Sunday, 11 March 2012

# Days in Germany # အမှတ်တရ အချိန်များ

Time is running...


အချိန်တွေက ကုန်လွယ်လွန်းလာသလိုပါပဲ.. မီးရှုးမီးပန်းတွေ တဒိုင်းဒိုင်းပစ်ဖောက်ပြီး.. ၂၀၁၂ ကို ကြိုဆိုခဲ့တာ မနေ့တနေ့ကလို ထင်မိပေမယ့်.. တကယ်တော့.. ၃ လလောက်တောင် ကျော်လာခဲ့ပါပြီ...။
New Year တုန်းက မီးပန်းတွေ ဖောက်တာသွားကြည့်တာပါ..

ဒီမြို့လေးကို .. ပညာသင်ဖို့. ကျမရောက်လာခဲ့တာလည်း.... အခုဆို.. တစ်နှစ်နီးပါးတောင်. ရှိခဲ့ပါပြီ။။
ပြန်တွေးကြည့်လိုက်ရင်.... မိဘတွေ... မောင်နှမတွေနဲ့အတူတူ... ထမင်းလက်ဆုံစားခဲ့ကြတာ... သိပ်မကြာသေးတဲ့..နေ့ရက်တစ်ချို့ကလို့... ထင်မိပေမယ့်... ချစ်တဲ့အိမ်နဲ့.. ချစ်တဲ့မိသားစုနဲ့... ချစ်တဲ့မြို့ကို... ခွဲခွာလာခဲ့တာ.. တစ်နှစ်တောင်ပြည့်တော့မှာပါလား.....။

ကံကောင်းတာတစ်ခုက... အင်တာနက်မှာ.. အလွယ်တကူဆက်သွယ်လို့.. ရနေတဲ့အခါ....
အရင်လို... မိဘတွေကို အနီးကပ်ဆိုးနွဲ့နေလို့.. မရတာတစ်ခုကလွဲရင်..... Homesickness ကို.. သိသိသာသာကြီးတော့... မခံစားရပါဘူး...။ ဒါပေမယ့်.. Voip call နဲ့ မြန်မာနိုင်ငံကို ဖုန်းခေါ်တဲ့အခါ.. တစ်မိနစ်ကို ၀.၂၀ ဆင့် ကုန်ပါတယ်.. အဲဒါကြောင့် တစ်ယူရိုကို ၅ မိနစ်ပဲ ပြောလို့ရပါတယ်....။
တစ်ခါတစ်လေပြောချင်တာတွေများပြီး.... ပြောဖြစ်တဲ့အခါ... ယူရိုလေးတွေ ....ကုန်သွားပါလေရော....။
အဲဒီ Voip Call နဲ့ပဲ... နိုင်ငံတော်တော်များများကိုကျတော့... Free ပြောလို့ရပါတယ်... 
အမေရိကား၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ကိုရီးယား၊ ရုရှား၊ အီးယူနိုင်ငံတွေ.. စသဖြင့် နိုင်ငံတော်တော်များများကို.. ဂျာမနီကနေ.. Free ပြောလို့ရပြီး... တချို့နိုင်ငံတွေကိုတော့.. တော်တော်ကို ဈေးသက်သာပါတယ်..။
ထိုင်း၊ ကိုရီးယား၊ စင်ကာပူ၊ ဂျပန်စတဲ့ နိုင်ငံတစ်ချို့မှာ သူငယ်ချင်းတွေ ရောက်နေပေမယ့်.. 
သူတို့နဲ့က.. အွန်လိုင်းမှာ... အချိန်မရွေးဆက်သွယ်လို့ရနေတာကြောင့်... အလကားပြောလို့ရပေမယ့်.... တစ်ခါမှတောင်.. ဖုန်းမခေါ်ဖြစ်ပါဘူး....။
ဟွန်း... အွန်လိုင်းမှာ.. တစ်ချိန်လုံး... စိမ်းလိုက်နီလိုက်ဝါလိုက် Invisible လုပ်လိုက်ဖြစ်နေတဲ့သူတွေဆီကျတော့.. ဖုန်းက အလကားခေါ်လို့ရသတဲ့....:P
အော်... ဘာကြောင့်များ... ဖုန်းခက.. အဲဒီလိုကွာခြားရတာပါလိမ့်.... နားလည်ရခက်တဲ့.. နည်းပညာကြောင့်လို့ပဲ.... မှတ်ထားတာ.. ကောင်းပါတယ်... :D

ရာသီတွေလည်း အလီလီပြောင်းခဲ့ပြီ....။ သစ်ပင်တွေလည်း..... အရွက်တွေ.. ပြန်ထွက်ပြီး... စိမ်းစိမ်းစိုစို.. ပြန်ဖြစ်ပါတော့မယ်....။ဒီမြို့ကိုကျမစရောက်တဲ့အချိန်က.. နွေရာသီကုန်ခါနီးလောက်မှာပေါ့..။  အဲဒီတုန်းကတော့.. သစ်ပင်တွေရဲ့.. အရောင်တွေက... အစိမ်းရောင်ရှိပြီး..... အပင်အောက်မှာ.. အရွက်ကြွေတာ... သိပ်မတွေ့ရပါဘူး....။ ည ၁၀ နာရီလောက်မှ ... နေ၀င်လို့.. အစကတော့.. အထူးအဆန်းဖြစ်မိပါသေးတယ်... လေ့လာမှုအားကကောင်းတော့.. အိမ်မှာတုန်းက အဲဒီ sunset sunrise အချိန်ကို မဖတ်မိလိုက်ဘူး... ဒါပေမယ့်... ရန်ကုန်မှာဂျာမန်စကားသင်တန်းတက်တော့....
ည ၁၀ နာရီ လောက်ကိုလည်း ကောင်းသော ညနေခင်းပါ လို့ပဲနှုတ်ဆက်တယ်ဆိုတော့.. ညကို ဘာလို့ ညနေခင်းလို့ နှုတ်ဆက်ရတာလဲဆိုပြီး... စိတ်ထဲမှာ..စဉ်းစားနေမိတာ.. ဒီရောက်မှပဲ အဖြေပေါ်တော့တာပဲ..ည ၁၀ နာရီဆိုတာက နွေရာသီဆို.. ဒီမှာက ညနေခင်းပဲရှိသေးတာကိုး...။
စိမ်းစိမ်းစိုစိုနဲ့ လှပတဲ့.. နွေရာသီတုန်းက ရောက်ခဲ့တဲ့.. ရဲတိုက်ကြီးပါ.

