၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်..........
မနက်ခင်းဟာ သာသာယာယာနဲ့ ရောက်ရှိလာခဲ့တယ်..။
အအေးပိုင်းနိုင်ငံတစ်ခုရဲ့ ဆောင်းတွင်းအလယ်ပိုင်းကာလ ရက်တစ်ရက်ဖြစ်နေပေမယ့်လည်း နေရောင်တချို့က
ပြတင်းတံခါးကနေဖြတ်ပြီး အခန်းထဲထိတိုင် ဝင်ရောက်လာခဲ့ပါတယ်...။ အိမ်နဲ့ မနီးမဝေးမှာရှိတဲ့
ကစားကွင်းကနေ Tennis ရိုက်လို့ ဆူညံသံတွေ ကြားလိုက်ရကတည်းက ဒီနေ့ဟာ နေသာတဲ့နေ့တစ်နေ့ပါလားဆိုတာ
သိလိုက်ပါတယ်...။
နံနက်မှာ ဘုရားရှိခိုး ပြင်ဆင်စားသောက်ပြီး
အိမ်နဲ့ ဖုန်းပြောပါတယ်..။ အဲဒီနေ့က ကျောင်းမှာ reading class က မနက် ၁၀ နာရီစမှာဆိုတော့
ပြေးပြေးလွှားလွှားပြောဆိုပြီး ကျောင်းကို အမြန်သုတ်ခြေတင်ပြေးရပါတယ်...။ မနက်ပိုင်းတစ်ခုလုံးလိုလို စာဖတ်ဝိုင်းနဲ့တင် ပြီးသွားခဲ့ပါတယ်...။ နောက်တော့
ဈေးဝယ်၊ အိမ်ခဏပြန်ပြီး ညနေပိုင်းမှာ သူငယ်ချင်းတွေနဲ့ Gathering လုပ်ပါတယ်...။
အဓိက ချက်တာက အုန်းထမင်း၊
ကြက်သားဟင်း၊ ဘာလချောင်ကြော်၊ ချဉ်စော်ခါးသီးချဉ်ရည်ဟင်းကို တစ်ယောက်တစ်မျိုး ဝိုင်းဝန်းချက်ကြပါတယ်...။
ကြားထဲမှာတော့ အသီးမျိုးစုံထည့်တဲ့ Cocktail လုပ်တယ်.။ ဖက်ထုပ်ကင်၊ Nuts၊ အာလူးကြော်
ဘာညာသာရကာတွေလည်း စားရင်းသောက်ရင်း၊ ပြောရင်းဆိုရင်း ရယ်ရင်းမောရင်းနဲ့ပေါ့...။
ဒီလိုနဲ့ပဲ ၂၀၁၅ ခုနှစ်အတွက်
ကျမရဲ့ မွေးနေ့ဟာ မိသားစုနဲ့ အဝေးမှာရောက်နေပေမယ့်လည်းပဲ သူငယ်ချင်းတွေ မောင်နှမတွေနဲ့အတူ
ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖြစ်ခဲ့ပါတယ်..။ သူတို့စီစဉ်ပေးတဲ့ ချောကလက်မွေးနေ့ကိတ်ဟာ
ကျမအတွက်တော့ ပျော်စရာအမှတ်တရတစ်ခုပါပဲ ..။ ချိုအီနေတာတွေ မကြိုက်တဲ့ကျမအတွက် ခါးသက်သက်အရသာပါတဲ့
ချောကလက်ကိတ်ဟာ အကြိုက်တွေ့စေတဲ့ မွေးနေ့ကိတ်ဆိုတော့ သူငယ်ချင်းတွေစီစဉ်ပေးတာနဲ့ ကျမအကြိုက်
ကွက်တိဖြစ်စေခဲ့ခြင်းဟာ ကြည်နူးစရာပါ ...။
မှတ်မှတ်ရရ ဒီနှစ်ဟာ ကျမအတွက်
မွေးနေ့ကိတ်ကို ၂ ကြိမ်တိုင်တိုင် လှီးခဲ့ရတဲ့ အမှတ်တစ်ရနှစ်တစ်နှစ်ပါ ..။ ကျမရဲ့ ဆရာ
မွေးနေ့ကလည်း ကျမနဲ့ တစ်ရက်တည်း ၃၁ ရက်နေ့ပဲဖြစ်ကြောင်း မှတ်မှတ်ရရသိခဲ့ရပါတယ်..။ ၃၁
