#Cleansing #collection
Phyu Lwin
July 11, 2017
0 Comments
Hello there 👋👋
ဒီနေ့တော့ ကျမလက်ရှိသုံးဖြစ်နေတဲ့ makeup removers တွေအကြောင်း ပြောပြချင်လို့ စာရေးဖြစ်တာပါ ...။ အားလုံးသိကြသလိုပဲ cleansing က skincare မှာ လုံးဝအရေးကြီးတဲ့အဆင့်တစ်ခုမဟုတ်လား...။
makeup removers တွေက အမျိုးအစားစုံ တံဆိပ်အစုံနဲ့ ရွေးချယ်စရာအများကြီးရှိပါတယ် ...။ တံဆိပ်ထက် အမျိုးအစားကို မှန်ကန်အောင် ရွေးတတ်ဖို့ အရေးကြီးပါတယ် ...။ လူသုံးအများဆုံးနဲ့ လူသိများတာတွေကိုပဲ အခု ပြောကြည့်ရအောင်နော် ..။ ကျမဆီမှာ ရှိနေတဲ့အရာတွေပဲ ပြောဖြစ်မှာဆိုပါတော့ ...။
makeup removers အမျိုးအစားမှာ များသောအားဖြင့် oil, balm, gel, water, wipes ဆိုပြီး ရှိပါတယ် ...။ မြန်မာကတော်တော်များများတော့ ရေအခြေခံတာကို များသောအားဖြင့် သုံးကြမယ်ထင်တယ် ..။ မြနန်မာက Beauty bloggers တော်တော်များများကလည်း cleansing water တွေကို ပိုညွှန်းကြသလားလို့နော် ..။ ကျမ သေချာမသိတာလည်း ဖြစ်ပါလိမ့်မယ် ..။ ကြားမိတာက မြန်မာက ရာသီဥတုပူလွန်းတော့ မျက်နှာအဆီပြန်တာ ဖြစ်တတ်ကြတဲ့အခါ အဆီနဲ့ မိတ်ကပ်ဖျက်တာကို သိပ်မကြိုက်ကြဘူးဆိုလားပဲ ..။ ဒါပေမယ့် ကျမက မြန်မာမှာဆိုရင်လည်း အဆီနဲ့ မိတ်ကပ်ဖျက်တာကိုပဲ လုပ်ဖြစ်ပါတယ် ..။
ခုလက်ရှိသုံးနေတဲ့ cleansing oil ပါ။ Kumano cosmetics က ထုတ်တာဆိုတော့ ဒီမှာတော့ နာမည်ကြီးတံဆိပ်ထဲကတော့ မဟုတ်ပါဘူး..။ ဂျပန် Brand တွေထဲက DHC ဆိုတဲ့တံဆိပ်က cleansing oil နာမည်ကြီးပြီး လုကြိုက်များပါတယ် ..။ ဒါပေမယ့် ဒါလေးလည်း တော်တော်ကောင်းပါတယ် ..။ မိတ်ကပ်ကို တစ်စမှ မကျန်အောင် ဖျက်နိုင်သလို အသားကိုလည်း ကြည်လင်သွားစေပါတယ်..။ ဘယ်အဆီပဲဖြစ်ဖြစ် အနည်းနဲ့အများတော့ အဲလိုဖြစ်စေမှာပါ..။ ဘာကြောင့်ဆို အဆီကိုမျက်နှာပေါ်မှာ ဖြည်းဖြည်းချင်းပွတ်ပြီး လက်နဲ့နှိပ်နယ်လိုက်တဲ့အခါမှာ မိတ်ကပ်တွေရော အခြားအညစ်အကြေးတွေရော ဆီထဲမှာ အားလုံးပျော်ဝင်သွားစေပါသတဲ့..။ ပြီးတော့မှ cleansing wipe ဒါမှမဟုတ်လည်း တစ်ရှူးနဲ့ပဲ အားလုံးကို ပြန်သန့်စင်ပေးပြီး facial foam နဲ့ မျက်နှာပြန်သစ်လိုက်ရင် ဘာမိတ်ကပ်မှ ကပ်ကျန်မနေတော့တဲ့ မျက်နှာတစ်ခု ဖြစ်သွားပါပြီ..