ဒီမိုးရယ် ~ ဒီအလွမ်းရယ် ~ ဒီသီချင်းရယ် ~~
Phyu Lwin
June 16, 2013
4 Comments
ကောင်းကင်ကို မော့ကြည့်မိတော့ …
မိုးတိမ်မည်းမည်းတချို့က နေရာအပြည့်ယူထားကြသည်..။ ကျေးဇူးပြုပြီး.. မိုးဖွဲလေးတွေ
ခြွေမချပါနဲ့ဦးလို့ .. သူမဆုတောင်းချင်မိပြန်သည်..။
ထိန်းချုပ်လို့မရနိုင်တဲ့အလွမ်းတွေက မိုးဖွဲတွေကြားမှာ … မျက်ရည်တွေအဖြစ်
အလိုလိုပြောင်းသွားမှာ သူမကြောက်နေမိလေသလား….။
“မျက်ရည်ဆိုတာ
စိတ်ဓါတ်ပျော့ညံ့တဲ့သူတွေ လက်ကိုင်ထားကြတာ. အဲဒါကြောင့် တတ်နိုင်သမျှ
မျက်ရည်မကျအောင်နေနော်” လို့ပြောတတ်တဲ့ သူ့စကားကို ကြားပြီးကတည်းက
ဘာမှမတုန့်ပြန်မိပေမယ့် သူမ အလိုလိုလိုက်နာနေမိခဲ့တာပဲ …။
“တကယ်ဆို ငါ .. ငိုချင်တယ်ဟာ… အဲဒါ
နင့်ကိုသတိရလွန်းလို့.. လွမ်းလွန်းလို့ မောင်ရဲ့ .. သိရဲ့လား..” လို့
သူမပြောပြန်တော့ …. သူက မချိပြုံးလိုလို .. ပြုံးပြန်သည်..။
“ကိုယ်ရော… အဲဒီလွမ်းတဲ့စိတ်ကို
ဘယ်လောက်ထိ ထိန်းချုပ်နေရသလဲ .. မင်းသိရဲ့လား”.. တဲ့…။
နီးနေစဉ်တုန်းက ….
ကော်ဖီဆိုင်ထိုင်ကြတိုင်း …. သူမ ကြိုက်တတ်သည့် … Mocha ကိုပဲ သူမ
နှင့်တူအောင်ဆိုကာ သူသောက်လေ့ရှိခဲ့သည်..။ အခုအချိန်မှာတော့ တချိန်တုန်းက Mocha
တစ်ခွက်က အလွမ်းတွေကို ထပ်ဆင့်စေပြန်သတဲ့ ..။ တစ်ယောက်တည်း ထိုင်သောက်နေရတဲ့
ကော်ဖီတစ်ခွက်မှာ …. ချိုမြိန်မှုဆိုတာ မခံစားမိတော့ဘဲ …ကော်ဖီနဲ့ချောကလက်ထဲက
ခါးသက်မှုတွေပဲ .. နှစ်ဦးစလုံး ခံစားမိတာတော့ တိုက်ဆိုင်လွန်းပြန်သည်..။
♥.♥.တစ်ကယ်တော့ …… အချစ်ဆိုတာ …….
Mocha တစ်ခွက်လိုပဲ …….
ချောကလက်ညိုညိုတွေလို ချိုမြိန်တဲ့မြတ်နိုးမှုတွေပါပေမယ့် …..
ကော်ဖီစေ့လို …. ခါးသက်သက် အလွမ်းတွေလဲ ပေါင်းစပ်နေပါသေးတယ်…♥.♥.
Mocha တစ်ခွက်လိုပဲ …….
ချောကလက်ညိုညိုတွေလို ချိုမြိန်တဲ့မြတ်နိုးမှုတွေပါပေမယ့် …..
ကော်ဖီစေ့လို …. ခါးသက်သက် အလွမ်းတွေလဲ ပေါင်းစပ်နေပါသေးတယ်…♥.♥.
♥.♥.
♥.♥.
♥.♥.
♥.♥.
♥.♥.
