Friday, 23 March 2012

# My Own Feelings # အမှတ်တရ အချိန်များ

လျှောက်ခဲ့သောလမ်းများ-၁ ......☺☺☺


ကျောင်းပိတ်ရက်တွေမှာ နေ့တိုင်းလိုလိုရေးဖြစ်အောင်ရေးမယ်လို့.. စိတ်ကူးထားပေမယ့်... တကယ်တမ်းရေးမယ်ဆိုတော့... မရေးဖြစ်ခဲ့ပါဘူး...။ တစ်ရက်ခြားတစ်ခါလောက်ပဲ.. ပို့စ်တွေကို .. ကျမ တင်ဖြစ်ခဲ့တယ်...။  အရင်ကတော့.. တခြားသူငယ်ချင်းတွေရဲ့ ဘလော့တွေပဲ လည်ပြီးလိုက်ဖတ်နေရင်းကနေ... ကိုယ်တိုင်ပါ.. အမှတ်တရတွေ. တခါတရံတွေးမိတဲ့စိတ်ကူးတွေကို... မှတ်တမ်းတင်ရင်း.. လျှောက်ခဲ့တဲ့လမ်းတွေကို...ေ၀၀ါးစွာမပျောက်ပျက်သွားစေချင်တဲ့.. စိတ်ကူးနဲ့.. ဒီဘလော့လေးမှာ.. ဒီလမှစပြီး.. ရေးဖြစ်ခဲ့တာပါ...။ ကိုယ်တိုင်ရေးမှ... ဘလော့ရေးသူတွေရဲ့ ပေးရတဲ့အချိန်တွေ.. စိတ်ကူးတွေ.. စေတနာတွေကို.. နားလည်လာရပါတယ်..။ နေ့တိုင်းလိုလို. စာဖတ်သူတွေအတွက်.. စေတနာအပြည့်နဲ့.. ပို့စ်တွေ.. ရေးလေ့ရှိတဲ့.. စီနီယာဘလော့ဂါများကိုလည်း.. အားကျမိပါတယ်..။

ဒီတစ်ပတ်အတွင်းတော့. တော်တော်အချိန်လုရသလိုဖြစ်နေတယ်...:) ကျောင်းပိတ်ထားတုန်း...  အေးအေးဆေးဆေးမနားရပဲ.. 
 နောက်တစ်တန်းအတွက်.... practical တွေကို.. ကြိုလုပ်နေရပါတယ်...။ ကျောင်းပိတ်ထားပါလားဆိုတဲ့အသိနဲ့... ဘယ်သူမှ.. တက်တက်ကြွကြွမရှိတဲ့ အတန်းထဲမှာ.. Professor က ခိုင်းလို့သာ မဖြစ်မနေသင်ပေးနေရပြီး .. ကျောင်းသားတွေကို.. အားနာနေပုံရတဲ့... လက်ထောက်ဆရာကိုကြည့်ပြီး.. ဘာမဆိုင်ညာမဆိုင်.. ကျမက သူ့ကို .. ပြန်အားနာနေမိသလိုလို.. ။

Statistical Software တစ်ခုကို.. လေ့ကျင့်သင်ကြားပေးနေတဲ့ဆရာက... ကျမအနားရောက်လာရင်... သူရောက်နေမှန်းမသိပဲ.. ဖွင့်ထားမိတဲ့.. ကျမဘလော့လေးရဲ့.. မြန်မာစာလုံးဝိုင်းဝိုင်းလုံးလုံးလေးတွေကို.. မြင်တဲ့အခါ.. ဘာမှတော့မပြောဘဲ.. ဘာမှနားမလည်ဟန်.. နှုတ်ဆိတ်ပြီး.. ပြန်လျှောက်သွားလေရဲ့...။ တစ်နေ့တစ်နေ့.. စာလာဖတ်သူ.. ဘယ်နှစ်ယောက်မှတောင်.. မရှိသေးတဲ့.. ဒီဘလော့လေးကို.. ခဏခဏဖွင့်ကြည့်နေမိတာ.. ကျမလည်း.. တစ်ခြားသူငယ်ချင်းဘလော့ဂါတွေ.. ပြောလေ့ရှိသလို.. သူ့ကို သံယောဇဉ်တွယ်နေမိပြီထင်ပါတယ်..။ 

