Sunday, 2 July 2017

Blog update @@

July 02, 2017 0 Comments
Hello everyone,

It's me again 😆

ဒီတလော စာတွေ ခဏတိုင်းရေးနေတာနော် ..။ ဘယ်သူမှ သိပ်မလာပေမယ့်လည်း ရေးဖို့က ကိုယ့်တာဝန်ဆိုတော့ကာ အချိန်ရတုန်းလေး ရေးချင်စိတ်ရှိနေတုန်းလေးမှာ ရေးဖြစ်နေတာပါ ..။ ကိုယ့်ဝါသနာကို အခွင့်အရေးရတုန်း အကောင်အထည်ဖော်နိုင်သလောက်ဖော်ဖို့ စိတ်ကူးမိလို့ပါ ...။ ဘာပဲဖြစ်ဖြစ် တစ်ခုခုရေးနေရရင် ရေးဖို့ အချိန်ရရင်ကို ပျော်နေတတ်တာပါ ...။ ဟိုတလောက စာတွေနဲ့အလုပ်ရှုပ်နေတုန်း ဒီဝါသနာကို လျစ်လျူရှုထားမိသလိုဖြစ်တုန်းက စိတ်ထဲသိပ်နေရမကောင်းဘူး ...။ စာတွေကလုပ်စရာတွေများ Deadline တွေကပြည့်နဲ့ လူ့လောကကြီးနဲ့ ကင်းကွာသွားသလိုကို ခံစားမိတယ် ...။ တကယ်တမ်း အချိန်ရလို့ စာပြန်ရေးတော့လည်း ဘာအကြောင်းအရာရယ်လို့ မယ်မယ်ရရရေးစရာမရှိတာနဲ့ အဆင်ပြေသလိုပဲ ရေးနေမိတယ် ....။

Facebook ကို ပိတ်ထားပြီး စာတွေပဲလုပ်နေတဲ့အချိန်အတွင်း Blog တွေတော့ အားရင်အားသလို ဖတ်ဖြစ်တယ် ....။ မြန်မာက Blog အသစ်ကလေးတွေတွေ့တာနဲ့ ပြီးတော့ အဲဒီ Blog တွေက Facebook မှာသာမက Blog မှာလဲ active ဖြစ်ကြတာကြောင့် ကျမBlog ကို အလည်လာသူများလည်း သွားလည်စရာနေရာလေးတွေတိုးသွားအောင် blog roll မှာ ထည့်ထားပါတယ်နော်...။ အဲဒါကြောင့် အဲဒီ Blog ပိုင်ရှင် အစ်မ ညီမလေးများကို ဒီကနေပဲ ခွင့်တောင်းလိုက်ပါတယ် ...။ ဘာမှမပြောဘဲ ကိုယ့်ဘာသာပဲ Blog roll မှာ ထည့်ထားလိုက်မိလို့ပါ ...။

အခု ဒီပို့စ်ကို ရေးရတဲ့ရည်ရွယ်ချက်က ခုနကလေးတင် bloglovin widget ကို Blog sidebar မှာ ထည့်ဖို့လုပ်နေရင်းက Blogpost လိုမျိုးတက်သွားလို့ ဘာမှမရေးဘဲ post အသစ်လိုမျိုးပေါ်နေတာနဲ့ ဒါကို ရေးလိုက်တာပါ ...။ ဒီအတောအတွင်း Blog update လုပ်နေတဲ့အကြောင်းလေး ပြောပြချင်တာလည်း ပါတယ်လေ...။Blog ကို update မလုပ်ဖြစ်တာ နှစ်နဲ့ချီကြာနေပြီလေ..။ ရိုးအီနေတဲ့ပုံစံကကွဲထွက်ပြီး တကယ့်ကို ရှင်းလင်းသပ်ရပ်နေတဲ့ပုံစံလေးဖြစ်ချင်တာနဲ့ အခု template ကလေးကို ပြောင်းထားတာ..။ ပုံတွေရော စာတွေရောကို right click နှိပ်မရအောင်တော့ လုပ်ထားပေမယ့် ပုံတွေပေါ်မှာ left click နှိပ်မရအောင် လုပ်မရသေးဘူး ..။ ဒီ Template က customized ဆိုတော့ အချို့ third-party features တော်တော်များများ ထည့်ရတာ အဆင်မပြေဘူး..။ နောက်မှ တဖြည်းဖြည်းချင်း ကြိုးစားကြည့်ရဦးမယ် ...။


ဒါတောင်မှ အပေါ်က ရှုပ်ရှုပ်ယှက်ယှက်ပန်းပွင့်တွေက ပါနေသေးတယ် ..။ ဒါပေမယ့်လည်း မတတ်နိုင်ဘူးလေ..။ ဒါပဲ အလကားရတာကိုးး 😂😃။ အသက်ရလာလို့လားမသိ တကယ့်ကို minimalist ဖြစ်နေပြီ..။ တကယ် နေရာတိုင်းပါပဲ အဝတ်အစားဝတ်တာကအစ အရိုးရှင်းဆုံးပဲ ဝတ်ရတာကြိုက်တယ် ..။ ကိုယ်နေတဲ့နေရာ သွားဖြစ်တဲ့နေရာတွေလည်း minimal လေးတွေပဲ ကြိုက်တာပါ ...။


အခု Blog ကို ပြန်ပြီး update လုပ်တဲ့အခါ ကျမရဲ့ အချို့သော social network account တွေကိုလည်း ထည့်ချင်တာနဲ့ Bloglovin နဲ့ instagram ၂ ခုကို ထည့်ထားပါတယ် ..။ Facebook ကတော့ Page က အရင်ကတည်းက ရှိလို့ sidebar မှာ ရှိပြီးသားပါ..။ ကျမရဲ့ ကိုယ်ပိုင် facebook account တော့ မပြဖြစ်ပါဘူး..။ ခဏတိုင်း deactivate လုပ်တတ်တာအပြင် နောက်ဆို လုံးဝမသုံးတော့ဖို့လည်း စိတ်ကူးရှိလို့ပါ ..။ ဘာကြောင့် ဒါတွေကိုပြောနေတာလည်းဆိုတော့ သိပ်မကြာခင် ကျမ Blog ရဲ့ Blog URL ကို ပြောင်းရင်ပြောင်းဖြစ်မှာမို့ပါ ...။ အခု bloglink က blog ကို ပထမဆုံးစဖွင့်ဖြစ်တော့ ဘာနာမည်ပေးရမယ်မသိတာနဲ့ ကြုံသလိုပေးထားတာမို့ပါ ..။ အဲဒါကြောင့် အကယ်၍များ ကျမရဲ့ ဒီနေရာလေးကို post အသစ်တင်တိုင်း လာဖတ်လေ့ရှိတဲ့သူဆိုရင် bloglink ပြောင်းတဲ့ information ကို မလွတ်စေချင်လို့ပါရှင် ..။ အသစ်ပြောင်းဖြစ်တာနဲ့ ကျမရဲ့ social account တွေမှာ ပြောမှာပါနော် ..။

အခု ဒီမှာ ည ၁၁ နာရီခွဲပြီဆိုတော့ အိပ်ပါတော့မယ် ...။ နောက်မှ ပို့စ်အသစ်တွေနဲ့အတူ ပြန်လာခဲ့ပါဦးမယ် ...။

Good night 💤💤💤

Saturday, 1 July 2017

Colourpop!!!

July 01, 2017 0 Comments
Hello 👋👋👋

Good morning everyone! 💕
As all of you have noticed, I could have managed time to write something here very often. So now, time is coming to post one of my interests here 💥💥💥

အပေါ်က ပြောထားသလိုပဲ အချိန်ရတုန်းလေး စာတွေအများကြီးရေးဖို့ ကြိုးစားနေတာပါ..။ နေ့တိုင်းရေးချင်ပေမယ့် အဲလိုတော့လည်း အချိန်မရှိသေးပြန်ဘူး...။ သွားရလာရ စားရသောက်ရသေးတာဆိုတော့လေ ..။ နောက်ဆိုရင်တော့ သွားလည်ခဲ့တဲ့နေရာက ဓါတ်ပုံလေးတွေ မျှဝေပေးပါမယ်နော် ..။ ဂျပန်အလည်လာချင်တဲ့သူအားလုံးလည်း ဘယ်လိုနေရာတွေက လည်ဖို့ကောင်းလဲဆိုတာ အကြုံရသွားစေချင်လို့ပါ ....။

လောလောဆယ် ဒီနေ့တော့ ဒီအတောအတွင်း ဝယ်ထားခဲ့တဲ့ Cosmetics တွေထဲက Brand တစ်ခုရဲ့ collection လေးတွေ ပြချင်လို့ပါ ..။ Colourpop က မြန်မာမှာလည်း ရှိပါတယ် ..။ Beautydiary မှာ ရောင်းတယ်ထင်တယ် ..။ သူက LA, USA made ဖြစ်ပြီး ဆိုင်တွေပေါ်မှာ မရောင်းဘဲ online ကနေပဲ ရောင်းတာပါ ...။ Kylie လိုမျိုးပေါ့...။ ဒါပေမယ့် Colourpop က အများကြီးကို ပိုဈေးချိုပါတယ် ...။ Instagram က Beauty blogger တော်တော်များများ သူ့ရဲ့ Lipstick တွေကို သုံးတာတွေ့ပြီးတော့ စမ်းသုံးကြည့်ချင်တာနဲ့ ဝယ်ရင်းဝယ်ရင်း များသွားတာ 😹 ။ ဒါတောင် ဟိုတလောက အမျိုးသားကဒီလိုအလည်လာတော့ သူပြန်သွားတုန်းက အစ်မနဲ့ညီမလေးအတွက် အများကြီးပေးလိုက်သေးလို့သာ။ မဟုတ်ရင် Colourpop တွေ တော်တော် စုမိနေဦးမှာ ...။




colourpop က အများအားဖြင့် 50USD နဲ့အထက်ဝယ်ရင် worldwide free shipping ရတယ် ..။ တခါတလေလည်း free shipping က မရတဲ့အခါလည်း ရှိတတ်တယ် ..။ ကျမကတော့free shipping ရတဲ့အချိန်ပဲ ဝယ်ဖြစ်ပါတယ် ...။ သူ့ရဲ့ Lipstick၊ shadow၊ highlighter တွေက အရမ်းလူကြိုက်များတယ် ..။Lipstick မှာမှ အမျိုးအစားအများကြီးထုတ်တယ် .။ Ultra matte lip, Ultra satin lip, Ultra blotted lip, Lippe stix, Ultra glossy lip, Ultra metallic lip စသဖြင့် ၈ မျိုးလောက်ထုတ်တယ် ..။ ကျမဝယ်ဖြစ်တာက Ultra matte lip, Ultra satin lip, blotted lip, Lippe stix ၄ မျိုးဝယ်ဖြစ်တယ် ..။matte lip တွေက အခုတလော အရမ်းခေတ်စားနေတာနဲ့ ဝယ်သုံးကြည့်ပေမယ့် နှုတ်ခမ်းမှာ သင်္ဘောဆေးသုတ်ထားသလို ခြောက်ခြောက်တင်းတင်းကြီးဖြစ်နေတယ်လို့ ခံစားရလို့ နောက်ဆို ဘယ် Brand ကပဲဖြစ်ဖြစ် ဝယ်မသုံးတော့ဖို့ ဆုံးဖြတ်ထားတယ် ..။ ကျမက နှုတ်ခမ်းနီဆို အရမ်းစိုပြီး တောက်နေတာမျိုးမဟုတ်ပေမယ့် moisture ပါတာတော့ ကြိုက်တယ် ..။ အဲဒါကြောင့် ဒီ Colourpop ထဲကဆိုရင်Ultra satin lip, နဲ့ Lippe stix ကို အရမ်းကြိုက်တယ် ..။ တစ်ခုမှ ၆ ဒေါ်လာလောက်ပဲ ပေးရတယ် ..။

အခု ဝယ်ထားဖြစ်ပြီး ဆိုးဖြစ်နေတဲ့ နှုတ်ခမ်းနီလေးတွေ..။ နှုတ်ခမ်းကို ခြောက်ခြောက်ကပ်ကပ်ကြီးလည်း မဖြစ်စေသလို Gloss လိုမျိုး စိုရွှဲနေတာမျိုးမဟုတ်ဘဲ ကြည့်လို့ကောင်းတယ်...။ သူ့မှာ အရောင်လေးတွေ ရွေးစရာအများရှိတယ် ..။ လုံးဝ nude color ကနေ black color အထိ shade အမျိုးမျိုးရှိတော့ ရွေးချယ်စရာတွေ အရမ်းများတယ် ..။


