Tuesday, 22 April 2014

will be back soon ^^

April 22, 2014 2 Comments
 


Hello, Greeting from Myanmar !!!
long time no post :) 
ကျမ ဘလော့ဂ်မှာ စာရေးတဲ့အတိုင်းအတာနဲ့ ကြည့်ရင် အခုတလော မရေးဖြစ်တာ တော်တော်ကြာနေပြီ ..။ ကိုယ့်ကိုယ်ကိုလဲ တာဝန်မကျေသလို ခံစားရပါတယ် ...။ အချိန်ပြည့်လဲ စာရေးဖို့ သတိရနေမိတယ် ..။ ဒါပေမယ့်လည်း ကိုယ့်ဝမ်းနာ ကိုယ်သာသိပေပဲလေ ..။ ပြောရရင် ပိုပြောတယ်လို့ ထင်ကောင်းထင်မိကြမှာဖြစ်ပေမယ့် ... အမှန်တကယ်ကို အလုပ်ရှုပ်နေလို့ပါ ..။
လူတိုင်း အလုပ်ရှိတာပဲ .. ကျမတစ်ယောက်တည်း ရှုပ်နေတာမဟုတ်ပါဘူး လို့ ပြောလဲ ခံရရုံပါပဲ ..။ အလုပ်ကတစ်ဖက် စာကတစ်ဖက် .. အိမ်အလုပ်တွေကတစ်ဖက်နဲ့ တစ်ကယ်ကို အချိန်တွေရှားပါးလွန်းနေလို့ပါ ..။ ဘယ်လောက်အလုပ်များများ အိပ်ချိန်ကို မလျှော့နိုင်တဲ့သူဖြစ်လေတော့ အားလပ်ချိန် စိတ်အပန်းဖြေချိန်ကိုပဲ လျှော့ပြီး နေရပါတော့တယ် ..။ တစ်ချိန်ချိန်တော့ ကြိုးစားသမျှ အရာထင်လာမယ်လို့ မျှော်လင့်မိတာပါပဲ ...။
ပြီးအောင်လုပ်မယ်လို့ ရည်မှန်းထားသမျှ အလုပ်တွေ လက်စသတ်ပြီးရင်တော့ စာတွေ (အထူးသဖြင့် ဟိုဟိုဒီဒီမဟုတ်တဲ့ ရသစာတွေ) ပြန်ရေးဖြစ်အောင် ရေးပါမယ် ..။ ခုတော့ ခဏတိတ်တိတ်လေး ခြေရာဖျောက်နေပါရစေ ..။ မကြာခင်ပြန်လာခဲ့ပါမယ် ...။ 

ဘာမှ မရေးဖြစ်နေတဲ့အချိန်မှာတောင် မျက်စိလည်လမ်းမှားလာရင်းပဲဖြစ်ဖြစ်၊ တမင်ပဲဖြစ်ဖြစ် ဒီနေရာလေးကို ရောက်ဖြစ်နေသူအားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်^^

Saturday, 8 March 2014

After 2 years and 5 days ~~

March 08, 2014 4 Comments


နှစ်နှစ်နဲ့ ငါးရက်ဆိုတဲ့ အချိန်ကာလတစ်ခုကို လွန်မြောက်ပြီးတဲ့အခါ  ....
 ................
............................
.........................................
အသက်သာတဖြည်းဖြည်းကြီးလာပေမယ့် ... ရင့်ကျက်မှုတွေ ကြီးထွားမလာတဲ့အရာ @@@
အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးပြီးသွားတဲ့နောက် ... အချိန်အလိုက် ရာသီအလိုက် ခံစားချက်တွေ ပြောင်းလာတာနဲ့အမျှ ရေးတတ်တဲ့ အကြောင်းအရာတွေ လိုက်ပါပြောင်းလဲရင်း .. ဒီနေရာလေးက နေသားတကျ ဖြစ်တည်နေခဲ့တယ် ..။

လွန်ခဲ့တဲ့ ၂ နှစ်ကျော်ခန့်ကာလအတွင်းမှာ စာရေးချင်တဲ့ဝါသနာတစ်ခုတည်းနဲ့ ဖန်တီးခဲ့တဲ့နေရာလေး တစ်ခုဟာ ၂ နှစ်နဲ့ ၅ ရက်ဆိုတဲ့အချိန်တစ်ခုကိုကျော်ဖြတ်ပြီးတဲ့အထိ ရပ်တည်နေနိုင်တဲ့အခါ .... ဒီနေရာလေးပေါ်မှာ ထားခဲ့တဲ့ကိုယ့်ရဲ့စိတ်တွေကို ပြန်လည်သဘောတကျရှိမိခဲ့ပါရဲ့ ....။ သူနဲ့ပတ်သက်လို့ ဘ၀မှာ ဘာတစ်ခုမှ မျှော်လင့်မထားခဲ့ပါဘူး ...။ ၀ါသနာတစ်ခုကို အကောင်အထည်ဖော်ရင်း အပျင်းပြေ ချစ်စရာနေရာလေးတစ်ခုမျှသာ သဘောထားမိရုံပါ ..။ 

