တစ်ရက်တော့ လူမှုကွန်ယက်လို့ ခေါ်တဲ့
facebook တစ်ခွင်မှာ ဓါတ်ပုံမျိုးစုံ၊ ခံစားချက်မျိုးစုံနဲ့ အချစ်အကြောင်းကို ဖွင့်ဆိုပြနေကြလေရဲ့
....။ ချစ်သူများနေ့လို့ သတ်မှတ်ထားကြတဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာပေါ့ ...။ အထာပေါင်းစုံနဲ့
ဆရာကြီး ဆရာမကြီးများကလည်း ဆုံးမစကားတွေ မှာတမ်းချွေလား ချွေကြရဲ့ ...။ ၁၅ ရက်နေ့မှာ
သူငယ်ချင်းတစ်ယောက်တင်တဲ့ status လိုမျိုးပေါ့ “တော်ပါသေးရဲ့ ၁၅ ရက်နေ့ရောက်လာလို့
.. လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့သူဆိုတော့လည်း တနေ့လုံး အသံတောင်မထွက်ရဲဘူး” တဲ့ :D
:D ကိုယ်တွေကတော့ ပွဲကြည့်ပရိသတ် ..။ ပရိသတ်လုပ်ရင်းနဲ့ အချစ်အကြောင်းကို တွေးမိတယ်
..။ ကျမသတ်မှတ်ထားတဲ့ အချစ်ဆိုတဲ့အရာက ဘာလဲပေါ့ ...။ facebook မှာ ဆရာကြီးတစ်ချို့
အထာကြီးနဲ့ ရေးသလို “အချစ်အချစ်ချည်းလုပ်မနေနဲ့ .. ဘုရားတရားလိုက်စားဖို့ .. မိဘကို
ပြုစုလုပ်ကျွေးဖို့လည်း သတိရကြဦး” ဘာဘာညာညာ သတိပေးသလိုပေါ့ .. ။ သူတို့တော့ မိဘကို ဘယ်လောက်အလုပ်အကျွေးပြုကြလဲမသိ
... သူတပါးကိုတော့ အဲသလို ဝေဖန်ရေး လေကန်ရေးလုပ်နေကြတာတွေလည်း ဒုနဲ့ဒေး ..။ တကယ်တော့
ကဏ္ဍတွေက သီးသန့်စီ
..။ လူတိုင်း သူတို့ ခံစားချက်ကို ဖော်ပြဖို့ ရေးသားဖို့ အခွင့်အရေးရှိနေကြတာပဲမဟုတ်လား
..။
ထားပါတော့ ... စကားချည်းတွေကလည်း အများကြီး
... :-) :-)
ကျမရေးချင်တဲ့ အချစ်က သူစိမ်းတွေဖြစ်တဲ့ ချစ်သူတွေကြားမှာရှိတဲ့အချစ်
..။ အချစ်ဆိုတာတော့ လူတိုင်းနီးပါး ကြုံဖူးကြတယ် ..။ ခံစားဖူးကြတယ် ..။ အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြတယ်
..။ အချစ်ကြောင့် ပျော်ရွှင်ကြတယ် ၀မ်းနည်းကြတယ် ..ခံစားချက်မျိုးစုံကို ခံစားဖူးကြတယ်
...။ တကယ်တော့ အချစ်က သူ့ဘာသာအေးအေးချမ်းချမ်းရှိနေပေမယ့် ကိုယ်နဲ့ပတ်သက်လိုက်မိတဲ့
အခြားသူတစ်ယောက်အပေါ်မှာ မူတည်ပြီး ခံစားချက်တွေ ပြောင်းလဲသွားတယ် ...။ တချို့ကတော့
