လုပ်နေကျအလုပ်တစ်ခုကနေ
တော်တော်ကြာနားမိပြီး ပြန်စတဲ့အခါ .. နည်းနည်းတော့ ကြောင်တောင်တောင်ဖြစ်တတ်ကြတယ်နော်
...။ ကျွန်မအတွက် အချိန်အားရတိုင်းတစ်ခုမဟုတ်တစ်ခုရေးတတ်တဲ့ ဒီနေရာလေးမှာ ဘာမှမရေးဖြစ်တာ
၁၀ ရက်လောက်တောင်ကျော်သွားပြန်ပြီ ...။ အဲဒီတော့ အခု မဖြစ်မနေရေးဖြစ်အောင် တခုခုတော့ရေးမယ်ဆိုတော့
ဘာအကြောင်းအရာရေးရမှန်း သေချာမသိသေးပါဘူး..။ အဲဒီတော့လည်း စိတ်ထဲရှိရာ ရောက်တတ်ရာရာပေါ့
...။ တကယ်ဆို ဘလော့ဂ်တွေအများကြီးကြားမှာ ကျွန်မကြိုက်တဲ့စတိုင်လ်က အဲဒီလို ကိုယ့်စိတ်ထဲခံစားမိသမျှ
လွတ်လွတ်လပ်လပ်ချရေးတတ်တဲ့ပုံစံမျိုးပါပဲ ..။ blogger ရဲ့ ဓါတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ဆိုရင် ပိုတောင် သဘောကျပါသေးတယ်..။ စာက ပိုအသက်ဝင်တယ်လေ..။ ဒါပေမယ့်လည်း ကိုယ်တိုင်ရေးတာကတော့ ကဗျာလိုလို
ဝတ္ထုလိုလို ဆောင်းပါးလိုလိုတွေ ဖြစ်နေတတ်ပြန်တယ်....။ အဲ ... တကယ်သွားဖတ်ဖြစ်တဲ့ဘလော့ဂ်တွေကတော့
စိတ်ကူးရှိရာကိုယ့်ခံစားချက်တွေချရေးတာမျိုးကို အများဆုံးသွားဖတ်ဖြစ်တယ်...။ ၀တ္ထုတွေဆောင်းပါးတွေက တခြားနေရာတွေမှာ
ဖတ်စရာအများကြီးရှိတယ်လေ...။ အဲဂလိုမျိုး blog ကို ကိုယ်ကြိုက်တဲ့ပုံစံနဲ့ ကိုယ်ရေးတဲ့ပုံစံ
ဆန့်ကျင်ဖက်ဖြစ်နေတတ်တာ ကျွန်မပဲပေါ့ ;D
တကယ်တော့
မပြောလဲဖြစ်ပေမယ့်လည်း ရင်ဖွင့်ရရင် ဘယ်လိုမှအချိန်လုမရလောက်အောင် တော်တော်လေးကို
အလုပ်တွေရှုပ်နေလို့ပါ ...။ ကျွန်မဘာတွေရှုပ်နေလဲဆိုတာတော့ အသိ blogger ညီမ ၂ ယောက်
(ရိုးမြေကျနဲ့ အသူ) တော့ နည်းနည်းသိကြတယ်....။ တခါတလေ တစ်ရက်မှာ ၂၄ နာရီထက်ပိုရရင်
ကောင်းမှာပဲလို့တွေးမိတယ်... (တကယ်က ကိုယ်တိုင်က အချိန်စီမံခန့်ခွဲမှုညံ့တာ ;))
deadline နဲ့အလုပ်လုပ်တဲ့အခါ အချိန်ရဲ့တန်ဖိုးရှိပုံကို ပိုသိသာလာစေတယ်...။ ကန့်သတ်ထားတဲ့အချိန်အတွင်းမှာ
... နောက်ထပ်အချိန်ပိုဆိုတာ ငွေတွေအများကြီးပေးဝယ်မယ်ဆိုရင်တောင် ၀ယ်လို့ရတာမဟုတ်တာလေ
....။ တခြားပစ္စည်းတွေဆိုတာ
မလုံလောက်ရင် ဖြည့်ဆည်းလို့လွယ်ပေမယ့် အချိန်ဆိုတာ ဘယ်လိုမှ ၀ယ်ရတာမျိုးမဟုတ်တော့
