Tuesday, 15 May 2012

# Love Poems # My Favorite Songs ^^

အချစ်ဦးပုံပြင် ♫ ♪ ♥


 ♥ ♥ ♥
ချစ်ခဲ့ဖူးပေမယ့်
မေ့ခဲ့ရတယ်….။
မေ့ခဲ့ရပေမယ့်
သတိရနေတတ်တယ်…။
သတိမရချင်ပေမယ့်
လွမ်းနေတတ်ခဲ့တယ်…။
တွဲလက်တွေ ခိုင်ခိုင်မြဲ
သက်ဆုံးထိ ချစ်ကြမယ်လို့
ကတိပြုခဲ့ဖူးတယ်…။
လမ်းခွဲကြစို့လို့ မပြောပဲ
ကိုယ်စီလမ်းတွေလျှောက်…
တစ်ယောက်တစ်နေရာစီ…ဝေးခဲ့ရတယ်….။
 ♥ ♥ ♥
မုန်းပစ်သင့်တဲ့အရာပေမယ့်
လုံလောက်တဲ့အကြောင်းရင်းလည်းမရှိ
ဒီလိုနဲ့ပဲ ~~~~~~~
တချို့တချို့တွေ…
ကိုယ်စီ အချစ်သစ်နဲ့
ကိုယ့်လမ်းကိုဖောက် မျဉ်းပြိုင်နှစ်ကြောင်းလို
လျှောက်နေကြပေမယ့်
အချစ်ဦးကို ပြန်မှန်းဆ
တမ်းတနေကြဆဲသူတွေလည်း တွေ့ခဲ့ဖူးတယ်…။
 ♥ ♥ ♥
ဒီလိုပါပဲလေ…..
အချစ်ဦးပုံပြင်တွေသာ မရှိခဲ့ရင်
ကဗျာတွေလည်း မလှပ
သံစဉ်တွေလည်း မဆွေးမြေ့
ဇာတ်လမ်းတွေလည်း… မခိုင်မာ….။
လောကကြီးမှာ..
အချစ်ဦး/အချစ်ဟောင်းဆိုတာ….
ကဗျာဆရာတစ်ယောက်….
အနုပညာခံစားတတ်သူတစ်ယောက်အတွက်တော့
အကောင်းဆုံးကုန်ကြမ်းတစ်ခုပါပဲ…။
 ♥ ♥ ♥
အဟောင်းဆိုတာ…. သုံးလို့မှမရတော့တဲ့နောက်
အသုံးမ၀င်တော့တဲ့နောက်တော့
နေရာယူထားတာ မိုက်မဲလွန်းပါတယ်…။
အသစ်ဆိုတာလဲလှယ်ဖို့အတွက်
တွယ်တာပေမယ့်လည်း…..
မျက်စိစုံမှိတ် စွန့်ပစ်သင့်တယ်..။
တကယ်တော့
အချစ်ဟောင်းဆိုတာ….
သုံးမရတော့တဲ့.. နာရီပျက်တစ်လုံးလိုပဲ….
လက်ပေါ်မှာ..သူရှိနေသ၍
အချိန်ကြည့်ဖို့လည်း အသုံးမ၀င်
အသစ်အစားထိုးဖို့လည်း နေရာမရှိ
သေချာတာတော့
သံယောဇဉ်ဆိုတာ
တိခနဲဖြတ်နိုင်ရင်
အကောင်းဆုံးပဲ…။
♥ ♥ ♥ ................................................ ♥ ♥ ♥

နားထောင်မိတဲ့ ကြိုက်မိတဲ့ သီချင်းလေးတစ်ပုဒ်ကို ခံစားရေးဖွဲ့ထားပါတယ်..။
စန္ဒီမြင့်လွင် ဆိုထားတဲ့ "ချစ်နေတုန်းပဲ" ဆိုတဲ့ သီချင်းလေးက ကောင်မလေးတစ်ယောက်ရဲ့ ချစ်သူဟောင်းအပေါ်မှာ.. အချစ်မပြတ်နိုင်ပဲ... ပြန်တမ်းတချစ်နေဆဲပဲဆိုတဲ့ အကြောင်းကို ဆိုထားတာက.. သီချင်းထဲက ကောင်မလေးကို ကိုယ်ချင်းစာမိစေတယ်....

