၂၀၁၅
ခုနှစ်ရဲ့ ပထမဆုံးရက်တစ်ရက်က အေးစက်စက်အငွေ့အသက်တွေကြားမှာ သက်ဝင်လှုပ်ရှားလာတယ်..။
မြန်မာကျောင်းသားကျောင်းသူ သူငယ်ချင်း မောင်နှမတွေအားလုံးစုပြီး ၂၀၁၄ နောက်ဆုံးရက်တစ်ရက်ကို
အတူတူကျော်ဖြတ်ဖြစ်ကြတယ်...။ ညနေ ၆ နာရီလောက်ကနေ ချက်ပြုတ်စားသောက်ကြ၊ စကားတွေပြောကြပြီး
ကာရာအိုကေဆိုင်မှာ သီချင်းတွေ သွားဆိုကြတယ်..။ နယူးရီးယားညဆိုတော့ ဆိုင်တွေတော်တော်များများ
ပိတ်ထားတာနဲ့အတူ သွားဆိုတဲ့ဆိုင်က ပုံမှန်ဈေးထက် ၃ ဆ လောက်ကြီးနေတယ်..။ ဒါပေမယ့်လည်း
ဆိုမယ်လို့ လာခဲ့ပြီးမယ့်အတူတူတော့ မထူးပါဘူးဆိုပြီး ဆိုကြတာပါပဲ ..။ ၂ နာရီပဲဆိုတာ
တစ်ယောက်ကို ယန်း ၃၀၀၀ လောက်ပေးရတယ်..။ ဒါပေမယ့် Soft drink တော့ ပါတာပေါ့လေ..။ အဲဒီလိုနဲ့
၂၀၁၄ ခုနှစ်ရဲ့ နောက်ဆုံးအချိန်ဟာ မြန်မာနိုင်ငံထက် ၂ နာရီခွဲစောပြီး ကုန်ဆုံးလွန်မြောက်ပြီးတဲ့နောက်
၂၀၁၅ ဆိုတဲ့ သက္ကရာဇ်အသစ်စက်စက်တစ်ခုထဲကို ချဉ်းနင်းဝင်ရောက်လာခဲ့တယ်....။
၂၀၁၅
ဇန်နဝါရီလ တစ်ရက်နေ့မှာ နှင်းကျမယ်လို့ Weather focus ကတော့ ခန့်မှန်းထားလေရဲ့..။ ဒါပေမယ့်
အခုအချိန်ထိတော့ မကျသေးပါဘူး..။ ဒါပေမယ့် ဒီက Weather focus က အများအားဖြင့် ၈၀ ရာခိုင်နှုန်းကျော်လောက်တော့
မှန်ကန်စိတ်ချရတယ်..။ မိုးရွာမယ်လို့ ခန့်မှန်းထားရင် ရွာတယ်.. နှင်းကျမယ်လို့ ခန့်မှန်းထားရင်လည်း
တကယ်ကျလေ့ရှိပါတယ်..။ ဒီနေ့မနက်မှာ နိုးလာတာက ၁၀ နာရီမှ..။ အဲဒါနဲ့ မနက်စာပြင်ဆင်စားသောက်
ရေချိုးပြီး ကျောင်းကို ထွက်လာခဲ့တာ Lab ကိုရောက်တော့ ၁၂ နာရီကျော်ခဲ့ပြီ..။ တစ်ဆောင်လုံးမှာ
အပ်ကျသံတောင် မကြားရအောင် တိတ်ဆိတ်လို့..။ ၂၉ ရက်နေ့ကနေ ၄ ရက်နေ့အထိ ကျောင်းပိတ်ထားတော့
ဂျပန်တွေအတော်များများက အိမ်ပြန်ကြတယ်..။ နောက်တစ်ခုက ဂျပန်မှာ နှစ်ဆန်း ၁ ရက် ၂ ရက်
၃ ရက်နေ့တွေက ဘာအလုပ်မှမလုပ်ဘဲ အနားယူကြတဲ့နေ့တဲ့..။ တစ်ရက်နေ့ကတော့ Official
holiday ဖြစ်ပါသတဲ့..။ ဆိုတော့ တစ်ထပ်လုံးမှာ တစ်ယောက်တည်းဆိုတော့ အခန်းတံခါးကို
lock ချ သီချင်းအကျယ်ကြီးဖွင့်ပြီး ကြောက်ကြောက်နဲ့ နေကာ စာရေးနေပါတော့တယ်..။ ဒါတောင်