။ ပြီးတော့ cleansing oil က serum လိုမျိုးလည်း မျက်နှာအသားအရေကို ပြန်ညှိပေးတယ်ထင်တယ်။ ကျမကတော့ double cleansing ဖြစ်ချင်လို့ အဆီနဲ့ဖျက်ပြီးရင် cleansing wipe နဲ့ ထပ်သုတ်လေ့ရှိပါတယ် ..။ အဆီနဲ့ဖျက်တယ်ဆိုပြီး အချို့က မျက်နှာအဆီပြန်မှာ ကြောက်ကြပြီး မသုံးရဲကြတာကို ကြားမိပါတယ် ..။ တကယ်က မျက်နှာအဆီပြန်တဲ့သူတွေက အဆီနဲ့တောင် ပိုဖျက်သင့်ကြောင်း အခြား blogger တွေ ရေးတာ ဖတ်ဖူးတယ် ...။ မျက်နှာက အဆီတွေပါ cleansing oil ထဲ ပျော်ဝင်ကုန်တော့ အဆီပြန်တာကိုပါ တဖြည်းဖြည်းသက်သာစေပါတယ်တဲ့..။ကျမသုံးတာတော့ လုံးဝအဆီမပြန်ပါဘူး..။ မိတ်ကပ်ကို ကုန်စင်အောင် ဖျက်နိုင်လို့ နေ့စဉ်မိတ်ကပ်လိမ်းပေမယ့်လည်း ဝက်ခြံမထွက်ပါဘူး...။
နောက် မိတ်ကပ်ဖျက်ဆေးအမျိုးအစားတစ်ခုကတော့ gel type ပါ ..။ နောက်တစ်မျိုးက Balm type လဲ ရှိပါတယ် ..။ SK-II ရဲ့ ဒီ cleansing gel က balm type ဘက်ကို ပိုရောက်တယ်လို့ ခံစားရတယ် ..။ သူ့ထဲမှာ cleansing oil လောက်မများပေမယ့်လည်း ရေထက် အဆီပါဝင်မှုက ပိုပါတယ် ...။ အမှန်အတိုင်းပြောရရင် balm type ကို အဆီလောက်တော့ မကြိုက်ပါဘူး..။ စိတ်ထဲမှာ မိတ်ကပ်တွေအားလုံးကို မဖျက်နိုင်ဘူးလို့ ခံစားရသလို ဒါသုံးနေတဲ့ကာလမှာ အသားအရေက အရမ်းကြည်လင်နေတယ်လို့ မခံစားရသလိုပါပဲ ..။ ဒါပေမယ့် Essense set ဝယ်တိုင်း ဒီလိုဗူးလေးတွေ ပါလာနေကျဆိုတော့ ရှိနေတာနဲ့ပဲ ကုန်အောင် သုံးဖြစ်တာပါ ..။ ဘူးလေးက travel size ဆိုတော့ ခရီးသွားတဲ့အခါ သယ်သွားလို့လည်း အဆင်ပြေတာကြောင့်ပါ ...။ ဒါပေမယ့် cleansing water နဲ့ယှဉ်ရင်တော့ ဒါကို ပိုကြိုက်ပါတယ် ..။
နောက်တစ်မျိုးက cleansing water ပါ ..။ ဒါကတော့ တော်တော်များများသုံးကြသလို ကြိုက်ကြတယ် ထင်တယ်နော် ...။ ကျမကတော့ ရှိလို့သာ သုံးဖြစ်နေပေမယ့် မျက်နှာအတွက်တော့ လုံးဝမကြိုက်ပါဘူး..။ အရက်ပျံပါတဲ့အရည်တွေဆို အသားအရေကို ပိုခြောက်သွေ့စေလို့ ပိုပြီးတောင် မကြိုက်ပါသေးတယ် ..။cleansing water မှာလည်း ရွေးချယ်စရာအများကြီးရှိတယ်ဆိုတော့ ကိုယ်နဲ့တည့်တာ ရွေးလို့ရပါတယ် ...။ ကျမအနေနဲ့ ဒါကိုဘယ်မှာသုံးလဲဆိုရင် eye makeup ဖျက်တဲ့နေရာမှာသုံးပါတယ် ...။ မျက်နှာရဲ့ အခြားနေရာတွေတော့ မသုံးဖြစ်ပါဘူး..။ cleansing water က မိတ်ကပ်ဖျက်တာလောက်ပဲ အစွမ်းရှိပြီး အသားအရေကို cleansing oil လို ပိုကောင်းအောင်တော့ လုပ်ပေးနိုင်မယ်မထင်ပါဘူး..။ အပေါ်က ပြောထားသလိုပဲ အချို့cleansing water တွေက မျက်နှာအသားအရေကို ခြောက်သွေ့စေပါသေးတယ် ...။
