Wednesday, 24 October 2012

# Love Poems # ဘာသာပြန်

♥ ♥ ~~ You said ~~ ♥ ♥


♥ ♥ ♥ ♥ ♥
You said ,,, 'I love the Sun' ~~
But when the Sun shines,
You always go under shelter .......

you said ,,, ' I love the Rain' ~~
But whenever it's raining,
You always cover with an umbrella ......

You said ,,, ' I love the Wind' ~~
But when the Wind comes ,,
You always close your windows. ...

That's why I'm afraid if you say to me once, " I love you " ~~~


ဒါကြောင့်ပေါ့ .... ချစ်တယ်လို့ပြောပြီး သံယောဇဉ်တွေ ရစ်ပတ်ပြီးကာမှ .... နင်အဝေးကို ထွက်သွားမလား ကြောက်နေမိတယ် ... ♥ ♥

 ******************************


အခုအတန်းကျောင်းပြန်ဖွင့်တော့ course work က အရင် semester တွေမှာ အားလုံးလိုလို ပြီးထားပြီးသားမို့ တက်စရာအတန်းလည်း သိပ်မရှိတာရယ်.. ဂျာမာန်စကားလည်း သေချာပြန်လေ့လာချင်တာနဲ့ပဲ language class တွေ တက်ဖြစ်တယ်..။ facebook မှာ German language ကိုလေ့လာချင်တဲ့သူတွေအတွက် တော်တော်ကောင်းတဲ့ page တစ်ခုတွေ့မိတော့ အမြဲတမ်း အဲဒီက တင်တဲ့စာတွေ ဖတ်ဖြစ်နေရင်းနဲ့ ရေးထားတဲ့ ကဗျာလေးတွေ ဘာသာပြန်ကြည့်ရင်း ဒီကဗျာလေးကို သဘောကျလို့ ဒီမှာ ဝေမျှလိုက်လိုက်တာပါ ..။

ဘာသာစကားတွေ လေ့လာဖို့ စိတ်ဝင်စားလို့ ဂျာမာန်ဘာသာကို လေ့လာချင်တယ်ဆိုရင် ဒီပေ့ခ်ျလေးက အရမ်း အထောက်အကူဖြစ်လို့ ဒီနေရာမှာ သွားကြည့်လို့ရပါတယ်..။ 


နောက်တစ်ခုက စကားလုံးတစ်လုံးနဲ့ ပတ်သက်တဲ့ ဟာသလေးတစ်ခုပါ ... ။ အင်္ဂလိပ်လို အမျိုးမျိုးသုံးပေမယ့် ဂျာမာန်လိုတော့ တစ်လုံးတည်းနဲ့ အခြေအနေအတော်များများမှာ သုံးနိုင်တဲ့ လူပြောများတဲ့ စကားလုံးတစ်ခုပေါ့...။ ဟာသသက်သက်ပါ :)


Wish you all be always HAPPY !!

10 comments:

စံပယ်ချို said...

မသိတာလေးတွေ သိသလိုလေးလုပ်ပြီးလေ့လာခဲ့တယ်
ဗဟုသုတရပါလဲရပါတယ်
ချစ်တဲ့ sis jasmine

Candy said...

အပေါ်က You said ဆိုတဲ့ စာပိုဒ်လေးကို သဘောကျတယ် :D

ချစ်စံအိမ် said...

ချစ်တယ်လို့ပြောပြီး သံယောဇဉ်တွေ ရစ်ပတ်ပြီးကာမှ .... နင်အဝေးကို ထွက်သွားမလား ကြောက်နေမိတယ် ... ♥ ♥
စာသားလေးကြိုက်တယ်..

လွင်ပြင်လှိုင်းငယ် said...

ချစ်တယ်လို့ပြောပြီး သံယောဇဉ်တွေ ရစ်ပတ်ပြီးကာမှ .... နင်အဝေးကို ထွက်သွားမလား ကြောက်နေမိတယ်
လွင်ပြင်လဲ ဒီစကာလုံးတွေကိုကြိုက်တယ်

Anonymous said...

These are impressive articles. Keep up the noble be successful.

Yoemyaykya said...

သံယောဇဉ်တွေရစ်ပတ်နှောင်ဖွဲ့ပီးမှ ထွက်မသွားပါနဲ့။ မှန်လိုက်လေမမရေ။ ဂျာမန်ဘာသာကတော့ နောက်ရက်မှ သွားလေ့လာတော့မယ်။ ဒီနေ့ပြန်ရောက်ရောက်ခြင်းအမောတကောလာတယ်။ ခရီးလဲပန်းလာတယ်။ လူလဲဖျားနေတယ်။ ဖျားတာတောင်မမေ့ဘူးနော်။

ပဥာက် said...

ဗဟုသုတရစရာတွေပေါ့ဗျာ..

မင်းအရိပ် said...

Bette ဟီးဟီး
Go ahead လို့ ပြောတာပါဗျာ
အနော်တို့ဆရာမက ပြောတယ် မြန်မာတွေ ဂျာမန်လိုအသံထွက်တာ ပီတယ်တဲ့
သူက သူတို့ဘာသာစကားကျမပီလို့ ဒေါသထွက်နေတာ ဟိဟိ

မိုးသက် said...

ကျွန်တော့်ညီမလေးလဲ ဂျာမနီကိုသွားမယ်ထင်တယ်..။ သူကလည်း ဂျာမန်နဲ့ကျောင်းပီးပီ..

မြတ်နိုးသူ said...

ချစ်တယ်လို့ပြောပြီး သံယောဇဉ်တွေ ရစ်ပတ်ပြီးကာမှ .... နင်အဝေးကို ထွက်သွားမလား ကြောက်နေမိတယ် ... ♥ ♥
တကယ်ကြောက်နေမိတယ်

Follow Us @soratemplates