အချစ်ဆိုတာ ပေးဆပ်ခြင်း လို့ ဆိုကြတယ် ..။ အချို့ကတော့ ရယူပိုင်ဆိုင်ခြင်းတဲ့ ..။ ကျမယုံကြည်တဲ့အချစ်ကတော့
ရယူပိုင်ဆိုင်ခြင်း ပါပဲ ..။ လူတစ်ယောက်က သူချစ်တဲ့သူကို စွန့်လွှတ်ဖို့တော့ စချစ်ခဲ့မှာမဟုတ်ပါဘူး
..။ အချစ်ဆိုတာကို ခေါင်းစဉ်မှားတပ်ထားတဲ့ အပျော်ရည်းစားထားတာကလွဲရင်ပေါ့ ..။ တကယ်လို့
စွန့်လွှတ်နိုင်တယ်လို့ အစကတည်းက တွေးမိရင်တော့ အစကတည်းက မချစ်တာ အကောင်းဆုံးပဲ ..။
စွန့်လွှတ်နိုင်တယ်ဆိုကတည်းက အဲဒါ အချစ်စစ်မဟုတ်လို့ပဲ ..။ သူ့ဘက်က စွန့်လွှတ်နိုင်တယ်ဆိုပေမယ့်
တစ်ဖက်သားရဲ့ ခံစားချက်က ဘယ်လိုဖြစ်နိုင်လဲဆိုတာ ကိုယ်ချင်းစာသင့်တယ် ..။ ချစ်သူနဲ့
ကွေကွင်းရတာလည်း ဒုက္ခတစ်မျိုးပဲ မဟုတ်ပါလား...။
ဝတ္ထုတွေ ဇာတ်လမ်းတွေထဲမှာလည်း ခဏခဏကြားဖူးတယ်
..။ “မင်းဘ၀ လှပဖို့ ထွက်သွားရတာ” ဘာညာဘာညာပေါ့ ..။ အဲဒီလိုပြောကတည်းက အဲဒီယောက်ျားလေးက
အဖြစ်မရှိတဲ့ အရည်အချင်းမရှိတဲ့သူမျိုးလို့ ကျမတော့ သတ်မှတ်တယ် ..။ (p.s ကျမက မိန်းကလေးမို့
မိန်းကလေးဘက်က ခံစားချက်ကို ဦးစားပေးပြီး ရေးပါမယ်) တကယ်တမ်း မိန်းကလေးအများစု လိုချင်တဲ့ချစ်သူမျိုးက
ဘယ်လိုအခြေအနေမှာပဲ ဖြစ်ပါစေ .. ကိုယ့်ကို လက်လွှတ်မသွားတတ်တဲ့ ချစ်သူမျိုးပါ ..။ “မင်းစိတ်ချမ်းသာသလို
ဆုံးဖြတ်ပါ .. ထားသွားလည်းကိစ္စမရှိပါဘူး” “ငါနဲ့ဝေးသွားရင် မင်းဘ၀ ပိုအဆင်ပြေလိမ့်မယ်”
ဆိုတဲ့ ဝေးသွားခဲ့ရင် ဘယ်လိုမှမခံစားရဘူးလို့ အဓိပ္ပာယ်ရတဲ့ စကားလုံးတွေထက် “မင်းကို
ပိုင်ဆိုင်ခွင့်ရဖို့ အကောင်းဆုံးအခြေအနေတစ်ခုကို ဖန်တီးနိုင်အောင် ကြိုးစားနေတယ်”
ဆိုတဲ့ စကားတွေကို မျှော်လင့်တတ်ကြတာပါ ..။
တကယ်တမ်းအချစ်စစ်စစ်သာဖြစ်မယ်ဆိုရင် .. ချစ်သူကို
ပိုင်ဆိုင်ရဖို့ အခြေအနေတစ်ခုရောက်အောင် ကြိုးစားပါလိမ့်မယ် ...။ ဘယ်လိုအခက်အခဲ အဆင်မပြေမှုတွေနဲ့
ကြုံလာရပေမယ့် .. relationship ကို တည်မြဲအောင် ကြိုးစားကြမှာပါပဲ ..။ လွယ်လွယ်နဲ့
