Sunday, 12 August 2012

သူငယ်ချင်းရေးတဲ့ကဗျာ ~ (၁)

August 12, 2012 7 Comments

သူငယ်ချင်းတစ်ယောက်ရေးတဲ့  ကဗျာလေးပါ..။ ကြိုက်လို့ ဒီမှာ  ပြန်သိမ်းထားတဲ့သဘောပါပဲ.. :D
သူလဲ ခေါင်းစဉ်မရှိတဲ့ ကဗျာတွေ ခဏခဏရေးတယ် ...။ ဒါလည်း ခေါင်းစဉ်မရှိပြန်ဘူး ...။
ကဗျာလေးကို ခံစားနှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ် .....။ ကျမကတော့ ကဗျာတွေချစ်တတ်သူဆိုတော့ ... ကြိုက်ပါတယ်  ......။


အားလုံးပျော်ရွှင်ပါစေ ..................................။

Friday, 10 August 2012

လွှင့်ပစ်ခဲ့တဲ့ အတိတ် ......

August 10, 2012 13 Comments

လွတ်ကျသွားခဲ့တဲ့ အိပ်မက်တစ်ချို့မှာ
စိမ်းစိမ်းစိုစိုသစ်ပင်တွေပါတယ် ….။
ခြောက်သွေ့သွားချိန်ဆို အနံ့မရှိတော့တဲ့
ခရေမဟုတ်တဲ့.. ဇွန်ပန်းတစ်ချို့ပါသွားတယ်..။
အော်ရေးရှားပင်အောက်က ခုံတန်းလေးတစ်ခုလဲပါတယ် ….။
မိုးရေစက်တစ်ချို့အောက်က
အရောင်ရင့်ရင့် အပွင့်နုတ်နုတ်ထီးလှလှလေးတွေပါတယ် ….။

အပြောကျယ်တဲ့ …ရေကန်ကြီးတစ်ခုပါတယ် ….။
ကဗျာမဆန်တဲ့ တောင်တက်လမ်းတစ်ချို့ပါတယ် ….။
ရယ်သံတစ်ချို့တစ်ဝက်ပါတယ် …။
ကျောင်းသီချင်းတစ်ချို့ လည်းပါတယ်..။
ငါ့စိတ်ထဲကနေ နင့်ကိုအပြီးအပိုင်ထုတ်ပစ်ဖို့
ငါ့ရှေ့မှာ နင့်အကြောင်း စကားတစ်လုံးတောင် မဟတော့တဲ့
ဆိုးတူကောင်းဖက်သူငယ်ချင်းတွေပါတယ် ..။

ငါ့ကြောင့် နင်ကျခဲ့တဲ့ မျက်ရည်တစ်ချို့
နင်မသိတော့ပေမယ့် …တခါတခါ
ငါကျခဲ့တဲ့မျက်ရည်တစ်ချို့
အလွမ်းတွေကို စာမဖွဲ့ချင်တော့ဘူးလို့ စိတ်ကူးမိပေမယ့်
စိတ်ကူးတည့်တိုင်း ရေးမိတတ်တဲ့ အသည်းကွဲကဗျာတစ်ချို့........
ကမ္ဘာကြီးရဲ့တစ်ဘက်ဟိုအဝေးမှာ
ငါနင့်ကို မုန်းနေတယ် …………………………..။
မုန်းတယ်ဆိုကတည်းက မမေ့သေးလို့
မမေ့သေးတာကိုက ရှုံးနေပြီ … ဟုတ်တယ်..ငါရှုံးခဲ့တာဖြစ်မှာပါ …။
ဘ၀တစ်ခြားက နင် ..သိဖို့လည်းမလိုပါဘူးလေ …..။

Sunday, 5 August 2012

အနိုင်အရှုံးမရှိတဲ့ပြိုင်ပွဲ +++

August 05, 2012 13 Comments

 ရှုံးမယ်လို့ ကြိုသိနေတဲ့ပြိုင်ပွဲတစ်ခုအတွက်
အနိုင်နဲ့ပိုင်းခဲ့မိတာ ..ငါမှားခဲ့တယ်လို့
စွပ်စွဲကြလည်း ခံနိုင်ရည်ရှိခဲ့ပါတယ် ...........
ဇာတ်သိမ်းကို ကြိုသိနေတာက နင်နဲ့ငါပဲဖြစ်နေခဲ့တာကိုး ......

