Hello everyone,
မနေ့ကပဲ final defense ပြီးသွားပါတယ်..။ အဲဒီရက်အလွန်ကို မျှော်ပြီး ပျော်နေလိမ့်မယ်လို့ထင်ထားခဲ့မိပေမယ့် ထင်ထားသလောက်တော့ ပျော်စရာမကောင်းခဲ့ပါဘူး....။ defense ပြီးတဲ့နောက် တွေးစရာ လုပ်စရာတွေ များလာတယ် ..။ ကိုယ့်ဘ၀ကိုယ်လည်း ပြန်စဉ်းစားမိလာတယ် ..။ ဘာလို့ ဒီလို စာတွေပဲ လေ့လာနေရတဲ့ ဝဲဂယက်ထဲပဲ တဝဲလည်လည် ရုန်းကန်နေရတာလဲပေါ့...။ Defense မတိုင်ခင် တစ်ပတ်လောက်အတွင်းဟာ presentation file ကို စိတ်တိုင်းကျအောင် ပြင်နေရတာနဲ့ မအိပ်လိုက်ရတဲ့ရက်တွေလည်း ရှိခဲ့တယ် ..။ သေချာတာတော့ ရူးမသွားသေးဘူး ထင်ပါတယ် ..။ စာအုပ်မအပ်ခင်တုန်းကတစ်ခါ မအိပ်ရတဲ့ရက်တွေ ရှိခဲ့သေးတယ်....။ ပညာတွေတောက်လျှောက်သင်လာခဲ့တဲ့အတောအတွင်း ဒီအကြိမ်ဟာ ဘဝမှာ ပြင်းပြင်းထန်ထန်ကြိုးစားဖူးခြင်းပါပဲ ...။ အသက် ၅ နှစ် သူငယ်တန်းကတည်းက စာတွေနဲ့ပဲ လုံးပမ်းနေခဲ့တာ အခု အသက် ၃၀ ကျော်လာတဲ့အထိ အပြင်လောကအကြောင်း ဘာမှမသိဘဲ ဒီသံသရာထေဲလည်နေတာ ဖြစ်သင့်ရဲ့လားဆိုတာတော့ ပြန်စဉ်းစားရဦးမယ် ..။ ဒါပေမယ့်လည်း ကိုယ်ပဲ ပုံမှန်မဟုတ်တာလားတော့မသိပေမယ့် ဒီနေ့ post-doc ခေါ်တဲ့ call တွေ လိုက်ဖတ်ဖြစ်နေသေးတယ် ...။
မနေ့က defense မှာ lab. က ကျမနဲ့ တရုတ်မလေး တစ်ယောက် လုပ်ကြတာဆိုတော့ congratulations cake က ၂ ခု စားရတယ် ..။ ပန်းစည်းလေးလည်း lab member တွေက စုပြီး စီစဉ်လက်ဆောင်ပေးကြတာ ...။ အားလုံးပြီးစီးသွားမှပဲ lab. က သူတွေအားလုံးနဲ့ အေးအေးဆေးဆေး စကားထိုင်ပြောဖြစ်တယ် ..။ အရင်ကတော့ စာပဲ ကုန်းရုန်းလုပ်နေရတာဆိုတော့ သေချာစကားမပြောဖြစ်ဘဲ seminar ရောက်မှသာ တွေ့ဖြစ်ကြတာကိုး ..။ နောက်လထဲတော့ အားလုံးစုပြီး ကမ်းခြေတစ်ခုကို ခရီးသွားကြဖို့ စီစဉ်ထားကြသေးတယ် ..။ မြန်မာသူငယ်ချင်းတွေနဲ့လည်း စုပြီး လျှောက်သွားရဦးမယ် .။ တစ်ယောက်တည်းလည်း မရောက်သေးတဲ့နေရာတွေကို လျှောက်လည်ဖို့ အစီအစဉ်တွေ ဆွဲရဦးမယ် ..။ အဓိကက ငွေရေးကြေးရေးကလည်း တွက်ချက်ရပြန်ဦးမယ်.။ မပြန်ခင် ဝယ်ချင်တာတွေကလည်း အများကြီး။ မြန်မာမှာက ဒီမှာထက် ၃ ဆ လောက်ဈေးများတာဆိုတော့ လိုမယ်ထင်တာလေးတွေ ဝယ်သွားရဦးမယ် ..။ ဂျပန်က drug store brand တွေက မြန်မာရောက်ရင် high-end brand တွေဖြစ်ပြီး ဈေးတွေကြီးလွန်းလိုက်တာ..။