အသံတွေက အရင်နေ့တွေကလည်း ကြားတာပါပဲ..။ ဒီနေ့မှ ချိုးချိုးခြွတ်ခြွတ် အသံတွေ ပိုကြားလာရသလိုပဲ
..။
၂၀၁၅
အတွက် စိတ်ကူးတွေကို ချမရေးဖြစ်သေးတော့ အခုရေးကြည့်ပါဦးမယ်..။ တကယ်တော့ ၂၀၁၅ မှာ ထူးထူးထွေထွေ
ဖြစ်ချင်တာတော့ မရှိပါဘူး..။ ၂၀၁၄ မှာရခဲ့တဲ့အရာတွေကို Sustainable ဖြစ်စေချင်တာ တစ်ခုပါပဲ..။
အလုပ်အကိုင်၊ ပညာရေး၊ relationship စသဖြင့်ပေါ့..။
တစ်ခုပါပဲ...။
စာရေးတာနဲ့ပတ်သက်လို့တော့ ၂၀၁၄ မှာ ရေးမယ်လို့ စဉ်းစားပြီး မရေးဖြစ်သေးတဲ့အရာတွေ ၂၀၁၅
အတွင်းမှာ အားလုံး အဆုံးသတ်နိုင်ဖို့ ကြိုးစားရေးရမယ်..။ ပြီးတော့ ဒီဇင်ဘာလကတည်းကတော့
စရေးနေခဲ့ပါပြီ..။ ကျမဘဝရဲ့ ပထမဆုံးတက္ကသိုလ်တက်ခဲ့တဲ့အတွေ့အကြုံကို ဝတ္ထုရှည် တစ်ပုဒ်ဖြစ်အောင်
ရေးနေခဲ့တာ..။ အဲဒါပြီးမှ ဒုတိယတက္ကသိုလ်၊ အခုတက်နေတဲ့ တတိယတက္ကသိုလ် စသဖြင့် အတွေ့အကြုံတွေကို
မပျောက်ပျက်အောင် ချန်ထားခဲ့ချင်တယ်လေ...။ ၂၀၁၅ အတွင်းမှာတော့ ပထမတက္ကသိုလ်ရဲ့ အတွေ့အကြုံတွေကို
ပြီးအောင် ရေးချင်တယ်....။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အဖြစ်အပျက်တွေဆိုတော့ တချို့အရာတွေဆို
သိပ်မမှတ်မိချင်ပေမယ့် ရေးရင်းရေးရင်းနဲ့တော့ တရေးရေးပြန်မြင်လာတယ်..။ တခါတလေ ကျောင်းတုန်းက
သူငယ်ချင်းတွေစုပြီး အော်ဆိုခဲ့ဖူးတဲ့ သီချင်းတွေဆိုရင် မမှတ်မိတော့လို့ သူငယ်ချင်းတွေကိုပဲ
ပြန်မေးရတယ်..။ အဲဒီအခါ သူငယ်ချင်းက တအံ့တသြနဲ့ ဘာအရူးထတာလဲတဲ့..။ တကယ်ကတော့ သူက စတာပါ..။
ကျမ စာရေးမယ်ဆိုတာ သူ ကောင်းကောင်းသိတယ်လေ..။ အဲဒါနဲ့ သူမှတ်မိသလောက်တော့ ပြောပြပါတယ်..။
တကယ်က မြန်မာနိုင်ငံမှာ လူသိပ်မသိလှတဲ့ တက္ကသိုလ်တစ်ခု၊ အတွေ့အကြုံတွေက သာမာန်တက္ကသိုလ်တွေမှာ
ကြုံဖူးကြမှာမဟုတ်တဲ့ စွန့်စားမှုတွေ၊ ချစ်ခင်ရင်းနှီးမှု၊ နွေးထွေးမှု၊ စာနာနားလည်မှု၊
မောင်နှမ ညီအစ်ကိုအရင်းအချာတွေလို လှိုက်လှဲပျူငှာမှုတွေ၊ စနောက်ပျော်ရွှင်ခဲ့ကြတဲ့ အဖြစ်အပျက်တွေ
အဲဒါတွေကို ပထမဆုံးအနေနဲ့ စာစီချင်ခဲ့တာ ....။ Blog မှာ ပို့စ်တင်ဖို့တော့ မဟုတ်ပါဘူး..။
ရေးပြီး ကိုယ့်ဘာသာပဲ သိမ်းထားချင်တာပါ...။
နောက်တစ်ခု
၂၀၁၅ အတွင်း Blog မှာ ပုံစံတစ်မျိုး ရေးချင်မိတဲ့ ပို့စ်တွေက မောင်နဲ့ ပတ်သက်တဲ့ စာတွေပေါ့..။