အရှုံးတွေပဲဆိုကြပါစို့ .....
အဲဒီအရှုံးတွေကို ကဗျာတွေအဖြစ် ထုဆစ်
မေ့ပစ်ဖို့ ကြိုးစားနေမိတာ ..ငါမမှားသေးဘူးထင်တာပဲ .....
အဆိုးထဲကနေ အကောင်းကျန်အောင်တော့ 
ငါ့မှာကြိုးစားဖို့ လွတ်လပ်ခွင့်တစ်ချို့ရှိနေသေးတယ် .......

ပြိုင်ပွဲတစ်ခု အနိုင်ရရှိဖို့
နှလုံးသားတစ်ခု စတေးခဲ့ရတယ်
နင်နိုင်ပါတယ်ဆိုတဲ့စကားလုံးတွေနဲ့ မျက်ရည်တစ်ချို့ရဲ့ရှေ့မှာ
ဟန်ဆောင်ကောင်းခဲ့တဲ့ နှလုံးသားတစ်စုံ
ကြေမွကွဲအက်နေတာတော့
ရှုံးတယ်လို့ အများကထင်တဲ့နင် သိလိုက်မှာမဟုတ်ပါဘူး 
လျှပ်တပြက်အတွင်းမှာ ခွပ်ကနဲ ကွဲအက်သွားခဲ့တာကိုး .........။

 ~~~~~~~~~~~~~~~~~~~~~
တကယ်တော့ အချစ်မှာ အနိုင်အရှုံးမှမရှိတာ
သူ့ဘ၀ ပိုချောမွေ့ဖို့
နှလုံးသားရဲ့ရေရွတ်သံကို မသိကျိုးကျွန်ပြုပြီး လှည့်အထွက်
ထာဝရသတိရနေမှာပါဆိုတဲ့ စကားလုံးတစ်ချို့
ကိုယ်ကြားလိုက်တယ် ........
တိုးလျလျလေး ....ကိုယ်ကြားလိုက်တယ်ဆိုရုံလေး ......
သူရေရွတ်လိုက်လေသလား ........
တကယ်တော့ ကိုယ့်ရင်ဘတ်ထဲက ကွဲအက်သွားတဲ့
နှလုံးသားရဲ့ နောက်ဆုံးညည်းညူသံသဲ့သဲ့မှန်း
ကိုယ်တစ်ယောက်ပဲ သိခဲ့တယ်
သူသိအောင်လည်း ကိုယ်ဖွင့်မပြောမိခဲ့ ~~~~~~~~။

Thursday, 2 August 2012

ပြန်ဆုံဖြစ်ကြရင် ..............

August 02, 2012 18 Comments
ကဗျာလှလှလေးတစ်ပုဒ်ရေးမယ်ဆိုပြီး... ဒီစာရွက်လေးကို ဆွဲထုတ်လိုက်တာ..... မထင်မှတ်ဘဲ.. အသည်းကွဲစာတစ်ပုဒ်ဖြစ်သွားတယ် O_o

အခုတလော...အသည်းကွဲတဲ့အကြောင်းတွေ ခဏခဏကြားနေလို့ နားရည်ဝသွားတာဖြစ်နိုင်တယ်...။
ကိုယ့်ဘာသာရေးပြီး ကိုယ့်ဘာသာပြန်ဖတ်တာတောင် ရေးထားတာက တစ်စက်ကလေးမှ ကဗျာမဆန် ;'(
ရေးပြီးသားဆိုတော့ မထူးပါဘူးဆိုပြီး ဘလော့ဂ်မှာတင်လိုက်ရတာ..... အသစ်မတင်ဖြစ်တာလည်း ကြာမှာစိုးလို့ ..... သည်းခံပြီး ဖတ်သွားပေးပါဦးနော် .... အားလုံးကို ခင်မင်လေးစားလျက်ပါ ......။

Sunday, 29 July 2012

အဝေးရောက်ချစ်သူ ~~~~

July 29, 2012 17 Comments
ဘာမှ မရေးဖြစ်လို့ Facebook မှာတင်ထားတဲ့ပုံကို ဒီမှာ ထပ်တင်ပါတယ် :D
အခုတလောနားထောင်ဖြစ်နေတဲ့သီချင်းလေးကိုလည်း အားပေးနိုင်ကြပါတယ်..
ခံစားချက်နဲ့ ထပ်တူကျသူများ စိတ်တိုင်းကျ လွမ်းနိုင်ပါသည် :)))


