ဒီနေ့ သောကြာနေ့ဆိုတော့ စာရေးမယ်လို့ စဉ်းစားပါတယ်.. ဒါပေမယ့် ရေးချင်တဲ့အကြောင်းအရာက တစ်ခု အခုရေးမှာက တစ်မျိုးဖြစ်နေတယ်..။ စာရေးတယ်ဆိုတာ လွယ်တဲ့အလုပ်တစ်ခုမဟုတ်မှန်း အခုမှပဲ သေချာသိတော့တယ်.. စိတ်ထဲမှာ ဘာမှမရှိပဲ.. ရှင်းနေတဲ့အချိန်မျိုး.. အားနေတဲ့အချိန်မျိုးမှပဲ စာကောင်းကောင်းရေးလို့ရတာပဲနော်..။ အဲဒါကြောင့် အခုတလောတော့ ကျမရေးချင်တဲ့ပုံစံမျိုးတွေ မရေးနိုင်တာ ကြာနေခဲ့ပြီ..။ ကျမရေးချင်တာက ၀တ္ထုတိုလေးတွေ... ဗဟုသုတရစေမယ့် အတွေးအခေါ်လေးတွေ.. အက်ဆေးတွေ၊ ကဗျာတွေရေးချင်တာ..။ ကျမအခုတလော တင်ဖြစ်နေတဲ့ ခရီးသွားတဲ့ဓါတ်ပုံတွေ၊ ကျမဘယ်သွားတယ်..ဘာလုပ်တယ်စတာမျိုးတွေ ရေးချင်တာမဟုတ်ပါဘူး..။ ဒါပေမယ့် အဲလိုမျိုးမှ ပို့စ်မတင်ရင်လည်း စာအေးအေးဆေးဆေးရေးဖို့ ဦးနှောက်မအားတာနဲ့ပဲ ကျမဘလော့ဂ်က ဘာမှ အသစ်တင်ဖြစ်မှာမဟုတ်တာနဲ့ပဲ ကြုံရာကျပန်းပို့စ်တွေ တင်ဖြစ်နေခြင်းပါ..။
ဒီနေ့ ဂျာမနီက သစ်တောထဲကို လေ့လာရေးသွားတယ်...။ တိုင်းတယ်.. တွက်ချက်တယ်.. ဆွေးနွေးတယ်.. လေ့လာတယ်.. ပြီးတော့ပြန်လာတယ်..။ တခုကောင်းတာက တောထဲထိ ကားသွားလို့ရတော့ အဝေးကြီးလမ်းလျှောက်စရာမလိုတော့ မပင်ပန်းဘူးပေါ့လေ.. :) ကျမကတော့ မြန်မာနိုင်ငံမှာတုန်းက တခါမှ မလေ့လာဘူးတဲ့ အအေးပိုင်းအပင်တွေကို လေ့လာခွင့်ရတာ တကယ်ပျော်ခဲ့ပါတယ်...။ အရင်က နာမည်ပဲ ကြားဖူးပြီး.. တခါမှ မမြင်ဖူးခဲ့ပါဘူး.. ။ ကျမလိုပဲ သစ်တောသစ်ပင်တွေကို ကြည့်ရမြင်ရတာ စိတ်ချမ်းသာတဲ့သူများ.. ခံစားနိုင်စေဖို့ ဝေမျှခြင်းဖြစ်ပါတယ်..။ အပင်တွေအားလုံးကတော့ နွေရာသီရောက်လာလို့ စိမ်းစိမ်းစိုစိုတွေ ဖြစ်ကုန်ကြပါပြီ။
ဒီအပင်တွေက Norway Spruce လို့ခေါ်တဲ့သစ်ပင်ကြီးမျိုးတွေပါ.. ။ ခရစ်စမတ်သစ်ပင်တွေနဲ့တူပါတယ်..။ ဒါပေမယ့် စိုက်ပြီးရင် သစ်ထုတ်ဖို့အတွက်က နှစ် ၁၀၀ စောင့်ရတော့ ကြီးထွားနှုန်းနှေးတယ် လို့ ပြောလို့ရပါတယ်..။ ကျွန်းတောင်မှ နှစ် ၈၀ ပဲစောင့်ရပြီး အခု ကျွန်းစိုက်ခင်းတွေဆိုရင် နှစ် ၄၀ ခုတ်ပတ်တွေနဲ့တောင် တွက်ချက်စိုက်ပျိုးနေကြပါပြီ..။ အခု စိုက်ခင်းက သက်တမ်း ၅၅ နှစ်ရှိပြီ..။