မြန်မာက ကျမရဲ့အစ်မက Lippe stix ကို ကြိုက်တယ်ဆိုလို့ သူ့အတွက် ၆ ဗူး package တစ်ခု ဝယ်ထားပေးတာ.. ။ တကယ်တော့ ဒါကလည်း lipstick တစ်မျိုးပါပဲ..။နှုတ်ခမ်းကို မခြောက်စေဘဲ matte ပုံစံဖြစ်စေတာက သူ့ရဲ့လူကြိုက်များစေတဲ့အချက်ဖြစ်မယ်ထင်တယ် ..။ တစ်ခုမကောင်းတာက နှုတ်ခမ်းနီအသားက အရမ်းနူးညံ့တော့ အရှည်ကြီးဆွဲထုတ်မိရင် ကျိုးသွားတတ်တယ်..။ အဲဒါကြောင့် ကိုယ်ဆိုးလို့ရလောက်မယ့် အရှည်လောက်လေးပဲ ဆွဲထုတ်ပြီးဆိုးရင်တော့ ကြာရှည်ခံမှာပါ ..။


နောက်တစ်မျိုး သူ့မှာ နာမည်ကြီးတာတစ်ခုက single eyeshawdow လေးတွေ။ တစ်ခုကို ၅ ဒေါ်လာဆိုတော့ ဈေးတော့ကြီးတယ်နော်..။ ဒီလေးခုဆို ဒေါ်လာ ၂၀ တောင် ကျသွားတယ်ဆိုတော့ ပုံမှန် eyeshadow palette တွေထက် ဈေးပိုကြီးသွားတာပေါ့ ..။ ၄ ခုဝယ်ရင် ဘူးလေးကတော့ လက်ဆောင်ရတာဆိုတော့ကာ ကိုယ့်စိတ်ကြိုက်အရောင်လေးတွေပဲ ဝယ်ပြီး customized palette လေး လုပ်လို့ရတာတစ်ခုပဲ တန်တယ် ...။ ဒါလေးတွေက matte type shadow လေးတွေ အရောင်ထွက်အားကတော့ တော်တော်မိုက်တယ် ...။ အမှုန်တွေလည်း မကျသလောက်ပဲဆိုတော့ မိတ်ကပ်လိမ်းပြီးမှ ဒါတွေကိုလိမ်းလည်း အဆင်ပြေတယ်...။ ဒီတလောမှာ matte type shadow တွေ ခေတ်စားနေတော့ လူတိုင်းက shimmer ပါတာတွေကို သိပ်မဝယ်ကြတော့ဘဲ matte တွေကို ဝယ်ကြတာ တွေ့မိတယ် ..။ သူတို့တွေက နေ့စဉ်သုံးဖို့လည်း အဆင်ပြေတာကိုး.. နော်...။ အရောင်ပြောင်ပြောင်လက်လက်တွေက ပွဲတွေဘာတွေမှသာ ပိုအဆင်ပြေတာဆိုတော့ နေ့စဉ်သုံးဖို့အတွက် သိပ်မလိုဘူးမလား...။






shimmer ပါတဲ့ eye shadow တွေကို တော်တော်များများက သိပ်မရွေးချယ်ဖြစ်ကြတော့ဘူးဆိုပေမယ့် ကျမကတော့ အခု Colourpop ရဲ့ super shock shadow လေးတွေကို တော်တော်သဘောကျမိတာနဲ့ အများကြီးဝယ်ထားမိသွားတယ် .. 😆😆။ သူ့ရဲ့အရောင်လေးတွေက အခြားမှာမတွေ့ဖူးတဲ့ အရောင်ဆန်းဆန်းလေးတွေ..။ အရောင်မှုန်မှုန်မှိုင်းမှိုင်းတွေ တွေ့နေရတာများလာတော့ အခုလို အရောင်လွင်လွင်ဆန်းဆန်းလေးတွေ ပြန်သုံးချင်လာလို့ ကြုံတုန်း အများကြီးဝယ်ထားမိတာရယ် ..။ package ကလေးတွေကလည်း အရမ်းမိုက်တယ် ...။ တကယ့်ကို သပ်သပ်ရပ်ရပ် လှလှပပလေးတွေဆိုတော့ အရမ်းသဘောကျတယ်...။ တစ်ဗူးချင်းဆို ၆ ဒေါ်လာလောက်ရောင်းတာမှာpackage လိုက်ဆို တစ်ဗူးကို ၄ ဒေါ်လာလောက်ပဲ ပေးရတော့တယ် ..။ များသွားတယ်ဆိုပေမယ့် ကိစ္စတော့မရှိပါဘူး..။ မြန်မာပြန်ရောက်ရင် လက်ဆောင် တစ်ယောက် တစ်ဗူးဆီ ပေးလိုက်ရုံပဲ 😍😍😍။  ဒီ shadow လေးတွေရဲ့ အရောင်ထွက်အားလည်း အရမ်းမိုက်သလို သူ့ရဲ့ texture ကလည်း နုနုအိအိလေး။ နုရွနေတာဆိုတော့ အမှုန်ထွက်မှာ ကြောက်ရပေမယ့် တကယ်သုံးတော့ လုံးဝအမှုန်မထွက်ပါဘူး...။ လက်ကလေးနဲ့လိမ်းလိုက်ရင်ကို တော်တော်အဆင်ပြေပါတယ်..။

ဒီလိုမျိုး Highligher လေးတွေလည်း တော်တော်ကောင်းတယ် ..။ တကယ်ကို highly recommended ပါပဲ ..။ သူများတွေလိုတော့ သိပ်မပြောတတ်ပေမယ့် တကယ့် ဈေးကြီးတဲ့ brand တွေရဲ့ Highligher တွေနဲ့ ယှဉ်နိုင်ပါတယ် ..။ ကိုရီးယားမင်းသမီးလေးတွေလို မျက်နှာပြောင်ပြောင်ဝင်းဝင်းလေးဖြစ်ချင်ရင်  super shock cheek လို့ နာမည်ပေးထားတဲ့ ဒီHighligher လေးတွေကတော့ တကယ်အထောက်အကူပြုမှာပါ ..။ သူ့မှာလည်း အရောင်မျိုးစုံရှိတာဆိုတော့ ကိုယ့်သဘောကျတဲ့အရောင်လေးတွေကို စိတ်ကြိုက်ဝယ်လို့ရပါတယ်..။ တစ်ခုကို ၈ ဒေါ်လာတော့ ပေးရတယ်...။

colourpop က shipping လည်း အရမ်းမြန်တယ်..။ ရုံးဖွင့်ရက်ဝယ်တယ်ဆိုရင် ချက်ချင်းပို့တာဆိုတော့ တစ်ပတ်လောက်ပဲကြာပါတယ်..။ shipping information ကလည်း အချိန်နဲ့အမျှ update လုပ်တာဆိုတော့ ရောက်မယ့်အချိန်ကို ကွက်တိမှန်းနိုင်တဲ့အခါ အဆင်သင့်စောင့်နေလို့ရတော့ အချိန်ကုန်သက်သာပါတယ်...။

တကယ်တမ်းတော့ ဟိုးတလောက thesis ရေးနေတုန်း အပြင်လည်း မထွက်ဖြစ် stress တွေ အရမ်းများနေတဲ့အချိန်မှာ ကိုယ်စိတ်ချမ်းသာအောင် ဝယ်ဖြစ်သွားတဲ့ cosmetics တွေရယ်..။ အချိန်က မရတော့ မိတ်ကပ်တောင် မလိမ်းဖြစ်ဘဲ နှုတ်ခမ်းနီတစ်မျိုးပဲ ဆိုးဖြစ်နေပေမယ့် eye makeup တွေ အများကြီးစုမိနေတာာ။နောက်မှ သုံးဖြစ်နေတဲ့ Daily used cosmetics လေးတွေ လာ share ပါဦးမယ်နော်..။ 

Thank you for visiting here 💕😻😻😻😻

Thursday, 29 June 2017

Qanat Haul ~~

June 29, 2017 0 Comments
အားလုံးပဲ မင်္ဂလာပါရှင် ...။

ဒီရက်ပိုင်း နည်းနည်းအားသွားင်္ပြီဆိုတော့ စာတွေ ပြန်ရေးဖို့ စိတ်ကူးရလာပါပြီ ...။
ဈေးမဝယ်ဖြစ်တာ လနဲ့ချီကြာသွားပြီ ...။ အချိန်မရတာနဲ့ပဲ အရင်ရှိနေတာလေးတွေနဲ့ ဖြစ်သလို သုံးနေတာ ..။ တကယ်တော့ Skincare၊ makeup ပစ္စည်းတွေ ပြတ်လုပြတ်ခင်ဖြစ်နေတာ ကြာပြီရယ် ...။ အဲဒါနဲ့ မနေ့ကမှ ကျောင်းနဲ့အနီးဆုံး Shopping mall ကို သွားဖြစ်တယ် ...။ နာမည်က Qanat လို့ ခေါ်ပါတယ် ...။ အွန်လိုင်းကနေ ဝယ်လို့ရပေမယ့် ဂျပန်မှာလည်း အွန်လိုင်းက သိပ်စိတ်မချရပါဘူး..။ အထူးသဖြင့် export products တွေဆိုရင် ဈေးပိုချိုသလောက် အတုတွေဖြစ်တာ များတယ် ..။ အဲဒါကြောင့် ကျမကတော့ အဲလိုပစ္စည်းတွေတင်သာမကဘဲ ဂျပန်ထုတ်ပစ္စည်းတွေလည်း အွန်လိုင်းက မဝယ်ပါဘူး...။ ဆိုင်မှာပဲ စိတ်ကြိုက်ကြည့်ပြီး ဝယ်ဖြစ်တယ် ....။

ပြီးခဲ့တဲ့ ခြောက်လလောက်အတွင်း စာတွေနဲ့နပန်းလုံးနေရတာနဲ့ Youtube နဲ့ Blog တွေလောက်ပဲ အားတဲ့အချိန် ကြည့်ဖြစ်တယ် ...။ နိုင်ငံခြားက ကောင်မလေးတွေရဲ့ ချစ်စရာ ဘလော့ဂ်လေးတွေ အများကြီးတွေ့မိတယ် ...။ ကိုယ့်ထက်ဆို ၁၀ နှစ်လောက်တောင် ငယ်ကြမယ်ထင်တယ် ....။ အခုတလော ခေတ်စားနေတဲ့ Blog templete လေးကို သဘောကျတာနဲ့ အဲလိုမျိုးလေး free ရတဲ့ဟာကို မတွေ့တွေ့အောင် ရှာထားရတာ ...။ Blogger templete တွေက ရိုးနေပြီဆိုတော့ မသုံးချင်တော့တာနဲ့ အခု တန်းပလိတ်အသစ်ကလေးကို ခေတ်နဲ့အညီ ပြောင်းထားတယ် ...။ တစ်ခုခုဝယ်ပြီးရင် Haul ဆိုတဲ့ စကားလုံးလေးသုံးပြီး ပြကြတာကို သဘောကျတာနဲ့ ကိုယ်လည်း အခု ဒီစကားလုံးလေးသုံးထားတယ် ...။ 😜😝 ရယ်ရတယ်နော်.. ကိုယ်လဲ ကလေးတွေ လုပ်သလို လိုက်လုပ်တတ်သေးတာ မကြီးမငယ်နဲ့ .. 😬😬😬

