မင်္ဂလာပါရှင်.......
ထူးထူးခြားခြားမဟုတ်ပေမယ့်.... ရေးစရာမရှိ... ရေးစရာရှာ.... ဒီပို့စ်လေးကို ရေးပါရစေ..... :)
အခုတစ်လော ကဗျာတွေချည်းရေးဖြစ်သလိုဖြစ်နေတယ်...။ ကိုယ့်ခံစားချက်လိုလို.. သူ့ခံစားချက်လိုလို.. ဘာလိုလို... ညာလိုလို... ဟိုလိုလို.. ဒီလိုလို..... ကိုယ့်ဘာသာရေးပြီးရင်... ကိုယ့်ဘာသာ ပြန်ရယ်ချင်တယ်..။
အို.... ငါ..ဒီလောက်တောင် စာတွေ ကဗျာတွေ ရေးတတ်နေပြီလားလို့ပေါ့....?????
ကောင်းတယ်နော်.... ဒီဘလော့ဂ်လေးကို ဖန်တီးဖြစ်ခဲ့လို့သာ.... အဲဒီလို ဟိုလိုလို .. ဒီလိုလို..ကဗျာတွေ စာတွေ ထွက်လာတာပဲ... မဟုတ်ရင်တော့ အတွေးထဲမှာတင် ပျောက်သွားမှာ.. နှမျောစရာကြီး.... :D
အခု ခေါက်ဆွဲသုပ်တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်လို့ပါ...
အစားအသောက်ချက်နည်းတော့ မဟုတ်ပါဘူး... ခေါက်ဆွဲသုပ်ဆိုတာကတော့.... မြန်မာနိုင်ငံမှာ.. မိန်းကလေးတိုင်းလိုလို... တစ်ချို့ဆိုရင် ယောက်ျားလေးတွေတောင်.. သုပ်စားတတ်ကြပါတယ်...။
ဒီမှာက အာရှခေါက်ဆွဲဝယ်ရတာက ဆိုင်က ဝေးတယ်.. ပြီးတော့ အာရှဆိုင်တွေက ကဒ်နဲ့ ၀ယ်မရဘူး.. ငွေသားပေးပြီးမှ ၀ယ်ရတာဆိုတော့.. တစ်ခါတစ်လေ ငွေသွားမထုတ်ဖြစ်ရင်... မ၀ယ်ဖြစ်ပြန်ဘူး..။ ပုံမှန်တော့.. ငွေထုတ်ပြီး... အများကြီးဝယ်ထားတတ်တယ်..။ ဒါပေမယ့်.. ခေါက်ဆွဲအစားများလို့ထင်တယ်.. ခဏနဲ့ ကုန်သွားတတ်တယ်...။
ဒီမှာ Spaghetti ကတော့ တွေ့တဲ့ဆိုင်မှာဝယ်.. ၀ယ်ချင်တဲ့အချိန်ဝယ်ရလွယ်တယ်... Spaghetti Sauce တွေကလည်း အမျိုးစုံပဲဆိုတော့... ပြင်ဆင်ရတာလည်း လွယ်တယ်...။
ဒါပေမယ့် ကျမက အဲဒီဘိုစာတွေမကြိုက်ဘူး.. မကြိုက်ဘူးဆိုတာက အဲဒီ Sauce တွေ Squash တွေကို မကြိုက်တာ..။ အဲဒါနဲ့ပဲ စပါဂတ်တီကို မြန်မာစတိုင်သုပ်စားတတ်တယ်...။ တစ်နေ့က စားရင်းနဲ့ ဓါတ်ပုံရိုက်ထားမိလို့.... ရှုစားကြပါဦး... :D
:D :D စားချင်စဖွယ်ပဲ.. ပြင်ထားပုံကတော့.. မိုက်တယ်..။
ရွှေတောင်ခေါက်ဆွဲပုံစံ.. ကြက်သားရယ်.. အုန်းနို့ရယ်ကို ဆီချက် ချက်တယ်..။ ပြီးတော့.. ပဲမှုန့်က ဒီမှာ အစိမ်းပဲ ရှိတော့.. ပဲကျက်မှုန့်ရအောင် အကြာကြီး ပြန်လှော်ရတယ်..။ အရင်က အဆင်မပြေပဲ တူးကုန်လို့ ပဲမှုန့်တွေ လွှင့်ပစ်ရတာ ဖြစ်ဖူးတယ်..။ ဒီတစ်ခေါက်တော့ အဆင်ပြေပြေနဲ့ပဲ.... အစိမ်းနံ့လည်းမထွက်ပဲ အကျက်မှုန့်ဘ၀ပြောင်းသွားတယ်...။ Frankfurt လိုမြို့ကြီးတွေမှာတော့ မြန်မာဆိုင်တွေရှိတော့ ပဲကျက်မှုန့်ရောင်းလောက်တယ်..။ Goettingen က မြို့သေးသေးဆိုတော့ အာရှဆိုင်တောင် သေးသေးပဲ ရှိတာ..။ စပါဂတ်တီကို တော်တော်ပျော့သွားအောင် ကြာကြာပြုတ်တယ်..။ ပြီးတော့ အဲလို သုပ်စားတယ်..။
