Wednesday, 7 March 2012

# မိတ်ဆက်

ဘလော့မှာ ဘာရေးရပါ့


ရင်ထဲမှာရှိနေတဲ့ အမှတ်တရတွေကို ဖွင့်ထုတ်ခံစားချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီဘလော့လေးကို ဖန်တီးဖြစ်ခဲ့ပါတယ်...။
ခံစားမိတာတွေကို ရင်ဖွင့်ရင်း လျှောက်လှမ်းခဲ့တဲ့ လမ်းတစ်လျှောက် အတွေ့အကြုံလေးတွေကို ဝေမျှမယ်ဆိုတဲ့... စိတ်ကူးနဲ့ပေါ့...။ တစ်ကယ်တမ်းရေးမယ်ဆိုတဲ့အခါ ... ဘယ်က စရေးရမယ်မှန်း... မသိပါဘူး.....။ အစမို့လို့... ဒီလိုဖြစ်တာနေမှာပါလို့... ကိုယ့်ကိုကိုယ် ဖြေသိမ့်ရင်း... အခုလောလောဆယ်တော့..... စိတ်ထဲရှိတာတွေ ချရေးနေမိပါတယ်.....။
သူများလို နည်းပညာတွေ ဝေမျှဖို့.. ရေးမယ်ဆိုရင်လည်း... ကျမသိတာတွေက.. သိပ်ပြီး... ထူးထူးခြားခြား ဝေမျှစရာဖြစ်လောက်အောင် ... ကျွမ်းကျင်မနေပြန်ပါဘူး...။ အစားသောက်တွေ ချက်ပြီး စာဖတ်သူတွေ... အတွေ့အကြုံရအောင် တင်မလားဆိုတော့လည်း.... အချက်အပြုတ်မှာ.. ပါရမီမပါဘူးလို့... သတ်မှတ်ရလောက်အောင်ကို... ပါရမီကံက တော်တော်နည်းတယ်လို့.. ပြောရမလိုပါပဲ....။
ကဗျာတွေ ၀တ္ထုတွေရော... ရေးတတ်သလားဆိုတော့..... မတောက်တခေါက်.. ဟိုခြစ်ဒီခြစ်လောက်ပဲ..... ရေးတတ်သူပါ....။
အင်း... ဘာရေးရပါ့....။
စိတ်ထဲပေါ်လာတဲ့ အချိန်မှာ... ပေါ်လာတဲ့ ခံစားချက်၊ စိတ်ကူးတွေကို ချရေးတာကပဲ..... ကျမဘလော့ရဲ့..... ပို့စ်တွေ.. ဖြစ်လာတော့မယ်ထင်ပါရဲ့....။

<3
<3
<3
<3

သေချာတာတော့..... ကျမက နှင်းတွေကို အရမ်းချစ်တတ်သူပါ.....။
.နှင်းတွေကျတတ်တဲ့.. လတစ်လမှာပေါ့....  မြန်မာပြည်ရဲ့... နှင်းဆိုတာ မရှိဖူးတဲ့..... ဒေသတစ်ခုမှာ. မွေးဖွားလာပေမယ့်......... ကံကောင်းမှုတွေက..... ကျမကို နှင်းတွေ ရှိတဲ့ ဒေသတစ်ခုကို ပို့ဆောင်ပေးခဲ့ပါတယ်......။
အခုတော့..... ချစ်တဲ့နှင်းတွေကြားထဲ...... နှင်းဖတ်လေးတွေကို.... အပြင်မှာထိတွေ့ခွင့်ရပြီး....... မပြီးဆုံးနိုင်သေးတဲ့..... ပညာတွေကို.... သင်နေဆဲပါ.....။
အချိန်တန်ရင်တော့...... မြန်မာပြည်ကို ပြန်ပြီး......... နှင်းမရှိတဲ့အရပ်မှာ..... မိုးရေတွေအောက်.... ပြန်လည်ပျော်ရွှင်သွားမှာပါပဲ.....။

3 comments:

Candy said...

ပျော်ရွှင်ပါစေ သူငယ်ချင်း..
ဘာမှ မယ်မယ်ရရ မတတ်တာတော့ အတူတူပါပဲ :P :P


လင်ခ့်ယူသွားမယ်နော်..
ခင်တဲ့
Candy

Snow May said...

ကျေးဇူးပါ.. ကန်ဒီ... ပထမဆုံးရတဲ့ ကွန်မန့်ပါပဲ.. အရမ်းပျော်ရွင်မိပါတယ်..။ ကန်ဒီဘလော့ကို အမြဲတမ်းလာလည်နေကျပါ.. ပျော်ရွင်ပါစေ.. :D

Yoemyaykya said...

မမလည်းနှင်းကို ချစ်တာပဲလား။မြန်မာနိုင်ငံပြန်လာရင် နှင်းလေးတစ်ဖတ်လောက်သယ်လာပေးပါလား။ကိုင်ကြည့်ချင်လို့။

Follow Us @soratemplates