မနေ့က လိုတာလေးတွေ နည်းနည်းပါးပါးသွားဝယ်ရင်း ကိုယ့်စိတ်ကြိုက်လေးတွေမို့ ဒီမှာ ခဏလာပြီး အမှတ်တရတင်တာပါ ...။ ကျမအကျင့်က ဈေးဝယ်ရင် အချိန်တအားယူတာကို သိပ်မကြိုက်ဘူး ..။ အချိန်တွေကုန်လို့ ..။ Window shopping လား သိပ်မုန်းတာ ..။ မဝယ်ဘဲ ဟိုလျှောက်ဒီလျှောက် ကြည့်နေရတာလောက် အချိန်ကုန်လူပမ်းဖြစ်တာကို မုန်းလွန်းလို့ အိမ်က မောင်တွေ ညီမတွေနဲ့ဆို ဈေးဝယ်ရင် သိပ်မတည့်ဘူး ...။ ကျမဈေးဝယ်မယ်ဆိုရင် အိမ်မှာကတည်းက ဘာဝယ်မယ်ဆိုတာ စဉ်းစားထားတယ် ...။ ဟိုရောက်ရင် အဲဒီပစ္စည်းရှိတဲ့နေရာကို သွားပြီး လိုတာဝယ်တယ် ပြန်လာတယ် ..။ မနေ့က အချိန်သိပ်မရတာနဲ့ အရေးတကြီးလိုတာတွေပဲ ဝယ်လာတယ် ....။ နောက်မှ ထပ်သွားရပြန်ဦးမယ် ...။


ဝယ်လာတဲ့ထဲမှာ အကြိုက်ဆုံးတစ်ခု ...။ Maybelline က ဒီ BB cushion လေးကို ဒီတလောမှာ review တွေတော်တော်များများရေးကြပြီး rating တွေ အများကြီးပေးကြတယ် ...။ ဒီမှာက အခု နွေရာသီစနေပြီဆိုတော့ တော်တော်ပူနေပြီ  ...။ အဲတော့ Foundation ရော powder ရော ၂ ထပ်ကြီးလိမ်းရင် ချွေးတွေပြန်ပြီး နေရခက်မှာစိုးတာနဲ့ ဒါလေးကို ဝယ်လာခဲ့တာ..။ ဒီနေ့လိမ်းခဲ့တာ အရမ်းမိုက်တယ် ...။ အဆီမပြန်ဘူး ..။ ထူထူကြီးဖြစ်မနေဘဲ သိပ်သိပ်သည်းသည်းလေးနဲ့ နေလို့လည်း ကောင်းတယ် ..။ Made in Korea ဆိုတော့ အဲဒီက makeup trend အတိုင်း ပြောင်ပြောင်းဝင်းဝင်းလေးဖြစ်နေတာ သိပ်သဘောကျတာပဲ ..။ ဒီမှာကတော့ ၂၅၉၂ ယန်းဆိုတော့ မြန်မာမှာထက်တော့ ဈေးများမယ်ထင်တယ် ..။ မြန်မာမှာက ၂ သောင်းလောက်ပဲ ရှိတာလားလို့နော် ..။ ဘာဖြစ်ဖြစ် ဒါလေးကိုတော့ တော်တော်ကြိုက်တယ် ...။


နောက်တစ်မျိုးက လက်စွဲတော် SK2 ကုန်နေတာနဲ့ Essence set တစ်ခု ဝယ်လာခဲ့တယ် ..။ SK2 ကတော့ ဘာမှ သိပ်ပြောစရာတောင် လိုမယ်မထင်ဘူးနော် ...။ Skin ကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကအတိုင်း ပြန်နုပျိုသွားစေတယ်ဆိုတာ တကယ်မှန်တယ် ...။ ပေးရတဲ့ဈေးနဲ့ ရလာတဲ့အကျိုးက တကယ့်ကို တန်ပါတယ် ..။ ဒီ တစ် set ကို ယန်း ၇၀၀၀ ကျော် ပေးရတယ် ။ အတိအကျတော့ မမှတ်မိတော့ဘူး ...။


ဒီ Facial foam ကို နိုင်ငံခြားက Blogger တော်တော်များများ review ပေးကြတယ် ...။ Drugstore brand ထဲမှာတော့ အကောင်းတကာ့အကောင်းဆုံးတဲ့...။ ဈေးကလည်း ချိုတယ် .. ။ ယန်း ၅၀၀ လောက်ပဲ ပေးရတာ ..။ သူ့ကိုသုံးတာက အခြား facial foam တွေသုံးတုန်းကထက် မျက်နှာကိုပိုသန့်သွားစေတယ်လို့ထင်တယ်။ မြန်မာမှာတော့ ရှိနေပြီလားမသိပေမယ့် တော်တော်များများကတော့ ဒီကလူကြုံတွေကနေတစ်ဆင့် မှာသုံးကြတယ် ..။ 🙈🙈 နောက်က လက်ပုတော့ထဲက ပုံကို မကြည့်ကြပါနဲ့နော် ...။ ခုမှ သူများဓါတ်ပုံရိုက်တာလေးတွေကို တုပြီး လှတပတလေး ရိုက်တတ်အောင် ကျင့်နေလို့ပါ 😀



ဆားဝက်ခြံတွေပျောက်ဖို့ Charcoal mask က နာမည်ကြီးနေတာနဲ့ Scurb ကိုလည်း Charcoal scrub စမ်းသုံးကြည့်ဖို့ ဝယ်လာခဲ့တယ် ..။ တစ်ခါမှတော့ မသုံးဖူးပေမယ့် အဆင်ပြေမယ်ထင်ပါတယ် ...။သူက ယန်း ၅၀၀ ကျော်ပဲ။ မြန်မာငွေနဲ့ဆို ၆၀၀၀ လောက်ပါပဲ ..။


နောက်တစ်မျိုးက ခေါင်းဘီးအကြဲ ဝယ်လာခဲ့တယ် ..။ ဆံပင်က ပြန်ရှည်နေပြီဆိုတော့ ဆံပင်ကျွတ်မှာစိုးတာနဲ့ ဘီးအကြဲနဲ့ ဖြီးဖို့ ဝယ်လာခဲ့တယ် ..။ ဒါလည်း ၅၂၀ ယန်းပဲ ပေးရတယ် .။ ဖြီးတာ ဆံပင်လုံးဝမကျွတ်ဘူး..။ အသက်ရလာပြီတော့ ဆံပင်တွေ ပါးမသွားအောင် သေချာ ထိန်းသိမ်းမှဖြစ်မယ်လေ .. နော်။


နောက်ဆုံးတစ်မျိုးက ပိုက်ဆံအိတ် ..။ သုံးနေတဲ့တစ်ခုက တော်တော်လေးကို အိုဟောင်းနွမ်းနေပြီ..။ Brand တစ်ခုခုထဲက ကိုင်ချင်တာနဲ့ မဝယ်ဖြစ်တာ ခုတော့ မဝယ်လို့မဖြစ်လောက်အောင် စုတ်နေတာနဲ့ပဲ အသစ်တစ်လုံးဝယ်ခဲ့တယ် ..။ တစ်လုံးတည်း ဝယ်ရင် ၃၀% discount နှစ်ခုယူမှ ၄၀% discount ဆိုတာနဲ့ ၂ ခု ယူလာခဲ့တယ် ..။ တစ်ခုက ညီမလေးကို လက်ဆောင်ပေးဖို့..။ ကိုင်ချင်တာက LV ဝယ်နိုင်မှာက MK လောက်လို့ မှန်းထားပေမယ့် တကယ်တမ်းဝယ်တာကတော့ တွေ့ရာဝယ်လာလိုက်တာပါပဲ ...။ ဒီလောက် ပိုက်ဆံအိတ်သေးသေးလေးတွေကို MK ဆိုလည်း ယန်း ၃ သောင်းလောက် ပေးနေရမှာဆိုတော့ နှမြောတာနဲ့ အခု ယန်း ၃၀၀၀ တန်လေးပဲ ဝယ်လိုက်တယ် ..😂😂😂😂။ ဘာဖြစ်ဖြစ် ကိုယ့်ဘာသာ ယုံကြည်မှုရှိရင် ပြီးတာပဲ 😉😉။

နောက်မှ အကြိုက်ဆုံး မိတ်ကပ်တွေနဲ့အတူ ပြန်လာခဲ့ပါဦးမယ် ...။ 😃 အပျော်လျှောက်ရေးတာဆိုတာထက် ကောင်းတဲ့ပစ္စည်းလေးတွေကို ဘလော့ဂ်အလည်လာသူတွေ သိသွားတော့လည်း အကျိုးရှိတာပေါ့ ..နော်။

See you later! Bye for now 💜💗💖💕


Tuesday, 27 June 2017

Beyond defense ~~

June 27, 2017 0 Comments
Hello everyone,

မနေ့ကပဲ final defense ပြီးသွားပါတယ်..။ အဲဒီရက်အလွန်ကို မျှော်ပြီး ပျော်နေလိမ့်မယ်လို့ထင်ထားခဲ့မိပေမယ့် ထင်ထားသလောက်တော့ ပျော်စရာမကောင်းခဲ့ပါဘူး....။ defense ပြီးတဲ့နောက် တွေးစရာ လုပ်စရာတွေ များလာတယ် ..။ ကိုယ့်ဘ၀ကိုယ်လည်း ပြန်စဉ်းစားမိလာတယ် ..။ ဘာလို့ ဒီလို စာတွေပဲ လေ့လာနေရတဲ့ ဝဲဂယက်ထဲပဲ တဝဲလည်လည် ရုန်းကန်နေရတာလဲပေါ့...။ Defense မတိုင်ခင် တစ်ပတ်လောက်အတွင်းဟာ presentation file ကို စိတ်တိုင်းကျအောင် ပြင်နေရတာနဲ့ မအိပ်လိုက်ရတဲ့ရက်တွေလည်း ရှိခဲ့တယ် ..။ သေချာတာတော့ ရူးမသွားသေးဘူး ထင်ပါတယ် ..။ စာအုပ်မအပ်ခင်တုန်းကတစ်ခါ မအိပ်ရတဲ့ရက်တွေ ရှိခဲ့သေးတယ်....။ ပညာတွေတောက်လျှောက်သင်လာခဲ့တဲ့အတောအတွင်း ဒီအကြိမ်ဟာ ဘဝမှာ ပြင်းပြင်းထန်ထန်ကြိုးစားဖူးခြင်းပါပဲ ...။ အသက် ၅ နှစ် သူငယ်တန်းကတည်းက စာတွေနဲ့ပဲ လုံးပမ်းနေခဲ့တာ အခု အသက် ၃၀ ကျော်လာတဲ့အထိ အပြင်လောကအကြောင်း ဘာမှမသိဘဲ ဒီသံသရာထေဲလည်နေတာ ဖြစ်သင့်ရဲ့လားဆိုတာတော့ ပြန်စဉ်းစားရဦးမယ် ..။ ဒါပေမယ့်လည်း ကိုယ်ပဲ ပုံမှန်မဟုတ်တာလားတော့မသိပေမယ့် ဒီနေ့ post-doc ခေါ်တဲ့ call တွေ လိုက်ဖတ်ဖြစ်နေသေးတယ် ...။
မနေ့က defense မှာ lab. က ကျမနဲ့ တရုတ်မလေး တစ်ယောက် လုပ်ကြတာဆိုတော့ congratulations cake က ၂ ခု စားရတယ် ..။ ပန်းစည်းလေးလည်း lab member တွေက စုပြီး စီစဉ်လက်ဆောင်ပေးကြတာ ...။ အားလုံးပြီးစီးသွားမှပဲ lab. က သူတွေအားလုံးနဲ့ အေးအေးဆေးဆေး စကားထိုင်ပြောဖြစ်တယ် ..။ အရင်ကတော့ စာပဲ ကုန်းရုန်းလုပ်နေရတာဆိုတော့ သေချာစကားမပြောဖြစ်ဘဲ seminar ရောက်မှသာ တွေ့ဖြစ်ကြတာကိုး ..။ နောက်လထဲတော့ အားလုံးစုပြီး ကမ်းခြေတစ်ခုကို ခရီးသွားကြဖို့ စီစဉ်ထားကြသေးတယ် ..။ မြန်မာသူငယ်ချင်းတွေနဲ့လည်း စုပြီး လျှောက်သွားရဦးမယ် .။ တစ်ယောက်တည်းလည်း မရောက်သေးတဲ့နေရာတွေကို လျှောက်လည်ဖို့ အစီအစဉ်တွေ ဆွဲရဦးမယ် ..။ အဓိကက ငွေရေးကြေးရေးကလည်း တွက်ချက်ရပြန်ဦးမယ်.။ မပြန်ခင် ဝယ်ချင်တာတွေကလည်း အများကြီး။ မြန်မာမှာက ဒီမှာထက် ၃ ဆ လောက်ဈေးများတာဆိုတော့ လိုမယ်ထင်တာလေးတွေ ဝယ်သွားရဦးမယ် ..။ ဂျပန်က drug store brand တွေက မြန်မာရောက်ရင် high-end brand တွေဖြစ်ပြီး ဈေးတွေကြီးလွန်းလိုက်တာ..။

