“မြေကြီးပေါ်က ပေါင်းပင်လေးတွေကို မင်းချစ်တတ်လိမ့်မယ်လို့
ကိုယ် တကယ်မထင်ခဲ့မိဘူး..။ ကိုယ် မင်းရဲ့ကြိုက်နှစ်သက်တတ်တာတွေ လေ့လာဖို့တော့ လိုပြီထင်တယ်နော်
…” အမေးစကားတစ်ခုကို သူတီးတိုးရေရွတ်မိတယ်….။
“အနင်းခံ
အနှိမ်ခံပန်းလေးတွေဆိုပေမယ့် သူတို့မှာလည်း သူတို့တန်ဖိုးနဲ့သူရှိတာပဲလေ..။ အရာရာတိုင်းမှာ
တန်ဖိုးဆိုတာ ကိုယ်စီရှိပါတယ်..။ အားသာချက်ကိုမကြည့်ဘဲ အားနည်းချက်တွေပဲကြည့်ပြီး သက်ရှိသက်မဲ့တွေရဲ့
တန်ဖိုးကိုတော့ မဖြတ်သင့်ဘူးပေါ့..။ ဒီကမ္ဘာကြီးပေါ်မှာရှိနေကြတဲ့
အရာရာတိုင်းက သူ့နေရာနဲ့သူ အသုံးဝင်လို့ တည်ရှိနေကြတာပဲမဟုတ်လား..”
တကယ်ဆို
သူမနဲ့ ပတ်သက်သမျှ စိတ်ခံစားမှုသေးသေးလေးကအစ သူသိဖို့ကြိုးစားမိပေမယ့် ဒီတစ်ချက်ကိုတော့
အကြောင်းပြချက် သူစဉ်းစားမရပြန် …. ။
“အဲဒါဆို ပန်းတွေအများကြီးရှိတဲ့အထဲက ဒီပန်းလေးတွေကို ဘာကြောင့်
ပိုချစ်ရတဲ့အကြောင်း ကိုယ့်ကို ပြောပြနိုင်မလား..”
သူမက အကြောင်းအရာတစ်ခုကို ရှင်းပြဖို့အတွက်ဆို ကျောင်းသားတစ်ယောက်ကို ဆရာက
စာရှင်းပြသလို စိတ်ရှည်ရှည်ရှင်းပြတတ်သူတစ်ယောက်လည်း ဖြစ်ပြန်ပါသေးတယ်...။
“မိန်းကလေးမှန်ရင်တော့ ဘယ်ပန်းမဆို သဘောကျကြတာချည်းပါပဲ ..။ ဒါပေမယ့်လည်း
အကြိုက်ဆုံးတွေထဲက အကြိုက်ဆုံးဆိုတာလည်း ရှိတတ်တယ်လေ..."
"ကျမကရောမေးရင်
ပန်းတွေအများကြီးထဲမှာ အဲဒီဒေစီပန်းလေးတွေကို မှတ်မှတ်ရရ ချစ်တတ်သူမျိုးပေါ့..။ သူတို့က
အေးတဲ့အရပ်ဒေသရဲ့ နွေရာသီမှာပဲ ပွင့်တဲ့အပင်မျိုး .. ရာသီအလိုက် ပွင့်ချင်တဲ့အချိန်ပွင့်တာမျိုးမဟုတ်သလို
နေရာတိုင်းမှာ ပွင့်လေ့ရှိတဲ့ အပင်မျိုးလည်း မဟုတ်ပြန်ဘူး…"
"ပြီးတော့အဲဒီပန်းပင်လေးတွေက...သက်ရှိသတ္တ၀ါတိုင်းနင်းခြေသွားတဲ့ မြက်ပင်လေးတွေကို
ကောဇောလိုမျိုးလှအောင် အဖော်ပြုအလှဆင်ပေးတဲ့ သူငယ်ချင်းကောင်း။ ပန်းလေးတွေက
ကြည့်လိုက်ရင် ကနွဲ့ကလျနဲ့ ချက်ချင်းညှိုးသွားမယောင် ထင်မှတ်ရပေမယ့်
အမိုးအကာမရှိတဲ့ နေရောင်အောက်မှာ ရက်ပေါင်းအတော်ကြာကြာ ရှင်သန်နိုင်ကြတယ်...။ ကျမ
သဘောကျတဲ့အချက်ထဲမှာ အဲဒီအရာလည်း ပါဝင်တယ်.။ လူတွေလိုပြောရရင် Physical appearance
က အားနွဲ့တဲ့ပုံစံဖြစ်ပေမယ့် ... သူတို့မှာ လောကဓံကို ကြံ့ကြံ့ခံနိုင်တဲ့အတွင်းစိတ်
mentally strong ဖြစ်တယ်…"
" ပေါင်းပင်လေးတွေမို့ တန်ဖိုးမရှိဘူးလို့ထင်ရပေမယ့် ကမ္ဘာမြေကြီးအတွက် သူတို့ရဲ့တန်ဖိုးက အဖိုးမဖြတ်နိုင်ဘူး..။
သေဆုံးသွားခဲ့ပြီးရင်တောင်မှ အခြားအပင်ကြီးတွေလို အချိန်တွေအကြာကြီးမယူဘဲ
သူတို့ကိုယ်သူတို့ ချက်ချင်းလိုလို ဆွေးမြေ့ခံပြီး ကမ္ဘာမြေကြီးအတွက်
မြေသြဇာအဖြစ် စတေးခံကြသေးတယ် မဟုတ်လားးး...”
