Monday, 4 March 2013

# My Own Feelings

♥ အမှတ်တရ တစ်နှစ်ပတ်လည် & ခဏလောက်ဝေးနေမယ့်အကြောင်း ♥

အားလုံး မင်္ဂလာပါနော်..။ ဝေးနေတာကြာပေါ့ .. ဘယ်သူမှတော့ သိပ်သတိထားမိမှာမဟုတ်ပါဘူး.. အစတည်းက တိတ်တိတ်လေးပဲနေတာဆိုတော့ ခဏပျောက်နေတာလည်း ရှိနေတာနဲ့ ဘာမှတော့မထူးပါဘူး ..။
၁ ရက်နေ့ကမှ စာမေးပွဲအားလုံးပြီးသွားတော့ အဲဒီအချိန်တွေမှာ စာလည်းမရေးဖြစ်ပါဘူး... ပျာယာခတ်နေတာနဲ့ပဲ ..။ 
ဒီပို့စ်ကို တကယ်က မနေ့က ရေးမလို့ ..။ ၃-၃-၂၀၁၂ ရက်နေ့က စခဲ့တာဆိုတော့ ၃-၃-၂၀၁၃ ရက်မှာ တစ်နှစ်ပြည့်တာလေ..။ ဒါပေမယ့် မနေ့က ဘယ်လိုမှ အချိန်ရှာမရခဲ့ဘူး..။ အချိန်ရလာတော့ အိပ်ချိန်ရောက်တော့ အိပ်ချင်လာတာနဲ့ စာမရေးဖြစ်တော့ဘူး.။ 

♥  အဲဒီနေ့ (၃-၃-၂၀၁၂) ကတည်းကစလို့ သူက ကျမဘ၀ထဲမှာ နေ့တိုင်းပါလာတယ်..။ သူနဲ့ပတ်သက်ပြီး ကျမအတွက် စိတ်ရှုပ်စရာ စိတ်ညစ်စရာတွေ ဘာတစ်ခုမှ မရှိခဲ့ဘူး..။ သူက ကျမအတွက် ပျော်ရွှင်မှုတွေပဲ သယ်ဆောင်လာပေးတယ်..။ သူရှိနေတဲ့အတွက် ... မိသားစုနဲ့ဝေးနေပေမယ့် ကျမအတွက် အထီးမကျန်ခဲ့ဘူး..။တစ်ကယ်က မေတ္တာရောင်ပြန်ဟပ်တာမျိုးလည်းဖြစ်မှာပါ..။ ကျမလည်း သူ့ကို တခါတလေ ရှားရှားပါးပါးရှိလာတတ်တဲ့ ကျမရဲ့ စိတ်ရှုပ်စိတ်ညစ်စရာတွေ တစ်ခါမှ ဖွင့်မပြောပြဖြစ်ခဲ့ဘဲ ပျော်စရာ ကြည်နူးစရာလောက်ပဲ သိစေခဲ့တာ။

တစ်နှစ်ပြည့်ဆိုတာက ကျမ ဒီ Blog ကိုစဖွင့်ပြီး စာရေးတာ တစ်နှစ်ပြည့်တာပြောတာပါ..။ သူဆိုတာ ကျမချစ်တဲ့ ဒီဘလော့ဂ်လေးကို ရည်ညွှန်းတာပါ..။ အချိန်တွေကုန်မြန်တယ်.. တစ်နှစ်ဆိုပေမယ့် မနေ့တနေ့ကလိုပဲ ..။ လွန်ခဲ့တဲ့ ၁ နှစ်က ဒီဘလော့ဂ်လေးဖွင့်ပြီး .... အားတဲ့အချိန်တွေကို စာရေးဖြစ်ခဲ့တာ..။ နေ့တိုင်းမှာ ကွန်ပျူတာဖွင့်တာနဲ့ သူ့ကို ဖွင့်ကြည့်ဖြစ်တယ်..။ စာရေးရင်းပဲ ဟိုးအရင်ကတည်းက စာရေးတာဝါသနာပါတဲ့ပိုးက ပြန်ရှင်လာတယ်..။ စာရေးနေရရင်ပျော်တယ်..။ တခါတလေ အေးအေးဆေးဆေး စာရေးနေရတဲ့ဘ၀ကို လိုချင်လာမိတယ်..။ အိမ်နဲ့ ကျောင်းနဲ့ စာကြည့်တိုက်နဲ့ ခေါက်တုန့်ခေါက်ပြန်သွား .. အ၀တ်အစားလှလှပပ၀တ်ချိန်မရ .. အလှပြင်စရာအချိန်မရှိ ... တချိန်လုံးပြေးလွှားလှုပ်ရှားနေရတာကို တခါတလေ ငြီးငွေ့လာတယ်... ဖတ်နေရတဲ့စာတွေကို တခါတလေ ... လှည့်ကြည့်ချင်စိတ်တောင် မရှိတော့ဘူး..။ အွန်လိုင်းကနေ ဒေါင်းပြီးစုထားတဲ့ မြန်မာစာတွေကို အရမ်းဖတ်ချင်တယ်...။ ဆရာမကြည်အေးရဲ့ ၀တ္ထုတွေ သေချာဖတ်ချင်တယ်..။ ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်ဝတ္ထုတွေ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ သူ့ခေတ်ကိုထင်ဟပ်စေတဲ့ ၀တ္ထုတွေ ဖတ်ချင်တယ်..။