စာတွေလည်း အများကြီးပြန်ရေးနိုင်အောင် ကြိုးစားရဦးမယ် ...။ ဘာတွေရေးဖြစ်မလဲတော့ အတိအကျမရှိပေမယ့် ဟိုဟာရေး ဒီဟာရေးကပဲ ကိုယ့်စတိုင်လ်ဖြစ်နေတော့ ရေးချင်တာရေးရမှာပေါ့လေ...။ လောလောဆယ်တော့ အိပ်ရေးပျက်ထားတဲ့ဒဏ်တွေကြောင့် လူက စိတ်သိပ်မရွှင်လန်းသေးဘူး....။ နောက်မှပဲ ရှေ့ဆက်လှမ်းမယ့်လမ်းတွေအတွက် သေချာစဉ်းစားရည်ရွယ်ဖို့ လုပ်ရဦးမှာ..။ သေချာတာတော့ မြန်မာပြန်ရောက်တာနဲ့ မိသားစုဘဝတစ်ခုဖြစ်အောင် ကလေးယူဖို့ အရင်ဆုံးကြိုးစားဖြစ်မှာပါ ...။

နောက်တစ်ခု ကျမရဲ့ မကောင်းတဲ့အချက်တစ်ခုက အရေးကြီးတဲ့ event တွေအတွက်ဆို ဘယ်တော့မှ ကောင်းကောင်းမှတ်တမ်းတင်ထားလေ့မရှိတာ..။ အဆိုးဆုံးက ဘွဲ့ ၂ ခုရပြီးပေမယ့် သူများတွေလို အိမ်မှာ အလှချိတ်စရာ ဘွဲ့ဓါတ်ပုံတစ်ခုမှ မရှိပါဘူး။။ ပထမဘွဲ့တုန်းက မြန်မာမှာပေမယ့် ဘွဲ့နှင်းသဘင်မှာ ကိုယ့်ကင်မရာနဲ့ပဲ အဆင်ပြေသလို ရိုက်ဖြစ်တော့ ကိုယ်တစ်ပိုင်းပုံ တစ်ပုံမှ မရှိဘူး..။ မိတ်ကပ်လည်း မလိမ်းဖြစ်တော့ မပြင်တတ်မဆင်တတ်ချိန်ဖြစ်တဲ့အပြင် ကင်မရာကလည်း ပရိုမဟုတ်တော့ ကောင်းကောင်းကန်းကန်းပုံတစ်ပုံမှမရှိခဲ့ဘူး..။ ဂျာမနီမှာတုန်းကတော့ Graduation ချိန်က ကိုယ်ပြန်သွားပြီး ၅ လလောက်နေမှ လုပ်တာဆိုတော့ ဘွဲ့တောင် တက်မယူလိုက်ရပါဘူး.။ ရုံးကပဲ EMS နဲ့ လှမ်းပို့လိုက်တာ။ မေ့နေခဲ့တာ ခုမှ သတိရမိ..။ အဲဘွဲ့လက်မှတ်ကိုင်ပြီး အိမ်မှာတောင် ဓါတ်ပုံမရိုက်ဖြစ်သေးဘူး..။ မနေ့ကလည်း အဲဒီလိုပါပဲ ။ အစက တွေးထားတာ ကင်မရာယူလာပြီး သူငယ်ချင်းတစ်ယောက်ယောက်ကို သေချာ ရိုက်ခိုင်းမယ်ပေါ့ ...။ တကယ့်နေ့လည်း ရောက်ရော အလုပ်တွေ ရှုပ်နေတာနဲ့ပဲ အာရုံမရတော့တာနဲ့ ဘယ်သူ့ကိုမှ မပြောဖြစ်တော့ဘူး ..။ Defense လာတက်တဲ့သူငယ်ချင်းတွေက နည်းနည်းပါးပါးရိုက်ပေးထားလို့သာ အချို့ပုံလေးတွေ အမှတ်တရအနေနဲ့ ရထားတယ် ..။ ဒါပေမယ့် သူတို့လည်း အဝေးက ရိုက်ရတာလည်းဖြစ် ဖုန်းနဲ့ပဲဆိုတော့ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားတော့ မဟုတ်ဘူးပေါ့လေ..။ ဘာပဲဖြစ်ဖြစ် မှတ်တမ်းတစ်ခုအနေနဲ့ ရှိတာပဲ ရိုက်ပေးတဲ့သူငယ်ချင်းတွေကို တကယ်ကျေးဇူးတင်မိတာပါ ..။ ဓါတ်ပုံရိုက်တာ အရမ်းဝါသနာပါပေမယ့် ကိုယ့်ဘဝပေးကုသိုလ်ကံကပဲ ဘဝရဲ့ အရေးကြီးတဲ့ event တွေမှာ မှတ်တမ်းတင်ဖို့ ကံမစပ်တာပေပဲလား မသိပါဘူး...။ အဆိုးဆုံးက ငယ်ရွယ်တုန်းမှာ prewedding ပုံတွေလည်း သေချာ မရိုက်ဖြစ်ဘူး ..။ အမျိုးသားက ဂျပန်ကို လာလည်တာ ၂ ခါရှိပြီ ..။ post wedding ဓါတ်ပုံရိုက်ကြမယ်ဆိုပြီး စီစဉ်ထားကြပေမယ့် ဟိုလိုလို ဒီလိုလိုနဲ့ပဲ မရိုက်ဖြစ်လိုက်ပါဘူး...။ မြန်မာပြန်ရောက်ရင်တော့ အသက်လည်း ငယ်တုန်း လူလည်း ကလေးမွေးပြီး ပုံဆိုးပန်းဆိုးမဖြစ်သေးခင် ရိုက်ဖြစ်အောင် ရိုက်ဦးမှာ..။ ဒီတစ်ခါ ဘွဲ့ယူရင်တော့ ပုံကောင်းကောင်းလေးလည်း ရနိုင်ကောင်းပါရဲ့ ...။
မနေ့တုန်းက အမှတ်တရပုံလေး....။

လူက စိတ်နဲ့ကိုယ်နဲ့ မကပ်တော့ စာရေးတာ ဟိုရောက်ဒီရောက်ဖြစ်နေရင်လည်း သည်းခံပေးကြပါလို့ ...။ ဒီနောက်ပိုင်းစာရေးရင် လိုတဲ့နေရာတွေမှာ ကိုယ့်ဓါတ်ပုံတွေ ထုတ်ပြဖို့လည်း စဉ်းစားထားပါတယ် ...။ အရင်ကတော့ ကိုယ့်ပုံကိုယ် Public မတင်ရဲတာက အင်တာနက်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကြောက်လို့ပါ ...။ ကိုယ့်လို ပါချီပါချက်ကိုတော့ ဘယ်သူမှ ဘာမှလည်း သိတာမဟုတ်ပါဘူးလေ...။ ကွကိုယ်သာ စိတ်တွေပူနေတတ်တာ 😂😂။ ခုတော့ ဘလော့ဂ်တွေ ခေတ်မရှိတော့ဘူးဆိုတော့ လူတွေ သိပ်စိတ်မဝင်စားတော့တာကြောင့် ဘာတင်တင် ဘယ်သူမှ မြင်တာမဟုတ်တော့ ဒီမှာပဲ ကိုယ်ရေးချင်တာလျှောက်ရေး ကိုယ်တင်ချင်တာတင်ဖို့ စိတ်ကူးထားပါတယ် ...။

OK then!! See you later 👐👐
Thanks for coming here 🙏😘😘😘😘😘

Tuesday, 13 June 2017

This and that @@

June 13, 2017 5 Comments
Hello 🙋

Back here again 😊😊😊

စိတ်အရှူပ်ရဆုံးကာလကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါပြီ။
မနေ့က Thesis ကို အပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒါက ပြီးဆုံးသွားသေးတာတော့ မဟုတ်ပါဘူး။ ဒီကြားထဲ ၂ ပတ်လောက်မှာ Examination board က Defense လုပ်ဖို့ Eligible ဖြစ်မဖြစ် စစ်ကြမှာဆိုတော့ ကျမအနေနဲ့ ဒီနေ့နည်းနည်းအားနေတယ်ပေါ့နော်။ ဒီနေ့ကစပြီး Defense အတွက် powerpoint ပြင်သင့်တာဆိုပေမယ့် ကျမက အဲလောက်တော့ မကြိုးစားချင်ဘူးလေ။ တစ်ရက်လောက်တော့ အေးအေးဆေးဆေးနားချင်သေးတယ်..။ အဲဒါကြောင့် ဒီနေ့ ဟိုဟာဒီဟာလေးတွေ လျှောက်လုပ်တယ်ဆိုပါတော့။ သူငယ်ချင်းတွေနဲ့လည်း ဒီနေ့မှ အေးအေးဆေးဆေးတွေ့ဖြစ်ပြီး စကားတွေပြောဖြစ်တော့တယ်..။ ဒီလ ၂၆ ရက်နေ့ Defense ပြီးသွားရင်တော့ ဆရာတွေပေးလာမယ့် comment တွေနဲ့ပတ်သက်ပြီး လိုအပ်တာနည်းနည်းပါးပါးပြင်ပြီးသွားရင် စာအုပ်အပြီးသတ်အပ်ပြီးသွားတာနဲ့ နားလို့ရသွားပါပြီ...။

Facebook ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက deactivate လုပ်ထားခဲ့ရာက ဒီနေ့ပြန်ဖွင့်ကြည့်မိတယ်..။ OMG😱😱😱 ခြောက်လလောက်အတွင်း မြန်မာဖွဘုတ်လောကမှာ အများကြီးထူးခြားမှုတွေဖြစ်နေခဲ့တာပဲ..။ အဓိက ပြောင်းလဲမှုတစ်ခုက Blogger ဆိုတဲ့စကားလုံးကို အဲမှာတော်တော်တွင်တွင်ကျယ်ကျယ်သုံးပြီးတော့ လူတော်တော်များများ Blogger တွေဖြစ်သွားကြတယ်..။ ကျမ ဖွဘုတ်ကိုသုံးတုန်းက ဖွဘုတ်ဆယ်လီဆိုပြီး ခေတ်စားပြီးတော့ တော်တော်များများက ဆယ်လီရူး ရူးကြတာ တွေ့မိသေးတယ်..။ အခုတွေ့မိတာက Blogger အမျိုးအစားတော့ သိပ်မများသေးဘူး .။Travel blogger and beauty blogger တွေ တော်တော်ရေပန်းစားနေတယ်..။ Fashion blogger, lifestyle blogger, food blogger ဘာဘာညာညာတော့ သိပ်မတွေ့မိသေးဘူး..။ အလှအပက လူတိုင်းစိတ်ဝင်စားသလို အလှအပကြိုက်တဲ့မိန်းကလေးတော်တော်များများ မိတ်ကပ်ကောင်းကောင်းပြင်တတ်ကြတာဆိုတော့ Beauty blogger တွေ တော်တော်ခေတ်စားကြတယ်..။ ပရိသတ်တွေကလည်း သူ့Blogger ကိုယ့် Blogger ဆိုပြီး အပြိုင်အဆိုင်တွေ အားပေးကြသတဲ့...။ နိုင်ငံခြားက Beauty blogger တွေလို Give away တွေလည်း ခဏခဏပေးကြတာတဲ့ ...။ 

