တမာရနံ့တွေ သင်းပျံ့နေတဲ့ လမ်းထက်မှာ
ရယ်သံတွေ ပျံ့လွင့်ခဲ့ဖူးတယ် .....
ရေတမာတန်းတစ်လျှောက်မှာ
စကားသံတွေ ညံစည်နေခဲ့ဖူးတယ်.....
အချင်းမရှိ.. အဆင်းပဲရှိတယ်လို့ စာဆိုခဲ့ကြတဲ့
ပေါက်ပန်းနီနီ.. စိန်ပန်းရဲရဲတွေကို
နွေလေရူးကြားမှာ အတူကြည့်ခဲ့ဖူးတယ်....
တွဲခဲ့ဖူးတဲ့ လက်အစုံအတွက်
ခရေပွင့်လေးတွေနဲ့ ရေပြင်ကျယ်ကြီးက
သက်သေဖြစ်ခဲ့ဖူးတယ်.......။
အတူတူတက်ခဲ့ဖူးတဲ့ စာသင်ချိန်တွေ
အတူတူကျက်ခဲ့ဖူးတဲ့ သင်ခန်းစာတွေ
အတူ ဆိုညည်းဖူးတဲ့ သီချင်းတွေ................
ပြီးတော့...........................
အတူ ကန်တော့ခဲ့ဖူးတဲ့ ဆရာဆရာမတွေ
အတူခင်မင်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေ....
အမှတ်တရတွေအားလုံးက
အိပ်မက်ဆိုးတွေအဖြစ် ပျောက်ရှ
ဒါတွေကို ကြာရှည်ရပ်တည်နိုင်စေမယ့်
သူငယ်ချင်းအချစ်ကိုမှ ဖျက်ဆီးပစ်ခဲ့မိတာကိုး........။
ဖြူစင်တဲ့ သံယောဇဉ်ကို အချစ်လို့အထင်မှား
အရောင်ဆိုးချင်ခဲ့တဲ့
ငါတို့ အလွဲတွေလို့သာ သတ်မှတ်ကြပါစို့.......။
လမ်းကွဲခဲ့တဲ့ ပုံပြင်တစ်ပုဒ်ရဲ့အဆုံးသတ်မှာ.......
အမြတ်ရလိုက်တဲ့ တစ်စုံတစ်ရာက
ငါ................. ကုန်ကြမ်းတွေ တစ်ထပ်ကြီးပိုင်ဆိုင်နိုင်ခဲ့တယ်....။
သူငယ်ချင်းတစ်ယောက် အားပေးသလို
ပေါ်လီယာနာစကားနဲ့ဆိုရင်တော့
ဒါလည်း ၀မ်းသာစရာပဲလေ....
နေတတ်ရင် ဘ၀က ကျေနပ်စရာချည်းပါ......။
အခုအချိန်မှာတော့
တစ်ချိန်က ရေးဖူးခဲ့တဲ့ အသည်းကွဲကဗျာတစ်ပုဒ်ကို
ဟာသတစ်ခုလို ပြန်ဖတ်နေတတ်ခဲ့ပြီ
ဒါလည်း ပျော်စရာတစ်ခုပဲ.......................။
****************************************
Ref: ချစ်သူရဲ့ပုံပြင်... ရေး/ဆို - Aနွန်
♪♫ ♪ ကျောင်းဝန်းထဲမှာ ငါတို့နှစ်ဦး... ပျော်ဖူးခဲ့တဲ့နေ့တွေရယ်
အတန်းသွားတက်ရင် အတူတူပဲ... နင်လိုက်ပို့တဲ့အခါ.. ငါပျော်တယ်..... ♪ ♫♪
ကျောင်းဆင်းတဲ့အချိန် ငါတို့နှစ်ဦး....အတူစားခဲ့တဲ့ ထမင်းဆိုင်တွေ....