ဘာမှမရေးနိုင်သေးမယ့်အတူတူတော့.. သွားခဲ့ဖူးတဲ့.. ခရီးတစ်ခုရဲ့ဓါတ်ပုံတွေကို.. သူငယ်ချင်းတွေ.. ဝေမျှခံစားနိုင်ဖို့ ဘလော့လေးပေါ်မှာ... ပို့စ်တစ်ပုဒ်အဖြစ် တင်ပေးပါရစေ..။
တော်တော်များများလည်း... ဒီနေရာတွေကို.. ရောက်ဖူးပြီင်္းသားဖြစ်မှာပါ..။ မရောက်ဖူးသေးရင်တောင်.. ဒီနေရာတွေကိုတော့.. ဓါတ်ပုံတွေမှာဖြစ်စေ.. ရုပ်ရှင်တွေထဲမှာဖြစ်စေ.. ကြည့်ဖူးကြမယ်ထင်ပါတယ်...။
ဒီဓါတ်ပုံတွေကို ရိုက်ခဲ့တဲ့... အမှတ်တရအချိန်ကတော့.. တော်တော်ကြာခဲ့ပြီလို့.. ပြောလို့ရပါတယ်..။ ကျမဘ၀မှာ.. ပထမဆုံး.. မြန်မာနိုင်ငံရဲ့အပြင်ဘက်... နိုင်ငံခြားခရီးတစ်ခုကို.. ပထမဆုံး သွားရောက်ခဲ့ဖူးခြင်းဖြစ်ပါတယ်..။
၂၀၀၈ ခုနှစ်က... Statistics နဲ့ပတ်သက်တဲ့.. Workshop တစ်ခုကို.. ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ.. သွားတက်ရင်း.... Workshop Coordinating Organization က Participants တွေကို... sightseeing လိုက်ပို့ပေးလို့.. ထိုင်းနိုင်ငံ ကမ်ချနာဘူရီမြို့က သေမင်းတမန်ရထားလမ်းလို့ ကျမတို့ခေါ်တဲ့.. ကွေးမြစ်ချောင်းပေါ်မှာရှိတဲ့.. တံတားပေါ်ကို.. ဖြတ်လျှောက်ခဲ့ဖူးတယ်..။တစ်နေ့တာ အချိန်တွေ ပြီးသွားရင်.. ဘန်ကောက်မြို့ရဲ့.. Phaholyothin Park Place Hotel မှာတည်းခိုခဲ့ရပြီး  Phaholyothin Road တစ်လျှောက်.. လမ်းလျှောက်ရင်း.. ခေါက်ဆွဲဆိုင်တွေမှာ.. Fish Ball တွေအများကြီးထည့်ထားတဲ့... ခေါက်ဆွဲပြုတ်တွေကို.. သောက်ခဲ့ဖူးတယ်...။ နိုင်ငံတော်တော်များများမှာ..  တွေ့ရလေ့ရှိတဲ့.. 7-11 Store မှာ.. ကွိစိကွစလေးတွေ.. ၀ယ်ခဲ့ဖူးပါတယ်..။ Siam Square မှာ... ခြေညောင်းအောင်လျှောက်ပြီး... နောက်ဆုံး.. Sony DSC W-35 ကင်မရာလေးတစ်လုံးပဲ ၀ယ်ပြီး.. ပြန်လာခဲ့ဖူးပါတယ်..။ :D
သံဖြူဇရပ်ဘက်ခြမ်း ရထားလမ်းကတော့.. မရောက်ဖူးလို့ မသိပါဘူး.. ။ ဒီဘက်အခြမ်းကတော့. ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်တစားလာရောက်မှုများတဲ့.. ထင်ရှားတဲ့နေရာတစ်ခုပါ..။