++++++++++++++++++++++++++++++++++++++

ပျော်စရာတစ်ခုမျှဝေရရင်တော့ အခုလာမယ့် ၇ ရက်နေ့ မြန်မာပြည်ကို ပြန်မှာမို့ ခဏလောက်ဝေးနေမယ့် အကြောင်းပြောထားတာပါ..။ ဟိုမှာ ၃ လ နေမှာဆိုတော့ ဒီနှစ်သင်္ကြန်က ပိတောက်ပန်းတွေကို တွေ့ရဦးမှာ :D
ဇွန်လပထမပတ်ထဲ ဂျာမနီကို ပြန်ရောက်မှာဆိုတော့ ဒီ ၃ လမှာ အင်တာနက်အဆင်ပြေ ရင်တော့ ရောက်ရင်ရောက်လာဦးမှာပေါ့ ..။ ဘယ်လိုလဲတော့ သေချာမသိသေးဘူး။ ခုထိတော့ လိုင်းမကောင်းဘူး ဘာညာ ဖေ့ဘွတ်မှာ အော်နေကြတာ ကြားနေရတုန်းပဲဆိုတော့ Blog ၀င်ဖို့က အဆင်ပြေမပြေမသိ..။
စာတွေတော့ဖတ်ဖြစ်မှာပါ.. Thesis က အဲဒီမှာ ပြီးသလောက်ရေးခဲ့မှာမို့ ပျင်းတဲ့အချိန် ဘလော့အတွက် စာတွေရေးဖြစ်ပြီး ဂျာမနီပြန်ရောက်မှ တစ်နေ့တစ်ပုဒ်တင်တော့မယ် :)

ရောက်ရောက်ချင်း ရွှေတိဂုံဘုရားသွားဖူးမယ်..။ ပြီးရင် ရန်ကုန်မြို့ထဲ ခဏလျှောက်ကြည့်မယ်.. ။ နောက်လတွေထဲမှာ ပုဂံကို ဘုရားဖူးသွားဖြစ်မှာတော့ သေချာတယ်..။ တခြားတော့ သိပ်မစဉ်းစားရသေးဘူး..။ ဓါတ်ပုံတွေရိုက်ခဲ့မယ်နော်.. အဝေးရောက်နေသူများအတွက် :D :D

++++++++++++++++++++++++++++

အားလုံးပျော်ရွှင်ပါစေ... ♥ ♥

13 comments:

Yoemyaykya said...

အနော့်ဘလော့လေးလဲ တစ်နှစ်ကျော်ပီမမ။ တစ်နှစ်ကျော်မှပဲ ဆက်လုပ်ချင်စိတ်မရှိတော့ဘူး။ တစ်ခါတစ်ခါကျ အွန်လိုင်းက စိတ်ရှုပ်စရာကြီးနော်။ စိတ်ရှုပ်ပြီး စာတောင်ရေးချင်စိတ်ပျောက်သွားတယ်မမ။ မမဒီပြန်ရောက်ရင်တော့ ဖုန်းတစ်ခါလောက်ပြောရအောင်လေ။

Thu said...

