အားလုံးပျော်ရွှင်ပါစေ .........
ပြီးခဲ့တဲ့ပို့စ်မှာတုန်းက ရိုက်ထားတဲ့ပုံလေးနဲ့ လိုက်ဖက်အောင်ဆိုပြီး တစ်ကယ်တမ်းရေးဖို့ ရည်ရွယ်တာက ကဗျာတစ်ပုဒ်.... ရေးဖြစ်လိုက်တာက ပေါက်ကွဲသံစဉ်တွေလို ဖြစ်သွားလို့ ဖတ်သူတိုင်းကို တောင်းပန်ပါတယ်...... :D
စိုးရိမ်ပူပန်မှုတွေ .. စိတ်မကောင်းမှုတွေ ဒီလောက်များနေတဲ့ ကာလတစ်ခုမှာ.... ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုကို ပို့စ်တစ်ပုဒ်ဖြစ်အောင် ရေးမိတဲ့ကိုယ်လိုလူမျိုးက ရှိသေးတယ်နော်.. :P
အခု မြင်ရသမျှမျက်လုံးထဲမှာ အေးသွားအောင်... အစိမ်းရောင်ကမ္ဘာထဲကို ခေါ်သွားချင်ပါတယ်....။ ဒီမြင်ကွင်းတွေက ပြီးခဲ့တဲ့သောကြာနေ့ (၈-၆-၂၀၁၂) က ကျောင်းကလိုက်ပို့တဲ့ လေ့လာရေးခရီးတစ်ခုကို သွားတုန်းက ကားပေါ်ကနေ လှမ်းရိုက်ထားမိတဲ့ ဓါတ်ပုံတွေပါ..။ နေရာက Lower Saxony ဆိုတဲ့ခရိုင်ထဲက Hannoversch Münden ဆိုတဲ့မြို့ပါ...။ အရင်က အဲလိုမျိုးတစ်ခါမှ မရိုက်ဖူးဘူး..။ ကားမောင်းနေတုန်းဆိုရင် အရှိန်နဲ့ဆိုတော့ ပုံတွေက ၀ါးသွားမယ်ထင်ပြီး ရပ်တဲ့အချိန်တွေပဲ ရိုက်ဖြစ်ခဲ့တာ..။ ကားကအရမ်းအမြန်မောင်းပေမယ့်... အဲဒီအရှိန်ကပဲ.. အရောင်တွေကို ပိုလှသွားစေသလိုဖြစ်သွားတယ်ထင်တယ်..။ အစိမ်းရောင်တွေက တော်တော်လှသွားတယ်..။
ဒီပုံက Lab ထဲမှာ သွားလုပ်ခဲ့တဲ့ tissue culture နည်းနဲ့ မျိုးပွားထားတဲ့ အပင် ကွိစိကွစလေးတွေ...
မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိဆိုတော့ အပြန်မှာ အားလုံးက ပင်ပန်းပြီး ကားပေါ်မှာ အိပ်ပျော်ပြီး လိုက်လာတဲ့အချိန် ကျမပဲ ကင်မရာတစ်လုံးနဲ့ မအိပ်ပဲ အလုပ်တွေရှုပ်လိုက် ၊ အရှုပ်တွေလုပ်လိုက်နဲ့ ...။
အားလုံးပျော်ရွှင်ငြိမ်းချမ်းပါစေ..။
ကမ္ဘာကြီးအမြဲစိမ်းလန်းပါစေ.....။
အနီရောင်တွေ လွှမ်းနေတဲ့နေရာတွေလည်း..... အစိမ်းရောင်တွေ အမြန်ဆုံးပြန်လည် လွှမ်းမိုးနိုင်ပါစေ...။
:wish ~~~~~ :pray ~~~~~ :Thank you all
10 comments:
ဖတ်သွားတယ်ဗျို့ ::: အရင်ဆုံးထင်တာပဲ :P
ကားပေါ်ကလက်ရာတွေထင်တယ် ညီမရေ
အခုတလော မျက်စီဝါးနေတာနဲ့ အတော်ပဲ အစိမ်းရောင်မြင်ကွင်လေးကြည့်ရတဲ့အတွက်ကျေးကျေး..
ဒီလိုမျိုးအစိမ်းရောင်လွင်ပြင်လေးတွေ ကြည့်လိုက်ရတော့..
စိတ်ထဲမှာ ကြည်နူးသွားတာပဲ..အခုလိုမျိုးပုံလေးတွေ တင်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်.....
အရမ်းမိုက်တယ်လေ
ကြည့်သူကို မျက်စိကြည်အောင်
လုပ်ပေးတဲ့ မမ
ဘ၀ဆက်တိုင်း မျက်လုံးလှလှလေး ပိုင်ဆိုင်နိုင်ပါစေ
( ဆုတောင်းပေးလိုက်တယ်ဗျာ )
ဟုတ်ပ အခုတလော အနီရောင်ဖြစ်ရပ်တွေပဲမြင်နေကြားနေရတယ်။ အစိမ်းရောင်ရှုခင်းပုံလေးတွေကြည့်လိုက်ရမှ အေးချမ်းသွားတော့တယ်။
ပုံစိမ်းစိမ်းလေးတွေကြည့်ရလို့ ကျေးကျေးပါ စနိုး
အစိမ်းရောင်ကမ္ဘာထဲ လာရောက်လည်ပတ်သွားတယ်...နော်
ကားသွားတဲ့ အချိန်ရိုက်ထားတာလေးတွေ ပိုလှတယ်။ မပြောရင် ကိုယ်တိုင်ရိုက်တယ်တောင် မထင်ရဘူး။ စိမ်းစိုနေတာပဲ။
ဘယ်လိုကြည့်ကြည့်အရမ်းကိုလှပြီး
မျက်စိအေးစေတဲ့ပုံလေးတွေအတွက်
ကျေးဇူး
အစိမ်းရောင်ကမ္ဘာလေးကိုလာလည်သွားပါတယ် ...
Post a Comment