေးထားလို့ ကြည်နူးရပါတယ် ညီမရေ။ မနေ့က ပို့(စ) ကိုဖျက်ပြီး အသစ်ပြန်တင်လိုက်တယ်။ မန့်လို့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ ရိုးမြေကျကတော့ ဒီနေ့လဲမန့်လို့မရဘူးဆိုပြီး စီဘောက်မှာအော်ထားတယ်။ ဒါပေမဲ့ သူ့ကွန်မန့်လေးဝင်နေပါတယ်။

အိပ်မက်ကောင်းကင် said...

မမစနိုး ရေးထားတာလေးတွေကိုဖတ်ရင်း လာမည့် Happy New Year လေးကိုတောင် မျက်စိထဲမှာမြင်ယောင်လာမိတယ် မမစနိုးလည်း
နှစ်သစ်မှာစိတ်သစ်ကိုယ်သစ်နဲ့ ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

အိပ်မက်ကောင်းကင် said...

မမစနိုး ရေးထားတာလေးတွေကိုဖတ်ရင်း လာမည့် Happy New Year လေးကိုတောင် မျက်စိထဲမှာမြင်ယောင်လာမိတယ် မမစနိုးလည်း
နှစ်သစ်မှာစိတ်သစ်ကိုယ်သစ်နဲ့ ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

နွေလ said...

မမစနိုးရေ
နှစ်သစ်မှာ ပျော်ခဲ့တယ်ဟုတ်
လောလောလတ်လတ် စိတ်ဓာတ်တွေ
အရမ်းကျနေတာမို့
ဘယ်ကိုမှ မရောက်ဖြစ်ဘူး
အခုပို့စ်လေးကို ဖတ်ခဲ့တယ်
ပို့စ်ထဲမှာ ကိုယ့်နာမည်ကို
တွေ့လိုက်ရလို့ ပျော်သွားတယ်

Thu said...

မမစနိုး..အဲ့ရက်တွေတုန်းကအသူဘယ်ရောက်နေလဲနတိဝူး။ခုမှဖတ်မိတယ်။
အသူကလဲပြန်ပြီးမမကိုကော၊ကျန်တဲ့ဘလော်ဂါမိတ်ဆွေတွေကိုကောကျေးဇူးတင်ပါတယ်

Follow Us @soratemplates