၂၀၁၂ ခုနှစ် မတ်လ ၃ ရက်နေ့မှာ စတင်ဖြစ်တည်လာခဲ့တဲ့ Blog လေးတစ်ခုက အခုတော့ နှစ်နှစ်ဆိုတဲ့ သက်တမ်းကို ကျော်လွန်လို့ လာခဲ့ပါပြီ ..။ Daffodil ပန်းဝါ၀ါလေးတွေ အများကြီးပွင့်တတ်တဲ့ နွေဦးရာသီမှာ စတည်လာခဲ့တဲ့ နေရာလေးက ခုတော့လည်း သက်တမ်းရင့်လာတာနဲ့အမျှ ရေးသမျှအကြောင်းအရာတွေကတော့ ရင့်ကျက်မှုတွေ ပျောက်ကွယ်နေဆဲ ..။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလထဲမှာတော့ မတ်လထဲမှာ သူ ၂ နှစ်ပြည့်မှာပါလားလို့ မှတ်မှတ်ရရရှိနေခဲ့ပါသေးတယ် ...။ ဒါပေမယ့် ဦးနှောက်ထဲမှာ အကြောင်းအရာအများကြီးကို မမှတ်မိတော့ ဘယ်နေ့ဆိုတာကို တိတိကျကျမသိတော့ဘူး ..။ မတ်လထဲဝင်မှပဲ ပြီးခဲ့တဲ့ ၂၀၁၃ က ရေးခဲ့တဲ့ တစ်နှစ်ပတ်လည်အမှတ်တရပို့စ် ကို ပြန်ရှာဖတ်ရင်း ဒီနှစ်လည်း အမှတ်တရပို့စ်ရေးဖြစ်အောင် ရေးမယ်လို့ စိတ်ကူးထားခဲ့တယ် ..။ တကယ်လည်း မတ်လရောက်တော့ အသေအချာကို မေ့သွားခဲ့ပါတယ်..။ အဲဒီ ၂ နှစ်ပြည့်ပြီဆိုတဲ့အကြောင်းအရာကိုပါ မေ့နေခဲ့တာပါ..။ ဒီနေ့မှ စနေနေ့ဆိုတော့ အားရက်ကလေး Blog ကို ဖွင့်ကြည့်ရင်းမှ Blog roll မှာ မထရီဆာ ရဲ့ မှတ်တိုင်လေးအတွက် အမှတ်တရ ဆိုတဲ့ပို့စ်အသစ်တွေ့လို့ သွားဖတ်မိရင်းမှ “ဟင် .. ငါ့ဘလော့လေးလည်း ဒီနေ့မှာ ၂ နှစ်ပြည့်တာပဲ ..။ မထရီဆာနဲ့ အသက်အတူတူပဲ” လို့ထင်နေတာ ..။ တကယ်တမ်း အရင်တစ်နှစ်က ပို့စ်ကို ရှာဖတ်ကြည့်မိမှပဲ နှစ်ပတ်လည်က ၃ ရက်နေ့ဖြစ်နေတာ ပြန်သိရတယ်..။ Blog သာ လူဆိုရင် သူ့မွေးနေ့ကို မေ့လို့ စိတ်ဆိုးမှာ သေချာတယ် ..။

ကိုယ့်ဂုဏ်ကိုယ်ဖော်ရရင်တော့ ကျမက တာဝန်တစ်ခုကို ယူပြီးရင် ပြီးဆုံးတဲ့အထိ တာဝန်ယူတတ်ပါတယ် :D
အဲဒါကြောင့် ဒီ Blog ကို ဖန်တီးတုန်းက ဖန်တီးးခဲ့တယ် ..။ ဖန်တီးပြီးရင် တာဝန်နဲ့ ၀တ္တရား ဆိုတာရှိလာပါတယ်..။ အဲဒီအတွက် ကျမတာဝန်ကျေအောင် အမြဲကြိုးစားပါတယ် ..။ အချိန်ရရမရရ လတိုင်းမှာ တစ်လမှ မပျက်အောင် ပို့စ်တစ်ခုမဟုတ်တစ်ခုတော့ အမြဲမပြတ်ရေးရင်း သူ့ကို အသက်ဆက်ခဲ့ပါတယ် ..။ ကျမစာရေးဖို့ ဘယ်သူမှ တောင်းဆိုခဲ့ခြင်းလည်း မရှိပါဘူး ..။ ရေးတဲ့စာတွေကလည်း ဘယ်သူမှ စွဲစွဲလမ်းလမ်း ဖတ်ချင်လောက်အောင်မစွဲဆောင်နိုင်ပါဘူး ..။ ရေးသမျှကလည်း တစ်ခုပြီးနောက်တစ်ခု တိုးတက်လာတာမျိုးလည်း မရှိပါဘူး ...။ တော်ရုံဆိုရင်တော့ သူ့ကို စွန့်လွှတ်ပြီး စိတ်ဓါတ်ကျချင်စရာ ..။ ဒါပေမယ့်လည်း ကျမရေးနေဆဲပါပဲ ..။ မရေးချင်တော့တဲ့တစ်နေ့၊ မရေးနိုင်တော့တဲ့တစ်နေ့ရောက်မှသာ သူ့ကို အပြီးဖျက်သွားမှာပါ ..။ သူတည်ရှိနေသမျှတော့ ရေးဖြစ်နေဦးမှာပါ ..။