Sunday, 22 July 2012

မဆုံနိုင်သော ~~~~~~~

July 22, 2012 15 Comments

နိဒါန်းမှာကတည်းက
မမြဲခဲ့တဲ့ တွဲလက်အစုံ
ခပ်ယဲ့ယဲ့သံယောဇဉ်မှတ်တိုင်အောက်မှာ
ထာဝရနိဂုံးအဖြစ်
လက်တွဲပြုတ်သွားကြတာ အဆန်းတော့မဟုတ်ပါဘူး .....

ဒါပေမယ့်လည်း …
အမှတ်တရအဖြစ်
အမုန်းတွေတော့ ထင်ကျန်ရစ်နေခဲ့တယ် …..
အဲဒီအမုန်းတွေကို ….
ဥပေက္ခာတွေအဖြစ် အသွင်ပြောင်း မေ့ပစ်လိုက်ဖို့တော့
နားလည်မှုတစ်ချို့လိုအပ်နေသေးတယ်…..

အင်းးးးး ……သူပျော်နေမှာကို
ကိုယ်ငေးကြည့်နေနိုင်ဖို့ဆိုတာ
နေ့ရက်တစ်ချို့အတွက် ……
မုဒိတာတရားပွားများဖို့တော့
ကိုယ်ကြိုးစားရဦးမယ် ……။

 ***************************************************

အားပေးမှုတိုင်းအတွက် ကျေးဇူးတင်ပါတယ် ....။ ရေးသမျှကို ခံစားနားလည်အားပေးတတ်သူများ ... C-box မှာ ခင်မင်ရင်းနှီးစွာနှုတ်ဆက်တတ်သူများ၊ ရေရေရာရာရေးတတ်တာလည်းမဟုတ်ပဲ ကြုံသလိုရေးတာတွေကို ကြုံသလိုအားပေးသွားကြသော ချစ်ဖို့ကောင်းတဲ့ စာဖတ်သူများ၊ အရာအားလုံးအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်..။
အနည်းဆုံးတော့ ဒီနေရာက ကျမပျင်းလာရင် ချရေးချင်ရာရေးတတ်တဲ့... နေရာတစ်ခုဖြစ်နေခဲ့ပြီ ....။ တစ်ခါတစ်လေတော့ ခံစားချက်တစ်ချို့ရေးတယ်... အများအားဖြင့် အငှားခံစားပြီး ဖန်တီးရေးတတ်တာများပါတယ် ....။  ဘာကြောင့် ကိုယ့်ခံစားချက်အစစ်တွေမဟုတ်ပဲ အဲလိုရေးတာလည်းမေးရင်... စာရေးရတာ တစ်ကယ်အပျင်းပြေလို့ပါ ...။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မထိခိုက်စေပဲ ...စာတွေဆက်ရေးဖြစ်ဦးမှာပါ ........။

ခင်မင်လေးစားမှုများစွာဖြင့် ~~~~~~~~

Thursday, 19 July 2012

မိုးရေထဲမှာ ~~~~~

July 19, 2012 9 Comments
မိုးတွေရွာနေတယ်......
တခါတလေ.. ထစ်ချူန်းလို့
တခါတခါတော့လည်း .... မသည်းပဲ မိုးဖွဲလေးတွေမျှသာပါပဲ .........

မိုးရေတွေထဲမှာ .....
တစ်ယောက်တည်းလျှောက်ရင်း ....
တွေးချင်ရာတွေးတယ်.....
အတွေးတချို့က လက်ရှိကာလကိုပဲ ....
တချို့ကတော့ ....... ကျန်ခဲ့တဲ့အတိတ်ဆီကို အပြေးအလွှား ......

မိုးစက်တစ်ချို့က 
မျက်နှာကိုလာစင်တယ် .........
တချို့ကတော့ မြေပြင်ပေါ်မှာ ကစဥ့်ကလျားကျလို့ ........