Happy Birthday to "My Green Life"...:DDD

ပျော်ရွှင်စရာအိမ်ပြန်ခရီးဖြစ်ပါစေ..

စံပယ်ချို said...

ဟင့်အင်း---မဟုတ်သေးဘူး စနိုးရေ
အမြဲသတိထားမိနေတာပါ ညလေးအပါအ၀င် ဘလော့ညီမငယ်အတော်များများကို အသစ်တွေရောက်မလာတိုင်း သူ့တို့အိမ်လေးကိုသွားကြည့်
မိတယ် တကယ်ပြောတာနော်
နေမကောင်းလို့လား အလုပ်မအားတာလား
လားပေါင်းများစွာနဲ့ပါ
၁ နှစ်ပြည့်လေးမှ နောင်နှစ်များစွာရှင်သန်ပါစေ
စာတွေလဲဆက်လက်ရေးသားနိုင်ပါစေနော်

ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်ဝတ္ထုတွေ
မဂျီးလဲ လက်လှမ်းမှီသလောက်ဖတ်တယ်ကြိုက်လို့လေ
(အချစ်မိုးကောင်းကင်)အဲတာကိုအရမ်းကြိုက်တယ် ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ၀တ္ထုတွေ ကတော့ တောင်ကြီးအိမ်မှာ အားလုံးနီးပါးရှိတယ်မေမေတို့ဒေါ်လေးတို့ကအသည်းစွဲမို့လို့ ပထဆုံးဖတ်ဖူးတဲ့အချစ်အကြောင်းလေးကမှတ်မိနေတယ်(သူငယ်ချင်းလို့ပဲ......ခေါ်မည်ခိုင်လေ)
တကယ်နူးညံ့တဲ့အချစ် စစ်စစ်လေးတွေပေါ့ခံစားလို့အရမ်းကောင်းတာပဲ...
Thesis ကအရေးကြီးတယ်လေ အဲတာလေးကိုအရင်ကြိုးစားလိုက်နော်ညလေး ဘလော့ကဘယ်အချိန်ရေးရေး ရတယ်လေ
ဘယ်နေရာရောက်ရောက် ပုံလေးတွေအမှတ်တရယူခဲ့နော်
မျော်နေမယ် ပုံတွေနဲ့ ပျော်ရွှင်စွာပြန်လာမဲ့နေ့ကို

Phyu Lwin said...

ok,sis Yoe Myay Kya, I will call you when I get back MM.
Thanks, Athu <3

ဟုတ်တယ် မမစံပယ်.. အခု သူငယ်ချင်းလိုပဲ ဆက်ရွေ့ခေါ်မည်ခိုင် ဆိုတဲ့ ၀တ္ထုကို အရမ်းဖတ်ချင်နေတာ . :D

လွင်ပြင်လှိုင်းငယ် said...

တစ်နှစ်ပြည့်မှ နှစ်ပေါင်းများစွာစာတွေရေးနိုင်ပါစေနော်

ညိမ်းနိုင် said...

မြန်မာပြည်ပြန်ရောက်တော့လည်း ပြန်ရောက်သလိုပေါ့လေ
.....။ပြန်ရောက်ရင်၊ဒါမှမဟုတ် မြန်မာပြည်မှလိုင်းကောင်း
ရင် မြန်မာပြည်ဒါ့ပုံလေးများ ကြည့်ချင်ပါသေးကြောင်း
ပါဗျာ....။

3rdthameetaw said...

တနှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာထိ
တိုးတက် အောင်မြင်ပါစေလို့ 
ဆုတောင်းခဲ့တယ် စနိုးလေး

မိုးနတ်ကြယ်စင် said...