တကယ်တော့လေ မြန်မာက တကယ်လုပ်နိုင်ခဲ့တဲ့ Social Influencer တွေကို ချီးကျူးပါတယ်...။ ဘယ်နေရာမှာ ဘယ်အချိန်မှာ ဘာကို ဘယ်လိုလုပ်ရမလဲဆိုတာ အချိန်အခါကောင်း အခွင့်အခါကောင်းကို အမိအရ ဖမ်းဆုပ်နိုင်တယ် ....။ သူ့နေရာဒေသနဲ့သင့်လျော်တဲ့နည်းလမ်းကို အသုံးပြုလိုက်တော့ အချိန်တိုအတွင်း လူသိတယ် ။ ကိုယ်ဝါသနာပါရာကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ကြတယ် ....။ နိုင်ငံတကာမှာတော့ Blogger တွေက Blog, Youtube, Instagram အဲ ၃ မျိုးကို အဓိက အားထားကြတယ် ..။ အချို့လဲ Twitter သုံးပေမယ့် အဲဒါက နေရာတော်တော်များများမှာ မတွင်ကျယ်ဘူးထင်တယ်...။Facebook ကိုတော့ မကြိုက်ကြဘူးလို့ Blogger တော်တော်များများရေးတာ ဖတ်ဖူးတယ် ...။ မြန်မာနိုင်ငံလိုနေရာမျိုးမှာ နိုင်ငံခြားက Blogger တွေလို အောင်မြင်ပေါက်မြောက်ချင်ရင်တော့ သူတို့နည်းလမ်းကို လိုက်လုပ်ဖို့ မဖြစ်နိုင်ပြန်ဘူး ...။ မြန်မာမှာ အနည်းစုတော့ လူတန်းစားသာလျှင် google, youtube ကို တွင်တွင်ကျယ်ကျယ်သုံးဖြစ်ကြတာ မဟုတ်လား..။ အဲဒါက တကယ့်ကိုယ်တွေ့ပါ..။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ နိုဝင်ဘာ ၂ လ မြန်မာနိုင်ငံကို ဒေတာကောက်ပြန်တယ်..။ စာတမ်းတစ်ခုကရေးနေရင်း တန်းလန်းဆိုတော့ reference တွေ ရှာဖတ်ရတယ်..။ Youtube မှာ tutorial တွေ့ကြည့်ရတယ်..။ အဲမှာပြဿနာက အင်တာနက်ဖိုး တော်တော်ကုန်တာ...။ ကျမလည်း အခြေခံလူတန်းစားဖြစ်တဲ့အပြင် ဒေတာကောက်ဖို့ တောထဲရောက်နေတာဆိုတော့ ဖုန်းအင်တာနက်ပဲ အားကိုးရတာမဟုတ်လား..။ ကျမထင်ပါတယ်.. မြန်မာက ၉၀ ရာခိုင်နှုန်းလောက်သော လူဦးရေက ဖုန်းလိုင်းက အင်တာနက်ပဲ သုံးကြမယ်ထင်တယ်...။ ပြောချင်တာက မြန်မာက အော်ပရေတာတွေရဲ့ ရွှေညဏ်တော် စူးရောက်ပုံပါ..။ ဖွဘုတ်၊ viber လို social application တွေကို unlimited သုံးနိုင်တဲ့ Plan တွေမှ အများကြီးပဲ ..။ အဲတုန်းကတော့ data တွေ အများကြီးပေးတဲ့ Plan ရယ်လို့ မတွေ့မိဘူး.....။ ခုနပြောတဲ့ Facebook, Viber ကို အလကားလိုလိုကို သုံးလို့ရနေတာဆိုတော့ အားလုံးက ဒီလို application တွေပဲ သုံးကြပြီး ဖွဘုတ်မှာ လေ့လာစရာတွေ အများကြီးပါ၊ ဖွဘုတ်မှာ စာတွေဖတ်ပါတယ် လေ့လာပါတယ်တွေ ဖြစ်ကုန်ကြပါလေရော 😐😐
ထားလိုက်ပါတော့လေ..။ ပြောချင်တာက ဒီမိုး ဒီရေ ဒီလှေနဲ့ဆိုတော့ အားလုံးက ရေသည်ပြဇာတ်ထဲက စကားစုလို *တိုင်း၍ရက်တဲ့ ပက္ကလာ မိုးရွာသည်နှင့်အခန့်သင့်* ဆိုသလို ဖြစ်သွားကြတော့တာပေါ့ ..။

ဆိုလိုချင်တာက ကျမအနေနဲ့ ဘယ် Blogger ကိုမှ ရှုံ့ချအထင်သေးတာ မဟုတ်ရပါဘူးနော်...။ ကိုယ်လျှောက်ချင်တဲ့လမ်းကို ရောက်ဖို့ သင့်လျော်မှန်ကန်တဲ့နည်းလမ်းကို သုံးနိုင်ကြတယ်ဆိုတာ တကယ်ချီးကျူးချင်တာပါ ....။ အချို့ မျက်စေ့နားမပွင့်သေးတဲ့ နယ်က လူငယ်လေးတွေအတွက်တော့ အင်တာနက်ဆိုတဲ့အရာတစ်ခုမှာ Facebook ထက် အကျိုးရှိမယ့်အရာတွေ အများကြီးရှိတာကို လက်လှမ်းမီစေချင်မိရုံပါ ...။ ကျမကိုယ်တိုင်ကတော့ စာရေးတာဝါသနာပါတဲ့အတွက် အခွင့်ရရင်ရသလို ရေးဖြစ်မှာပါ ...။ အခုလောလောဆယ် ဒီ Blog ကို blogspot.com ကနေ .com ဖြစ်သွားအောင် Domain ဝယ်ချင်နေတယ်..။ မြန်မာပြန်ရောက်ရင်လည်း update လုပ်ရလွယ်တဲ့နေရာကနေ ဝယ်ချင်တာဆိုတော့ ဘယ်ကဝယ်ရမလဲဆိုတာ လိုက်ကြည့်နေပါတယ် ...။ ဒါပေမယ့် ဘယ်သူမှ လာမဖတ်မယ့်တူတူတော့ မြန်မာလို မရေးဘဲ အင်္ဂလိပ်လို ပြောင်းရေးရင်ကောင်းမလား စဉ်းစားနေမိတယ် ...။ အခုတလော နိုင်ငံခြားမှာ Blogging က အရမ်းကို ပြန်ခေတ်စားနေသလိုပဲ ..။ အဲဒီတော့ မြန်မာပြန်ရောက်ရင် မြန်မာက အစားအသောက်တွေ နေရာဒေသတွေအကြောင်းများ အင်္ဂလိပ်လို ရေးဖြစ်ရင် ပိုအကျိုးရှိတယ်ထင်တယ်..။ ကိုယ်လည်း အင်္ဂလိပ်စာကို အဆက်မပြတ်တော့ဘူးပေါ့လေ..။ ဒါပေမယ့် ကျမရဲ့ အင်္ဂလိပ်အရေးအသားကလည်း below average ကိုဖြစ်လို့ 😷😬။ အဲဒီတော့ ဘာကိုမှ သေသေချာချာမစဉ်းစားဖြစ်သေးပါဘူး ...။

လောလောဆယ် Thesis ရေးနေတဲ့ကာလမှာ အားမပြတ်အောင်ဆိုပြီး အစားတွေနင်းကန်စားရုံမက အချိန်မရတော့ လေ့ကျင့်ခန်းမလုပ်ဖြစ်တာနဲ့ လူက တော်တော်ဝလာလို့ ဝိတ်လျှော့ဖို့ ပြန်ကြိုးစားနေရတယ် ...။ အစားချည်းတစ်လိုင်းဆိုတော့ အဲလိုင်းနဲ့ Facebook blogger လောကကို ဝင်တိုးရင် ကောင်းမလားပဲ 😬😬😬။ လျှောက်ပြောနေတာပါ ..။ Defense ပြီးတဲ့နောက်မှာ အဓိကလုပ်မယ့်စာရင်းထဲ အစားအသောက်တွေ လိုက်မြည်းစမ်း ဓါတ်ပုံရိုက်ဖို့ ဦးစားပေးစာရင်းထဲမှာ ပါပါတယ် ..။ အရင်ကတော့ ဆိုင်တွေမှာစားရင် ဓါတ်ပုံရိုက်ရမှာ အားနာတာရော ရှက်တာရောကြောင့် သိပ်မရိုက်ဖြစ်ဘူး ..။ အခုတော့ Blog မှာ အစားအသောက်တစ်လိုင်းရေးချင်တော့ ရိုက်ဖို့ကြိုးစားနေပါတယ် ..။ အချို့ရိုက်ထားတာလေးတွေ အားပေးသွားပါဦးနော် ...။ နောက်မှ ပြန်လာခဲ့ပါဦးမယ်ရှင့်..။ စကားမစပ် မြန်မာလိုရိုက်တာ အဆင်ပြေသွားပါပြီ ..။ တက္ကသိုလ်လို စာလုံးဆင့်တွေလည်း ရိုက်တတ်သွားပါပြီ ...။ 










Sunday, 21 May 2017

2017 Greetings

May 21, 2017 0 Comments
Hello everyone,

I've been so far away from this blog for almost one year coz my last post here was during August of last year. As final defense for my Ph.D studies is drawing nearer and nearer, I am super busy during this time. As usual, whenever I feel stressed, I seriously want to get my hobby back. That is why I often come to this place trying to do something here.


Unfortunately, my former laptop was broken down since last year October. For this time, I was just thinking to taste the new feeling as I have been totally tired of using window pc. So I bought Macbook Pro and it was so chic and I love it so much. But some softwares I am currently using for my data analysis are not compatible with Macbook because some of them just have developed for window version. In this context, I inevitably have to use Desktop installed in my lab to run for such kind of softwares. To be continued, it would be the reason why I am writing now  in English. Actually, I have already installed Myanmar keyboard and Zawgyi one font in this Macbook, but I am not totally familiar in typing. For example, I do not still know how to type complicated words such as University, Science in Myanmar language. I also couldn't find time to check and practice for Myanmar typing as well. But today, I wanted to post something here after about 8 hours of continuous study. So please don't mind me not for typing in Myanmar language and also my writing might have some mistakes as this is the very first time for me to write this kind of work and I am in a rush too :D :D. My final defense will be set on 26th of June so I am trying now to finalize my dissertation and paper publications. After defense, I will just need to submit my dissertation to examination board. My graduation will be end of September. So starting from July, I don't have so much to do. I decided to travel around Japan to enjoy its culture, nature, food and everything I am interested in. Hopefully, my desire of writing blogposts will still persist until that time so that I can share my experiences here.

Btw, I mentioned my instagram account in this blog and usually post photos there whenever I feel tired of study. So you all can check me there to see some of my activities. And I changed blog theme and my name as well cox I decided to use my own name which was given by my parents. Later, after finalizing my messy studies, I will renovate this blog again and I will surely be back.

See you all!!!!


<3 With love <3

Sunday, 21 August 2016

healthy foods+++

August 21, 2016 3 Comments
မင်္ဂလာပါရှင် ...။
အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ မပျက်မကွက် စာပြန်ရေးနိုင်အောင် ကြိုးစားခဲ့တာ ဒီနေ့ဆို သုံးပတ်မြောက်ဖြစ်သွားပါပြီ ...။
ဒီနေ့ရေးချင်တာလေးက ကျမ အခုတလော ကြိုးစားပြီး စားဖြစ်နေတဲ့ healthy foods တွေအကြောင်းပဲဖြစ်ပါတယ် ....။
မြန်မာမှာလည်း ဆိုရိုးစကားရှိတယ်မဟုတ်လား..။ "ဝမ်းတစ်လုံးကောင်းလို့ ခေါင်းမခဲဘူး" ဆိုတာလေ..။ ဟုတ်ပါတယ် ..။ စားလိုက်သမျှအစာတွေကို ချေဖျက်နိုင်ပြီး ဝမ်းမှန်မှသာ ပေါ့ပေါ့ပါးပါးနဲ့ တစ်နေ့တာကိုဖြတ်သန်းရတာ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိတယ်မဟုတ်ပါလား....။ အစာကိုပုံမှန်ချေဖျက်နိုင်အောင် အစားအစာကို စနစ်တကျရွေးချယ်စားသောက်တတ်မယ်ဆိုရင် အာဟာရလည်းရှိ၊ မလိုအပ်တဲ့အဆီတွေဗိုက်နားတစ်ဝိုက်စုပုံနေတာမျိုးတွေမရှိတော့ဘဲ ချပ်ရပ်လှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်မှာပဲ ဖြစ်ပါတယ် ...။ ကောင်းမွန်တဲ့အစာချေဖျက်နိုင်ခြင်းဆိုတာ ဘာလဲဆိုရင်တော့ ကျမတို့ရဲ့အစာအိမ်က စားလိုက်တဲ့အစာကို သေချာချေဖျက်နိုင်မယ်၊ ပြီးတော့ လိုအပ်တဲ့အာဟာရတွေကို စုပ်ယူထားနိုင်ပြီး ခန္ဓာကိုယ်က မလိုအပ်တဲ့အရာတွေကို စွန့်ထုတ်နိုင်တဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ် ...။ တကယ်လို့ ကောင်းမွန်စွာ အစာချေဖျက်နိုင်မှုမရှိဘူးဆိုရင်တော့ waste တွေကို မစွန့်ထုတ်နိုင်ဘဲ အဆီတွေအဖြစ် ပြောင်းလဲသွားစေပြီး ဝလာစေမှာပဲဖြစ်ပါတယ် ..။ အဲဒါကြောင့် ခဏခဏတွေ့ဖူးတာက ဝတဲ့သူအများစုဟာ ဝမ်းချုပ်တတ်ပြီး သူတို့စားတဲ့အစာတွေကလည်း ချေဖျက်ဖို့ ခက်တဲ့အစားအသောက်တွေ ဖြစ်နေတတ်တာကြောင့်ပါပဲ ..။ အထူးသဖြင့် အသီးအရွက်၊ သစ်သီးတွေကို ပုံမှန်မစားတာ၊ ရေများများမသောက်တာ၊ တစ်ထိုင်တည်းနဲ့ အများကြီးစားတတ်တာ၊ အာလူးကြော်လို ဘာဂါလိုမျိုး fast food တွေအစားများတာ၊ အထိုင်များတာနဲ့ အဆီတွေအချိုတွေ အငန်တွေအလွန်အကျွံစားတာမျိုးတွေပေါ့ ...။ (ကျမလည်း အရင်က တော်တော်ဝလာလို့ အခြားသူတွေရဲ့ bodyshaming လုပ်တာကို ခံခဲ့ရဖူးသူပါ။ အခုထိလည်း ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ရဖို့ ကြိုးစားနေဆဲပါပဲ )။