တစ်ချို့ပန်းပွင့်လေးတွေကတော့
မိုးရေစက်တွေအနဲ့အတူလှပလို့
တစ်ချို့ကတော့ မိုးရေစက်တွေနဲ့အတူ လေထဲမှာလွင့်မျော .....

တစ်ချို့မိုးစက်လေးတွေတော့
မြေပြင်နဲ့တောင် ထိတွေ့ခွင့်မရဘဲ .....
ရေငွေ့အဖြစ်နဲ့ပဲ ....လေခေါ်ဆောင်ရာနောက် လိုက်ပါလို့ ......
အဲလိုပဲ .... မပြောဖြစ်တဲ့စကားလုံးတစ်ချို့လည်း ....
အတွေးတွေနဲ့အတူပဲ ...တဖြည်းဖြည်းလွင့်မျောကုန်လို့ 
 စာမျက်နှာပေါ်မရောက်လာတဲ့ စကားလုံးတွေ
ဘယ်လောက်တောင်များနေခဲ့ပြီလဲ ........။

မိုးကလည်း သူ့တာဝန်သူကျေပွန်စွာ ...
အချိန်တန်ရွာတာပဲ .....
သူ့ကိုမုန်းသူရှိမယ် ...ချစ်သူရှိမယ် ....
မုန်းသူတွေ ပိုမုန်းမှာစိုးရိမ်လို့ဆိုပြီး .... မရွာချပဲနေတာမှမဟုတ်တာ ....
အဆိုးအကောင်းဒွန်တွဲနေတဲ့လောကကြီးမှာ ....
အကောင်းချည်းလက်ခံချင်လို့လည်း မဖြစ်ဘူးလေ .......
အဲဒီတော့ ကိုယ့်တာဝန်ကိုကျေ.... ကိုယ့်အလုပ်ကိုယ်လုပ် ....
ဒါပဲကောင်းပါတယ် ...



******************************
အခုတလော ဒီမှာ မိုးအမြဲလိုလိုရွာတယ်.....။ မိုးတဖွဲဖွဲရွာလာရင် အိမ်ကိုပိုသတိရတယ် ...။ ဘာကြောင့်တော့မသိဘူး...။ ဒါပေမယ့် အိမ်ကိုတော့ အချိန်ပြည့်အချိန်တိုင်းသတိရနေတာပဲ...။ မိုးတွေရွာလာရင် ပိုဆိုးတယ်...။ အိမ်မှာဆိုရင် မိုးရွာလာပြီဆို အပြင်သိပ်မထွက်ဖြစ်ပဲ... မိသားစုတွေဆုံပြီး မုန့်တွေစား..စကားတွေပြောနဲ့ .. အခုအချိန်မှာတော့ တစ်ယောက်တည်း..... အဲဒီတော့ ပိုလွမ်းတယ်....။ ဘ၀လှဖို့ ခဏတာခွဲရတာပဲ...စာဖွဲ့လောက်စရာတော့ မဟုတ်ပေမယ့်.... ကိုယ့်အတွက်တော့ ရေးချင်ရာချရေးတဲ့ စာအပိုင်းအစတွေဖြစ်ဖြစ်သွားတယ် .....။


Tuesday, 10 July 2012

ကာရံနဲ့ သံစဉ် - သီချင်းနဲ့ ကဗျာ ♥ ♫ ♥

July 10, 2012 12 Comments

အများကြီးမလိုအပ်ပါဘူး
ရေးချင်တဲ့အချိန် ကဗျာတွေ ချရေးဖို့ စာရွက်လွတ်တစ်ချို့ရယ်
မင်းအတွက် သံစဉ်တွေကို ဖော်ကျူးပေးမယ့် ဂစ်တာတစ်လက်ရယ်
ကိုယ်ကဗျာတွေ ရွတ်လိုက်တဲ့အခါတိုင်း
လက်ခုပ်တီးပေးသလို ….တသွင်သွင်စီးဆင်းနေမယ့် စမ်းချောင်းသေးသေးလေးတစ်ခုရယ်
မင်းရဲ့ ဂစ်တာသံတစ်ချို့ကို …ဟာမိုနီလိုက်ပေးမယ့်
တီတီတာတာ ကျေးငှက်ကလေးတွေရယ် ……… ♥ ♫ ♥