 သေမင်းတမန်ရထားလမ်းပေါ်ကို ဖြတ်လျှောက်ရင်း.. တစ်ဆက်တည်းလျှောက်သွားရင်.. သံဖြူဇရပ်ထိ တစ်ကယ်ရောက်မယ်ထင်တယ်နော် ဆိုပြီး.. အတူတူသွားတဲ့.. သူငယ်ချင်းနဲ့ ပြောခဲ့မိကြသေးတယ်..
 မြစ်ထဲမှာ.. ဆောက်ထားတဲ့.. စားသောက်ဆိုင်ပါ.. အစားအသောက်တွေကတော့.. ပင်လယ်စာတွေလိုလို ဘာလိုလိုပါပဲ.. အဲဒီပေါ်မှာ စားသောက်ရင်း.. သဘာဝအလှအပတွေ ခံစားရင်း... သဘာဝလေကို.. တစ်ဝကြီး ရှုရှိုက်ခဲ့ဖူးတယ်...
၁၉၄၂ ခုနှစ်ကစပြီး.. ဂျပန်တပ်မတော်က.. ဖောက်လုပ်ခဲ့တဲ့.. သေမင်းတမန်ရထားလမ်း ဖန်တီးရာမှာ.. အသက်စတေးခဲ့ရတဲ့.. မဟာမိတ်တပ်သားတွေရဲ့.. စစ်သချိင်္ုင်းကိုလည်း ရောက်ခဲ့ပါတယ်..
ဒါကတော့.. ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားသားခရီးသွားတွေ.. အလာများတဲ့နေရာတစ်ခုဖြစ်တဲ့.. Grand Palace ရဲ့တစ်နေရာက.. ရုပ်ထုနှစ်ခုပါ..။ သစ်ပင်လုံးလုံးလေးတွေနဲ့.. လမ်းတစ်လျှောက်အလှဆင်ထားတဲ့.. Grand Palace ထဲမှာ.. ရိုက်ခဲ့တဲ့ဓါတ်ပုံတွေအားလုံးလိုလို.. ရှေ့က ရုပ်ဆိုးဆိုးကောင်မလေးတစ်ယောက်. ပါပါနေလို့.. ဒီပုံလေးတစ်ပုံပဲ.. ရှားရှားပါးပါးတင်ဖြစ်လိုက်ပါတယ်... :) မြဘုရားကိုလည်း.. ဖူးခွင့်ရခဲ့တာဟာ.. ကျမအတွက်တော့.... အဖိုးမဖြတ်နိုင်တဲ့.. ခရီးစဉ်တစ်ခုဖြစ်ပါတယ်...



ဒီပုံလေးတွေကတော့.. Kanchanaburi မြို့နားလေးက.. ရှေးဟောင်းဘုရားတွေဆီကို သွားဖူးကြတာပါ..။ ဘုရားအမည်တော့.. ကြာပြီဆိုတော့.. မမှတ်မိတော့ပါဘူး..။