မောင်ဆိုတာ ကျမချစ်သူအကြောင်းကို ရေးမှာမျိုးတော့ မဟုတ်ပါဘူး....။ အချို့စာရေးတဲ့ သူတွေ
သုံးနှုန်းသလို တိုင်တည်စရာ ဇာတ်ကောင်တစ်ခု လိုချင်တာလေ...။ ဥပမာ ကျမရဲ့ နေ့စဉ်ဖြစ်ပျက် တဲ့
ဒိုင်ယာရီတွေကို ရေးတဲ့အခါ ဘယ်သူဘယ်ဝါရယ်လို့ တိုင်တည်ရေးတာမဟုတ်ဘဲ Blog reader တွေကိုပဲ
တိုက်ရိုက်ရည်ညွှန်းတိုင်တည်သလိုဖြစ်နေတယ်လေ..။ အဲဒီတော့ တိုင်တည်စရာ သတ်သတ်မှတ်မှတ်ရှိသွားအောင်
ဇာတ်ကောင်နာမည်တစ်ခု သီးသန့်သုံးချင်တဲ့သဘောပါ..။ သတိထားရ မှာက မောင်ဆိုတာနဲ့ ဆရာမဂျူးရဲ့
အရေးအသားတွေ မလွှမ်းမိအောင် ကြိုးစားရမယ်..။ ကျမက ကိုယ့်ကိုယ်ပိုင်စတိုင်လ်၊ ကိုယ်ပိုင်ဟန်နဲ့ပဲ
ဖြစ်ချင်ပါတယ်..။ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ လွှမ်းမိုးမှုကိုမှ မခံချင်ပါဘူး..။ ဒါတွေကတော့
စာရေးတာနဲ့ပတ်သက်လို့ ၂၀၁၅ အတွင်း Plan တွေပေါ့..။ ဒါပေမယ့် ဂျာနယ်လ်၊ မဂ္ဂဇင်းတွေထဲ
ပါနိုင်အောင်တော့ မရေးဖြစ်လောက်တော့ဘူးထင်တယ်..။ ကျမ ပညာရေး ဘက်ကိုပဲ ဦးစားပေးရမယ့်အချိန်ဖြစ်နေတော့
စာရေးတာကို အားစိုက်ဖြစ်မှာမဟုတ်တော့ပါဘူး..။ စိတ်ထဲရှိရာ ပေါ့ပေါ့ပါးပါးတွေပဲ ချရေးဖြစ်မှာပါ..။
အရင်လို ကဗျာတွေ၊ ဝတ္ထုတိုတွေတော့ ဦးနှောက်၊ စိတ်ကူးက မထွက်တော့ဘူးလေ..။
Opportunity cost ပေါ့..။ တစ်ခုကိုလိုချင်ရင် တစ်ခုကို စွန့်လွှတ်ရတာ သဘာဝပဲဆိုတော့
ဘာမှတော့ ပိုပိုသာသာ မတောင်းဆိုချင်ပါဘူး လောကကြီးရေ ..။
နောက်တစ်ခုက
ကျန်းမာရေး ဂရုစိုက်ရမယ်။ အဆီမရှိအောင် စားသောက်နေထိုင်ရမယ်...။ အဓိက စိတ်ပူတာက ကျမရဲ့
မရှိမဖြစ် လက်တွဲဖော် Laptop လေးရဲ့ ကျန်းမာရေးပေါ့.။။။ သူ တစ်ခုခုဖြစ်လို့ မရဘူး..။
ကျမရဲ့ ကြိုးစားအားထုတ်မှုတွေအားလုံး သူ့ထဲမှာ သိမ်းဆည်းထားတာ...။ ကျမ အဝေးမှာ နေထိုင်ရပ်တည်နေတုန်း
ကျမ မိသားစုလည်း ဘာအန္တရာယ်၊ အခက်အခဲမှ မကြုံရဘဲ အရင်အတိုင်း ကျန်းကျန်းမာမာ ငြိမ်းငြိမ်းချမ်းချမ်း
ဖြတ်သန်းနိုင်စေချင်ပါတယ်..။
ရေးနေရင်းကမှ
အပြင်မှာနှင်းတွေကျနေပြီဆိုတဲ့အကြောင်း အစ်မတစ်ယောက်က Viber ကနေ ပြောလို့ ကြည့်တာ တကယ်ကျနေပြီ