နောက်ဆုံးအမျိုးအစားကတော့ facial wipes ပါ ..။ ဒါကိုတော့ ဘယ် Beauty guru တွေမှ recommend ပေးတာ သိပ်မတွေ့ရပါဘူး...။ ကျမသုံးတယ်ဆိုတာတောင်မှ အဆီနဲ့လိမ်းပြီးရင် အဲအဆီတွေပြောင်သွားအောင် သာသာယာယာပွတ်လိုက်ရုံပဲလုပ်တာပါ ..။ ရိုးရိုးတစ်ရှူးထက်စာရင် ဒါလေးတွေက ပိုနူးညံ့တော့ အသားကို မထိခိုက်အောင်လို့ပါ ...။ တခါတလေ ခရီးသွားရင်တော့ ဒါလေးတွေဆောင်သွားတဲ့အခါ အလွယ်တကူတော့ သုံးလို့ရသလို အပြင်ကနေ မောမောပန်းပန်းနဲ့ပြန်လာလို့ အဆီတွေ ရေတွေနဲ့ သေချာမသန့်ရှင်းနိုင်ရင်တောင်မှ ဒါလေးနဲ့ပွတ်လိုက်တော့ မိတ်ကပ်တော့ ဖျက်မိတာပေါ့လေ..။ သူ့မှာ အဲလို ကောင်းတဲ့အချက်လေးတွေလည်း ရှိပါသေးတယ် ..။ ဒါပေမယ့် နေ့စဉ်သုံးဖို့အတွက်တော့ မကောင်းလှပါဘူး...။ မိတ်ကပ်တွေပျက်အောင် မနည်းဖိလိမ်းပြီး ဖျက်ရတဲ့အခါ အရေပြားကို ထိခိုက်မိစေပါတယ် ..။ ပြီးတော့ သူကလည်း ရေကိုအခြေခံထားတာကြောင့် အသားအရေကို ခြောက်သွေ့စေပါလိမ့်မယ်..။ အဲဒီကမှတစ်ဆင့် အသားအရေကို ကြမ်းတမ်းစေနိုင်ပါတယ် ..။
ဆိုတော့ အခုပြောခဲ့တဲ့ ၄ မျိုးက အများအားဖြင့် သုံးလေ့ရှိကြတဲ့ makeup removers တွေပါ ..။ အဆီကိုမှ ဝယ်လို့မရနိုင်တဲ့နေရာမှာဆိုရင် Baby oil တို့ အုန်းဆီတို့ သံလွင်ဆီတို့နဲ့လည်း ဖျက်ကြတယ်လို့ ကြားဖူးတယ် ..။ အခုတော့ Beauty products တွေ တော်တော်များများ မြန်မာမှာရောက်နေသလို အားလုံးလဲ စိတ်ဝင်စားနေကြတာဆိုတော့ အလွယ်တကူဝယ်လို့ ရမယ်ထင်ပါတယ် ...။ ကျမအကြိုက်ကတော့ ပြောခဲ့သလိုပဲ Cleansing oil is my first priority ပါ ...။ အဆီနဲ့ ဖျက်တာက မျက်နှာကို လုံးဝအဆီမပြန်စေရုံသာမက အသားအရေလည်း ပိုနူးညံ့ ပိုကြည်လင်စေတယ်ဆိုတာ အားလုံးကို message ပေးချင်ပါတယ် ...။ မျက်နှာအဆီပြန်တဲ့သူတွေ မိတ်ကပ်ဖျက်ရင် အဆီကိုမသုံးပါနဲ့လို့ ပြောတာတွေ တွေ့မိတိုင်း စိတ်ထဲ သိပ်မကောင်းလှဘူးရယ် 😓😓😓။ အဆီမရှိရင်တော့ Balm type is the second choice, followed by cleansing water without alcohol ပါရှင် ..။
So, that's all for today ✌
See you later and thanks for your kind visit 🙏💜💖