အဲဒါကြောင့်ပဲ.. ကျမဖေဖေက.. ခရီးတစ်ခုက ပြန်ရောက်ရင်.. ခရီးသွားမှတ်တမ်းတစ်ခုအမြဲတမ်းရေးဖို့ တွန်းအားပေးခဲ့တာဖြစ်ပါတယ်..။ ဒါပေမယ့်.. အဲဒီတုန်းက.. မှတ်စုစာအုပ်ထဲအားလုံးမှတ်ထားတာပဲဆိုပြီး.. ဘယ်တော့မှ မရေးဖြစ်ခဲ့ပါဘူး..။ ကျမဖေဖေက ကျမရဲ့ ပထမဆုံးစာဖတ်ပရိသတ်တစ်ယောက်ပါ..။ ဘယ်တော့မှ ပြီးဆုံးအောင် ရေးလေ့မရှိတဲ့.. ကျမရဲ့မှတ်တမ်းတွေ.. ကဗျာတွေ.. ၀တ္ထုတိုတွေကို.. အမြဲတမ်း အမြတ်တနိုးဖတ်လေ့သိမ်းဆည်းပေးလေ့ရှိခဲ့ပြီး.. ကျမကို. စာတွေရေးစေချင်သူပါ..။ ကျမကလည်း.. ဘယ်တုန်းကမှ.. လေးလေးနက်နက်ရေးလေ့မရှိပါဘူး.. အချိန်မရတာတွေကြောင့်လဲပါသလို.. မရေးတတ်တာကြောင့်လည်း ပါပါတယ်...။ အခုတော့.. ဖေဖေ့ရဲ့ဆန္ဒအတိုင်း... ဒီဘလော့လေးမှာ.. ဘ၀ရဲ့.. မှတ်တမ်းတွေကို.. ရေးနေတတ်ပြီဆိုတာ.. သိရင်.. သူဝမ်းသာပျော်ရွှင်နေမှာပါ...။ ကျမကို ချစ်တဲ့.. အားပေးတတ်တဲ့.. ဘ၀တူသူငယ်ချင်းတွေနဲ့.. ဒီဘလော့လေးက အသက်ဝင်လှုပ်ရှားနေပြီဆိုတာ.. မြန်မာပြည်ကို ပြန်တဲ့တစ်နေ့.. ချစ်တဲ့မိသားစုကို.. ဖွင့်ပြပြီး... သက်သေပြဖြစ်မယ်ဆိုရင်... ကျမဖေဖေအတွက်.. အမှတ်တရလက်ဆောင်ကောင်းတစ်ခုကို.. ကျမဖန်တီးပေးဖြစ်ခဲ့တယ်ဆိုပြီး... အံ့သြ၀မ်းသာနေမယ်ဆိုတာ.. သေချာပါတယ်...။
 
Kanchanaburi မြို့ကနေ.. ဘန်ကောက်ကိုအပြန်လမ်းမှာ.. ၀င်စားခဲ့တဲ့.. ထမင်းဆိုင်လေးပါ.. အခုတလော.. ရန်ကုန်တို့.. မန္တလေးတို့မှာ.. ခေတ်စားနေတဲ့.. ရှမ်းထမင်းဆိုင်တွေနဲ့.. ဆင်ပါတယ်..။ အရသာတွေကတော့.. အနံ့ရော.. အစပ်ရော တော်တော်များများထည့်ထားတတ်ပါတယ်..။ Workshop မှာကျွေးတာကတော့... ဟိုတယ်တစ်ခုကနေမှာတာပါ.. ချက်တာကတော့.. ဟင်းတိုင်းလိုလို.. အုန်းနို့တွေထည့်တတ်ပါတယ်.. ။ 


ဒါကတော့.. ဘန်ကောက်မြို့ပေါ်က ဘုရားစေတီတစ်ဆူမှာ.. ဖြစ်ပါတယ်.. ။ အဲဒီတုန်းက မှတ်စုစာအုပ်က. မြန်မာပြည်က အိမ်မှာကျန်ခဲ့တော့.. ဘုရားအမည်မမှတ်မိတော့ပြန်ပါဘူး.. :)