Thursday, 27 February 2014

သံတူကြောင်းကွဲ ^^

February 27, 2014 6 Comments




ဒီလိုနဲ့ပဲ ၂၀၁၄  တစ်နှစ်အတွက် နှစ်လဆိုတဲ့ အချိန်ကတော့ ကုန်ဆုံးသွားခဲ့ပြန်ပါပြီ ...။ ဒီတစ်နှစ်အတွင်း...ရေးဖြစ်နေတာတွေက ပြောခဲ့ဖူးသလို ခံစားမိသမျှ ချရေးနေတဲ့ သံတူကြောင်းကွဲ ပုံစံတူတွေ များနေတယ်...။ ၀တ္ထုတိုလေးတွေ ရေးဖို့ကြိုးစားနေပေမယ့် .. အိုင်ဒီယာရှိနေတဲ့အချိန်ဆိုရင် ရေးဖို့အချိန်ကမရ၊ ရေးဖို့အချိန်ရှိလာတော့လည်း အိုင်ဒီယာတွေက ပျောက်ကုန်နဲ့ ဒီလိုနဲ့ ဒီတစ်နှစ်တော့ ရေးချင်ရာရေးတဲ့ပို့စ်တွေပဲ များနေမယ်ထင်ပါရဲ့.....။ ရေးသမျှကတော့ ဒီစကားလုံးတွေပဲ ရှေ့ပြန်နောက်ပြန်နဲ့ အပြန်ပြန် အလှန်လှန်သုံးနေမိပြန်တယ် ..။

ဒါပေမယ့် တလောတုန်းက ၂၀၁၄ မှာ အကောင်အထည်ဖော်မယ့် အိပ်မက်တွေကို ချရေးထားဖူးတယ် ..။ အဲဒီအိပ်မက်တွေထဲက တချို့တလေကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်ဖြစ်နေတယ် ..။ အထူးသဖြင့် လူမှုရေး ..နောက်ပြီးတော့ blog မှာ တစ်လကို ပို့စ်လေးခုရေးဖြစ်အောင် ရေးမယ်ဆိုတာ လည်း တကယ်လုပ်ဖြစ်အောင်လို့ မနက်ဖြန်လကုန်ရက်မတိုင်ခင် ဒီနေ့ မဖြစ်ဖြစ်အောင် ရေးနေပါတယ် ..။

လူမှုရေးကတော့ဟိုးအရင်ကထက်စာရင် တော်တော်ကို ဖော်ရွေသဘောကောင်းလာပြီး ပြောတတ်ဆိုတတ်ပေါင်းသင်းတတ်တဲ့သူဖြစ်လာပြီ ..။  အရင်ကဆိုရင် ကျမက တော်တော်အနေအေးတဲ့သူတစ်ယောက်၊ စကားနည်းတဲ့သူ၊ လူကြောက်တတ်ပြီး၊ လူတောမတိုးရဲ၊ အားနာတတ်တဲ့သူမျိုး ..။ အခုတော့လည်း ဆန့်ကျင်ဖက်လိုများ ဖြစ်သွားသလားမပြောတတ်တော့ပါဘူး။ ကြောက်တတ်တာဆိုလို့ သိပ်မရှိတော့သလိုပဲ ..။ စကားတွေလည်း တော်တော်ကို လူရည်လည်အောင် ပြောတတ်လာပြီ ..။ ပိုပြီး တိုးတက်လာတာက လူအများကြီးရှေ့မှာ ကြောက်ဒူးမတုန်ပဲ တည်တည်ငြိမ်ငြိမ်နဲ့ ပြောလာနိုင်တာပါပဲ ..။ အရင်ကတော့ မြန်မာပြည်က ကျောင်းသားတွေရဲ့ ထုံးစံအတိုင်း ကိုယ်တိုင်သာ နားလည်ပေမယ့် လူအများရှေ့ထွက်ပြောရမှာ ကြောက်တတ်တာမျိုးဖြစ်တယ်လေ..။ အတွေ့အကြုံက သင်သွားပေးတော့လည်း နောက်တော့ အဆင်ပြေလာတာပါပဲ ..။

