My 2019 resolutions !!
Phyu Phyu Lwin
March 02, 2019
0 Comments
၂၀၁၉ ကို ရောက်ခဲ့လို့ အချိန် ၂ လတောင် ကုန်သွားပြီနော်။ ဒီ ၂ လအတွင်းမှာတော့ ကျွန်မအနေနဲ့ အပြောင်းအလဲတချို့ကို လုပ်နိုင်ခဲ့ပါတယ် ။ ၂၀၁၉ မရောက်ခင်ကတည်းက ဒီနှစ်တွေအတွင်း လုပ်ချင်၊ ဖြစ်ချင်တဲ့ အရာတွေကို စဉ်းစားစီစဉ်ထားခဲ့တယ် ။ ဒါပေမယ့်လည်း စာအုပ်ထဲမှာသာ ရေးထားခဲ့ပြီး Digitized တော့မလုပ်ဖြစ်ခဲ့ပါဘူး။ ဒီ ၂ လ ကုန်သွားတဲ့အခါ ကျွန်မရည်ရွယ်ထားခဲ့တဲ့အရာတွေကို လုပ်ဖြစ်သလားပြန်ဆန်းစစ်ကြည့်တဲ့အခါ ကိုယ်ရည်မှန်းထားတဲ့အရာ တော်တော်များများကို အကောင်အထည်ဖော်ဖြစ်ခဲ့တယ် ။ ၂၀၁၉ အတွက် ကျွန်မဖြစ်ချင်၊ လုပ်ချင်တဲ့အရာတွေက ဘာတွေလည်းဆိုတာကို စာဖတ်သူတွေကို ဝေမျှပါမယ်နော်။
*** Goals for 2019 ***
- To grow YouTube Channel
- To grow Blog & Facebook Page (100000 followers)
- To publish Academic Journal articles (2 papers)
- To improve English skill
- To improve soft skills
- To improve video editing skill
- To become active speaker
- To be more confident
- To be fit more than before
- To grow my network (not only in my professional region but also in other areas)
- To influence and inspire others
- To have positive thinking and mindsets
၂၀၁၉ ခုနှစ်အတွင်းမှာ လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေအများကြီးပဲ .
၁။ ကိုယ့်ကိုယ်ကို ဘယ်လိုလူမျိုးအဖြစ် မြင်ချင်တာလဲ?
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိ၊ သွက်လက်ထက်မြတ်၊ သဘောထားကြီး၊ အကောင်းမြင်စိတ်ရှိပြီး ကျန်းမာကြံ့ခိုင်တဲ့ အမျိုးသမီးတစ်ယောက်
၂။ ကျန်းမာရေး
၂၀၁၉ အတွင်းမှာ ကိုယ့်ပါးစပ်ထဲကို မကောင်းတဲ့အစားအသောက်တွေ မဝင်စေရဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့၊ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေပဲ စားမယ်။ လေ့ကျင့်ခန်းကို ပုံမှန်လုပ်မယ်။ ခရီးသွားနေတဲ့အခိုက်ဆိုရင်တောင် အခန်းမှာ workout လုပ်မယ်။ အအေးမမိအောင် ဂရုစိုက်မယ်။ တစ်ခုခုဆို ဆရာဝန်နဲ့ ချက်ချင်းပြမယ်။
၃။ Skincare, Bodycare
Skincare ကို ပုံမှန်အတိုင်းပဲ ဆက်လုပ်သွားမယ်။ အိမ်မှာပဲဖြစ်ဖြစ်၊ ခရီးသွားတာပဲဖြစ်ဖြစ် တူတူပဲလုပ်ဖြစ်အောင်လုပ်မယ် (တခါတလေ ခရီးသွားရင် အိမ်မှာလို သေချာမလုပ်ဖြစ်လို့ ဒါကို resolution ထဲ ထည့်ထားရတာ)။ sunscreen ကို သေချာသုံးမယ်။ တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာသောက်မယ်။ အစိမ်းရောင်အသီးအရွက်များများစားမယ်။ အချို၊ အဆီတွေ လျှော့စားရမယ်။
၎။ မိသားစု
ကိုယ့်မိသားစုကို ပုံမှန်အချိန်ပေးနိုင်ေအာင် ကြိုးစားမယ်။ အဲဒီအတွက် ဖုန်းသုံးတဲ့အချိန်ကို လျှော့ချမယ်။ ခရီးသွားရင်လည်း မိသားစုအတွက် ဘယ်လိုအချိန်ပေးနိုင်မလဲဆိုတာ အမြဲထည့်တွက်ရမယ် (ကျွန်မက အလုပ်နဲ့ အမြဲခရီးသွားဖြစ်တာမို့ ဒါကတော်တော်အရေးကြီးပါတယ်)။ မိဘကို အခုထက် ပိုက်ဆံပိုပေးနိုင်အောင် ကြိုးစားမယ်။
၅။ ဝါသနာ