ရွက်အုပ်ထိပ်ပိုင်းထိပုံကို လိုချင်လို့ တော်တော်ကြိုးစားပြီး ရိုက်လိုက်ရတယ်
ဒီပုံကိုတော့ တော်တော်ကြိုက်တယ်.. ရိုက်ထားတာ ပန်းချီကားလိုလိုဘာလိုလိုနဲ့ :)
ပြီးတော့ နောက်စိုက်ခင်းတစ်မျိုးကို ဆက်သွားကြပါတယ်..။
ဒီစိုက်ခင်းကကျတော့ Beech လို့ခေါ်တဲ့သစ်ပင်ကြီးမျိုးပါပဲ.. သူက ပိုပြီးတော့ အကြီးနှေးတယ်.. နှစ် ၁၄၀ ကြာမှ သစ်ထုတ်ကြတယ်..။
တောထဲရောက်ရင် ဒီလိုပုံလိုချင်လို့ နောက်လန်လဲကျမတတ်ရိုက်ထားရတဲ့ပုံပါ :)
မလွဲရင်မလုပ်ဘူး.. တခုခုဆိုလွဲရမှ ကျေနပ်တဲ့ပုံပဲ.. အရင်တစ်ပတ်က လေ့လာရေးသွားတော့ အေးမှာပဲဆိုပြီး Boots စီးတယ်.. ရောက်တော့ စက်ရုံထဲမှာ သွားရတာဆိုတော့ ရာသီဥတုက ပူလာတဲ့အခါ မနေတတ်တော့ဘူး.. အဲဒါနဲ့ ဒီတစ်ပတ်တော့ အဲလိုမဖြစ်အောင်ဆိုပြီး တမင် Sandals စီးလာတဲ့အခါကျတော့ တောထဲမှာ အေးအေးနဲ့၊ သစ်ရွက်ဆွေးတွေနဲ့ ရှတတအပင်သေးသေးလေးတွေနဲ့ ဒီဖိနပ်နဲ့က အဆင်ကိုပြေလို့ :)
ကျမနဲ့အရမ်းခင်တဲ့ အင်ဒိုက သူငယ်ချင်းနဲ့ နယ်သာလန်က သူငယ်ချင်း- သူတို့ ၂ ယောက်တီးတိုးတီးတိုးနဲ့ တခုခုတိုင်ပင်နေကြပုံရတယ် :)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြော်ငြာများ :D
ဘုရားကို ပူဇော်ဖို့ ၀ယ်ဖြစ်ခဲ့တဲ့ ပန်းစည်း.. ဒီအရောင်လည်း လှတယ်နော် :)
အိမ်ပြန်ရောက်တော့ စားဖြစ်တဲ့ ဆီချက်ခေါက်ဆွဲ.. ဒါတောင်
နည်းလမ်းမကျမှာစိုးလို့ စာအုပ်ထဲကအတိုင်း သေချာဖတ်ပြီး
အတိအကျပြင်ဆင်ထားတာပါ :)
ပြီးတော့ မ၀တာနဲ့ပဲ အစိမ်းကြော်ထပ်လုပ်စားတယ်. ထမင်းကျက်တဲ့အထိ မစောင့်နိုင်လို့ ဒတိုင်းပဲ စားတယ် :D
နွေရာသီရောက်ရင် စီးဖို့ဆိုပြီး ဒီကိုလာတုန်းက သက်ဆိုင်သူတစ်ယောက်က လက်ဆောင်ပေးလိုက်တဲ့ရွှေရောင်ဖိနပ်ကလေး :)
ဒီရောက်ကတည်းက အေးတာနဲ့ပဲ တခါမှ မစီးဖြစ်ခဲ့သေးဘူး.. အခုတလောတော့ နည်းနည်းပူလာပြီဆိုတော့ ဒီဖိနပ်လေး ထုတ်ကြွားလို့ရပြီ၊ ဈေးသိပ်မကြီးပေမယ့် စေတနာတွေကတော့ တော်တော်တန်ဖိုးရှိပါတယ် :D :D