ခုတလော တရားရစရာတွေနဲ့ တွေ့နေရတယ် ..။ စီနီယာအစ်ကိုတစ်ယောက်က သူတို့ကျောင်းတုန်းက သူငယ်ချင်းတွေစုရိုက်ထားတဲ့ပုံကို ဖေ့ဘွတ်မှာတင်တော့ အားလုံးလိုလိုကို သိပြီးသားပေမယ့် .. ဘယ်သူတွေမှန်း ငယ်ရုပ်တွေကို မမှတ်မိဘူး ..။ ဓါတ်ပုံက ဘယ်တုန်းက ပုံလဲဆိုတော့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကပုံတဲ့ ..။ ဆယ်စုနှစ်တစ်ခုကျော်အတွင်းမှာ သူတို့တစ်တန်းလုံး ပြင်ပသွင်ပြင်တွေ ပြောင်းလဲသွားကြတာများ .. မမှတ်မိလောက်အောင်ပဲ ..။ ဗိုက်ပူခါးတုတ်သူကတုတ်၊ အသားမည်းသူကမည်းသွားနဲ့ .. ငယ်ဘ၀ရဲ့ နုပျိုမှုဆိုတာ ဘယ်လိုမှ ရှာမတွေ့တော့ပါဘူး။ တက္ကသိုလ်တက်စဉ် ကျောင်းသားဘ၀တုန်းကတော့ သူငယ်ချင်းဆိုတာ တစ်တန်းတစ်စားတည်းပါပဲ ..။ သူငယ်ချင်းဆိုတဲ့စိတ်နဲ့ အချင်းချင်း ချစ်ခင်ဖေးမမှုတွေပဲ ရှိခဲ့ကြမှာပါပဲ ..။ အချိန်တစ်ခုကို လွန်မြောက်လို့ ရင့်ကျက်လာတဲ့အခါ ပြင်ပသွင်ပြင်တွေ ပြောင်းလာတာနဲ့အမျှ စိတ်ရင်းအခြေခံတွေလည်း ပြောင်းလာကြတယ် ..။ ဘ၀ပေးအခြေအနေ၊ ကြိုးစားအားထုတ်မှု၊ ကံတရားပေါ်မူတည်ပြီး ဘ၀အခြေအနေတွေ ကွာခြားသွားကြတယ် ..။ အဲဒီအခါ အနိမ့်အမြင့် မတူညီမှုတွေကြားမှာ ... အားငယ်ချင်စရာ၊ နောင်တရစရာ .. တချို့ကို ထွေးပိုက်မိသူတွေလည်း ပါကောင်းပါနိုင်ပါရဲ့ ..။ ဒါပေမယ့်လည်း ဒါကိုပဲ ဘ၀တို့ လောကဓံတို့ ခေါ်ကြတာပဲ မဟုတ်ပါလား ..။ ဒါပေမယ့်လည်း ဘ၀ဆိုတာ ပုံသေတွက်လို့ရတဲ့ သင်္ချာပုစ္ဆာတစ်ပုဒ်တော့ မဟုတ်ဘူးလေ ..။ တစ်ချိန်မှာ တူဖြစ်နေပေမယ့် တစ်ချိန်ချိန်မှာ ပေဖြစ်မသွားဘူးလို့ ဘယ်သူပြောနိုင်မလဲ ..။ အစိုးမရတဲ့ လောကဓံကြားမှာ ... သာပေါင်းညာစား၊ အခြားသူရဲ့ မျက်ရည်ကို ခြေဆေးလို့ ပျော်ရွှင်တတ်သူမဖြစ်ဖို့က အရေးကြီးဆုံးပဲ မဟုတ်လား ..။ 

ဘ၀မှာ လူပီသဖို့ဆိုရင် ကိုယ်ချင်းစာတရားလက်ကိုင်ထားဖို့လည်း အရေးကြီးတဲ့အချက်တစ်ခုဖြစ်တယ်လို့ ဟိုးအရင်ကတည်းက သုံးသပ်မိတယ် ..။ “ငါသာ သူ့နေရာမှာဆိုရင်” ဆိုတဲ့ စိတ်ထားလေးတစ်ခုကို ထားတတ်ရင် အရာရာက လှပလာပါလိမ့်မယ် ..။