ပန်းပွင့်လှလှလေးတွေ…. ပျားပိတုန်းတွေ လိပ်ပြာတွေ ရစ်ဝဲနေမယ့်
လှပတဲ့ ဥယျာဉ်ကြီးတစ်ခု မရှိရင် နေပါစေ …….
အစိမ်းရောင် သစ်ပင်တွေရှိရင်ပဲ ….ကိုယ်ကျေနပ်ပါပြီ …..။
အသည်းပုံဖော်ထားတဲ့ အနံ့မွှေးလွန်းတဲ့ အမျိုးအစားစုံ ကော်ဖီတွေ ကိုယ်မလိုပါဘူး……
အနည်ကျတဲ့အထိ ..စောင့်ပြီးသောက်ရတဲ့
သကြားမပါတဲ့ ကော်ဖီကြမ်းတစ်ခွက်ဆိုရင်ပဲ…. 
ကိုယ့်အတွက်က ကဗျာဆန်နေတတ်ခဲ့ပြီ….. ♥ ♫ ♥

ကိုယ်ကဗျာတွေရေးဖို့ ကာရံတွေမရှိတဲ့အခါ …… မင်းက ဂစ်တာသံတိုးလျလျလေး တီးခတ်ပြမယ်
ကြယ်ကလေးတွေ …ရေတွက်ရင်း….. သီချင်းတစ်ချို့ဆိုညည်းပြမယ် …..။
မင်းသီချင်းတွေရေးစပ်ဖို့ သံစဉ်တွေ မရှိချိန်ဆိုရင် ……
ကိုယ်က မင်းအတွက်ရေးထားတဲ့ ကဗျာတွေ ရွတ်ပြမယ် ….
လမင်းကြီးးကို ငေးကြည့်ရင်း….. မပြီးဆုံးသေးတဲ့ဘ၀ခရီးတစ်ခုကို အတူဆက်လျှောက်ဖို့ ….
ကိုယ့်ရဲ့မျှော်လင့်ချက်တစ်ချို့ကို …..တိုးတိုးလေးပြောပြမယ် ……။

မင်းက သီချင်းတွေဆိုမယ်… ကိုယ်က ကဗျာတွေရေးမယ် ……
လောဘတွေ ဒေါသတွေ ….. သံသယတွေ.. အာဃာတတွေ မရှိဘူး …..
အချစ်လို့ ခေါင်းစဉ်မတပ်ချင်တဲ့…. အေးချမ်းတဲ့ မေတ္တာတရားတွေ စီးဆင်းနေမယ် ……
နားလည်မှုနဲ့စတဲ့ ခရီးတစ်ခုအတွက်
ကိုယ်တို့တွေ နားလည်မှုတွေနဲ့ပဲ ..ရှေ့ဆက်ကြမယ် ……..♥ ♫ ♥

****************************************************

Photo credit: gallery.mobile9.com

Friday, 6 July 2012

ရောင်စုံနှင်းဆီကမ္ဘာ .... ^^

July 06, 2012 14 Comments
ဒီနေ့ နည်းနည်း အချိန်ရလို့ ဟိုလည်ဒီလည်လုပ်ပြီးတော့... တစ်ခုခုရေးဖို့ စဉ်းစားမိတယ်...။
ဒါပေမယ့် ....ဘာမှရေးဖို့..... စိတ်ကူးထဲ မရှိပြန်ဘူး...။ ဒီနေ့ စာမေးပွဲက presentation တွေအားလုံးပြီးသွားပြီ ..ပြီးတော့ သောကြာနေ့လည်းဖြစ်တော့... စာမကြည့်ပဲ အငြိမ့်ဖွင့်ထားရင်း အခန်းရှင်း... စာအုပ်တွေ ဟိုစီဒီစီလုပ်နေတာ အခု ည ၁၁ နာရီထိုးမှပဲ ပြီးတော့တယ်...။ ၁၉ ရက်နေ့မှ ပြန်ပြီးတော့ oral exam/ written exam တွေဆက်ဖြေရပြီး ၈ လပိုင်း ၁၇ ရက်နေ့ဆိုရင် အားလုံးပြီးသွားပြီး အေးအေးဆေးဆေးစာရေးနိုင်တော့မှာ..။ ဒီကြားထဲ... ပျင်းရင်ပျင်းသလို ဟိုရေးဒီရေးပေါ့ ...။ ဒီမှာ စာမေးပွဲကာလက အရမ်းကြာတယ်... တစ်ဘာသာနဲ့ တစ်ဘာသာကြားထဲမှာ အနည်းဆုံး ၄ ရက်လောက်ခြားတယ်...။ စာကြည့်ချိန်တော့ရပေမယ့် stress တွေနဲ့ အကြာကြီးနေရတာကျတော့လည်း မကောင်းပြန်ဘူး ။။။ 