အခု အစာချေဖျက်မှုကို တိုးမြှင့်ကောင်းမွန်အောင် ပံ့ပိုးပေးနိုင်တဲ့ အစားအစာ အမျိုးအစား (၅) မျိုးကို ပြောပြပေးပါမယ် ..။ နေ့စဉ်စားသောက်တဲ့အစာမှာ ဒီငါးမျိုးကို ပါအောင်စားနိုင်မယ်ဆိုရင်တော့ (၁) သန်မာအားရှိလာမယ်၊ (၂) ချပ်ရပ်နေတဲ့ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ပြီး ခန္ဓာကိုယ်အလေးချိန်ကို ထိန်းနိုင်မယ်၊ (၃) ခန္ဓာကိုယ်အတွင်းရော အပြင်မှာပါ ပေါ့ပါးကျန်းမာမှုကို ထိထိရောက်ရောက် ခံစားလာရမှာပါ ..။
(၁) Probiotics ပါတဲ့အစားအစာတွေဖြစ်ပါတယ်။ Probiotics ဆိုတာကို Good bacteria လို့လည်း ခေါ်ကြပါတယ် .။ သူတို့က အူလမ်းကြောင်းထဲမှာ  အစားအစာတွေ ကောင်းမွန်စွာ ရွေ့လျားနိုင်ဖို့ ကူညီပေးနိုင်ပါတယ် ..။ Probiotics ပြည့်ဝတဲ့အစားအစာတွေဆိုတာက အချဉ်ဖောက်ထားတဲ့ (fermented) အစားအစာတွေဖြစ်တဲ့ ကင်မ်ချီ၊ သခွားချဉ်၊ ဒိန်ချဉ်၊ မီဆိုး ၊ သနပ်တွေနဲ့ အလားတူအစားအစာတွေပဲ ဖြစ်ပါတယ် ...။ မြန်မာမှာလည်း အချဉ်တည်ထားတဲ့အစားအစာတွေ အများကြီးရှိပါတယ် ..။ အရင်တုန်းကတော့ သဘာဝအတိုင်း အချဉ်ဖောက်တာဆိုတော့ အန္တရာယ်ကင်းတာပေါ့နော် ..။ အခုနောက်ပိုင်းတော့ ဆေးတွေသုံးလာကြတယ်လို့ ကြားမိတော့ စိတ်မကောင်းဘူး..။

(၂) Fibres (အမျှင်ဓါတ်) ကြွယ်ဝတဲ့အစားအစာတွေပါ...။ ဒါတွေကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားပါနော်..။ အသီးအရွက်အမျိုးမျိုး၊ သစ်သီးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အစေ့အဆံမျိုးမျိုး တို့အပြင် oatmeal၊ whole wheat bread တွေမှာလည်း အမျှင်ဓါတ်အများကြီးပါပါတယ်...။ အစေ့အဆံတွေဆိုရင် ဗီတာမင် E လည်းပါလို့ ဝမ်းကောင်းစေရုံ၊ အာဟာရပြည့်ဝစေရုံမက ဆံပင်သန်စေတယ်၊ နုပျိုစေပါတယ်...။


(၃) ရေဓါတ်များစွာ ပါဝင်တဲ့အစားအစာတွေပါ..။ သိကြတဲ့အတိုင်း ကျမတို့ရဲ့ခန္ဓာကိုယ်က ရေဓါတ်အချိုးအစားအများကြီးနဲ့ ဖွဲ့စည်းထားလို့ ရေကတော့ မရှိမဖြစ် လိုအပ်ပါတယ် ..။ အဲဒါအပြင် ရေဓါတ်များစွာပါဝင်တဲ့အစားအစာတွေကို စားသုံးမယ်ဆိုရင် အစာချေလမ်းကြောင်းတစ်လျှောက် စားလိုက်တဲ့အစားအစာတွေရဲ့ ရွေ့လျားမှုကို ကူညီပေးနိုင်ပါတယ် ..။ ရေဓါတ် ၉၀%ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ သခွားသီး၊ ဖရဲသီး၊ သံပုရာသီး၊ ရှောက်သီး၊ ကျွဲကောသီး၊ ပန်းသီး၊ ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ မုန်လာဥ အစရှိသည်တို့ကို ပုံမှန်စားသုံးပေးရပါမယ်...။

(၄) Probiotics လိုမျိုးပဲ နောက်ထပ်အရေးကြီးတဲ့ အစားအစာတွေကတော့ Prebiotics တွေပဲဖြစ်ပါတယ်..။ Prebiotics ဆိုတာက အူမကြီးထဲမှာ ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေ ပေါက်ပွားရှင်သန်မှုကို အားပေးတဲ့ အစားအစာမျိုးတွေပါ ...။ ပြောရမယ်ဆိုရင် အူထဲမှာ Probiotics တွေ ရှင်သန်ကြီးထွားဖို့ လိုအပ်တဲ့အစားအစာတွေကို Prebiotics လို့ ခေါ်တာဖြစ်ပါတယ်..။ ဘယ်လိုအစားအစာတွေလဲဆိုရင် ကညွတ်၊ ငှက်ပျော်သီး၊ သကြားမုန်လာ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကုလားပဲ၊ ပဲနီလေး အစရှိတဲ့ အစားအစာတွေပဲဖြစ်ပါတယ် ...။

(၅) အစာချေဖျက်ရာမှာ အထောက်အကူပေးနိုင်တဲ့ နောက်ထပ် အစားအစာတွေကတော့ သစ်ဥသစ်ဖုနဲ့ ဟင်းခပ်အမွှေးအကြိုင်တွေ (herbs and spices) ပဲဖြစ်ပါတယ် ...။ ချက်ပြုတ်တဲ့အခါ ဟင်းခပ်အမွှေးအကြိုင်တွေကို ထည့်မယ်ဆိုရင် အစားအသောက်ရဲ့ ကယ်လိုရီကို မတက်စေဘဲ အရသာပိုတိုးစေမှာပဲဖြစ်ပါတယ်..။ အဲဒါအပြင် သူတို့က အစားအစာတွေချေဖျက်ဖို့အတွက် လိုအပ်တဲ့ အစာချေအင်ဇိုင်းတွေကို ထုတ်လုပ်နိုင်ဖို့ ပံ့ပိုးပေးနိုင်ပါတယ်..။ ပါဝင်တဲ့အစားအစာတွေကတော့ ဂျင်း၊ ပူတီနာရွက်၊ သစ်ဂျပိုး၊ နနွင်း၊ ငရုတ်ကောင်း အစရှိတာတွေပဲဖြစ်ပါတယ်...။

နေ့စဉ်စားသောက်တဲ့အစာမှာ အခုပြောပြပေးတဲ့ အစားအစာတွေကို ပါဝင်စေမယ်ဆိုရင် အာဟာရတန်ဖိုးလည်းတက်သလို အစာချေဖျက်မှုကို အားပေးနိုင်တဲ့အခါ လေထတာ၊ ဗိုက်အဆီစုတာ၊ မအီမသာဖြစ်တာမျိုးတွေ မဖြစ်တော့ဘဲ ခွန်အားတွေတိုးလာမယ်၊ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းနိုင်မယ်၊ ကျန်းမာသွက်လက်နေမှာ အမှန်ပါပဲ ....။

(အခုတလော nutrition နဲ့ ပတ်သက်တာတွေ အဖတ်များနေလို့ ကျမဖတ်မှတ်ထားသမျှကို ဘာသာပြန်ပြီး ဝေမျှပေးခြင်းသက်သက်ရယ်ပါ ...)












Sunday, 14 August 2016

Caring_Skin +++

August 14, 2016 1 Comments
အသားအရေကို ထိန်းသိမ်းဖြစ်တာက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းကပါပဲ ....။ ဒါပေမယ့်လည်း သေချာစနစ်တကျတော့ မဟုတ်ဘူးပေါ့လေ...။ အရင်က ထိန်းသိမ်းဖြစ်တယ်ဆိုတာက Day/night cream, sunscreen လောက်ကို ပုံမှန်လိမ်းဖြစ်တာလောက်ပါပဲ ..။ အခုနောက်ပိုင်းတော့ Skincare ကို ဝါသနာတစ်ခုလို လုပ်ဖြစ်နေတယ် ...။ ထိန်းသိမ်းလိုက်တဲ့အခါ စိုပြည်လာတဲ့ အသားအရေကို ကြည့်ပြီး ကြည်နူးပီတိဖြစ်ရတာက ပျော်ရွှင်ခြင်းတစ်မျိုးပါ ..။ Makeup Brand တွေထက် Skincare Brand တွေကို ပိုခရေဇီဖြစ်ပါတယ် ...။ မိတ်ကပ်ဆိုတာက လိမ်းနေတုန်းလှဖို့ပဲ အသုံးဝင်တာဖြစ်ပြီး Skincare products တွေကသာ ကိုယ့်ရဲ့ အသားအရေလှပမှုကို ရရှိစေတာမဟုတ်လား..။ အဲဒါကြောင့် မိတ်ကပ် ဘာ Brand ဝယ်ချင်တယ်ဆိုတာထက် Skincare ကို စိတ်ချရတဲ့ Brand ကောင်းကောင်းသုံးဖို့ ညီအစ်မတွေကိုရော သူငယ်ချင်းမိတ်ဆွေတွေကိုရော တိုက်တွန်းဖြစ်ပါတယ် ...။