“နောက်တစ်ချက်က
အပင်ငယ်လေးပေမယ့် အခြားအရာတွေရဲ့ အထောက်အပံ့မလိုဘူး.. မြေပေါ်မှာ သူတို့ကိုယ်တိုင်ရပ်တည်နိုင်တယ်..။
နေရောင်အောက်မှာ တတ်နိုင်သလောက် အစွမ်းကုန်ပွင့်လန်းပြီး လောကကြီးကို အလှဆင်ပေးတယ်…"
" ဒါဆိုရင်တော့
တခြားအပင်တွေမှာ ကပ်ပေါက်လေ့ရှိပြီး အဲဒီလက်ခံပင်ဆီက အဆီအသွေးကိုစုပ်ယူ လှလှပပပွင့်လေ့ရှိတဲ့
သဇင်တို့ သစ်ခွ တို့၊ နောက်ပြီး ပြင်ပအသွင်အပြင်ကြောင့် ရန်ပြုလာသူတွေကို အမြဲစိုးထိတ်နေရတတ်ပြီး
သူ့ကိုယ်သူ မလုံမလဲဖြစ်၊ ဆူးတွေနဲ့ အမြဲကာရံထားရတဲ့နှင်းဆီပန်းတွေကို ဘာကြောင့် ကျမသိပ်နှစ်သက်လေ့မရှိတာ
သိလောက်ရောပေါ့…။ နှင်းဆီဆိုတာလည်း သူတို့ကိုအမြဲလှပအောင်
ရေလောင်းပေါင်းသင် အာဟာရတွေ ပေါင်းစပ်ပေးမယ့် ဥယျာဉ်မှူးရဲ့ အကူအညီသာ မရှိရင် အလှဆိုတာပြည့်စုံလာတတ်တဲ့ပန်းမျိုးမဟုတ်ပြန်ဘူး..."
“အိုကေ.. ကိုယ်သဘောပေါက်လာပြီ..။ အကျဉ်းချုံ့လိုက်ရင် ဒေစီပန်းလေးတွေက
သစ္စာရှိတယ်…၊အားနည်းတဲ့ဘက်မှာရပ်တည်တတ်တဲ့
သူငယ်ချင်းကောင်းပီသသူဖြစ်တယ်..၊ အများကောင်းကျိုးကိုပဲ ဦးစားပေးတယ် …၊ အခြားအကူအညီမပါပဲ
သူတို့ကိုယ်တိုင် ရပ်တည်နိုင်တယ်..။ အပြင်ပန်းကြည့်လိုက်ရင် ပျော့ညံ့ညံ့ထင်မှတ်ရပေမယ့်
အတွင်းစိတ်က မထင်မှတ်လောက်အောင် မာကျောလွန်းလို့ လောကဓံကို ခံနိုင်ရည်ရှိတဲ့သူလို့
ခေါ်နိုင်တယ်…”
“Ohhh
..Honey !!! အဲဒီအချက်တွေအားလုံးက ကိုယ်သိတဲ့မိန်းကလေးတစ်ယောက်ပိုင်ဆိုင်ထားတာတွေချည်းပါလားးးး”
သူက တစုံတခုကို အလုံးစုံနားလည်သဘောပေါက်သွားသလို ၀မ်းသာအားရပြောလိုက်ရင်း
“နောက်ဆိုရင်
ကိုယ် မင်းအတွက် ဒေစီပန်းတစ်ခင်းပျိုးပေးမယ်” လို့ သူမ တောင်းဆိုခြင်းမပြုပါပဲ .. သူမ
ချစ်တတ်တဲ့အရာတွေကို ဖန်တီးပေးချင်မိတာ အချစ်ဆိုတဲ့အရာက ပိုမိုခိုင်မြဲလာတယ် ထင်ပါရဲ့….။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
To be continued ~~~ ^_^
1 comment:
ဖတ်နေရင်းနဲ့ ကျနော်တောင် ဒေစီပန်းကို ချစ်လာသလိုပဲ။ အချစ်ဆိုတဲ့အရာ ခိုင်မြဲအောင်ဘာလုပ်ရသလဲမမ
Post a Comment