နှင်းဆီတွေ တစ်ဝကြီးကြည့်ကြပါဦးနော်.. အပျင်းပြေပေါ့..။ နှင်းဆီချစ်တတ်သူများအတွက်ပါ ....။ ဂျပန်က နှင်းဆီပန်းတွေပါပဲ..။ နောက်ထပ်လည်း အများကြီးရှိသေးတယ်..။ နောက်ပျင်းတဲ့အချိန်.. ရေးစရာမရှိတဲ့အချိန်မှ ထပ်တင်ရဦးမယ် ^_*









အပိုင်း -၂ :D
Creativity starts from a BELIEF ++

ကလေးတုန်းက..... ဘာကိုမှ အကြောက်အလန့်မရှိ..
ကိုယ်သာ ဘုရင်.. ကိုယ်သာ သူများထက်သာတယ် လုပ်နိုင်တယ်လို့ ..ယုံကြည်ခဲ့ကြတော့
ကလေးသဘာဝပေမယ့်... မိမိကိုယ်ကို ယုံကြည်မှုကြောင့် ဘာဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်ခဲ့တယ်..။
ယုတ်စွအဆုံး.... ကစားတာပဲဖြစ်ဖြစ်ပေါ့...။
နည်းနည်းရင့်ကျက်လာတဲ့အခါ ...
ပတ်ဝန်းကျင်ကို မြင်တတ်လာပြီး ယှဉ်ကြည့်တတ်လာကြတယ်..
ယုံကြည်မှုတွေ တဖြည်းဖြည်းလျော့လာပြီး
ငါလုပ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်လာကြတယ်..။
အဲဒီပူပန်မှုတွေက ..... ရဲဝံ့မှု မိမိကိုယ်ကိုယုံကြည်မှုတွေကို အနည်းနဲ့အများ လျော့နည်းစေလာခဲ့တယ်...။
အဲဒီတော့ တခါတလေ အကောင်းဆုံးဖြစ်အောင်... မလုပ်နိုင်တော့ဘူး....။
တကယ်တော့ လူတစ်ယောက်ရဲ့ အောင်မြင်မှုကို ဖန်တီးနိုင်စွမ်းအားဆိုတာ.. မိမိကိုယ်ကို၊ မိမိအစွမ်းအစကို ယုံကြည်မှုပေါ်မှာ အခြေခံဖြစ်တည်လာတာပါ..။ (ဒီ movie လေးကို သဘောကျလို့ .. ကိုယ်တွေးမိသလို ပြန်ရေးကြည့်မိတာ၊ ပြီးဆုံးအောင် ကြည့်လိုက်ရင် တကယ်ကောင်းတဲ့ အတွေးအခေါ်တစ်ခုကို ရိုးရိုးရှင်းရှင်းလေး သရုပ်ဖော်ထားတာကို တွေ့ရပါလိမ့်မယ်..။ အားလုံးသိပြီးသားဖြစ်ပေမယ့်.. သရုပ်ဖော်ထားတာလေးက တကယ်ဖြစ်နေတတ်တာတွေကို ထင်ဟပ်မိစေတယ်.. 

(Facebook မှာတော့ share ထားတယ်..ဒါပေမယ့် အဲဒီကိုက တော်တော်များများက ရောက်ဖြစ်မှာမဟုတ်လို့ ဒီမှာ ထပ်ရှယ်လိုက်တာပါ.. အိုင်ဒီယာလေး ကြိုက်လို့ပါ)

  ****************************************************************

Thanks a lot for your kind visit ! :-**

Sunday, 1 July 2012