Monday, 17 February 2014

ရောက်တတ်ရာရာ ~~~

February 17, 2014 3 Comments
အခုတလော သီချင်းတွေ နားမထောင်ဖြစ်တာကြာပြီ ...။ ဟိုအရင်ကတော့ အင်တာနက်ကွန်နက်ရှင် ကလည်းကောင်း .. စာဖတ်နေရင်းနဲ့ တစ်ယောက်တည်း အပျင်းပြေ youtube က သီချင်းတွေ တစ်ချိန်လုံး ဖွင့်ထားတတ်ပြီး နားထောင်နေတတ်တယ် ..။ ခုတော့ တစ်နေကုန်အလုပ်လုပ် .. အလုပ်ထဲမှာလည်း သီချင်းနားထောင်ချိန်မရှိလောက်အောင် စက်ရုပ်တစ်ရုပ်လို လှုပ်ရှား ..။ အိမ်ပြန်ရောက်တော့ ပင်ပန်းတာနဲ့  စာတောင်မလုပ်ဖြစ်ပါဘူး ...။ ဒီလိုသာဆို ရည်မှန်းချက်တွေ ပျောက်သွားမှာ စိုးမိတယ် ..။ ကျမက ကိုယ့်ကိုယ်ကို တော်တော်ညှာတယ်ထင်မိတယ် ..။ နည်းနည်းလေးစိတ်ပင်ပန်း လူပင်ပန်းတာနဲ့ သနားပြီး အနားပေးမိတာပဲ ...။ တကယ်ဆို အဲလိုမဖြစ်သင့်ပါဘူး ..။ ကာယနဲ့အလုပ်လုပ်တာမှ မဟုတ်တာနော် ..။ ခုတော့ ကိုယ်ပိုင်အချိန်လေး တွေကို စာကြည့်တာကနည်းနည်း .. နားတာကများများဖြစ်နေတယ် ...။ အများကြီးပြုပြင်ရဦးမယ် ... ကျမမှာ အဲလိုပျင်းတတ်တဲ့ ပင်ပန်းတတ်တဲ့ အလွန်အင်မတန်ဆိုးရွားတဲ့ အကျင့်ဆိုး တစ်ခုရှိတယ် ...။ 

လျှောက်မယ်လို့ရည်ရွယ်ထားတဲ့ phd scholarship တွေက ဧပြီလထဲမှာ deadline က ခပ်များများဖြစ်နေတယ် ..။ ထုံးစံအတိုင်း deadline နီးမှ idea ထွက်တဲ့ ဦးနှောက်က အဲဒီအချိန်ရောက်မှပဲ အပူတပြင်းအသုံးပြုလို့ ရမယ်ထင်ပါတယ်..။ ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ပြောဖူးသလို ညဏ်ကောင်းတဲ့သူတွေက ယေဘူယျအားဖြင့် ပျင်းကြတယ်တဲ့ ..။ အဲဒါမှပဲ ကြိုးစားကြတဲ့ အခြားပုံမှန်လူတွေနဲ့ ရလဒ်က အတူတူဖြစ်သွားပြီး လောကကြီးက မျှမျှတတဖြစ်သွားသတဲ့ ..။ အဲဒီလူ ၂ မျိုးမဟုတ်ဘဲ ညဏ်လည်းကောင်း၊ ကြိုးလည်းကြိုးစားတဲ့သူတွေ ကတော့ အခြားသူတွေထက် အောင်မြင်သူတွေ ဖြစ်လာကြပါသတဲ့ ..။ သေချာတာက ကျမက ညဏ်ကောင်းတယ်လို့ ကိုယ့်ဘာသာသတ်မှတ်ပြီး အလွန်ပျင်းတဲ့သူမျိုး ..။ အထူးသဖြင့် စာလုပ်ရတဲ့ အခါမျိုးမှာပေါ့ ..။ အဲဒါကြောင့်လည်း အများထက်ထူးကဲပြီး ထူးချွန်ထက်မြတ်မနေဘဲ .. အများနဲ့တန်းတူ သာမာန်သူလိုကိုယ်လိုပဲဖြစ်နေတာ ....။ ကြုံမိသမျှ သူငယ်ချင်း အပေါင်းအသင်းတွေ ကတော့ ကျမကို ကြိုးစားတဲ့သူဆိုပြီး အမြဲပြောဆိုသတ်မှတ်ကြတယ် ..။ ဘာကြောင့် အဲသလို ထင်လေတယ်တော့မသိ ..။ ကိုယ့်ကိုယ်ကိုတော့ ပျင်းလွန်းလို့ မကြိုးစားလွန်းလို့ အမြင်တွေ ကတ်လွန်းလို့ ..။ 

