Hallo ,, Good Evening everybody ^^
------------------------------------------
Ekkkk. အနီရောင် ငှက်ပျောဆနွင်းမကင်းး။ ဘာလို့ ဆေးနီတွေ သုံးတာလဲဟင်ဆိုတော့ ၀ယ်သူအများစုက အရောင်လှမှ ကြိုက်တာတဲ့ ;"( ..
------------------------------------------
ဒီတစ်ခါ.. မြန်မာပြည်ပြန်တုန်းက ဘုရားပွဲတစ်ခုသွားရင်း ပွဲဈေးလျှောက်ကြည့်ရင်းက မြန်မာ့ရိုးရာမုန့်တွေ တွေ့လို့ ဓါတ်ပုံရိုက်လာတာတွေ ကြွားချင်လို့ပါရှင် ^_^ ^_*
ဘယ်ဘုရားပွဲလဲဆိုတော့ မြန်မာနိုင်ငံမှာ အခုလတ်တလောမှ တည်ထားတဲ့ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တပေါင်းလပြည့်ဘုရားပွဲပါ ..။ ဒီတစ်ခေါက်ပြန်တော့ အိမ်က သွားသမျှ နေရာတကာလိုက်ပါတယ်..။ အရင်ကဆိုရင် အဲလိုတွေသွားရမှာ ပျင်းလို့ အိမ်မှာပဲနေခဲ့ပြီး လိုက်လေ့မရှိဘူး..။ ဒီတစ်ခါတော့ ခြေထောက်မှာ စကြာတပ်ထားသလားမှတ်ရတယ်...။ အိမ်က အဖေနဲ့အမေသွားလေရာ အကုန်လိုက်တယ်..။ သူတို့သွားစရာမရှိရင် အကြောင်းရှာပြီး နေရာတကာလိုက်ပို့ခိုင်းတယ်... :D
စေတီတော်ကို မရောက်ဖူးသေးတဲ့သူများ ဖူးနိုင်ဖို့အတွက်ပါ..။ အရမ်းကို သပ္ပာယ်ပါတယ်.. ပုထိုးလိုမျိုးအတွင်းမှာ လှိုဏ်ဂူလုပ်ထားပြီး အတွင်းထဲမှာ ဘုရားရှိခိုး၊ ဘုရားသမိုင်းတွေ လေ့လာနိုင်ပါတယ်..။
လပြည့်နေ့သွားတာဆိုတော့ ဘုရားဖူးတဲ့သူတွေတော့ အများကြီးပါပဲ ..။ ပွဲဈေးကလည်း တော်တော်စည်ကားတယ်.။ပုံမှန်ဆို မြင်ရခဲတဲ့ မြန်မာမုန့်ဆိုင်တွေ အများကြီးတွေ့တယ်..။
Wooow Yummy ,, yummy :D :D .. ဒါကတော့ မဖြစ်မနေ ၀ယ်စားခဲ့တယ်..။ ဒီမှာ ရှိနေကတည်းက မြန်မာပြည်ပြန်ရောက်တာနဲ့ မုန့်လင်မယားစားချင်လိုက်တာဆိုပြီး စိတ်ကူးတွေရနေတာ ဘုရားပွဲနဲ့ ကြုံတော့မှပဲ စားဖြစ်ပါတော့တယ်..။ ၃ ခုကို ၁၀၀ ကျပ်တဲ့ ..။
Ekkkk. အနီရောင် ငှက်ပျောဆနွင်းမကင်းး။ ဘာလို့ ဆေးနီတွေ သုံးတာလဲဟင်ဆိုတော့ ၀ယ်သူအများစုက အရောင်လှမှ ကြိုက်တာတဲ့ ;"( ..