ရက်နေ့က စနေနေ့ဖြစ်နေတာကြောင့် ၃၀ ရက်နေ့ သောကြာနေ့မှာ ဆရာ့အတွက် အမှတ်တရမွေးနေ့ကိတ်ကို
Lab. တစ်ခုလုံးက ကျောင်းသားတွေ စုပြီး ပြင်ဆင်ကျင်းပခဲ့ပါတယ်..။ အဲဒီမှာ ကျမရဲ့မွေးနေ့ကလည်း
အတူတူဖြစ်တာကြောင့် ကိတ်ကို ကျမကိုလည်း ဆရာက လှီးစေခဲ့တာပါ..။ အဲဒီမှာ တွေ့ရတာက ကျမတို့ဆီမှာလို
မွေးနေ့ကိတ်ကို မွေးနေ့ရှင်က အခြားသူတွေကို ခွံ့မကျွေးပါဘူး..။ အဲဒါလည်း ကောင်းတာာပါပဲ
..။ မဟုတ်ရင် လူတိုင်းရဲ့ ပါးစပ်ထဲ ဇွန်းတစ်ချောင်းထဲထည့်တာ ကောင်းတဲ့ဓလေ့တော့ မဟုတ်တော့
ကျမက အမြဲလိုလို စားဖို့ ရွံ့နေတတ်တာနဲ့ အကိုက်ဖြစ်နေတော့တာပေါ့ ..။ အိမ်မှာဆိုရင်တော့
တစ်ပန်းကန်စီထည့်ပေးပြီးမှ တစ်ယောက်ချင်းရဲ့ ဇွန်းကိုယ်စီနဲ့ပဲ ခွံ့ကျွေးတဲ့ဓလေ့ကို
ကျင့်သုံးပါတယ်..။
ဒါက ဆရာ့အတွက် မွေးနေ့ကိတ်
ကျမရဲ့မွေးနေ့ဟာ ပျော်ရွှင်မှုတွေ၊
ရယ်မောသံတွေနဲ့အတူ ပြီးဆုံးသွားခဲ့ပါတယ်..။ သာယာတဲ့ရာသီဥတုမှာ နှင်းပွင့်လေးတွေ ခပ်ပါးပါးကျနေခြင်းက
နှင်းကိုချစ်တဲ့ကျမအတွက် ပျော်စရာအမှတ်တရတစ်ခုဖြစ်နေခဲ့ပါတယ်..။ ကျမရဲ့ အဝေးကြီးမှာ
ရောက်နေပေမယ့်လည်း နေ့ရက်တွေ အချိန်တွေ လွဲနေပေမယ့်လည်း မှတ်မှတ်ရရ Birthday wish
ကို အချိန်ကိုက်ပြောပေးတတ်တဲ့ ချစ်သူကလည်း အမှတ်တရတွေထဲက အရေးကြီးတဲ့ အမှတ်တရတစ်ခုပါ..။
အခြားသူတွေကို ဝန်မပိစေချင်လို့ Facebook မှာ မွေးနေ့ကို ဝှက်ထားပေမယ့်လည်း တစ်ယောက်ကနေတစ်ယောက်
သိရှိသွားတာနဲ့ Birthday wish လုပ်ကြတဲ့ သူငယ်ချင်း၊ အစ်ကို၊ အစ်မ၊ မောင်လေး၊ ညီမလေးတွေရဲ့
စာသားတွေကလည်း ကျမရဲ့ ပျော်ရွှင်မှုကို ပိုပြည့်စုံစေခဲ့ပါတယ်...။
ပန်းရောင်ချစ်တဲ့ ကျမအတွက် ပန်းနုရောင် လက်ဆောင်..။
3 comments:
ချောကလတ်ကိတ်ကျွေးပါ။စားချင်တယ်။ :P
မသိလိုက်ဘူး။ Happy Belated Birthday!
Happy belated birthday တိမ်လွှာရေ...
တီတင့်က ဖဘမှာတက်လာတဲ့ မွေးနေ့ နိုတီဖီကေးရှင်းလေးတွေကိုသာ သတိထားမိလို့ မသိလိုက်ဘူးကွယ်...မွေးနေ့ရှင်လေး ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြချမ်းသာသုခနဲ့ ပြည့်ဝပါစေလို့ ဆုတောင်းခဲ့တယ်နော် ♥♥♥
Post a Comment