အချိန်တွေ တရွေ့ရွေ့ကုန်သွားခဲ့တာ ... အခုတော့ ချစ်တဲ့ ဒီဇင်ဘာကိုတောင် ရောက်လာခဲ့ပြီလေ..။ ဒီဇင်ဘာနဲ့ ပတ်သက်လာရင် မှတ်မှတ်ရရ ... အမြဲတမ်း အမှတ်တရတွေ ရှိနေခဲ့ဖူးတယ်..။ တစ်ချို့အမှတ်တရတွေကတော့ ပျော်စရာလို့ထင်ရပေမယ့်... ကိုယ်မထင်မှတ်လိုက်တဲ့အချိန်တွေမှာပဲ .. ကြေကွဲစရာအတိတ်တွေ ဖြစ်သွားခဲ့ဖူးတယ်..။
မှတ်မှတ်ရရတစ်ခုကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကစပြီး ဒီဇင်ဘာတိုင်း ခရီးတစ်ခုခုတော့ အမြဲတမ်းထွက်ရလေ့ရှိခဲ့တယ်..။ နှစ်တိုင်းလိုလိုပါပဲ ... New Year မှာ အိမ်မှာမရှိတဲ့နှစ်တွေလည်း ရှိနေခဲ့ဖူးတယ်..။ အနည်းဆုံးတော့ ဒီဇင်ဘာက ကျမအတွက် ခရီးသွားရတဲ့လ လို့ သတ်မှတ်ရမလိုပဲ ..။ ဒီတစ်နှစ်အတွက်ကတော့ ဖိလစ်ပိုင်ကိုသွားဖြစ်သလိုမျိုးပေါ့ ..။
အခု နှင်းတွေလည်း အရမ်းကျနေသလို ရာသီဥတုကလည်း အရမ်းအေးနေပြီ ..။ ဒီနှစ်ကူးလည်း မိသားစုနဲ့ဝေးတဲ့နေရာမှာ တစ်ယောက်တည်းပဲ ဖြတ်သန်းရဦးမယ် ...။ အလွမ်းတွေလည်း တစ်ဖြည်းဖြည်း အေးခဲလာနေသလိုပဲ ..။ တစ်ယောက်တည်းနေရတာ နေသားကျနေပြီလေ ..။ ပြောင်းလဲသွားတဲ့အရာတွေထဲမှာ .... သံယောဇဉ်တစ်ချို့ လောင်ကျွမ်းသွားသလို .... စိတ်တွေလည်း ပြောင်းလဲရင့်ကျက်လာခဲ့တယ် ...။ အသက်အရွယ်ကြောင့်ပဲဖြစ်မလား ...အခု နောက်ပိုင်းမှာ အပြောင်းအလဲတွေကို အရင်ထက်တည်တည်ငြိမ်ငြိမ်လက်ခံလာနိုင်ခဲ့တယ် ..။ တစ်ဖက်သတ်တည်းမကြည့်ပဲ .... အခြားဘက်ကိုလည်းကြည့်တတ်မြင်တတ်လာပြီး ခွင့်လွှတ်လာနိုင်ခဲ့တယ်..။ ဥပေက္ခာပြုဖို့ ကြိုးစားနိုင်ခဲ့လို့ မေ့သွားတဲ့အရာတွေလည်း ရှိလာခဲ့တယ် ...။
၂၀၁၂ တစ်နှစ်လုံးမှာ ... အပြောင်းအလဲ တော်တော်များများခဲ့ပါတယ်... တစ်ချို့ကတော့ လူငယ်သဘာဝ သံယောဇဉ်နဲ့ဆိုင်တဲ့ အရာတစ်ချို့ပေါ့ ..။ တစ်သက်လုံးမိဘတွေနဲ့ အတူတူနေတာကများခဲ့ပြီး အခုလို တစ်ယောက်တည်း ပညာသင်နေတဲ့အချိန်မှာ .... အားငယ်စိတ်မ၀င်အောင် ကြိုးစားရပ်တည်တဲ့အချိန် ... အဝေးကနေ တတ်နိုင်သလောက် ခွန်အားဖြည့်ပေးဖို့ မကြိုးစားပဲ .... အချစ်သစ်ရှာသွားတဲ့သူမျိုးလည်း ရှိသေးတာပဲလားဆိုတာ မျက်ဝါးထင်ထင်ပဲ မြင်လိုက်ရတယ် ...။ သေချာတာက ဒီသံယောဇဉ်က မခိုင်မာလို့ ဒီအချစ်က မစစ်ခဲ့လို့ပေါ့ ...