စိတ်ခံစားချက်၊ အတွေးအခေါ်တွေက နေရာဒေသကိုလိုက်ပြီးပဲ ပြောင်းတတ်သလား၊ အချိန်ကာလကို လိုက်ပြီးပဲ ပြောင်းတတ်သလား၊ အခြေအနေပေါ်မူတည်ပြီး ပြောင်းတတ်လေသလားမသိ ..။ ဒီပြန်ရောက်ကတည်းက သီချင်းတွေ သိပ်နားမထောင်ဖြစ်ခဲ့တော့ ဟိုအရင်ကလို သီချင်းခံစားမှုအက်ဆေးတွေ မရေးဖြစ်တာ တော်တော်ကြာပြီ ..။ ကဗျာဆိုရင် ပိုဆိုးတော့တာပေါ့ ..။ ကဗျာလို့ သတ်မှတ်လို့ရမယ့် စကားလုံး တစ်လုံးစနှစ်လုံးစတောင် ခေါင်းထဲက ထွက်မလာတော့ ...။ ဖြစ်နိုင်ရင် ကဗျာတွေ အများကြီး ရေးချင်မိတယ် ..။ ရေးနေကျပုံစံအတိုင်း ကာရံမဲ့ကဗျာတွေ ..။ နဘေကာရံကဗျာဆိုတာတော့ ဒီတစ်သက်ရေးတတ်ပါ့မလား ယုံကြည်မှုမရှိ ..။ ပါရမီမရှိတဲ့အထဲ ကာရံတွေနောက်လိုက်ပြီး ရေးမိရင် အကြောင်းအရာက ဘယ်လိုမှ ဆက်စပ်တတ်မှာမဟုတ် ...။ ၀တ္ထုရှည်တစ်ပုဒ်လောက်တော့ ဒီနှစ်ထဲမှာ ရေးဖြစ်အောင် ရေးချင်တယ် ...။ ရေးရင်းနဲ့ အဆုံးမသတ်တတ်မှာလည်း စိုးမိသေးတယ် ..။ မြန်မာနိုင်ငံပြန်ရောက်ပြီးကတည်းက ရေးဖြစ်ခဲ့တာက ကိုယ်ပိုင်ခံစားချက် သံတူကြောင်းကွဲတွေက ခပ်များများရယ် ...။ အချို့သူတွေပြောကြသလို ဘလော့ဂ်ဘက်မှာ ရေးတဲ့သူတွေရော ဖတ်တဲ့သူတွေရော သိသိသာသာလျော့သွားပြီး ဖေ့ဘုတ်ဘက်ကို ရောက်သွားကြပေမယ့် ကျမကတော့ ခုထက်ထိ ဘလော့ဂ်ကို ဖက်တွယ်ထားတုန်း ..။ ရေးချင်လာတဲ့အခါတိုင်း ရေးဖို့အချိန်ရလာတိုင်း ဒီနေရာလေးမှာပဲ ... ရေးချင်သမျှကို ရေးနေမိဆဲ ..။

စကားမစပ် ဆရာမဂျူးရဲ့ လုံးချင်းစာအုပ်အသစ် “ဆုံနေရက်နဲ့ လွမ်းလေခြင်း” ကို ဖတ်ပြီးသွားပါပြီ ..။ ကြားထားခဲ့တဲ့အတိုင်း လာဗင်ဒါပန်းခရမ်းရောင်လေးတွေကလည်း ဇာတ်လိုက်အနေနဲ့ ပါတာပေါ့...။ ချစ်စရာ ပန်းခရမ်းရောင်လေးတွေလေ ..။ ဇာတ်လမ်းကိုတော့ မဝေဖန်တော့ပါဘူး ..။ ဆုံနိုင်ရက်နဲ့ ကွဲလေခြင်း ဆိုသလိုဖြစ်နေလို့ပါ ..။

သီချင်းတွေထဲမှာ ခုတလော အမြဲနားထောင်ဖြစ်တဲ့သီချင်းက လေးဖြူရဲ့ “စိတ်ပူတယ်” ဆိုတဲ့သီချင်းပါပဲ ..။ သီချင်းစာသားရော သံစဉ်ရောကြိုက်လွန်းလို့ ဖုန်း ringtone လုပ်ထားတော့ ဖုန်းမြည်တိုင်း အဲသီချင်းကို နားထောင်ဖြစ်တယ်..။
♫ ♪..မင်း အဆင်ပြေပါ့မလား စိုးရိမ်တယ်..
မင်းးး ဒီအချိန် တစ်ယောက်တည်းရှိနေချိန် ...
မင်းးးး ချောင်မှာ တစ်ယောက်တည်း ကြိတ်ငိုနေဦးမလား ...... ..♫ ♪
မင်းးး လိုနေချိန်တိုင်း ရှိချင်တယ် ....
မင်းးးး မလိုရင် ချန်ထားခဲ့နိုင်တယ် ....
မင်းးး  အဆင်မပြေမှာပဲ .. စိတ်ပူနေမိတယ် ..♫ ♪ -_- -_- -_-