ရေးချင်ရာ ရေးဖြစ်ခဲ့တာတွေ .........

July 01, 2012 12 Comments

 
တဂွမ်ဂွမ် မြည်တတ်တဲနာရီက နှိုးစက်သံတွေ ……
ငါးမိနစ်ခြားတစ်ခါ…. ထထအော်ပေးတဲဖုန်းက နှိုးစက်မြည်သံတေ
ဒီလိုအသံတွေနဲ့တောမနိုးတတ်ပဲပန်ပြန်အိပ်တတ်ခဲ့တာ………
Vibration နဲ့လာတဲနင့်ရဲ့ message သံလေးတစ်ခါမှာတောင
ချက်ချင်းကောက်ကြည့်ပြီး….. ထထိုင်…ချက်ချင်းပြန်ပို့တတ်ခဲ့တာက
နင့်ကို မှီခိုချင်လို့….. မဟုတ်ပါဘူး……….
စာပြန်မပို့မချင်း……….. ငါမနိုးမှာ စိုးရိမ်နေတာမျိုး မဖြစ်စေချင်လို့ပါ……။

အဲဒီစာတိုလေးတွေနဲ့ ……. Missed call တွေနဲ့ပဲ အိပ်ရာနိုးတတ်ခဲ့တာ
ငါ နင့်အပေအားကိုးနေတာမဟုတ်ပါဘူး………..
နင့်ဂရုစိုက်မှုတွေကိုမတ်နိုးတတ်ခဲ့တာပါ ……….။
ခဏခဏ ဖုန်းခေါ်တတ်ခဲ့တာ စာပို့တတ်ခဲ့တာက
မယုံကြည်လို့ မဟုတ်ပါဘူး......
သတိရလို့ နင့်အသံကို ကြားချင်လို့ပါ .................။

နင်ရေးတတ်တဲ့ ဆိုပြတတ်တဲ့ သီချင်းတွေတိုင်းကို
ဘာမှ မဝေဖန်တာက .... ငါဘာမှ မသိလို့ မဟုတ်ပါဘူး.....
နင်ဆိုသမျှ..ရေးသမျှကို ....... ငါအကောင်းချည်းမြင်နေတတ်လို့ပါ ......။

ငါရေးသမျှ စာတွေ ကဗျာတွေကို နင့်ကို မပြောပြဖြစ်တာက 
လျှို့ဝှက်ထားတာ မဟုတ်ပါဘူး ....
နင့်အကြောင်းချည်း များများဆိုတော့ .... နင်လှောင်ရယ်မှာ ကြောက်မိလို့ပါ ......။ 
&&&..............................................................&&&

ရေးချင်ရာ ရေးတယ်ဆိုပြီး..... Galaxy S3 ပုံတင်ထားတာက 
အကြောင်းအရာနဲ့တော့.... ဘာမှ မဆိုင်ပါဘူး.....
အခုတလော ကျမ ရူးနေတဲ့ ဖုန်းဖြစ်နေလို့ပါ .........။
ခဏခဏပို့စ်တွေတော့ တင်ဖြစ်ပြီး အိမ်လည်ဖို့ ပျက်ကွက်နေတာက
ဘာမှတော့ မဟုတ်ပါဘူး........
ပင်ပန်းတဲ့အချိန် အပျင်းပြေကဗျာရေးတတ်ပြီး
တကယ်အလုပ်ရှုပ်နေလို့ပါ ....... :D
...............................................................................................................

အားလုံးပျော်ရွှင်စေဖို့ ဆုတောင်းပေးပါတယ် ....ရေးထားတာက တော်တော်များများရေးတတ်တဲ့ ကဗျာပုံစံနဲ့တော့ တိုက်ဆိုင်နေတယ်...။ အကြောင်းအရာတွေတော့ မတိုက်ဆိုင်လောက်ဘူးထင်ပါတယ် .....။
 

Follow Us @soratemplates