:D :D ပျော်လိုက်တာ..။ ဘာဖြစ်ဖြစ် နှင်းကျရင်ကို ပျော်တာလေ..။ အဲဒါနဲ့ အခန်းအပြင်ထွက်
အောက်ဆုံးထပ်ထိဆင်းပြီး Video ရိုက်လာခဲ့တာ..။ ဓါတ်ပုံဆိုရင် နှင်းကျတာက မမြင်ရလို့..။
ခုမှ စကျခါဆိုတော့ သိပ်တော့မများသေးဘူး..။ ဒါပေမယ့် နှင်းကျတာ တော်တော်များတယ် ဆိုတော့
မကြာခင် နှင်းလွင်ပြင်ကြီးတော့ ဖြစ်တော့မှာ.......။ ဘာပဲဖြစ်ဖြစ် အရမ်းပျော်နေတာ လို့..။
နှင်းကျလာလို့ ^_^ ^_^ ^_^
Video file တင်တာ File size ကြီးနေလို့ တင်မရဘူးဖြစ်နေတယ်.။ file size ကို သေးလိုက်ပြန်တော့လည်း တင်မရပြန်ဘူး..။ ဘာဖြစ်နေလဲ မသိ..။ အဲဒါနဲ့ ဓါတ်ပုံပဲ တင်ဖြစ်တော့တယ်...။
8 comments:
2015 မှာ ဖြစ်ချင်တဲ့ ဆန္ဒတွေ အားလုံး
ပြည့်စုံပါစေလို့ဆုတောင်းပေးပါတယ်..
ံHappy New Year ပါမတိမ်လွှာရေ...
ှနှင်းတွေလို အေးမြပျော်ရွှင်ပါစေနော်..
Happy New Year Snow!
Iora
မောင်နဲ့ပတ်သက်တဲ့ စာစုလေးတွေ ဖတ်ရတော့မယ်ပေါ့။ :)
အပျော်တွေကူးစက်ခဲ့တယ် တိမ်လွှာရေ....
ဆန္ဒနဲ့လက်တွေ့ တစ်ထပ်ထဲကျပါစေလို့....
အမပြောတာလဲမှန်တာပဲနော် တစ်ခုလိုချင်ရင် တစ်ခုကိုစွန့်လွှတ်ရတာပဲ.. ကျွန်တော်လဲကဗျာမရေးဖြစ်တာကြာပေါ့..
မောင်စာစုများကတော့ စဖတ်နေရပြီ။အသူကစာကြွေးတွေခုမှပြန်ဆပ်နေရတယ်။:)
Happy New Year sis. You would probably save all the documents as backup with external hard drive. So you don't have to worry if your laptop something happens. Just FYI sis :)
J
Thanks for your advice. sis! of course, I usually save my files and documents in hard drive as well as in dropbox and google drive. But I still worry for my Window, applications and softwares installed in my computer :D
No worry. You are good enough with backup in the cloud too (Dropbox & Google drive) :). All the best in your study in Japan. I am new reader of your blog recently and really inspiration all of your further study. I finished my Master from NTU (sg) & couldn't continue in Academic field so far :) Take care
J
Post a Comment