... ပိုနှမြောတတ်လာတယ်...။xD xP တကယ်တော့ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ပါဘူးလေ.. ။ လူတိုင်းလူတိုင်းကတော့ ရှင်သန်နေသမျှ အလုပ်တွေရှုပ်ရင်း ကြိုးစားနေကြသူတွေချည်းပါပဲ ....။
ကိုယ့်ဘက်က
အချိန်ရှားပါးလွန်းလို့ အိပ်ချိန်တွေတောင် လျှော့နေရတဲ့အခါမျိုးမှာ ... ရှားရှားပါးပါးအချိန်လေးတွေကို
ဓါးပြတိုက်တဲ့သူမျိုးနဲ့ကလဲ ကြုံရပြန်ပါရော...။ တခုခုအခက်အခဲရှိနေလို့ .. အကူအညီတောင်းစရာရှိလို့
စသဖြင့် ကျွန်မကို လိုအပ်လို့ အချိန်တွေကိုလာလုတယ်ဆိုရင် အိပ်ချိန်တွေလျော့သွားပါစေ
ကျွန်မတတ်နိုင်သလောက် ကူညီတတ်ပါတယ်...။ တကယ်က အဖြစ်က အဲလိုမဟုတ်ပါဘူး .... ပျင်းလို့
စကားပြောဖော်မရှိလို့ ရောက်တတ်ရာရာပြောချင်တာ ... တနေ့တာကြုံတွေ့သမျှကို အသေးစိတ်ပြောပြီး
ပင်ပန်းသမျှ ဖြေဖျောက်ချင်တာ ... သိထားသမျှ ဟိုလူအကြောင်း ဒီလူအကြောင်း သတင်းတွေကို
ပြောပြပြီး ရယ်ပွဲဖွဲ့ချင်တတ်တာ...။ ကျွန်မက စိတ်မ၀င်စားတော့ စိတ်ဆိုးသလိုလိုပြောတတ်တာ
....။
အခုအချိန်က
ကျွန်မဘ၀ရဲ့ turning point အတွက် အဆင့်တစ်ခုကို ခက်ခက်ခဲခဲကျော်ဖြတ်နေရလို့ .. စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတာကို
သိသိနဲ့ ကျွန်မရဲ့ ရှားရှားပါးပါး အားချိန်တစ်နာရီလောက်ကလေးကို အပိုင်စီးချင်တာ...။
မအားတာကို မအားဘူးလို့ပွင့်ပွင့်လင်းလင်းပြောပြထားပေါ့လို့ဆိုလာရင် .. သေချာတာပေါ့..
ကျွန်မ မပြောဘဲ မနေပါဘူး...။ account (facebook, skype, gtalk, viber) မှန်သမျှ
invisible လုပ်ပြီးနေနေတတ်ပေမယ့်လည်း .. ရှိနေမှန်းသိနေတော့ အစကတော့ နေ့စဉ်ရက်ဆက်
.. အခုနောက်ပိုင်းတော့ တစ်ရက်ခြားတစ်ခါလောက် ခေါ်ပြီးတော့ daily report တက်တတ်သလို အပ်ကြောင်းထပ်နေတဲ့
စကားတွေလည်း နားမှာ လျှံနေပါပြီ ..။ ထားပါတော့ ထားပါတော့ .. အသိတွေ လာဖတ်နေကျမဟုတ်လို့
ဒီနေ့တော့ ထူးထူးခြားခြားရင်ဖွင့်မိပါပြီ ...။ အားနာလို့ အပြတ်မပြောဖြစ်တာက သူက ကျွန်မထက်