(မှတ်ချက်.. ဖိနပ်ပုံတင်မိတာ အားလုံးကိုတောင်းပန်ပါတယ်နော်.. အပျော်သဘောနဲ့ပါ.. ဒါပေမယ့် ကျမကတော့ ဖိနပ်ဆိုပြီး နိမ့်ကျတဲ့စာရင်းထဲ ဘယ်တော့မှ မသွင်းပါဘူး... သူတို့တွေမရှိရင် ကျမတို့ဘ၀တွေလည်း အဆင်ပြေမှာ မဟုတ်ဘူးလေ.. အဲဒါကြောင့် ကျမကတော့ လူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်ခုအနေနဲ့ တန်ဖိုးထားပါတယ်)
******************************************************
Happyyyyyyyyyyyy Weekend to you all !!!!!!!!!
19 comments:
တောထဲမှာလျှောက်သွားရတာလောက်ပျော်စရာကောင်းတာမရှိဘူး။း)
အိုင်အိုရာ
တောထဲလျှောက်သွားချင်တာ ဟီး
သစ်ပင်ပန်းပင်တွေတော့အရမ်းစိတ်ဝင်စားတယ်။။။
ဖိနပ်လေးလှတယ်။ သက်ဆိုင်သူ တစ်ယောက်ကို ပြောလိုက်ပါ။ :)
တောထဲက သစ်ပင်တွေကလဲလှ ဓါတ်ပုံရိုက်တဲ့သူကလဲတော် ဆီချက်ခေါက်ဆွဲလေးကလဲ စားချင်စရာ
အစိမ်းကြော်ကလဲ မိုက်မှမိုက် အားလုံးကောင်းတယ်
ချစ်ခင် လေးစားလျက်
လွင်ပြင်လှိုင်းငယ်
တောထဲကိုလာသွားပါတယ်
မမကျား
အင်း----စိတ်ဝင်စားမှုအရှိဆုံးကတော့ ဖိနပ်ပေးလိုက်တဲ့သက်ဆိုင်သူ ဘူလဲဟင်
ပြောမပြရင်ခေါ်တော့ဘူးနော်----ဒါဗြဲ
တောထဲကအပင်တွေ ဆီကိုသွားချင်တယ် ဒီမှာပူလွန်းလို့ပါ
အဲဒီသက်ဆိုင်သူက လူမိုက်လေ ဟီးးးး ဖိနပ်လက်ဆောင်ပေးရင် အဲဒီဖိနပ်စီးပြီး ကိုယ့်ဆီကနေ ထွက်ပြေးသွားတတ်တယ်လို့ မြန်မာမှာအယူရှိတာကို သူက အကြောက်အလန့်မရှိပေးလိုက်တယ် :P
အခုလိုပုံနဲ့ တကွရှင်းပြတော့လဲ ဗဟုသုတတိုးတာပေါ့ မရောက်ဖူးပေမဲ့ ကြည့်ရတယ်လေ
ရွှေရောင်ဖိနပ်လေးရဲ့ ရာဇ၀င် ကိုတော့ အရမ်းစိတ်ဝင်စားတယ်
ခင်တဲ့ 
မိုးသူ(တောင်ကြီး)
တောထဲက ပုံလေးတွေ လှတယ်
စိမ်းစိမ်းစိုစိုလေးတွေနော် ကြိုက်တယ်
စနိုးရိုက်တဲ့ပုံလေးတွေ ကြည့်လိုက်ရင် တအားလှတယ်... ဘယ်လိုရိုက်လဲ ဟင်
အိမ်မက်စေရာ
ဓါတ်ပုံလေးတွေလည်းကြည့်သွားတယ်။ အစိမ်းကြော်နဲ့ဆီချက်ခေါက်ဆွဲလည်းစားသွားပါတယ်မမစနိုးရေ
ဗဟုသုတလည်းရတယ်၊ ဗိုက်လည်းဝပါတယ်ခင်ဗျ
:D ခုလိုချီးကျူးတဲ့စကားကြားရတာ ပျော်လိုက်တာ. ဓါတ်ပုံရိုက်တာကို ၀ါသနာပါတာလည်းပါသလို ကင်မရာကြောင့်လည်း ဖြစ်မယ်ထင်တယ် :)
အလိုတောတွေတောင်တွေသါားရတာသဘောကျသဗျာ...