ဒါကတော့ သိကြတဲ့အတိုင်း ရွှေကြည်ဆနွင်းမကင်းပေါ့ ..။
ဒါကို ဘယ်လိုခေါ်လဲ မမှတ်မိတော့ဘူး..။ မေးတော့မေးခဲ့တယ်.. မေ့သွားပြီ..။ ဓါတ်ပုံရိုက်ခွင့်ပြုပါဆိုပြီး ခွင့်တောင်းပြီးရိုက်ခဲ့တာပါ..။ ဆိုင်က ရောင်းတဲ့ကောင်မလေးတွေက စိတ်ဝင်တစားရိုက်နေလို့ အထူးအဆန်းတွေဖြစ်လို့.. ။ Blogger လေနော်.. ဘယ်ရမလဲ. မှတ်တမ်းတင်ရမှာပေါ့... တအိမ်လုံးက လူတွေကတော့ သွားလေရာမှာ ကျမဓါတ်ပုံရိုက်တာပဲ ရပ်စောင့်နေကြရတယ်..။
ဒါကတော့ သာကူဆနွင်းမကင်းတဲ့ ..။ ဒီမုန့်တွေက တဆိုင်တည်းမှာ တူတူရောင်းပြီး အဲလိုဆိုင်တွေ အများကြီးပဲ .။ လမ်းသရဲမုန့်ရယ် မုန့်သိုင်းခြုံရယ်လဲ ၀ယ်စားခဲ့ပြီး မှတ်တမ်းတင်ဖို့ မေ့ခဲ့တယ်.။ ကျမက လမ်းသရဲမုန့်တော့ အတော်ကြိုက်တယ်..။
အကြော်ရယ်.. မုန့်ပျားသလက်ရယ်.. ဒီ ၂ မျိုးက အိမ်မှာ ၀ယ်စားတုန်းရိုက်ထားတာပါ..။ အိမ်နားမှာ အဲလိုဆိုင် ၂ ဆိုင်လောက်ရှိတယ်..။ ၂ မျိုးလုံးကြိုက်တယ် :))
ဒါက ဘုရားပွဲက ကောက်ညှင်းကျည်တောက်ဆိုင်..။ ကောက်ညှင်းတွေက အိနေတာပဲ .. နှမ်းထောင်းဖြူးပြီး စားလိုက်ရတော့ ... Hmmm မြန်မာအစားအစာတွေ လွမ်းသမျှ စိတ်ပြေရာရသွားပါတယ် ^^
ပြန်ရောက်ပြီးနောက်ပိုင်း နေ့တိုင်းလိုလို သောက်ဖြစ်တဲ့ပေါ့ဆိမ့် ..။ အမြဲလိုလိုစားဖြစ်တဲ့ ဆေးဘဲဥသုပ်ရယ်.. ကော်ပြန့်ရယ်... ။
နောက်ထပ်အစားအစာတွေကတော့ မတင်တော့ပါဘူး... မြင်နေကျ မထူးဆန်းဘူးလေ... တော်ကြာ .. အဝေးရောက်နေတဲ့သူတွေ .... အိမ်ကို ပိုလွမ်းကုန်မှာစိုးလို့ပါ.... :D
Be Happy Forever _/\_
++++++++++++++++++++++++++++++++++
❀◕ ‿ ◕❀ တိမ်လွှာဖြူ ❀◕ ‿ ◕❀
၁၈-၆-၂၀၁၃
7 comments:
ဥပ္ပါတသန္တိစေတီတော် အနော်ရောက်ဖူးတယ်။ ဟယ် မမလဲ မြန်မာမုန့်တွေတော်တော်လွမ်းနေတာသိသာတယ်။ လမ်းသရဲမုန်းစားဖူးဘူး
လမ်းသရဲမုန့်ဆိုတာ ရေမုန့်လိုပဲ.. ဒါပေမယ့် အသီးအနှံပိုစုံတယ်. ငရုတ်သီးလဲပါတယ်. ။ အရသာက စိမ့်တော့ ကြိုက်တာ.။ နယ်မှာတော့ သိပ်မတွေ့ဘူး.. ဘုရားပွဲတွေလောက်သာတွေ့တာ။။ ရန်ကုန်မှာတော့ လမ်းသရဲမုန့်လုပ်ရောင်းတဲ့ဆိုင်တွေ အများကြီးပဲ .။
လမ်းသရဲမုန့် စားတော့ စားဖူးတယ် ..
သိပ်တော့မကြိုက်ဘူးးးးး အချိုသိပ်မစားတာ
မကြိုက်တာချင်းတော့ မိုးနတ်နဲ့တူတယ်...
မိုးနတ်က အချဉ်သမား အချဉ်တော့ အားကြီး
ကြိုက်တယ်လေ...ဥပ္ပါတသန္တိစေတီတော် ကိုတော့
မဖူးဘူးသေးဘူး....နေပြည်တော်ကိုလဲ
မရောက်ဖူးသေးဘူးးးးး သွားလည်ဖြစ်အောင်
သွားလည်မယ်...ဆောင်းတွင်းရောက်ရင်ပေါ့ :)
မမရေ၊ စားစရာပုံတွေချည်းပါပဲလား။ ဘုရားအတွင်းဘက်ပုံတွေတော့ မရိုက်ခဲ့ဘူး။ ကျွန်တော်လည်း ရောက်ဖူးပါတယ်။ ကျွန်တော်တို့က နေပြည်တော်နားက မိတ္ထီလာမှာနေတာလေ။
ဥပ္ပာတသန္တိကို အမြဲတမ်းကပ်ကပ်ပြီး ကျော်သွားရလို့ ကပ်ကျော်ဘုရားလို့တောင်ခေါ်ရတော့မယ်.။ တိုင်းရုံးဘေးနားမှာဆိုတော့ တပ်မှာတုန်းက တစ်ပတ်ကို သုံးရက်လောက် မြင်ရပေမယ့် ၀င်မဖူးဖြစ်တော့ အသက်ရှိလျက်နဲ့ ဘုရားကွယ်သလို ဖြစ်နေတာ.။ နောက်မှ ပဲ သင်တန်းတက်မှ သွားဖူးဖြစ်တော့တယ်.။
မုန့်လင်မယားနဲ့ဆနွင်းမကင်းကတော့အကြိုက်ဆုံးပေါ့ကွယ်း)
မြန်မာပြည်ကို တစ်ခါထဲ အလည်ပြန်ရောက်သွားတယ်
Post a Comment