။ အရေးကြီးတာတစ်ခုက ကျမဒီဘလော့ဂ်မှာ စာရေးဖြစ်တာကိုတော့ အရမ်းကျေနပ်ပါတယ် ..။ ဒါက ကျမဖေဖေရဲ့ ဆန္ဒတစ်စိတ်တစ်ပိုင်းလေ ..။ တစ်နေ့ကတောင် ဖုန်းပြောရင်းနဲ့ ကျမကို စာရေးစေချင်တဲ့အဖေ့ကို ဒီလိုမျိုး နည်းနည်းပါးပါးရေးဖြစ်ပါတယ်လို့ အရိပ်အမြွက်ပြောပြမိတော့ အဖေက ကျေနပ်နေတယ်.။ တစ်ကယ်တော့ အချိန်သိပ်မရတဲ့ကြားထဲမှာ ကျမလေးလေးနက်နက်လည်း သိပ်မရေးဖြစ်တော့ ကိုယ်တိုင်လည်း သိပ်အားမရပါဘူး ...။ ကျမစာတွေအများကြီးရေးချင်ပါတယ် ... ဒါပေမယ့် အချိန်တွေက တခါတလေ နည်းလွန်းတယ် ထင်မိတယ် ...။ စာရေးဖို့က တော်တော်အချိန်ပေးရသလို စိတ်လဲနှစ်ရတဲ့အခါကျတော့ ကျောင်းစာဘက်မှာ အာရုံစိုက်ရတဲ့အခါ ကျမ ဒီဘလော့ဂ်မှာ ကောင်းကောင်းမရေးဖြစ်တော့သလို ဖြစ်နေမိတယ် ..။ ရေးလက်စတစ်ချို့လည်း အပြီးမသတ်ဖြစ်သေးတာတွေ များနေတယ် ..။ ၀တ္ထုတစ်ပုဒ်ဆို အခန်းဆက်တောင် ရေးထားသလိုဖြစ်ပြီး ဆက်လည်း မရေးနိုင်သေးဘူး :) မြန်မြန်အဆုံးသတ်ရေးနိုင်အောင် ကြိုးစားရဦးမယ် ..။
ခရီးသွားနေတဲ့တစ်လအတွင်း အားတဲ့အချိန် စာတစ်ချို့ဖတ်ဖြစ်တဲ့အထဲကနေ တစ်ချို့စာအုပ်တွေကို Book review လိုမျိုးလည်း ရေးချင်သလို သွားခဲ့တဲ့ ခရီးတွေရဲ့ အတွေ့အကြုံတစ်ချို့လည်း ရေးချင်တယ်.။ ရေးနိုင်ဖို့ ကြိုးစားဦးမှာပါ ..။
အခုတစ်လောကြိုက်နေတဲ့ သီချင်းတစ်ပုဒ်ရှိတယ် .. ဒီသီချင်းကို ဒီအချိန်ရောက်ရင် အမြဲနားထောင်ဖြစ်သလို ဒီအချိန်ရောက်ရင် အရမ်းကြိုက်လာတယ်.... ကျန်တဲ့အချိန်တော့ မေ့နေသလိုပဲ ။
အင်းးးးးး သီချင်းထဲက ဆိုသလိုပဲ ... နှင်းများကြားထဲ နှစ်တစ်နှစ်ကုန်တော့မယ် ...။ အခုတော့ မြင်လေရာတိုင်းမှာ နှင်းဖြူဖြူတွေ လွှမ်းနေတယ် ...။ ခရစ်စမတ်အတွက် ပြင်ဆင်နေတာတွေ နှစ်သစ်ကို ကြိုဖို့ ပြင်ဆင်ရင်ခုန်နေတာတွေ တွေ့နေရတယ် ..။ကျမအတွက်တော့ အဖေနဲ့အမေကို လွမ်းနေတဲ့နှစ်ကူးဖြစ်နေမှာမို့ ဒီသီချင်းခေါင်းစဉ်လိုပဲ အလွမ်းနှစ်ကူးပဲ ဖြစ်နေဦးမှာပေါ့ ..။
========================
နှစ်သစ်မှာ အားလုံးပျော်ရွှင်အောင်မြင်ပါစေ ..^^
10 comments:
ညီမလေး snow ရေ
ပုံတွေကြည့်ရတာနှင်းတွေအတောါကြနေတယ်နော်..
ပုံလေးတွေကြည့်ပြီးစာဖတ်တော့ ဘာရယ်
မဟုတ်ပါဘူးမကြီးလဲအိမ်ကိုအရမ်းလွမ်းတယ်
လူအတော်များများ ခရစ်စမတ်အတွက်ပြင်ဆင်နေ
ကြတယ်.
