နင် သိရဲ့လား ………
ပေါ့ပျက်ပျက်ရယ်သွမ်းသွေး လောကကြီးကို အရေးမထားတဲ့
မိန်းကလေးတစ်ယောက်ရဲ့ ရင်ထဲမှာ
နင့်အတွက် ……….
လွမ်းဆွတ်ခြင်းတွေရှိနေတယ် …..။
နင် သိရဲ့လား ………….
မထီမဲ့မြင်နဲ့ လောကကြီးအတွက် ကဗျာမဆန်တဲ့
မိန်းကလေးတစ်ယောက်ရဲ့ရင်ထဲမှာ
နင့်အတွက် လှပတဲ့ ကာရံတွေရှိနေတယ် …..။
နင် …. သိရဲ့လား ……..
ပြုံးစပ်စပ်မျက်နှာပေးနဲ့ ပျော်ရွှင်ခြင်းသာရှိတဲ့
မိန်းကလေးတစ်ယောက်ရဲ့ရင်ထဲမှာ
နင့်အတွက် ၀မ်းနည်းမှုတွေ ရှိနေတတ်တယ် …..။
ပြုံးစပ်စပ်မျက်နှာပေးနဲ့ ပျော်ရွှင်ခြင်းသာရှိတဲ့
မိန်းကလေးတစ်ယောက်ရဲ့ရင်ထဲမ
နင့်အတွက် ၀မ်းနည်းမှုတွေ ရှိနေတတ်တယ် …..။
နင်… သိရဲ့လား ……
မချစ်တတ်ဘူး နင်ထင်ခဲ့တဲ့
မိန်းကလေးတစ်ယောက်ရဲ့ရင်ထဲမှာ
နင့်အတွက် လေးနက်တဲ့ ချစ်ခြင်းအပြည့်ရှိတယ် …..။
နင် သိထားပေးပါ ……
လွတ်လပ်ပွင့်လင်း ဟန်ဆောင်ကင်းတဲ့
မိန်းကလေးတစ်ယောက်ရဲ့ရင်ထဲမှာ
ပြင်းထန်တဲ့ မာနတရားတွေရှိနေတတ်တယ် …။
++++++++++++++++++++++++
>>> ၀န်ခံခြင်း ==== ဒီကဗျာလေးက ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတာလေးကို ပြန်သတိရပြီး ရေးကြည့်ထားတာပါ ....။ Magazine တစ်အုပ်ထဲမှာ ဖတ်ဖူးပြီးကြိုက်လို့ ကူးရေးထားဖူးတယ်..။ ရေးတဲ့သူလည်း သေချာမှတ်ထားခဲ့တယ်...။ ဒါပေမယ့် ရေးထားသမျှစာအုပ်တွေက မြန်မာပြည်က အိမ်မှာကျန်ခဲ့တော့ အခုက ကဗျာပဲ ပြန်ပုံဖော်လို့ရပြီး ကဗျာဆရာကို မစဉ်းစားတတ်တော့ဘူး..။ တစ်ကယ်လို့ ကဗျာဆရာဖတ်မိခဲ့ရင် ဒီကနေ ခွင့်တောင်းသလို ... ကဗျာလေးအတွက် ကျေးဇူးတင်တယ်လို့ ပြောပါရစေ ..။ နာမည်မမှတ်မိတဲ့အတွက်တော့ တောင်းပန်ပါတယ်..။ တော်တော်ကြာနေခဲ့ပြီဖြစ်လို့ပါ .....<<<
9 comments:
မျှဝေပေးတဲ့ကဗျာလေးကလဲ ခံစားလို့ကောင်းတာပါပဲ
မျှဝေပေးတာကိုပဲကျေးဇူးပါနော်
ခင်မင်တဲ့ sis jasmine
လွမ်းဆွတ်ခြင်းတွေရှိနေတာလဲသိတယ်။
လှပတဲ့ကာရံတွေရှိတာလဲသိတယ်။
ဝမ်းနည်းမှုတွေရှိနေတာလဲသိတယ်။
လေးနက်တဲ့ချစ်ခြင်းအပြည့်ရှိမှန်းလဲသိတယ်။
ပြင်းထန်တဲ့မာနတရားတွေရှိတာလဲထပ်သိတယ်။
ကဗျာကိုအခုလောက်မှတ်မိတယ်ဆိုတော့ ကဗျာရေးတဲ့သူတော်တော်ကျေနပ်မှာပါမမရေ
နင်… သိရဲ့လား ……
မချစ်တတ်ဘူး နင်ထင်ခဲ့တဲ့
မိန်းကလေးတစ်ယောက်ရဲ့ရင်ထဲမှာ
နင့်အတွက် လေးနက်တဲ့ ချစ်ခြင်းအပြည့်ရှိတယ် …
ကဗျာလေးခံစားသွားပါတယ်
ညလေးရေ
ပြန်လည်မျှဝေပေးလို့ ခုလိုဖတ်ခွင့်ရတာ ကျေးဇူး။
ကြိုက်တယ်။
ပျော်ရွှင်ပါစေ
မကြီးလွမ်း
မိန်းကလေးပဲဖြစ်၂ယောက်ျားလေးပဲ ဖြစ်၂အချစ်ပါဝင်တဲ့ ပုံပြင်တပုဒ်ဆီတော့ရှိကြတာပဲနော်
နင်သိရဲ့လား
ငါတို့ အဆက်ဖြတ်ရအောင်ဆိုတဲ့ နင့်စကားတစ်ခွန်းကို
ခေါင်းညိတ်လိုက်ခြင်းရဲ့ ယောက်ျားမာနတစ်စုံနောက်ကွယ်မှာ
ပြောမပြနိုင်တဲ့ နာကျင်ကြေကွဲမှုတွေရှိတယ်
:):):)
စနိုးရေ ကဗျာလေးဖွဲ့ထားပုံကို ကြိုက်လို့ ဖီလင်တချို့ ဆွဲထည့်ကြည့်လိုက်တာ ဟီးးးး
အဲ.. ဖီလင်အစစ်တွေပါလား :))
ဟုတ်ပါ့..ဟုတ်ပါ့..
ဖီလင်အစစ်တွေပေါ်လာပီ...ဟိ
မျှဝေပေးထားတာလေးကို မျှဝေခံစားသွားပါတယ်
သတိရနေတယ်...သိလား
သတိရလို့ပတ်ဝင်ခဲ့တယ်မမရေ။ အွန်လိုင်းမှာလဲမတွေ့ရတော့နဲနဲဝေးနေသလိုပဲနော်။မမက ပို့စ်အသစ်တင်ဦးလေ။ ကဗျာလေးတစ်ပုဒ်လောက်ဖတ်ချင်လိုက်တာ။
Post a Comment