Thursday, 8 August 2013

# Love Poems

လမ်းလွဲ ~~~~




ကော်ဖီခါးသက်သက်တစ်ခွက်သောက်တိုင်းလည်း
အလွမ်းတွေက ခါးမသွားသလို သတိရခြင်းတွေကလည်း တိုးမလာပြန်ဘူး
ကိုယ်က ကော်ဖီခါးခါးအကြိုက်မှာ
မင်းက လက်ဖက်ရည်ဖန်ဆိမ့်တစ်ခွက်ကို မြတ်နိုးတတ်သူ ......

အေးငြိမ့်ငြိမ့်အဆွေးသီချင်းတွေ နားထောင်မိတိုင်းလည်း
မင်းကို သတိရဖို့က ခက်ခဲပြန်တယ်
ကိုယ်က ပေါ့ပ်သီချင်းချိုချိုတွေကို စွဲလမ်းနေချိန်
မင်းက ပေါက်ကွဲသံစဉ်တွေမှ နားထောင်နေတတ်သူ .........

ချစ်စရာအရုပ်လေးတွေ ပွေ့ဖက်မိတိုင်းတော့လည်း
မင်းကို ယောင်ယမ်းမတမ်းတမိပြန်ဘူး
ကိုယ်က ကာတွန်းဇာတ်ကောင်တွေကို အရူးအမူးဖြစ်တတ်ချိန်
မင်းက action ကားတွေကိုမှ ရူးသွပ်သူဖြစ်သတဲ့ .........

ကိုယ်က ရသစာစုတွေ ဖတ်တတ်ချိန် မင်းက သုတစာတွေမှာ ပျော်မွေ့နေတတ်သူ
ကိုယ်က အရှေ့ကိုမျှော်ကြည့်ချိန် .. မင်းကအနောက်ကိုပဲ ပြန်လှည့်ကြည့်တတ်သူ
ကိုယ်ရှေ့ဆက်လျှောက်ချိန် … မင်းက နောက်ပြန်လှည့်ပြေးချင်သူ
ကိုယ်ပျံသန်းနေချိန်မှာ … မင်းက မြေပြင်ကိုဖက်တွယ်ထားတတ်သူ
ဆန့်ကျင်ဘက်အရာနှစ်ခု …. လမ်းလွဲသွားတာ အဆန်းတကြယ်တော့ မဟုတ်ပြန်ပါဘူး…
မဆုံနိုင်တဲ့ရေစက်အတွက် … အဲဒီလမ်းလွဲသွားခဲ့ခြင်းက နောက်ကျနေပြန်ပါသေးတယ်လေ ….။ ။

------------------------------


ဘာမှမရေးဖြစ်တာကြာလာတာနဲ့ပဲ Facebook မှာ ရေးတင်ထားတဲ့ ကဗျာလေးပဲ ဒီမှာ ပြန်တင်ဖြစ်ပါတယ်..
နောက်မှ အက်ဆေးတွေ ရေးပါဦးမယ်ရှင် ....။

1 comment:

Yoemyaykya said...

မင်းက ဘယ်သူလဲ။ အနော်တောင် စာတွေမရေးတာကြာပီမမ။
အိုဘယ်လိုကြီးပြောလိုက်တာလဲ။ ဘာလို့နောက်ကျတာလဲ။
မဆုံနိုင်တဲ့ရေစက်အတွက် … အဲဒီလမ်းလွဲသွားခဲ့ခြင်းက နောက်ကျနေပြန်ပါသေးတယ်လေ ….။ ။

Follow Us @soratemplates