အချစ်စစ် အချစ်မှန်သာတွေ့ပါစေလို့ဆုတောင်းရင်း
အမလည်းဒီဇင်ဘာလလေးကိုချစ်တယ် စနိုးတွေကိုချစ်တယ်..အေးတာလေးကိုကြိုက်တယ် အခုထိတော့ဒီမှာစနိုးမကျသေးဘူးကွယ် စာများများရေးပါနော်..
နှင်းတွေမြင်တော့အားကျလိုက်တာ...တခါမှနှင်းကိုအပြင်မှာမမြင်ဖူးသေးဘူး။
အမရေ..ရည်မှန်းချက်တွေပြည့်စုံပြီးရင်တော့ အလွမ်းတွေကအပျော်တွေအဖြစ်ပြောင်းတော့မှာပါ။အမမိဘတွေလဲအမလွမ်းနေမှန်းသိရင်..သတိရကြမှာပါ။
အချိန်နည်းတာကတော့တူတူပဲနော်။ဒီမှာပိုဆိုးတာကကော်နက်ရှင်းမကောင်းတာပဲအမရေ။ဘလော့ဂ်ဘက်ကိုရောက်သွားရင်အလုပ်တွေမေ့မေ့တတ်လွန်းလို့ခုတော့အလုပ်နဲ့အချိန်ခွဲခြားတတ်အောင်လုပ်နေရတယ်အမရေ
နှင်းတွေမြင်တော့အားကျလိုက်တာ...တခါမှနှင်းကိုအပြင်မှာမမြင်ဖူးသေးဘူး။
အမရေ..ရည်မှန်းချက်တွေပြည့်စုံပြီးရင်တော့ အလွမ်းတွေကအပျော်တွေအဖြစ်ပြောင်းတော့မှာပါ။အမမိဘတွေလဲအမလွမ်းနေမှန်းသိရင်..သတိရကြမှာပါ။
အချိန်နည်းတာကတော့တူတူပဲနော်။ဒီမှာပိုဆိုးတာကကော်နက်ရှင်းမကောင်းတာပဲအမရေ။ဘလော့ဂ်ဘက်ကိုရောက်သွားရင်အလုပ်တွေမေ့မေ့တတ်လွန်းလို့ခုတော့အလုပ်နဲ့အချိန်ခွဲခြားတတ်အောင်လုပ်နေရတယ်အမရေ
နောက်ရက်မှ သေသေချာချာလာဖတ်မယ်။ ဒီနေ့ညစ်နေလို့
မိဘနဲ့နှစ်ပေါင်းများစွာ အတူနေခွင့်ရတယ်ဆိုတာ ကုသိုလ်တစ်မျိုးပေါ့ စနိုးရေ။ ဖခင်ရဲ့ ဆန္ဒတစ်စိတ် တစ်ဒေသကြောင့် ဘလော့စာမျက်နှာတစ်ခု ဖွင့်ဖြစ်တယ်ဆိုတာဖတ်လိုက်ရတော့ တီတင့်လည်း ဖခင်ရဲ့ဆန္ဒဆိုရင် မဖြစ် ဖြစ်အောင်လုပ်ခဲ့တဲ့ သမီးပေါ့း)
နှင်းတွေဖုံးလွှမ်းနေတဲ့ ရှုခင်းလေးတွေကိုမြင်တော့ အတိတ်ကအချိန်လေးတွေ လျှပ်တစ်ပြက်သတိရမိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Sweet December ပါ စနိုးရေ... :D
နှင်းမြင်ရင် ကိုင်ကြည့်ချင်ထိကြည့်ချင်စိတ်တွေအရမ်းပေါက်တယ်။ လှလိုက်တာမမရယ်။
စနိုးရဲ့ အလွမ်းနှစ်ကူးလေးကို လာပြီးခံစားခဲ့တယ်
ပျော်အောင်နေပါ စနိုးရေ...မိုးနတ်လဲ ဒီလိုပါပဲ
Sweet December ပါနော်..
ချစ်တဲ့...မိုးနတ်
စနိုးလေးရေ...ပိုစ့်လေးဖတ်သွားတယ်။
နှင်းတွေမြင်တော့ ငိုချင်တယ်။ အေးလွန်းလို့
အပြင်မထွက်ရဲဘူး။ ခြေလိုက်ကိုက်တယ်။
ဒါပေမဲ့ ညီမလေး စနိုးကိုတော့ ချစ်ပါတယ်။
နှစ်သစ်လေးမှာ ချစ်စရာညီမလေး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာပါစေ.ချစ်တဲ့သူနဲ့လည်းပျော်ရွှင်နိုင်
ပါစေ
မကြီးလွမ်း
Post a Comment