နောက်ဆို သားတို့ အတွက် ဂျာမာန်မချောချောလေးတွေရော ရိုက်ပေးနော်တိန်
စနိုးရေ...မကြီးရောက်ခဲ့တယ်နော်. ပွင့်လင်းရာသီရောက်ပြီမို့ ခုလိုသွားလာရတာ ပျော်စရာကြီးပေါ့။
ဟိုနေ့ကလည်း အပူ ၁၈ မလို့ မကြီးတို့ ကမ်းခြေရေကူးသွားကြသေးတယ်။
ညီမလေး စနိုးရေ.. ဒီစာကြောင်းမှာ ဒီ...က ကျန်ခဲ့တာလား တမင်ချန်ထားတာလားဟင်..
((((( မစောင့်နိုင်လို့ ဒတိုင်းပဲ စားတယ် :D ))))
ခင်မင်တဲ့...
မကြီးလွမ်း
သက်ရှိသက်မဲ့ အရာရာတိုင်းက သူ့နေရာနဲ့သူ အသုံးဝင်နေတာပဲနော် မမ စနိုး။ ဒီထက်မက ရေးနိုင်တွေးနိုင်ပါစေနော်။
ဓာတ်ပုံလေးတွေ တကယ်လှတယ်ဗျ...၊ဂျာမဏီကတောတွေက အောက်ခြေရှင်းတယ်ထင်တယ်နော်....၊ကိုယ်မရောက်ဖူး
တဲ့ ရှာရှာဖွေဖွေနေရာလေးတွေကို ခုလိုတင်ပေးတာ ကျေးဇူးဗျိုး...၊လင့်ပါယူသွားပါတယ်ဗျ....။
ဟုတ်ပါတယ်. ဂျာမနီကတောတွေက အအေးပိုင်းတော (Temperate Forests) တွေဆိုတော့ အပူပိုင်းသစ်တောတွေနဲ့ယှဉ်ရင် သစ်မျိုးလည်း နည်းသလို အောက်ခြေတွေကလည်း ရှင်းနေတတ်တယ်.. အပူပိုင်းတောတွေကတော့ သစ်မျိုးစုံပြီး.. တောထဲမှာ သွားလာရတာ ခက်ခဲတာတွေရှိတတ်တယ်
ဂျာမနီက သစ်တောကြီးထဲ အလည်လာပါတယ်စနိုးရေ
စနိုးက ဓာတ်ပုံရိုက်တာလည်း ၀ါသနာပါပုံ ပေါက်တယ်နော်
နွေဦးမှာဆိုတော့ ဥရောပက သစ်ပင်တွေလဲ စိမ်းလာကြပြီ
ဆောင်းဦးကအပင်တွေ ပိုကြိုက်တယ်ဟာ အရောင်တွေစုံတော့ ပိုလှသလားလို့ပါ
အဲဒီအချိန်လည်း ဓာတ်ပုံလေးတွေ တင်ပေးဦးမယ်မဟုတ်လား မျှော်နေမယ်
Post a Comment