Sunday, 16 February 2014

အချစ်အကြောင်း စကားစမြည် ~~

February 16, 2014 5 Comments


တစ်ရက်တော့ လူမှုကွန်ယက်လို့ ခေါ်တဲ့ facebook တစ်ခွင်မှာ ဓါတ်ပုံမျိုးစုံ၊ ခံစားချက်မျိုးစုံနဲ့ အချစ်အကြောင်းကို ဖွင့်ဆိုပြနေကြလေရဲ့ ....။ ချစ်သူများနေ့လို့ သတ်မှတ်ထားကြတဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာပေါ့ ...။ အထာပေါင်းစုံနဲ့ ဆရာကြီး ဆရာမကြီးများကလည်း ဆုံးမစကားတွေ မှာတမ်းချွေလား ချွေကြရဲ့ ...။ ၁၅ ရက်နေ့မှာ သူငယ်ချင်းတစ်ယောက်တင်တဲ့ status လိုမျိုးပေါ့ “တော်ပါသေးရဲ့ ၁၅ ရက်နေ့ရောက်လာလို့ .. လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့သူဆိုတော့လည်း တနေ့လုံး အသံတောင်မထွက်ရဲဘူး” တဲ့ :D :D ကိုယ်တွေကတော့ ပွဲကြည့်ပရိသတ် ..။ ပရိသတ်လုပ်ရင်းနဲ့ အချစ်အကြောင်းကို တွေးမိတယ် ..။ ကျမသတ်မှတ်ထားတဲ့ အချစ်ဆိုတဲ့အရာက ဘာလဲပေါ့ ...။ facebook မှာ ဆရာကြီးတစ်ချို့ အထာကြီးနဲ့ ရေးသလို “အချစ်အချစ်ချည်းလုပ်မနေနဲ့ .. ဘုရားတရားလိုက်စားဖို့ .. မိဘကို ပြုစုလုပ်ကျွေးဖို့လည်း သတိရကြဦး” ဘာဘာညာညာ သတိပေးသလိုပေါ့ .. ။  သူတို့တော့ မိဘကို ဘယ်လောက်အလုပ်အကျွေးပြုကြလဲမသိ ... သူတပါးကိုတော့ အဲသလို ဝေဖန်ရေး လေကန်ရေးလုပ်နေကြတာတွေလည်း ဒုနဲ့ဒေး ..။ တကယ်တော့ ကတွေက သီးသန့်စီ ..။ လူတိုင်း သူတို့ ခံစားချက်ကို ဖော်ပြဖို့ ရေးသားဖို့ အခွင့်အရေးရှိနေကြတာပဲမဟုတ်လား ..။
ထားပါတော့ ... စကားချည်းတွေကလည်း အများကြီး ... :-) :-)

ကျမရေးချင်တဲ့ အချစ်က သူစိမ်းတွေဖြစ်တဲ့ ချစ်သူတွေကြားမှာရှိတဲ့အချစ် ..။ အချစ်ဆိုတာတော့ လူတိုင်းနီးပါး ကြုံဖူးကြတယ် ..။ ခံစားဖူးကြတယ် ..။ အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြတယ် ..။ အချစ်ကြောင့် ပျော်ရွှင်ကြတယ် ၀မ်းနည်းကြတယ် ..ခံစားချက်မျိုးစုံကို ခံစားဖူးကြတယ် ...။ တကယ်တော့ အချစ်က သူ့ဘာသာအေးအေးချမ်းချမ်းရှိနေပေမယ့် ကိုယ်နဲ့ပတ်သက်လိုက်မိတဲ့ အခြားသူတစ်ယောက်အပေါ်မှာ မူတည်ပြီး ခံစားချက်တွေ ပြောင်းလဲသွားတယ် ...။ တချို့ကတော့ အချစ်ဆိုတာ ပေးဆပ်ခြင်း လို့ ဆိုကြတယ် ..။ အချို့ကတော့ ရယူပိုင်ဆိုင်ခြင်းတဲ့ ..။ ကျမယုံကြည်တဲ့အချစ်ကတော့ ရယူပိုင်ဆိုင်ခြင်း ပါပဲ ..။ လူတစ်ယောက်က သူချစ်တဲ့သူကို စွန့်လွှတ်ဖို့တော့ စချစ်ခဲ့မှာမဟုတ်ပါဘူး ..။ အချစ်ဆိုတာကို ခေါင်းစဉ်မှားတပ်ထားတဲ့ အပျော်ရည်းစားထားတာကလွဲရင်ပေါ့ ..။ တကယ်လို့ စွန့်လွှတ်နိုင်တယ်လို့ အစကတည်းက တွေးမိရင်တော့ အစကတည်းက မချစ်တာ အကောင်းဆုံးပဲ ..။ စွန့်လွှတ်နိုင်တယ်ဆိုကတည်းက အဲဒါ အချစ်စစ်မဟုတ်လို့ပဲ ..။ သူ့ဘက်က စွန့်လွှတ်နိုင်တယ်ဆိုပေမယ့် တစ်ဖက်သားရဲ့ ခံစားချက်က ဘယ်လိုဖြစ်နိုင်လဲဆိုတာ ကိုယ်ချင်းစာသင့်တယ် ..။ ချစ်သူနဲ့ ကွေကွင်းရတာလည်း ဒုက္ခတစ်မျိုးပဲ မဟုတ်ပါလား...။