အခုတလော ခရေဇီဖြစ်နေတဲ့ Skincare product တွေကတော့ SK2 ပါပဲ ..။ ဂျပန်မှာတော့ SK2 က လူတိုင်းအကြိုက်တွေ့တဲ့ Brand တစ်ခုပါ ...။ ဈေးကတော့ နည်းနည်းကြီးတယ်လို့ ထင်ရပေမယ့် ပြန်ရလာတဲ့ အသားအရေလှပမှုနဲ့ယှဉ်ရင် တော်တော်တန်တဲ့ ဈေးနှုန်းတစ်ခုပါ...။ အခြားတန်ဖိုးပိုနည်းတဲ့တံဆိပ်မျိုးကိုသုံးပြီး အသားအရေလှမလာဘဲ ပိုက်ဆံကုန်တာပဲ အဖတ်တင်မှာထက် SK2 ဝယ်လို့ ကုန်သွားတဲ့ ပိုက်ဆံက တကယ်ကို သုံးပျော်ပါတယ် ...။ ကျမသုံးဖြစ်နေတဲ့ ပစ္စည်းတွေက cleanser ရယ်၊ SK2 clear lotion (သူက toner နဲ့ တူတူပါပဲ)၊ SK2 essence ရယ်၊ RNA power cream ရယ်၊ treatment mask ရယ် သုံးဖြစ်ပါတယ် ...။ မြန်မာငွေနဲ့တွက်ရင် clear lotion, essence, RNA power တို့က အရွယ်အစားပေါ်မူတည်ပြီး ပျမ်းမျှတစ်သိန်းဝန်းကျင်လောက်တော့ ကုန်ကျပါတယ် ..။ R.N.A ကတော့ ဈေးအကြီးဆုံးပါပဲ။ 50g တစ်ဗူးကို ယန်း ၁၁၀၀၀ ဆိုတော့ မြန်မာငွေတစ်သိန်းလောက်ပေါ့.။ ကျန်တာတွေကတော့ ယန်း ၁၀၀၀၀ အောက်ပါပဲ။ တခါတလေ အချို့ပစ္စည်းတွေက ၃၀% လောက်ဈေးချတတ်ပေမယ့် R.N.A ကတော့ ဘယ်အခါမှ ဈေးချလေ့မရှိပါဘူး...။ review တွေမှာ ရေးလေ့ရှိတာကတော့ R.N.A က အသားအရေကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ထိ ပြန်နုပျိုသွားစေပါသတဲ့ ...။
SK2 ဝယ်မယ်ဆိုရင် ကျမက online ကနေ ဘယ်တော့မှမဝယ်ဘဲ SK2 ဆိုင်တွေမှာသာ ဝယ်လေ့ရှိပါတယ် ...။ Amazon လို site မျိုးကတောင် စိတ်မချရဘဲ ဈေးတွေချထားတတ်ပြီး အတုတွေဖြစ်နေတတ်တဲ့အကြောင်း amazon က တင်ထားတတ်တဲ့ SK2 products တွေရဲ့အောက်က ကွန်မန့်တွေမှာ တွေ့ရတတ်လို့ပါ ...။ မြန်မာပြန်ရောက်ရင်တော့ ဘယ်လိုဝယ်ရမှန်းမသိသေးပါဘူး..။ မြန်မာမှာ SK2 counter တွေရှိနေပြီလား မသိဘူးနော် ...။ အွန်လိုင်းကနေ ရောင်းတာတွေက သူတို့လည်း အခြားနိုင်ငံက အွန်လိုင်းကနေ မြှာ့ပီး ရောင်းတာပဲဖြစ်မှာကြောင့် ပစ္စည်းစစ်မှန်ဖို့က စိတ်ချရမှာ မဟုတ်ပြန်ဘူး...။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာမှာဝယ်လို့မရရင်တော့ နိုင်ငံခြားခရီးတွေသွားဖြစ်ရင် လေဆိပ်က Duty free shops တွေမှာတော့ ဝယ်လို့အဆင်ပြေမှာပါလေ..။


Skincare brand ကောင်းကောင်းသုံးတာထက် အသားအရေထိန်းသိမ်းမှုမှာ အဓိကအရေးကြီးဆုံးက သန့်ရှင်းမှုရယ်၊ ရေရယ် အစားအသောက်ရယ်ပါ..။ ကိုယ့်ရဲ့ အသားအရေကို ပုံမှန်သန့်ရှင်းရေးလုပ်ရမယ်၊ ရေများများသောက်မယ်၊ ငန်လွန်းတာ စပ်လွန်းတာ ချိုလွန်းတာ အဆီများလွန်းတာ စတဲ့ လွန်ကဲတာမျိုးတွေရှောင်ပြီး အာဟာရမျှတအောင် အသား၊ အသီးအရွက်၊ သစ်သီးတွေ ပုံမှန်စားရပါမယ် ...။ ဒါဆိုရင်တော့ အသားအရေစိုပြည်ဖို့ သေချာပါတယ် ...။ မျက်နှာအတွက် အဓိကအရေးကြီးဆုံးက ညမအိပ်ခင် မိတ်ကပ်ဖျက်ဆေးနဲ့ လိမ်းထားတာတွေ သေချာပြန်ဖျက်ဖို့ အရေးကြီးပါတယ် ...။ ဒါဟာ မျက်နှာမှာ ဝက်ခြံတွေ အမည်းစက်တွေမဖြစ်ဖို့ အသားအရေကြည်လင်ဖို့ အရေးကြီးဆုံး လုပ်ရမယ့်အချက်ပါ ..။ မျက်နှာကို သေချာမသန့်ရှင်းရင်တော့ ဘယ်လိုကောင်းတဲ့ တံဆိပ်မျိုးပဲသုံးပါစေ အသားအရေကတော့ ထူးခြားလာမှာမဟုတ်ပါဘူး..။ အဲဒါကြောင့် ဘယ်သူ့ကိုပဲဖြစ်ဖြစ် အသားအရေလှချင်တယ်လို့ပြောသူတိုင်းကို ရေများများသောက်ဖို့၊ သစ်သီးသစ်ရွက်များများစားဖို့၊ မျက်နှာကို မိတ်ကပ်ဖျက်ဆေးနဲ့သေချာသန့်ရှင်းဖို့ အမြဲပြောဖြစ်လေ့ရှိပါတယ် ..။ြ့ပီးတော့ sunscreen ကို အမြဲတမ်းလိမ်းဖို့ကလည်း အရေးကြီးပါတယ် ..။ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို အိုမင်းစေတယ်၊ မည်းသွားစေရုံသာမဘဲ တင်းတိပ်အမည်းစက်တွေဖြစ်စေသလို အရေပြားကင်ဆာတောင် ဖြစ်စေနိုင်တော့ ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ ..။ ဂျပန်ရဲ့နွေရာသီက ပူပြင်းလွန်းလို့ SPF 35 လောက်ကို အနည်းဆုံးသုံးဖြစ်ပါတယ် ..။ cream type ထက် Gel type က ပူတဲ့ရာသီနဲ့ပိုကိုက်တာမို့ Gel type ကို သုံးတာ ပိုအဆင်ပြေပါတယ် ...။

ကျမရဲ့အသားအရေထိန်းသိမ်းတဲ့နည်းကတော့ ဒီလိုပါ...။ မနက်နိုးရင် ရေအဝသောက်ပါတယ်..။ ပြီးရင် မနက်စာစား ရေချိုးပြီးတဲ့အခါ မျက်နှာကို clear lotion, essence, rna power cream လိမ်းပါတယ်..။ လက်တွေခြေတွေကိုလည်း lotion တစ်ခု အမြဲလိမ်းပါတယ် ..။ ပြီးရင်တော့ မျက်နှာရော ခြေတွေလက်တွေကိုရော sunscreen လိမ်းပါတယ်..။ ပြီးမှ မိတ်ကပ်ပါးပါးလိမ်း ဘာဘာညာညာ ခြယ်သပါတယ် ..။ sunscreen ကိုတော့ နေ့လည်ပိုင်းမှာ ၂ ခါလောက်ပြန်လိမ်းဖြစ်ပါတယ် ...။ ညဘက်အိမ်ပြန်ရောက်တဲ့အခါ မိတ်ကပ်ကို ဖျက်ဆေးနဲ့ သေချာဖျက်ပါတယ်..။ ရေချိုးပြီးတဲ့အခါ မနက်ကလိုပဲ sunscreen ကလွဲရင် အားလုံးကို လိမ်းပါတယ်..။ ညဘက်မှာတော့ eye cream လည်း လိမ်းပါတယ် ...။ lip balm ကတော့ နှုတ်ခမ်းမကွဲအောင် အမြဲဆိုးလေ့ရှိပါတယ်...။ 

အခုနောက်ပိုင်း မြန်မာမှာ Online shopping တွေ ခေတ်စားလာတာတွေ့ရတယ် ..။ ဘယ်က ထုတ်မှန်းမသိတဲ့ Brand တွေ အသားဖြူဆေးဆိုတာမျိုးတွေကို ရောင်းလာကြတာတွေလည်း တွေ့ရတယ် ...။ မြန်မာက ညီမတွေ တူမတွေကို အဲလိုမျိုးတွေ ဘယ်တော့မှ မဝယ်ဖို့ အမြဲမှာရတယ်..။ အဓိကက သန့်သန့်ရှင်းရှင်းနေဖို့၊ ရေများများသောက်ဖို့၊ အစားအစာကို စနစ်တကျစားသောက်ဖို့ ပြောပြပြီး skincare brand တွေဆိုရင်လည်း ဆိုင်တွေမှာ သေချာခင်းကျင်းရောင်းချတဲ့ လူသိများတဲ့ ကိုယ်နဲ့ရင်းနှီးတဲ့တံဆိပ်တွေကိုပဲ သုံးဖို့ အမြဲမှာနေရပါတယ် ...။ ဘယ်လိုပဲဖြစ်ဖြစ် အသားဖြူတာမည်းတာထက် အသားအရည် ကြည်လင်ရှင်းသန့်နေမယ်ဆိုရင် ကိုယ်တိုင်နေရတာလည်း ရှင်းသန့်နေပြီး မြင်ရသူလည်း စိတ်ချမ်းသာတာမို့ ကျမကတော့ မိတ်ကပ်တွေ ထူပျစ်နေအောင် လိမ်းထားတဲ့ပုံစံထက် ကြည်လင်ရှင်းသန့်နေတဲ့ ပုံစံလေးတွေကိုသာ မြတ်နိုးမိသူပါ...။

Sunday, 7 August 2016

Summer_Things_2016

August 07, 2016 2 Comments
Hello Dears,

Long time no post here :D :D

စာမရေးဖြစ်တာ တော်တော်ကြာနေခဲ့ပြီ ...။ ဘာမှတော့ မရေးဖြစ်ပေမယ့် ဒီနေရာလေးကိုတော့ အမြဲလိုလို လာကြည့်ဖြစ်ပါတယ် ...။ လာတိုင်းလည်း အမြဲလို လာကြည့်နေသူတွေ ရှိနေသေးတဲ့ ဒီနေရာလေးအတွက် အသစ်တွေ မဖန်တီးဖြစ်တိုင်း တာဝန်မကျေသလို ခံစားရတယ် ..။

ဂျပန်မှာ နေလာခဲ့တာ အခုဆိုရင် ၂ နှစ်ပြည့်တော့မယ် ...။ ၂၀၁၇ စက်တင်ဘာဆိုရင်တော့ ကျောင်းပြီးပြီမို့ မြန်မာပြည်ကို အပြီးပြန်ရတော့မယ် <3 <3 ဒီကြားထဲမှာတော့ သုတေသနအတွက် တစ်နှစ်တစ်ခါလောက်တော့ ပြန်ဖြစ်ပါတယ် ..။ အခု ဒီမှာ တကယ့်ကို နွေရာသီရဲ့ အပူဆုံးကာလ ရောက်နေပါပြီ။ တစ်နှစ်လုံးမှာ အပူဆုံးအချိန်ဖြစ်တဲ့ August လမှာတော့ အပူချိန်က ၃၇-၃၈ ဒီဂရီလောက်ထိ ပူပြင်းလေ့ရှိပါတယ် ...။ နွေအပူကို အံတုဖို့ ဦးထုပ်၊ နေကာမျက်မှန်၊ ထီး၊ sunscreen ၊ skincare၊ အစားအသောက် စသဖြင့် အားလုံးကိုတော့ သေချာပြင်ဆင်ထားရပါတယ် ...။

၂၀၁၆ ခုနှစ်ထဲမှာ ကျမရဲ့အကြိုက်တွေ ပြောင်းလဲလာရုံသာမက အတွေးအခေါ်တွေ၊ အနေအထိုင်တွေလည်း ပြောင်းလဲလာခဲ့သလို ခံစားရတယ် ..။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုလည်း ပါမယ်ထင်ပါတယ် ..။ ဂျပန်လူမျိုးတွေဟာ အများအားဖြင့် အသက်ရှည်ကျန်းမာကြတယ် ...။ အသက်ကြီးတဲ့အထိ ကျန်းမာနုပျိုနေအောင် ဂရုတစိုက်ထိန်းသိမ်းနေထိုင်ကြတယ် ..။ အစားအသောက်၊ အနေအထိုင်ကို အမြဲဂရုပြုပြီး ကျန်းမာကြံ့ခိုင်အောင် ထိန်းညှိနေထိုင်ကြတာကြောင့် အဆီမရှိတဲ့ ခန္ဓာကိုယ်နဲ့ သွက်လက်ချက်ချာနေကြတာများပါတယ် ..။ အနည်းစုကတော့ ချွင်းချက်ရှိတာပေါ့လေ..။ ဒါပေမယ့် အများအားဖြင့်ကတော့ ဖွံ့ဖြိုးပြီးနိုင်ငံသားတွေရဲ့ ထုံးစံအတိုင်း ကိုယ့်ခန္ဓာကိုယ်ကို သေချာဂရုတစိုက်စောင့်ရှောက်သူများပါတယ် ..။