အသက်ကြီးဝါကြီးတဲ့ မိန်းကလေး ဖြစ်နေလို့ပါ..။ အသက်ကြီးပေမယ့်လည်း ယောက်ျားလေးဆိုလို့ကတော့
တိကနဲမြည်အောင် ပြောပစ်လိုက်တာကြာပြီ...။ ခံရခက်ဆုံးထဲမှာ ရှားရှားပါးပါးအချိန်တွေကို
အကျိုးမဲ့အောင် လာဖြုန်းတီးစေတဲ့သူမျိုးပါပဲ ...။
အခုတလော
မအားတာနဲ့ နေ့စဉ်ရက်ဆက် စားဖြစ်နေတာက ကျောင်းက Mensa က နေ့လည်စာတွေပါ ..။ သူတို့အစားအစာတွေက
တော်တော်များများ cheese တွေထည့်ချက်တတ်တော့ ၀မှာစိုးတာနဲ့သိပ်မစားဖြစ်ပေမယ့်လည်း အခုတလောတော့
ဝမှာကနောက် အစားပြတ်လပ်ပြီးသေမှာက အရင် ဆိုတာမျိုးဖြစ်နေလို့ ၀ရင်လည်း ၀ ပါစေ စားနေရတာပါပဲ
..။ ဒါပေမယ့်လည်း အလုပ်ရှုပ်တာနဲ့ပဲ ၀ိတ်ကတော့ တက်မလာပြန်ပါဘူး..။ မနက်စာလည်း
cheese burger နဲ့ ကော်ဖီတစ်ခွက် ... နေ့လည်စာတော့ ကျောင်းမှာစားတယ်.. ညစာတော့ အိမ်ရောက်မှ
ကြုံရာပဲ ..။
ခုတလော
ဘလော့ဂ်တွေ ပြန်လှုပ်ရှားလာကြတယ်နော်...။ tag game တချို့နဲ့ ၀ါရင့်blogger တချို့ရဲ့
ကြိုးပမ်းမှုကြောင့် ပြန်ရှင်သန်လာတယ်ဆိုရမလားပဲ ...။ tagged post တွေ ဖတ်ဖြစ်ပေမယ့်လည်း
ကွန်မန့်ရေးဖို့က ကွန်ပြူတာက အဆင်မပြေဖြစ်နေပြန်တယ်..။ တခြားနေရာအားလုံး zawgyi
font နဲ့ရိုက်လို့ရပေမယ့် blog comment box အားလုံးမှာတော့ Window 8 က Default
Myanmar font ပဲဖြစ်နေတော့ ရိုက်ရတာအဆင်မပြေဘူး..။ ကွန်မန့်ရေးချင်ရင် word ကိုဖွင့်
အဲဒီမှာအရင်ရေးပြီးမှကူးပြီး comment box ထဲထည့် အဲလိုမျိုးဖြစ်နေတော့ အချိန်လည်းမရ
အလုပ်ကလည်းပိုတာနဲ့ မရေးဖြစ်ခြင်းဖြစ်နေတာပါ..။ ကျွန်မအချိန်အားတာနဲ့ ဘလော့တွေတော့
လည်ဖြစ်ပါတယ်...။ ကွန်ပျူတာအဟောင်းက ဘယ်လိုမှ အလုပ်ဆက်လုပ်မရအောင် ပေကပ်ကပ်ဖြစ်နေတာကြောင့်
အသစ်ဝယ်လိုက်ရလို့ပါ ...။ အဲဒါနဲ့ပဲ မြန်မာဖောင့်က အဲတနေရာတော့ ခုထိအဆင်မပြေသေးပါဘူး...။
ဒီလိုပဲ ရောက်တတ်ရာရာလျှောက်ရေးလိုက်တာ စာတွေတော်တော်များသွားပြီ ...။ yeapp ခုတလော ခံစားသမျှတွေ ပေါက်ကွဲနေသလိုပဲ.. ပြီးခဲ့တဲ့ပို့စ်ကလည်း စိတ်ထဲခံစားမိသမျှတွေ ချရေးမိတယ် ... :D သည်းခံဖတ်ပေးမှုအတွက်