ဝတ္ထုတွေ ဇာတ်လမ်းတွေထဲမှာလည်း ခဏခဏကြားဖူးတယ် ..။ “မင်းဘ၀ လှပဖို့ ထွက်သွားရတာ” ဘာညာဘာညာပေါ့ ..။ အဲဒီလိုပြောကတည်းက အဲဒီယောက်ျားလေးက အဖြစ်မရှိတဲ့ အရည်အချင်းမရှိတဲ့သူမျိုးလို့ ကျမတော့ သတ်မှတ်တယ် ..။ (p.s ကျမက မိန်းကလေးမို့ မိန်းကလေးဘက်က ခံစားချက်ကို ဦးစားပေးပြီး ရေးပါမယ်) တကယ်တမ်း မိန်းကလေးအများစု လိုချင်တဲ့ချစ်သူမျိုးက ဘယ်လိုအခြေအနေမှာပဲ ဖြစ်ပါစေ .. ကိုယ့်ကို လက်လွှတ်မသွားတတ်တဲ့ ချစ်သူမျိုးပါ ..။ “မင်းစိတ်ချမ်းသာသလို ဆုံးဖြတ်ပါ .. ထားသွားလည်းကိစ္စမရှိပါဘူး” “ငါနဲ့ဝေးသွားရင် မင်းဘ၀ ပိုအဆင်ပြေလိမ့်မယ်” ဆိုတဲ့ ဝေးသွားခဲ့ရင် ဘယ်လိုမှမခံစားရဘူးလို့ အဓိပ္ပာယ်ရတဲ့ စကားလုံးတွေထက် “မင်းကို ပိုင်ဆိုင်ခွင့်ရဖို့ အကောင်းဆုံးအခြေအနေတစ်ခုကို ဖန်တီးနိုင်အောင် ကြိုးစားနေတယ်” ဆိုတဲ့ စကားတွေကို မျှော်လင့်တတ်ကြတာပါ ..။

တကယ်တမ်းအချစ်စစ်စစ်သာဖြစ်မယ်ဆိုရင် .. ချစ်သူကို ပိုင်ဆိုင်ရဖို့ အခြေအနေတစ်ခုရောက်အောင် ကြိုးစားပါလိမ့်မယ် ...။ ဘယ်လိုအခက်အခဲ အဆင်မပြေမှုတွေနဲ့ ကြုံလာရပေမယ့် .. relationship ကို တည်မြဲအောင် ကြိုးစားကြမှာပါပဲ ..။ လွယ်လွယ်နဲ့ လက်လွှတ်နိုင်တယ်ဆိုတာ တကယ်မချစ်တဲ့သူတွေရဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်တွေပါ ..။ ချစ်သူတွေကြားထဲ ခဏတဖြုတ် စကားများ အဆင်မပြေဖြစ်ခဲ့ကြရင်တောင်မှပဲ လမ်းခွဲမယ် ဆိုတဲ့စကားလုံးအစား အခြားစကားလုံးတွေနဲ့ပဲ စကားနိုင်လုကြရင်း မူရင်းအခြေအနေရောက်အောင် ဖြေရှင်းသွားကြတာမျိုးက ချစ်တတ်သူတွေရဲ့ လုပ်ရပ်တွေပါ ..။ အဲဒါကြောင့် ချစ်သူနှစ်ဦး ခွဲခွာကြရတယ်ဆိုတာ တစ်ဖက်ဖက်ကတော့ အချစ်မစစ်လို့ပါပဲ ..။ အချစ်စစ်သာမှန်ရင် ကိုယ်ချစ်တဲ့သူကို ဘယ်သူမှ လက်မလွှတ်နိုင်ကြဘဲ ... စွန့်လွှတ်ဖို့ စိတ်ကူးမိကြမှာမဟုတ်ပါဘူး ...။ နှစ်ဦးသားနီးစပ်ဖို့အရေးအတွက် ကြိုးစားကြရင်း relationship ကို ခိုင်မြဲအောင် ကြိုးစားနေကြမှာပါပဲ ..။ ရုပ်ဝတ္ထုပစ္စည်း ပိုင်ဆိုင်မှုတွေနောက်လိုက်ရင်း အချစ်ကိုမေ့ထားကြသူတွေရဲ့ လုပ်ရပ်ကတော့ တစ်ကပေါ့လေ ....။

Follow Us @soratemplates