စာတွေလည်း အများကြီးပြန်ရေးနိုင်အောင် ကြိုးစားရဦးမယ် ...။ ဘာတွေရေးဖြစ်မလဲတော့ အတိအကျမရှိပေမယ့် ဟိုဟာရေး ဒီဟာရေးကပဲ ကိုယ့်စတိုင်လ်ဖြစ်နေတော့ ရေးချင်တာရေးရမှာပေါ့လေ...။ လောလောဆယ်တော့ အိပ်ရေးပျက်ထားတဲ့ဒဏ်တွေကြောင့် လူက စိတ်သိပ်မရွှင်လန်းသေးဘူး....။ နောက်မှပဲ ရှေ့ဆက်လှမ်းမယ့်လမ်းတွေအတွက် သေချာစဉ်းစားရည်ရွယ်ဖို့ လုပ်ရဦးမှာ..။ သေချာတာတော့ မြန်မာပြန်ရောက်တာနဲ့ မိသားစုဘဝတစ်ခုဖြစ်အောင် ကလေးယူဖို့ အရင်ဆုံးကြိုးစားဖြစ်မှာပါ ...။
နောက်တစ်ခု ကျမရဲ့ မကောင်းတဲ့အချက်တစ်ခုက အရေးကြီးတဲ့ event တွေအတွက်ဆို ဘယ်တော့မှ ကောင်းကောင်းမှတ်တမ်းတင်ထားလေ့မရှိတာ..။ အဆိုးဆုံးက ဘွဲ့ ၂ ခုရပြီးပေမယ့် သူများတွေလို အိမ်မှာ အလှချိတ်စရာ ဘွဲ့ဓါတ်ပုံတစ်ခုမှ မရှိပါဘူး။။ ပထမဘွဲ့တုန်းက မြန်မာမှာပေမယ့် ဘွဲ့နှင်းသဘင်မှာ ကိုယ့်ကင်မရာနဲ့ပဲ အဆင်ပြေသလို ရိုက်ဖြစ်တော့ ကိုယ်တစ်ပိုင်းပုံ တစ်ပုံမှ မရှိဘူး..။ မိတ်ကပ်လည်း မလိမ်းဖြစ်တော့ မပြင်တတ်မဆင်တတ်ချိန်ဖြစ်တဲ့အပြင် ကင်မရာကလည်း ပရိုမဟုတ်တော့ ကောင်းကောင်းကန်းကန်းပုံတစ်ပုံမှမရှိခဲ့ဘူး..။ ဂျာမနီမှာတုန်းကတော့ Graduation ချိန်က ကိုယ်ပြန်သွားပြီး ၅ လလောက်နေမှ လုပ်တာဆိုတော့ ဘွဲ့တောင် တက်မယူလိုက်ရပါဘူး.။ ရုံးကပဲ EMS နဲ့ လှမ်းပို့လိုက်တာ။ မေ့နေခဲ့တာ ခုမှ သတိရမိ..။ အဲဘွဲ့လက်မှတ်ကိုင်ပြီး အိမ်မှာတောင် ဓါတ်ပုံမရိုက်ဖြစ်သေးဘူး..။ မနေ့ကလည်း အဲဒီလိုပါပဲ ။ အစက တွေးထားတာ ကင်မရာယူလာပြီး သူငယ်ချင်းတစ်ယောက်ယောက်ကို သေချာ ရိုက်ခိုင်းမယ်ပေါ့ ...။ တကယ့်နေ့လည်း ရောက်ရော အလုပ်တွေ ရှုပ်နေတာနဲ့ပဲ အာရုံမရတော့တာနဲ့ ဘယ်သူ့ကိုမှ မပြောဖြစ်တော့ဘူး ..