ဒီနှစ်မှာ ကိုယ့်ရဲ့ဝါသနာကို မရှက်မကြောက်ဘဲ အကောင်အထည်ဖော်နိုင်ရမယ်။ Conservative zone ထဲမှာပေမယ့်လည်း ချီးမွမ်း ၇ ရက်၊ ကဲ့ရဲ့ ၇ ရက်ဆိုတဲ့စကားအတိုင်း ဂရုစိုက်စရာမလိုပါဘူး။ Blog ကနေ Vlog တွေကို စိတ်ဝင်စားစရာ content တွေ ဖန်တီးမယ်။ သွားသမျှ ခရီးတိုင်းကို မှတ်တမ်းတင်တဲ့ travel vlog တွေ၊ ကိုယ့်ရဲ့ lifestyle၊ mindset နဲ့ ပတ်သက်တဲ့ vlog တွေလုပ်မယ်။ စာရေးတာကိုလည်း ဒီနှစ်ထဲ print အနေနဲ့ တစ်အုပ်လောက် ရေးဖြစ်ချင်တယ်။
၆။ အလုပ်အကိုင်
အလုပ်နဲ့ ပတ်သက်ပြီး တော်တဲ့၊ ထက်တဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်။ အောင်မြင်မှု၊ ကျော်ကြားမှုနောက်မလိုက်ဘဲ ကိုယ့်အရည်အချင်းကို အစစ်အမှန်တိုးတက်အောင် ကြိုးစားမယ်။ မိုးခါးရေမသောက်မိအောင်၊ မသောက်တဲ့အတွက် နောင်တမရအောင်နေမယ်။ ကိုယ်ဖန်တီးတဲ့၊ ကိုယ်ရွေးချယ်ထားတဲ့ ဘဝမှာ ကိုယ့်ဘာသာ ပျော်အောင်နေမယ်။ တစ်ချိန်မှာ တစ်ခုပဲလုပ်မယ်။ အလုပ်ချိန်မှာ အလုပ်လုပ်ပြီး နားချိန်မှာ နားရမယ် (တကယ်တော့ အဲလိုရည်ရွယ်ထားပေမယ့်လည်း ကုန်သွားတဲ့ ၂ လလုံးဟာ မနားလိုက်ရပါဘူး 😢) ။ကိုယ့်လက်က ထွက်သမျှ outputs, products တိုင်းကို အကောင်းဆုံးဖြစ်အောင်လုပ်မယ်။
၇။ ဘာသာရေး
မနက်တိုင်း ဘုရားရှိခိုး၊ မေတ္တာပို့နိုင်ဖို့ ကြိုးစားမယ်။ ဘယ်လောက်ပဲအလုပ်များများ၊ အချိန်မရရ အနည်းဆုံးတော့ ဘုရားရှိခိုးဖြစ်ရမယ်။ ဘုရားပန်း၊ သောက်တော်ရေ၊ ဆွမ်းကို ပုံမှန်ကပ်ရမယ်။ တရားထိုင်နိုင်အောင် ကြိုးစားမယ်၊ စိတ်တည်ငြိမ်အောင် နေမယ်။ လိုတဲ့နေရာတွေမှာ အလှူတွေလုပ်မယ်။
၈။ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေး
ဒီနှစ်အတွင်းမှာ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေးကို ပိုတိုးတက်အောင်လုပ်မယ်။ အလုပ်က အပေါင်းအသင်း၊ Uni က သူငယ်ချင်းတွေ၊ ငယ်ငယ်က သူငယ်ချင်းတွေနဲ့ အချိန်ပေးနိုင်ဖို့ ကြိုးစားမယ်။ အရာရာကို သည်းခံနားလည်ပေးနိုင်ဖို့ self-control ကောင်းအောင် လုပ်ရမယ်။ ဘယ်သူ့ကိုမဆို လေးလေးစားစားပြောဆိုဆက်ဆံမယ်။ ဘယ်အခြေအနေမှာမဆို ဒေါသကိုထိန်းနိုင်ပြီး အပြုံးနဲ့ပဲ ပြောနိုင်အောင် လုပ်ရမယ်။ ကိုယ့်ရဲ့ network ကို ကျယ်ပြန့်အောင် လုပ်မယ်။ အခြားသူတွေရဲ့ ပျော်ရွှင်မှု၊ အောင်မြင်မှုတွေကို စိတ်ရင်းနဲ့ ဂုဏ်ပြုမယ်၊ မုဒိတာပွားရမယ်။ စိတ်ရှည်သည်းခံရမယ်။ သဘောထားကြီးတဲ့သူဖြစ်ရမယ်။
၉။ ငွေရေး၊ ကြေးရေး
သုံးသမျှ၊ ဝင်သမျှ ကို track လုပ်ရမယ်။ အလုပ်ကြိုးစားမယ်၊ ငွေစုမယ်။ သုံးသင့်တာကို သုံးမယ်။ အပေါစားတွေမသုံးဘဲ အရည်အသွေးကောင်းတာတွေပဲ သုံးမယ်၊ ဝတ်မယ်။
**********************************************
ဒါတွေကတော့ ၂၀၁၉ မှာ ဖြစ်အောင်လုပ်မယ့်အရာတွေကို ၂၀၁၉ မရောက်ခင်မှာ ကျွန်မရည်မှန်းချမှတ်ထားတဲ့အရာတွေပါ။ ဒီလိုရေးထားတဲ့အတွက်ကြောင့် မှတ်တမ်းတစ်ခုလိုဖြစ်နေတဲ့အခါ ကိုယ်တစ်ခုခုလုပ်တိုင်းမှာ အဲဒီ resolutions တွေကို အမြဲတမ်းအမှတ်ရပြီးတော့ အလုပ်လုပ်ဖြစ်တယ်။ ကိုယ်ဖြစ်ချင်တာလေးတွေလုပ်ရတဲ့အခါ productive ဖြစ်တဲ့အပြင် stress တွေလျော့ပြီး နေရတဲ့ဘဝက မွေ့လျော်ဖွယ်ကောင်းလာတယ်။ ၂၀၁၉ နှစ်ကုန်တဲ့အခါ ကျွန်မရည်ရွယ်ထားခဲ့တဲ့အရာတွေအားလုံးကို လုပ်ဖြစ်ခဲ့လဲဆိုတာ ပြန်ပြောပြပါမယ်နော်။
အားလုံးကို ကျေးဇူးတင်ပါတယ်။