မိုးတွေရယ် .. ရွာမချပါနဲ့ဦး …။
မိုးဖွဲဖွဲအောက်မှာ … ထီးတစ်ချောင်းတူတူဆောင်းရင်း ရယ်မောနေကြတဲ့ ပုံရိပ်တွေကို
ပြန်မြင်ယောင်ရင်း အလွမ်းတွေကို ထိန်းချုပ်မရနိုင်လို့ပါ လို့ …. ရင်တွင်းကနေ
ရေရွတ်နေမိသည်…။ မိုးရေတွေထဲမှာ … တွေ့ခဲ့ကြသည်..၊ မိုးရေတွေအောက်မှာ
အချစ်ဆိုတာကို ဘာသာပြန်ဖြစ်ခဲ့ကြသည်…။ ပြီးတော့ မိုးရေတွေအောက်မှာပဲ
ခွဲခွာကြရပြန်သည်…။ ဒီမိုးရေတွေအောက်မှာ ….. အလွမ်းတွေ ရင့်သန်ခဲ့ကြသည်…။
မိုးခြိမ်းသံကြားရင် သူမ တစ်ယောက်တည်း သူ့ကို လွမ်းရင်း ကြောက်နေလေမလား လို့ သူ
တွေးနေမိသလို …. သူရော မိုးရေတွေထဲမှာ တစ်ယောက်တည်း လျှောက်သွားရင်း
နေမကောင်းဖြစ်နေလေပြီလား.. သူမ စိုးရိမ်နေတတ်ခဲ့ပြီ…။
မိုးစက်လေးတွေဖွဲဖွဲကျနေတဲ့နေ့က
ဒီကောင်းကင်ကြီးအောက်မှာ … Ballpen လေးတစ်ချောင်းရယ် မှတ်စုစာအုပ်လေးတစ်အုပ်ရယ်ကို ခွဲခွာကာနီး
သူ့ကို ပေးခဲ့တော့ အပြုံးယဲ့ယဲ့တွေကြားမှာ သူလက်ခံခဲ့လေသည်။ သူလဲ မျက်ရည်တော့
ဝဲနေမှာမဟုတ်ပါဘူးနော် လို့ သူမ တွေးနေမိခဲ့ရင်း… သူမ ကတော့ ငိုချင်စိတ်ကို
ကြိတ်မှိတ်မျိုသိပ်နေခဲ့ရသည်…။ ကလေးတစ်ယောက်ကို စိတ်မချသလို တတွတ်တွတ်မှာနေသော
သူ့စကားသံများကို ခေါင်းသာငြိမ့်ပြရင်း … ထပ်ပြီးခွဲခွာရဦးမည့်
ချစ်သူမျက်နှာကိုပဲ … အသံတိတ်စိုက်ကြည့်နေမိခဲ့သည်ပဲ …။
“မင်းပေးတဲ့စာအုပ်ထဲမှာ
အဲဒီဘောလ်ပင်လေးနဲ့ပဲ … အလွမ်းတွေကို တနေ့ချင်းချရေးထားတယ်” လို့ သူက ပြောတော့
…
“မောင့်အတွက် ကျမရဲ့အလွမ်းတွေကို
ကဗျာတွေအဖြစ်ပြောင်းထားတယ်” လို့ သူမ ပြောပြဖြစ်ခဲ့သည်…။ ဒီအချိန်မှာ
အားချိန်ရှိတိုင်း နားထောင်ဖြစ်နေသည်က …. မရည်ရွယ်ထားဘဲ
အလွမ်းသီချင်းတွေချည်းဖြစ်လို့နေပြန်သည် ….။ ကိုယ်စီအပြုံးယဲ့ယဲ့တချို့အောက်မှာ
ပြောဖြစ်နေသည်များက ဘ၀ရှေ့ရေး … နီးစပ်ကြဖို့အရေးး..၊ လက်တွေ့မှာကတော့ ကိုယ်စီဘ၀တွေထဲမှာ
…. အကွာဝေးကြီးဝေးနေကြဆဲ …..။ မတူညီတဲ့ အသိုင်းအ၀ိုင်းနှစ်ခုကြားမှာ …..
ကိုယ်တိုင်ဖန်တီးယူလို့မရနိုင်တဲ့ အခြေအနေတွေကိုတော့ ဥပေက္ခာပြုထားဖို့ကလွဲရင် …
ဘာများတတ်နိုင်ဦးမှာလဲ …။ ရိုးသားမှုရယ်.. ချစ်ခြင်းမေတ္တာရယ် … သံယောဇဉ်တွေရယ်ကနေ
.. တဆင့်ချင်းသွားမည့်လမ်းကြောင်းတစ်ခုက သစ္စာစောင့်သိမှုဆိုတာကို အရင်းခံသည့် …
ခိုင်မာတဲ့ချစ်ခြင်းတွေလေ…။
♪ ♫ ... I miss you like crazy
Even More than words can say
I miss you like crazy
Every minute of every day ... ♪ ♫
Even More than words can say
I miss you like crazy
Every minute of every day ... ♪ ♫
♥.♥.
♥.♥.
♥.♥.
♥.♥.
♥.♥.
ဦးတည်ချက်ချင်းမတူတဲ့
ကိုယ်စီရည်မှန်းချက်တွေကြားမှာ …. ဆုံဆည်းဖို့ဆိုတာကို …. အားတင်းမျှော်လင့်ရင်း
စတေးပစ်ရမည့် .. ကိုယ်စီပန်းတိုင်တချို့။ လောကကြီးက တကယ်တော့ တရားမျှတပါတယ်လေ…။
ဘာကိုမှ ပိုပိုသာသာပေးလေ့မရှိ.. ဘက်လိုက်လေ့မရှိတဲ့ လောကနိယာမတွေအောက်မှာ ….
တစ်ခုကိုလိုချင် .. တစ်ခုကို စွန့်လွှတ်ရစမြဲပဲဆိုတာ သေချာနေမှတော့ ဘာတွေများ
ပိုပိုသာသာ တောင်းဆိုခွင့်ရှိဦးမှာလဲ …။ ပန်းတိုင်တစ်ခုအတွက် ပေးဆပ်စတေးနေရသည့်
အလွမ်းတွေကို ပွေ့ပိုက်ရင်း အခုတော့ ဒီမိုးရေတွေအောက်မှာ … တစ်ကိုယ်တည်း
ရပ်တည်လျက် … သူမအတွက် အလွမ်းဆိုတာ အဖော်ဖြစ်နေတတ်တာ ကြာခဲ့ပြီပဲ ….။
++++++++++++++++++
♥ တိမ်လွှာဖြူ ..... ၁၆-၆-၂၀၁၃ ♥