ကျေးဇူးအထူး _/\_ _/\_ _/\_
6 comments:
အချိန်မရတာကိုပွင့်ပွင့်လင်းလင်းပြောပြီး ကိုယ်အချိန်ပေးနိုင်တဲ့အချိန်မှာ ခင်မင်မှုကို respect ပေးတဲ့အနေနဲ့ အချိန်နဲနဲပြန်ပေးတာကောင်းမယ်ထင်တယ်။ အဲဒီသူကကိုယ်ခင်မင်ရတဲ့သူဆိုရင်လေ။ မပတ်သက်ချင်သူဆိုရင်တော့ ပြတ်ပြတ်သားသားသိစေတာလည်းကောင်းပါတယ်။
တစ်ခုတော့ရှိတယ်စနိုးလေးရေ။ နိုင်ငံရပ်ခြားမှာ အလုပ်များကြအချိန်ရှားကြပေမဲ့ ရင်းနှီးတဲ့စကားပြောဖေါ်ရှိနေတာလည်း တန်ဖိုးထားစရာတစ်ခုပါ။
ကိုယ်တွေ့ ပါစနိုးရေ။
အိုင်အိုရာ
ဟုတ် .. ကျေးဇူးပါ မမ အိုင်အိုရာ ..။ ရင်းနှီးတဲ့သူဆိုတော့ ပြတ်ပြတ်သားသားမပြောချင်တာနဲ့ပဲ သိပ်မပြောဖြစ်တာပါ ..။ ညီမလဲ အလုပ်ရှုပ်တာနဲ့စိတ်ရှုပ်တာနဲ့ ပေါင်းသွားတာရော ကိုယ်စိတ်မ၀င်စားတဲ့ သူများအကြောင်းတွေချည်း နေ့စဉ်ရက်ဆက်ကြားရတာများလာတာရောနဲ့ပဲ တခါတလေ စိတ်ပေါက်လာမိတာ :D
ဆက်ဆံရေးတစ်ခုမှာ ရှေ့မဆက်နိုင်တော့ဘူးဆိုရင် ပွင့်ပွင့်လင်းလင်း ဥပေက္ခာပြုလိုက်တာ အကောင်းဆုံးပဲမမ။ မမပြန်လာတော့မှာမလား။ အနော် ဖေ့ဘုတ်မှာ ခဏလောက်ပျောက်နေဦးမယ်။ တနေ့ပြန်ဆုံမယ်နော်
ဟုတ်ပ...တစ်ခါတစ်လေကျတော့လည်း အနောက်တိုင်းသားတွေလို ခပ်ပြတ်ပြတ် ခပ်ဘွင်းဘွင်း ပြောထည့်လိုက်တာမျိုး အားကျမိပါသဗျား...ဦးဟန်ကြည်တို့ ရွှေလူမျိုးကျတော့ အားနာရတာနဲ့ မကောင်းတတ်လို့ ဘာဖြစ်လို့ ညာဖြစ်လို့နဲ့ ကိုယ်ပဲ လုံးပါးပါးပေဦးတော့...
ဘလော့ရွာကြီး ပြန်ပြီးအသက်ဝင်လာနေတာကို ထိုင်ကြည့်နေရတာ တကယ့်ကို မင်္ဂလာရှိလှပါသဗျား...
ဟုတ်တယ်နော်..တခါတခါတော့လဲသူတို့လိုလူမျိုးတွေကိုအားနာချင်တော့ဘူး..အသူကျတော့စိတ်မရှည်ရင်မရှည်သလို..ပြန်မပြောတတ်လို့..အဲ့ရန်တော့ကင်းတယ်..အားမနာတတ်တာကြာပြီမမရယ်..
စာကတော့ရေးချင်တဲ့စာသာရေး..ဖတ်ပေးမယ်သိလား..
အသူကတော့ငပျင်းဘာမှလဲရေးဖြစ်ဘူး..:P
အစ်မရေ.. ကျွန်တော်လည်း windows 8 သုံးတာပဲဗျ..။ ဘယ်လို browser သုံးတာလဲ .။ Facebook မက်ဆေ့ခ်ျကနေပြောပါ.။ ကူညီနိုင်ကောင်းပါရဲ့.။ ကျွန်တော်တော့ အကုန်အဆင်ပြေပါတယ်.။
Post a Comment