လက်လွှတ်နိုင်တယ်ဆိုတာ တကယ်မချစ်တဲ့သူတွေရဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်တွေပါ ..။ ချစ်သူတွေကြားထဲ
ခဏတဖြုတ် စကားများ အဆင်မပြေဖြစ်ခဲ့ကြရင်တောင်မှပဲ လမ်းခွဲမယ် ဆိုတဲ့စကားလုံးအစား အခြားစကားလုံးတွေနဲ့ပဲ
စကားနိုင်လုကြရင်း မူရင်းအခြေအနေရောက်အောင် ဖြေရှင်းသွားကြတာမျိုးက ချစ်တတ်သူတွေရဲ့
လုပ်ရပ်တွေပါ ..။ အဲဒါကြောင့် ချစ်သူနှစ်ဦး ခွဲခွာကြရတယ်ဆိုတာ တစ်ဖက်ဖက်ကတော့ အချစ်မစစ်လို့ပါပဲ
..။ အချစ်စစ်သာမှန်ရင် ကိုယ်ချစ်တဲ့သူကို ဘယ်သူမှ လက်မလွှတ်နိုင်ကြဘဲ ... စွန့်လွှတ်ဖို့
စိတ်ကူးမိကြမှာမဟုတ်ပါဘူး ...။ နှစ်ဦးသားနီးစပ်ဖို့အရေးအတွက် ကြိုးစားကြရင်း
relationship ကို ခိုင်မြဲအောင် ကြိုးစားနေကြမှာပါပဲ ..။ ရုပ်ဝတ္ထုပစ္စည်း ပိုင်ဆိုင်မှုတွေနောက်လိုက်ရင်း
အချစ်ကိုမေ့ထားကြသူတွေရဲ့ လုပ်ရပ်ကတော့ တစ်ကဏ္ဍပေါ့လေ ....။
5 comments:
လောလောဆယ်အချစ်နဲ့ပတ်သက်ပြီးပြောရရင်
ယုံကြည်မှုမရှိဘူး။
တခါတလေတော့လဲ အချစ်မှာ သတ္တိတွေ၊စွန့်လွှတ်မှုတွေနဲ့
:( :(
တစ်သက်လုံးချစ်သွားနိုင်ပေမယ့် လက်တွဲဖို့ကျတော့ အကြောင်းပြချက်တွေနဲ့လေ(eg;religion)
ချစ်တဲ့အသူ @Ahthu
အိ………….
၁၄ ရက်နေ့မှာ အချစ်အချစ်ဆိုပြီး ပုံကြီးချဲ့တဲ့အထဲ အနော်ပါသွားပီထင်တယ်။ လက်ဆုတ်လက်ကိုင်ပြစရာလဲ မရှိဘဲနဲ့။ အချစ်ဆိုတာ အချစ်ပဲ။ ဒီအတိုင်း အချစ်ဆိုတာ မုန့်ဝယ်ကျွေးယုံပဲ။ တိလား။
အချစ် ....ဖတ်သွားတယ်၊ :P
စတာ ညီမလေး၊ လူတိုင်းကတော့ ထင်မြင်ချက်အမျိုး မျိုးပေးကြတာပါပဲ၊ အဓိကကတော့ ပတ်သက်သူနှစ်ဦးပေါ်သာလျှင် မူတည်တယ်လို့ပဲ မြင်မိတယ်၊ တစ်ဖက်ချည်း ပဲလဲ အဆင်မပြေဘူးလေ...အဲ့လိုတော့ တွေးမိတယ်၊
အမတို့တော့ မတင်မိပါဘူး ညီမလေးရယ် ..(အသက်ကြီးလာတာကို လက်ခံလိုက်လို့ပဲလားမသိ :D )
ဒါနဲ့ ဖေ့ဘွတ်မှ အက်ထားလိုက်တယ် ညီမလေး၊ :)
:)
အချစ်ရေးမှာကံကောင်းချင်တယ်အမရယ်:)relationship တခုမြဲအောင် ဘယ်လိုတည်ဆောက်ရတာလဲဆိုတာသိချင်မိတယ်
Post a Comment