။ Defense လာတက်တဲ့သူငယ်ချင်းတွေက နည်းနည်းပါးပါးရိုက်ပေးထားလို့သာ အချို့ပုံလေးတွေ အမှတ်တရအနေနဲ့ ရထားတယ် ..။ ဒါပေမယ့် သူတို့လည်း အဝေးက ရိုက်ရတာလည်းဖြစ် ဖုန်းနဲ့ပဲဆိုတော့ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားတော့ မဟုတ်ဘူးပေါ့လေ..။ ဘာပဲဖြစ်ဖြစ် မှတ်တမ်းတစ်ခုအနေနဲ့ ရှိတာပဲ ရိုက်ပေးတဲ့သူငယ်ချင်းတွေကို တကယ်ကျေးဇူးတင်မိတာပါ ..။ ဓါတ်ပုံရိုက်တာ အရမ်းဝါသနာပါပေမယ့် ကိုယ့်ဘဝပေးကုသိုလ်ကံကပဲ ဘဝရဲ့ အရေးကြီးတဲ့ event တွေမှာ မှတ်တမ်းတင်ဖို့ ကံမစပ်တာပေပဲလား မသိပါဘူး...။ အဆိုးဆုံးက ငယ်ရွယ်တုန်းမှာ prewedding ပုံတွေလည်း သေချာ မရိုက်ဖြစ်ဘူး ..။ အမျိုးသားက ဂျပန်ကို လာလည်တာ ၂ ခါရှိပြီ ..။ post wedding ဓါတ်ပုံရိုက်ကြမယ်ဆိုပြီး စီစဉ်ထားကြပေမယ့် ဟိုလိုလို ဒီလိုလိုနဲ့ပဲ မရိုက်ဖြစ်လိုက်ပါဘူး...။ မြန်မာပြန်ရောက်ရင်တော့ အသက်လည်း ငယ်တုန်း လူလည်း ကလေးမွေးပြီး ပုံဆိုးပန်းဆိုးမဖြစ်သေးခင် ရိုက်ဖြစ်အောင် ရိုက်ဦးမှာ..။ ဒီတစ်ခါ ဘွဲ့ယူရင်တော့ ပုံကောင်းကောင်းလေးလည်း ရနိုင်ကောင်းပါရဲ့ ...။
မနေ့တုန်းက အမှတ်တရပုံလေး....။
လူက စိတ်နဲ့ကိုယ်နဲ့ မကပ်တော့ စာရေးတာ ဟိုရောက်ဒီရောက်ဖြစ်နေရင်လည်း သည်းခံပေးကြပါလို့ ...။ ဒီနောက်ပိုင်းစာရေးရင် လိုတဲ့နေရာတွေမှာ ကိုယ့်ဓါတ်ပုံတွေ ထုတ်ပြဖို့လည်း စဉ်းစားထားပါတယ် ...။ အရင်ကတော့ ကိုယ့်ပုံကိုယ် Public မတင်ရဲတာက အင်တာနက်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကြောက်လို့ပါ ...။ ကိုယ့်လို ပါချီပါချက်ကိုတော့ ဘယ်သူမှ ဘာမှလည်း သိတာမဟုတ်ပါဘူးလေ...။ ကွကိုယ်သာ စိတ်တွေပူနေတတ်တာ 😂😂။ ခုတော့ ဘလော့ဂ်တွေ ခေတ်မရှိတော့ဘူးဆိုတော့ လူတွေ သိပ်စိတ်မဝင်စားတော့တာကြောင့် ဘာတင်တင် ဘယ်သူမှ မြင်တာမဟုတ်တော့ ဒီမှာပဲ ကိုယ်ရေးချင်တာလျှောက်ရေး ကိုယ်တင်ချင်တာတင်ဖို့ စိတ်ကူးထားပါတယ် ...။
OK then!! See you later 👐👐
Thanks for coming here 🙏😘😘😘😘😘

No comments:
Post a Comment