15-05-2012
Thank You all, With Love ! 

10 comments:

ချစ်စံအိမ် said...

လူတိုင်းလူတိုင်းအချစ်ဦးရှိကြစမြဲဆိုပေမဲ့ဆုံးစည်းဖို့တော့ခက်ခဲကြပါတယ်..
ပြောင်းလဲနေတာနဲ့မမျှ အချစ်သစ်တွေနဲ့လည်းဘ၀ကိုလျှောက်လှမ်းကြတာတွေ
အများကြီးပါပဲလေ ဟဲဟဲ ဖတ်ရင်နဲ့သတိရလာသလိုလို :P

မိုးသူ(တောင်ကြီး) said...

သေချာတာတော့
သံယောဇဉ်ဆိုတာ
တိခနဲဖြတ်နိုင်ရင်
အကောင်းဆုံးပဲ…။


အဲဒါကြီးကမဖြစ်နိုင်ဘူးထင်တယ်
သံယောဇဉ်ဆိုတာ ၅၂၈ ကိလေသာဖြစ်ပါစေ
၁၅၀၀ ကိလေသာဖြစ်ပါစေ
တိခနဲဖြတ်ဖို့ ဖြစ်နိုင်ပါ့မလားဗျာ

ပဥာက် said...

သံယောဇဉ်ဆိုတာ
တိခနဲဖြတ်နိုင်ရင်
အကောင်းဆုံးပဲ…။

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

သေချာတာတော့
သံယောဇဉ်ဆိုတာ
တိခနဲဖြတ်နိုင်ရင်
အကောင်းဆုံးပဲ…။

အင်း....
အဲလိုဖြတ်လို့ရရင်ကောင်းမယ်နော်......

Unknown said...

တိကနဲ ဖြတ်နိုင်ဖို့ ကြိုးစားလိုက်ဦးမယ် အမရေ....:)))

Candy said...

သီချင်းလေးနားထောင်ပြီး ကဗျာလေး ခံစားသွားတယ် စနိုးရေ

စံပယ်ချို said...

ညလေးငယ်ရေ
မကြီးဂျက်က ငယ်ငယ်ကတဲကလွမ်းတဲ့ကဗျာတွေရေးတတ်တာ
အချစ်ကြောင့်ဟုတ်ဝူးပေါ့နော်-----ငယ်ငယ်လေးကတဲက ဘယ်ကိုကြည့်ကြည့်လွမ်းသလိုခံစားရတယ်(ဟီး)
သေချာတာတော့
သံယောဇဉ်ဆိုတာ
တိခနဲဖြတ်နိုင်ရင်
အကောင်းဆုံးပဲ-----အဲတာလဲဟုတ်တာပဲ

မိုးသက် said...

အကြောင်းတိုက်ဆိုင်မှု တစ်စုံတစ်ရာရှိတိုင်း .. မျက်နှာပျက်လောက်အောင်ပြန်သတိရမိတယ်.။ တိကနဲနေအောင်ဖြတ်ဖို့ ကခဲယဉ်းတာထက် မဖြစ်နိုင်ဘူးလို့ ဆိုချင်တယ် အစ်မရာ.။

နွေလ said...

ဟုတ်တာပေါ့
အချစ်ဦး ... အချစ်ဟောင်းဆိုတာ
စာရေးသူတွေအတွက် ကုန်ကြမ်းပဲ
ကျွန်တော်လည်း ကွဲနေတယ်
ဒါပေမယ့် ပေါ်လီယာနာ လို တွေးမယ်ဆိုရင်တော့
ကုန်ကြမ်းရတာ ဝမ်းသာစရာပေါ့

Yin Sue said...

သယ်ရင်းရေ ငါဒုတိယအကြိမ်လာဖတ်သွားတယ်နော်....ငါလည်း စာမေးပွဲနီးနေလို့ လိုက်မလည်ဖြစ်ဘူးဟာ......စာမေးပွဲပြီးမှ အေးဆေးလာလည်တော့မယ်.....

Follow Us @soratemplates