ဖေ့ဘွတ်မှာ ကြည့်ပြီးသား သူငယ်ချင်းနှစ်ယောက်ကတော့ ၂ ခေါက်ပြန်ကြည့်ပေါ့ကွယ်...။ FB ထဲမှာ ဘလော့ဂ်ကနေပြီးသိတဲ့ သူငယ်ချင်း နာမည်ကြီး ဘလော့ဂါ ၂ ယောက်ရှိတယ်...။ အမှတ်မထင် လမ်းသလားရင်းနဲ့ သူတို့ ၂ ယောက်ရဲ့ အကောင့်ကို တွေ့မိလို့ အင်ဗိုက်လုပ်လိုက်တာ.. ။ ပြီးမှ သူတို့ ၂ယောက်လည်း မျက်စေ့နောက်လို့ဆိုပြီး နောင်တရနေမလား မသိဘူး.. ။ ကျမက အကောင့်ထဲမှာ.. သူငယ်ချင်းအရင်းခေါက်ခေါက်တွေပဲ ရှိတော့ သူတို့နဲ့ တစ်ချိန်လုံးစနောက်နေတာနဲ့.. သူငယ်ချင်း ၂ ယောက်ရဲ့ update မှာ ကျမ တင်ထားတာတွေ ပြောထားတာတွေ ခဏခဏတွေ့နေ ခဲ့ရင် တောင်းပန်ပါတယ်...။ Like button နှိပ်တာလည်း ၀ါသနာပါလို့ ခဏခဏ နှိပ်တတ်ပါတယ်..။ undergraduate တုန်းက အတူတူတက်ခဲ့တဲ့ သူငယ်ချင်းတွေ တစ်ယောက်တစ်နေရာစီ.. တစ်ယောက်တစ်နိုင်ငံစီ အဝေးကြီးတွေမှာ ရောက်နေကြတော့.. ဖေ့ဘွတ်မှာပဲ အားလုံးစုံဖြစ်တာလေ..။
ဒီမှာ ပုံမှန် စားကြတာတော့ ဒီပုံစံပါပဲ.. တောသူဆိုတော့ မကြိုက်ဘူးလေ :D
**************************************************
အခုက နောက်အပိုင်းတစ်ပိုင်းအဖြစ်.. လက်ကျန်ပန်းတွေကို ဓါတ်ပုံရိုက်ထားတာကို ဆက်လက် ရှုစားပေးပါဦးနော်..။
ပန်းတွေက တောပန်းတွေ.. တောထဲသွားတုန်း တွေ့လို့ ရိုက်ထားတာတွေ.. အဲဒါကြောင့် နာမည်တွေတော့ သိပ်မသိဘူး..။ အခုတော့ တော်တော်များများ ကြွေကုန်ကြပါပြီ..။
အခုတလော ရေးလက်စ ၂ မျိုးရှိတယ်... ။ ဘယ်လိုမှ အပြီးသတ်လို့မရသေးလို့ မတင်ဖြစ်သေးတာပါ..။
ပိတ်ရက်ရောက်မှ မပြီးပြီးအောင် ကြိုးစားရေးရဦးမယ်...။ တစ်ခုက အပျိုကြီးတွေ အကြောင်း... နောက်တစ်ခုက မိန်းကလေးတွေ သဘောကျတတ်တဲ့ ယောက်ျားလေးပုံစံနဲ့ စိတ်ဓါတ်ဆိုပြီး.. ရေးမယ်လို့ စိတ်ကူးထားတာ.. ဘယ်အချိန်ရေးပြီးမလဲတော့ မသိသေးပါဘူး...။
@@@@@@@@@@@@@@@@@@@@
အားလုံးကို ကျေးဇူးတင်ပါတယ်...။
8 comments:
ခေါက်ဆွဲသုပ် အရင်ဆုံးလာစား သွားပါတယ် :P
စားကောင်းမယ်.ပုံလေးဘဲ ညလေးရေ
သားေ၇တောင်ကျလာပြီနော်
ပန်းအ၀ါလေးကချစ်စရာလေးနော် စနိုး နာမည်သိချင်လိုက်တာ မမတို့ဘက်မှာလည်းရှိလောက်တယ်..
ခေါက်ဆွဲသုပ်တော့ကြိုက်မှကြိုက်ပဲ.
အမ် ငါအရင်ဆုံးစားတာဟုတ်ဘူးလား....ဟီးဟီး.....စနိုး နောက်တစ်ခါ လိုက်ခ် နှိပ်ရင် ကြည့်နှိပ်နော်....နာက ရယ်ရလို့ တင်တာပါဟာ....နင်က ရမ်းနှိပ်တော့တာဘဲကို....စိတ်မပူနဲ့ နင့်လိုဘဲ ငါလည်း ကြိုက်တာ အကုန်ရှဲတယ်.....နိုတီတွေတက်လာရင် နင်ကတောင် ငါ့ထက်ပိုစိတ်ညစ်ရဦးမှာ...... :p
ဘိုက်ချာနေပါဒယ်ဆို.. ဘာတွေလာပြနေတာတုန်း. .. >O<
အဲဒါမှ ကိုဂေါ်လီ သဘောကျတာ မိန်းခလေးဆိုတာ ပန်းအလှ သဘာဝကိုရေးရမယ်လေ၊
ဒါမှငါ့ ညီမလေးပန်းဘလောက်ဂါစစ်စစ်ပဲဗျို့ ......... http://mixgawli.blogspot.com
ခေါက်ဆွဲတွေစာချင်စိတ်လာတယ်..
ပြတဲ့သူတာဝန်ကွာ တနေ့ နေ့ ကျွေးရမယ် နော်..
ဟီးးးးးးးးးး..ပျော်ရွှင်ပါစေစနိုးရေ..
ဒီနေ့တော်တော်ဗိုက်ဆာနေတယ်မမရာ။ရုံးမှာဆိုတော့ ထမင်းစားချိန်ရောက်မှစားရတာ။ ဗိုက်ဆာတာနဲ့ ခေါက်ဆွဲသုပ်လေးလာမြည်းတာ။ ဒီနေ့မနက်လဲ ခေါက်ဆွဲပြုတ်ချိုစားလာတာအိမ်မှာ။ ခေါက်ဆွဲတော့အားကြီးကြိုက်။
Post a Comment