ရိုက်ခဲ့တဲ့ ဓါတ်ပုံတော်တော်များများမှာ... ကျမပုံက ရှေ့က အမြဲကန့်လန့်ကန့်လန့်ခံနေတတ်တော့.. ဒီပုံလေးတွေလောက်ပဲ.. Share လုပ်ဖြစ်ပါတယ်..  :D ရိုက်ခဲ့တဲ့နေရာတွေရဲ့ သမိုင်းကြောင်းတွေကို.. ရှာဖွေဖတ်ရှုပြီး.. ရှင်းမပြပေးနိုင်တာကိုတော့.. နားလည်ခွင့်လွှတ်ပေးကြမယ်ထင်ပါတယ်.. သမိုင်းကြောင်းတစ်ခုကို လေ့လာတယ်ဆိုတာ.အချိန်အများကြီးပေးပြီးမှ လေ့လာရေးသားသင့်တယ်ဆိုတော့. အချိန်တိုတိုလေးအတွင်း မှာ. ရေးတင်လိုက်မယ်ဆိုရင်.. သေချာပေါက်အမှားတွေ.. ပါသွားမှာ စိုးရိမ်လို့ပါရှင်..။
လျှောက်ခဲ့သောလမ်းများ-၁ ဆိုတော့.. နောက်ဆက်တွဲ.. ၂ ၃ ၄ ၅ တွေလာမယ့်သဘောရှိတယ်ထင်တယ်..:D :D

အားလုံးကို ကျေးဇူးတင်ပါတယ်.. ပျော်ရွှင်အောင်မြင်ကြပါစေ...  ☺☺☺





11 comments:

ချစ်စံအိမ် said...

ရောက်သွားသလိုပဲ သွားအုံးမယ်
စိတ်ကူးထားတယ် စနိုးရေ ကျေးကျေးနော်
ပုံလေးတွေအတွက်

မိုးသက် said...

မိုက်တယ်အစ်မ... အဲဒီသမိုင်းကြောင်းရေးထားတဲ့စာတစ်ပုဒ်ဖတ်ဖူးတယ်...။ လိပ်ပြာလွင့်မတတ်ပဲ..။

စံပယ်ချို said...

အမှတ်တရအချိန်က ပုံလေးတွေသေချာရှင်းပြထားလို့ကျေးဇူးပါ
မရောက်ဖူးသေးတဲ့နေရာကပုံလေးတွေမို့ ရောက်သွားသလိုပါပဲ
ထိုင်းကဘုရားတွေတော့ ၂ခါလောက်ရောက်ဖူးတယ် မေ့နေပါပြီ

Anonymous said...

သေမင်းတမန်ရထားလမ်းအကြောင်း စိတ်ဝင်စားတယ်အမ..

ပဥာက် said...

အမ်း,,အဒီလိုခရီးထွတ်ရတာ အရမ်းဘောကျတယ်...

ရင်ဆူး said...

စနိုးရေ......နောက်လာမည့် ၂၊ ၃၊ ၄ ၊ ...... တွေလည်း စောင့်ဖတ်မယ်နော်...ကိုမရောက်ဖူးတဲ့နေရာတွေဆိုတော့ အကုန်စိတ်ဝင်စားဖို့ကောင်းပါတယ်.....ဘာပဲဖြစ်ဖြစ် အခုလို ပုံတွေမြင်ရတော့လည်း ရောက်ဖူးသွားသလိုခံစားရတာပေါ့နော်...စာတွေဆက်ဖတ်ဖို့ စောင့်နေတယ်နော်.....

အောင်သက်ခိုင် said...

ပုံလေးတွေကြည့်ပြီးရောက်ဖူးချင်လိုက်တာဗျာ

အောင်အောင် said...

ယခုချိန်မှစပြီး ကိုးရီးယားဇာတ်လမ်းတွဲစတင်ပါပြီ...2.3.4.etc ပျော်ရွှင်ပါစေ...

နွေလ said...

ရှုခင်းတွေ အရမ်းလှတယ်
နောက်လည်း ဆီးသီး ( series ) တွေလည်း
စောင့်စားနေပါဦးမယ် လို့
ပျော်ရွှင်ပါစေ

phyu said...

thnx for sharing, awaiting for the continuous post.

rgds/nang myint

ကိုနော် said...

ကိုယ်ပါတကယ်ရောက်သွားသလိုပါပဲအမရယ်။ အရေး အသားကောင်းပါတယ် လေးစားလျက်ပါ။

Follow Us @soratemplates