အရင်တကည်းက လေ့ကျင့်ခန်းပုံမှန်လုပ်လေ့ရှိပေမယ့် မနက်အိပ်ရာနိုးကာစ အကြောလျှော့လေ့ကျင့်ခန်း ၇ မိနစ်လောက်သာ လုပ်တတ်တာပါ ..။ ဒါကလည်း ကိုယ်လက်လှုပ်ရှားမှုလည်းမရှိဘူးလို့ ကိုယ့်ကိုယ်ကို မထင်မိအောင် ကိုယ့်စိတ်ကိုယ် နှစ်သိမ့်မိတဲ့သဘောလဲ ဖြစ်မယ်ထင်ပါတယ် ...။ ၂၀၁၆ နှစ်စကတည်းက ကျောင်းစာတွေလုပ်ရင်း စဉ်းစားရတာတွေများလာတဲ့အခါ ဘာမှသိပ်မတွေးတော့ဘဲ အစားအသောက်ကို သိပ်ဂရုမစိုက်ဘဲ စားဖြစ်ခဲ့တယ် ...။ လေ့ကျင့်ခန်းကလည်း ထုံးစံအတိုင်း မနက်ခင်း ခဏလေးဘဲလုပ်တာကြောင့် အချိန်နဲ့အမျှ စားလာတာတွေက အစွမ်းပြပြီး ကိုယ်အလေးချိန်တွေ တက်လာတာပါပဲ ..။ ဘယ်လောက်အထိလည်းဆိုရင် ၅ ကီလိုလောက် တိုးလာခဲ့တယ် ...။ အဲဒါကြောင့် အခုတော့ တစ်ရက်ကို ၃၀ မိနစ်လောက်အထိ heavy workouts လုပ်နေရတယ် ...။ Gym ကိုတော့ မသွားဖြစ်ပေမယ့် တကယ်က အဲဒီမှာ သေချာကစားမှ အဆီတွေကျပြီး ကြွက်သားတွေ တင်းရင်းလာမှာဆိုတာ သိပေမယ့်လည်း youtube က Tutorial တွေပဲ ကြည့်ပြီး အိမ်မှာပဲ ဖြည်းဖြည်းချင်းပြန်ကျလာအောင် ကြိုးစားနေတာ အခုတော့ ၁ ကီလိုလောက်ကျသွားပါပြီ ....။ တကယ်က အရိုးတွေပဲမြင်ရပြီး ကောက်ကြောင်းတွေမရှိတဲ့ပိန်တာမျိုးကိုမကြိုက်ဘဲ အဆီမရှိဘဲ ကျစ်လျစ်နေတဲ့ သူ့နေရာနဲ့သူ ကြွက်သားတွေနဲ့ တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်မျိုး (ခေတ်အခေါ်ဆိုရင်တော့ ကိတ်တာပေါ့လေ :D) ကို လိုချင်တာဆိုတော့ ကိုယ့်ရဲ့ mission က ကျန်းမာကြံ့ခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ဖို့...။ အခုကစားဖြစ်နေတဲ့ workout က အောက်က full body workout ပါ


အဲဒါအပြင် အစားအသောက်ကိုလည်း items တွေပြောင်းပစ်လိုက်ပြီး healthy food တွေကိုပဲ ရွေးစားဖြစ်ပါတယ် ...။ ကျမက အဲဒီလိုစားတော့ အခြားသူတွေက diet လုပ်တယ်လို့ ထင်ကြပြီး ဘယ်လိုဘယ်ညာဆိုတာမျိုး လာပြောတတ်ကြတဲ့အခါ I'm not on diet, I just changed my eating style from having unhealthy to healthy meals လို့ အထပ်အထပ်အခါခါ ပြန်ပြောနေရပါတယ် ..။ ပိန်စေဖို့ အစားလျှော့စားတာက နည်းလမ်းကောင်းတစ်ခုမှ မဟုတ်တာ။ ကိုယ့် နေ့စဉ်သွားလာလုပ်ကိုင်ဖို့ ကျန်းမာကြံ့ခိုင်ဖို့အတွက် အစားအသောက်ကလည်း အဓိက အရေးကြီးဆုံးပဲ မဟုတ်လား..။

အရင်က ready made ထမင်းဗူးတွေလည်း အမြဲလိုလိုစားဖြစ်သလို ဆိုင်တွေမှာလည်း ခဏတိုင်းသွားစားဖြစ်တယ် ...။ အာလူးကြော်၊ ကိတ်၊ cheese လိုမျိုး အဆီတက်မယ့် အစားအသောက်တွေလည်း ခဏတိုင်းစားတာပဲ ...။ ငယ်ရွယ်တုန်းတော့ အဝမမြန်တတ်ပေမယ့် အသက်ရလာရင် ဝလွယ်လာတယ်ဆိုတာ မေ့ပြီးစားမိတော့ အသက်က စကားပြောလာတဲ့အခါ မထင်မှတ်ဘဲ ဝလာတာပါပဲ ...။

အခုတော့ အစားအသောက်ကို ကိုယ့်ဘာသာ အချိန်ယူပြင်ဆင်ဖြစ်တယ် ...။ တစ်ရက်ကို အရင်ကတော့ ၃ နပ်လောက်ပဲ စားရာကနေ အခုတော့ နည်းနည်းနဲ့ ၆ ခါလောက် စားဖြစ်ပါတယ် ..။ မနက်ဖြန်အတွက် ဒီနေ့ညကတည်းက နေ့လည်စာနဲ့ ညစာကို ချက်ပြုတ်ပြင်ဆင်ထားတယ် ...။ မနက်ခင်းနိုးပြီးဆိုရင် ရေသောက် ကိုယ်လက်သန့်စင်ပြီးတာနဲ့ လေ့ကျင့်ခန်းလုပ်တယ် .။ ပြီးရင် မနက်စာကို oatmeal (no added sugar) နဲ့ နွားနို့ (low fat milk) ကိုပြင်ဆင်ပြီး စားတတ်သလို whole wheat bread ကို ကြက်ဥရယ် ထောပတ်သီးရယ်ကို mayonnaise အဖြစ်သုံးပြီး ဆလတ်ရွက်ညှပ်ပြီးလုပ်တဲ့ sandwich နဲ့ နွားနို့တစ်ခွက်သောက်တဲ့ မနက်စာလည်း စားလေ့ရှိပါတယ် ..။ အရင်ကတော့ တွေ့ကရာ ပေါင်မုန့်ဖြူတစ်မျိုးမျိုး၊ ကိတ်တစ်မျိုးမျိုးနဲ့ ကော်ဖီတစ်ခွက်ကမန်းကတမ်းသောက်စားတဲ့ မနက်စာကနေ အခုတော့ သေချာပြင်ဆင်ပြီး fiber တွေလည်း အများကြီးပါအောင် အာဟာရတန်ဖိုးလည်း တက်အောင် အစားအသောက်ပုံစံကို ပြောင်းစားဖြစ်တာပါ။

နေ့လည်စာနဲ့ ညစာမှာတော့ ထမင်းကို လုံးဝရှောင်လိုက်ပါတယ် ..။ ဒီက ဆန်တွေက ဆန်စီးတွေဆိုတော့ အဆီတက်ပြီး ဝစေတဲ့အဓိက အစားအစာမို့လို့ ထမင်းကို ရှောင်စားတာဖြစ်ပါတယ် ..။ စားဖြစ်တာတွေက ဆီနည်းနည်း အငန်နည်းနည်းနဲ့ ချက်၊ ပြုတ်၊ သုပ် စားဖြစ်တဲ့ ငါး၊ ကြက်သားနဲ့ အသီးအရွက်၊ ပဲပြား၊ တို့ဖူး၊ ကင်မ်ချီ၊ ခေါက်ဆွဲ၊ ကြာဇံတို့ပဲ ဖြစ်ပါတယ် ....။ အဓိကက အဆီလျှော့ချရမယ်၊ အသီးအရွက်များများပါရမယ်၊ အာဟာရပြည့်ဝရမယ်ပါပဲ။ နေ့လည်ပိုင်း Snacks အနေနဲ့က almond စေ့လိုမျိုး အစေ့အဆန်တွေစားဖြစ်ပါတယ် ..။ ညရောက်ရင်တော့ အသီးနဲ့ ဒိန်ချဉ်စားဖြစ်ပါတယ် ...။ ဒီညအတွက်တော့ ဒီမှာစာရေးနေလို့ ဟင်းမချက်ရသေးပါဘူး...။
ဒါကတော့ အခုည စာရေးရင်း စားနေတဲ့ ဒိန်ချဉ်နဲ့ ဖရဲသီး..။ မနက်ဖြန်အတွက်က salmon ငါးကို ကြော်မယ်။ အရွက်နဲ့ ပဲပြားရယ် ခေါက်ဆွဲရယ်ကြော်ပါမယ် ..။ ရေခဲသေတ္တာထဲမှာတော့ အားလုံးရှိနေပြီးသားဆိုတော့ ခဏနေမှ ခေါက်ဆွဲကြော်မယ် ။ ငါးကိုတော့ ပဲငံပြာရည်ရယ်၊ ရှာလကာရည်နည်းနည်းရယ်၊ ငရုတ်ကောင်းမှုန့်ရယ်ဖြူးထားနှပ်ထားပြီး မနက်မှ ဒယ်အိုးထဲ သံလွင်ဆီနည်းနည်းထည့် ငါးထည့်ပြီး နည်းနည်းလေးအပူပေးရုံနဲ့ ကျက်ပါတယ် ...။



လေ့ကျင့်ခန်း၊ အစားအစာပြီးတော့ ရေသောက်တာနဲ့ လှုပ်ရှားသွားလာတဲ့ကိစ္စပါ ..။ ကျောင်းနဲ့ အိမ်နဲ့က စက်ဘီးနဲ့ဆိုရင် ၁၀ မိနစ်လောက်ပဲသွားရပေမယ့် လမ်းလျှောက်ရင်တော့ ၂၅ မိနစ်လောက်ကြာပါတယ် ...။ မနက်အစောထပြီး လမ်းမလျှောက်နိုင်တာကြောင့် အခုဆိုရင် ကျောင်းကို လမ်းလျှောက်သွားပါတယ်..။ ကျမရဲ့အခန်းက ၄ ထပ်မှာဆိုတော့ အရင်ကဆိုရင် ဓါတ်လှေကားနဲ့တက်နေကျပေမယ့် အခုတော့ ရိုးရိုးလှေကားကနေပဲ တက်ပါတယ် ...။ ရေက တစ်နေ့ကို အနည်းဆုံး ၃ လီတာလောက် သောက်ဖြစ်ပါတယ် .။ အရင်ကတော့ ကျောင်းရောက်ရင် အခန်းထဲစာလုပ်နေရင်းနဲ့ ရေလဲသိပ်မသောက်ဖြစ်တော့ စားပွဲမှာပဲ အကြာကြီးထိုင်သလိုဖြစ်လို့ ဗိုက်အဆီစုတာ ပိုများတာဖြစ်ပါတယ် ..။ အခုတော့ ရေခဏခဏသောက်တော့ toilet ခဏခဏသွားရလို့ ခါးနာတာ အညောင်းမိတာလဲ သက်သာသွားပါတယ် ..။

ဒါတွေကတော့ လောလောဆယ် ကျမဘာတွေလုပ်နေသလဲဆိုတဲ့အကြောင်း စကားစမြည်ပြောရင်းနဲ့ ဘလော့ဂ်လေးကို ပြန်လှုပ်နှိုးဖြစ်တာပါ ...။ စာရေးလက်စရှိရင် ရေးဖြစ်တာကြောင့် နောက်နေ့တွေတော့ စားဖြစ် ပြင်ဆင်ဖြစ်တဲ့ healthy food တွေကို ဓါတ်ပုံရိုက်ထားပြီး ဝေမျှချင်ပါသေးတယ် ..။ ဒီနေ့က မရည်ရွယ်ဘဲ စာရေးဖြစ်သွားတာကြောင့် ဘာမှ ပြင်ဆင်မှုမရှိခဲ့လို့ပါ ...။

Thank you so much for coming here <3 <3 <3

Follow Us @soratemplates