အခုတော့လည်းလေ.... အိပ်မက်လား.................... ♪♫ ♪ ♪ ♫
ဒီသီချင်းကြိုက်၏.... အကြီးကြီးကြိုက်သည်
ရေးထားတာကလည်း ကဗျာမဟုတ်စာမဟုတ်... ဘာအဖွဲ့အနွဲ့မှလဲမပါ.. ။ အရင်ရေးထားခဲ့ဖူးတဲ့စာတွေ ကဗျာတွေနဲ့များ သွားထပ်နေမလားမသိဘူး......။ ပြန်လည်း မကြည့်မိဘူး....။ ဒါပေမယ့်... ဒီအရေးအသားကိုပဲ အားပေးသွားသူများအားလုံးအား ကျေးဇူးတင်ပါသည် :D
လမ်းပုံလေးက ဂျာမနီက Kassel ဆိုတဲ့မြို့ကိုအလည်သွားတုန်းက ကိုယ်တိုင်ရိုက်ခဲ့တာပါ...။
ခရေပန်းပုံလေးကတော့ Google Image မှာ ရှာရင်းတွေ့တာ.. ။ ခရေးပန်းပုံရဲ့ မူရင်းလင့်ကတော့ lyricswithoutmelody.blogspot.com ဖြစ်ပါတယ်....။
လမ်းပုံလေးက ဂျာမနီက Kassel ဆိုတဲ့မြို့ကိုအလည်သွားတုန်းက ကိုယ်တိုင်ရိုက်ခဲ့တာပါ...။
ခရေပန်းပုံလေးကတော့ Google Image မှာ ရှာရင်းတွေ့တာ.. ။ ခရေးပန်းပုံရဲ့ မူရင်းလင့်ကတော့ lyricswithoutmelody.blogspot.com ဖြစ်ပါတယ်....။
11 comments:
ဖတ်သွားပါတယ် စနိုးရေ
ကဗျာလေးကလည်းကောင်..သီချင်းကလည်းကောင်းတယ်
စနိုးရေ...
ကျွန်တော်လည်းအဲဒီသီချင်းလေးကြိုက်တယ်၊ ကဗျာလေးလည်းဖတ်သွားပါတယ်။
နူးညံ့တဲ့ အရေးအသားစကားလုံးတွေကို ခံစားဖတ်ရှုသွားပါတယ်
ပုံလေးတွေနဲ့ စကားလုံးတွေနဲ့ လိုက်ဖက်ညီပါတယ် ဗျာ
ကဗျာလေးကဖတ်လို့ရင်ထဲထိပါတယ်
ခရေပန်းလေးကိုလဲချစ်တယ်
ကဗျာလေးကိုလဲ အကြီးကြီးကြိုက်တယ်
ကျနော်ကျောင်းတော်ကတော့ ကျနော်၇င်ထဲက အလွမ်းနတ်သမီးပဲဗျ
အသည်းကွဲတော့ ငါကုန်ကြမ်းတွေရလိုက်တယ်။ မင်းကြောင့် ငါစာရေးဆရာဖြစ်လာတယ်။ အဲဒါ အမြတ်ပဲ။
ကဗျာလေးကိုလည်း ကြိုက်တယ်
ချစ်သူပုံပြင် သီချင်းလေးကိုလည်း ကြိုက်တယ်
ဒါပေမယ့် အခုတလော လွမ်းတဲ့သီချင်း
နားမထောင်ချင်သေးဘူး
မေ့နိုင်အောင် ကြိုးစားရတာဆိုတော့ဗျာ
အရင်တစ်ခါကလေ ...
အစ်မတင်ပေးတဲ့ Pls Don't wake me ဆိုတဲ့
သီချင်းလေး အရမ်းမိုက်တယ်
အခုတလော နားထောင်ဖြစ်နေတာ
လာအားပေးသွားပါတယ်ရှင်
ကဗျာမဟုတ်၊စာမဟုတ် တဲ့ ချစ်စရာကဗျာစာ လေးကို ဖတ်လိုက်ရတာ ကျောင်းတော်ကြီးကိုတောင်ပြန်လွမ်းသွားမိ...။
လမ်းလေးကိုရိုက်ထားတဲ့ ဓာတ်ပုံလေးကိုသဘောကျတယ်...။အဲ့လိုလေးရိုက်ချင်တာအရမ်း...။အဲ့လိုလမ်းမျိုးလေးမတွေ့လို့ဗျ။
Post a Comment