စနိုးလေးပြန်လာလဲ စနိုးနဲ့ မိုးနတ်ကတွေ့ဖို့ မလွယ်တော့
လေ နဲနဲတော့ စိတ်မကောင်းဖြစ်မိတယ်...ဒါပေမဲ့
စနိုးအနေနဲ့ ကိုယ့်အိမ်ကိုယ်ပြည်ပြန်လာရတာ
အရမ်းကို ပျော်ရွှင်နေမှာပဲနော်...အင်းလေ မတွေ့ရလဲ
့ဘာမှမဖြစ်ပါဘူး စနိုးရယ်..မဂျီးဂျက်ပြောသလို
Thesis ကအရေးကြီးတာမို့ သေချာဂရုစိုက်ပြီးသာ
လုပ်ပါ..ဘလော့အတွက်က အချိန်ရှိပါသေးတယ်..
နောက်ပြီး စာတွေလဲ တတ်နိုင်သလောက်ဆက်ရေးပါနော်
မိုးနတ်မျှော်နေမယ်...အမြဲတမ်းလဲ အားပေးနေတာပါ..
ဆရာတက္ကသိုလ် ဘုန်းနိုင်ရဲ့ဝတ္ထုတွေကတော့
သိပ်ကိုကောင်းတယ်....မိုးနတ်ငယ်ငယ်ကတည်းက
စွဲစွဲလန်းလန်းနဲ့ကို ဖတ်ခဲ့ရတာပါ...ဆရာမကြည်အေး
ရဲ့ဝတ္ထုတွေကိုတော့ အမြဲကြားဖူးနေပြီး သိပ်မဖတ်ရဘူး...အဲ့ဒါကြောင့် ခုအချိန်ပေးပြီးရှာဖတ်
မယ်စိတ်ကူးနေတယ်...တခြားဖတ်ချင်တဲ့ စာအုပ်
တွေလဲ အများကြီးရှိတယ် ခု သိပ်မအားလို့
ခဏငြိမ်နေရတယ်...မဟုတ်ရင် စာတွေပဲ
အငမ်းမရဖတ်နေမိမှာ...ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့
(သူငယ်ချင်းလို့ပဲ....ခေါ်မည်ခိုင်) ကတော့
ဘယ်နှကြိမ်ပဲပြန်ဖတ်ဖတ် အရမ်းခံစားရတဲ့ဝတ္ထုလေးပါ
မိုးနတ် သိပ်ကြိုက်တယ်...:)
စနိုးလေး ဘလော့တစ်နှစ်သမီးလေးမှသည်.....
ချစ်တဲ့...မိုးနတ်

မင်းအရိပ် said...

အမငီး ပြန်တဲ့သူတွေ ပြန်ကုန်ကြပြီ...
သင်္ကြန်ပြန်ကဲမယ်ပေါ့လေ...
နာလည်း ပြန်ချင်တယ်...
သင်္ကြန်လည်ချင်လို့ ဟုတ်ပါဘူး... အိမ်လေးခဏဖြစ်ဖြစ်ပြန်ချင်လို့...
သင်္ကြန်နဲ့ ကွဲကွာခဲ့တာ ကြာပြီမို့ နေသားကျနေပါပြီ...
အပြန်ခရီးမှာ ပျော်ရွှင်ချမ်းမြေ့ရစေသား...

Anonymous said...

ပျော်ရွှင်မှာသေချာပါတယ်။
အားလုံးအဆင်ပြေပြေနဲ့ ချောချောမောမောဖြစ်ပါစေလို့ ...
အသွားခရီး..အပြန်ခရီးး..ပြည်တွင်းခရီးတွေအပါအ၀င်.
အိုင်အိုရာ

အလွမ်းမြို့ said...

စနိုးရေ...
မြန်မာပြည်ပြန်မှာဆိုတော့ ကံကောင်းခြင်းတွေ
သယ်ဆောင်နိုင်ပါစေ။
(၁)နှစ်ပြည့်မွေးနေ့လေးကို ခုမှာ တက်ရောက်ဖြစ်
တော့တယ်။ကျန်မာရေးလည်း ဂရုစိုက်ပါ..

ခင်မင်တဲ့
မကြီးလွမ်း

မိုးညချမ်း said...

မမရေ ... ရန်ကုန်ရောက်ရင် တွေ့ကြမယ်လေ ... စကားမစပ် မမ Blog လေးနဲ့ မိုးည Blog လေးက တစ်ရက်ကြီး တစ်ရက်ငယ်တွေပဲ ... ညလေးက မတ် (၂)မှာ တစ်နှစ်ပြည့်တာလေ ... နောင်နှစ်ပေါင်းများစွာ ဆက်လက်ထုဆစ်နိုင်ပါစေနော် မမ ... :)

Phyu Lwin said...

ကျေးဇူး မိုးညရေ.. အဆင်ပြေရင် တွေ့ချင်ပါတယ်..။ ပျော်ဖို့ကောင်းမှာ

Follow Us @soratemplates