နွေရာသီမှာ.. စိမ်းစိုနေတဲ့..သစ်ပင်တွေပေါ့..
 နွေရာသီကုန်သွားပြန်တော့.. ဆောင်းဦးရောက်လာခဲ့ပြန်ပါတယ်..... Colorful Autumn လို့ပြောရလောက်အောင်ကို အရောင်စုံစုံနဲ့.. အရမ်းကို လှပပါတယ်... ကျမကတော့... ဒီကရာသီဥတုထဲမှာဆိုရင်.. Autumn ကို အကြိုက်ဆုံးပါ... ရာသီဥတုကလည်း.... ရေခဲလောက်အောင်.. အေးတာမျိုးမဟုတ်သလို... ကြည့်လိုက်တိုင်းလည်း.. အရောင်စုံတဲ့.. မြင်ကွင်းတွေနဲ့... ကဗျာမဆန်တတ်တဲ့.. ကျမလိုသူတောင်... စိတ်ထဲမှာ... နူးညံ့ပြီး.. Romantic ဖြစ်ချင်လာသလိုပါပဲ.... အပင်အောက်မှာလည်း.. အရောင်စုံသစ်ရွက်တွေက.. ပြန့်ကျဲလို့ပါပဲ....
 ဓါတ်ပုံရိုက်ရင်..နောက်ခံကတော့.. တော်တော်လှပါတယ်.. ရှေ့ကလူကမလှတဲ့အခါ.. သဘာဝအလှလေး ပျက်သွားမှာစိုးလို့... ဓါတ်ပုံတောင်.. သိပ်မရိုက်ဖြစ်ခဲ့ပါဘူး...
အ၀ါရောင်ကနေ.. တဖြည်းဖြည်းနဲ့..ပန်းရောင်.. အညိုရောင်.. နောက်ဆုံးတော့..ဆောင်းကိုရောက်လာရင် သစ်ရွက်လေးတွေ အကုန်ကြွေကုန်တာပါပဲ... ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့.. ပုံပြင်ထဲကလို... Last Leaf လေးတောင် မကျန်ခဲ့ပါဘူး... :(

လူကသာ လှရင်တော့.. ဒီရှေ့မှာ ဓါတ်ပုံရိုက်ရင်.. ပုံလှလှလေးထွက်လာမှာ သေချာပါတယ်... :P

ကျောင်းရှေ့မှာပေါ့.. စာသင်ရင်း တဖြုတ်ဖြုတ်ကြွေသွားတဲ့ သစ်ရွက်တွေကြည့်ရင်း အိပ်ငိုက်ရင်း အချိန်တွေ ကုန်သွားပါလေရော

ပုံကိုပြန်ကြည့်မှ အဝေးကနေဆို ပိတောက်ပွင့်တွေလိုလို ဘာလိုလို.ပိတောက်ပန်းတွေတောင် လွမ်းလာပါပေါ့. တကယ်တော့...အ၀ါရောင်သစ်ရွက်တွေပါ..
ဆောင်းရာသီကတော့.. နိုဝင်ဘာလကနေ.. ဇန်န၀ါရီလအထိ. ၃ လပါ.. နိုဝင်ဘာ ၁ရက်နေ့ကစပြီး.. ဆောင်းရာသီစံတော်ချိန်ဆိုပြီး... အချိန်က တစ်နာရီနောက်ဆုတ်သွားပါတယ်.. အဲဒါကြောင့် နွေရာသီတုန်းက.. မြန်မာနိုင်ငံနဲ့. လေးနာရီခွဲကွာတာဖြစ်ပေမယ့်.... ဆောင်းရာသီရောက်တော့..
၅ နာရီခွဲကွာသွားပါတယ်... အဲဒါကိုလည်း မြန်မာပြည်မှာတုန်းက ကျမ မသိပါဘူး.. ကျမတို့ဆီမှာလိုပဲ. အချိန်က တစ်နှစ်ပတ်လုံး တူတူပဲလို့. ထင်ပြီး... တစ်နှစ်လုံး ၄ နာရီခွဲပဲ ကွာတယ်လို့ ထင်ခဲ့မိတာ.. အောက်တိုဘာ ၃၁ ရက်နေ့ညမှ သူငယ်ချင်းတွေက မသိမှာစိုးလို့.. အပြန်အလှန်မေးလ်တွေ ...ပို့ပြီး.. ပြောပြလို့သာပေါ့... တစ်ချို့ မေးလ်မရတဲ့သူငယ်ချင်းတွေ.. ကျမလိုပဲ.. လေ့လာမှုအားနည်းတဲ့.. သူငယ်ချင်းတစ်ချို့က အတန်းထဲကို.. တစ်နာရီစောပြီး.. ရောက်နေလို့.. အားလုံး ငိုအားထက် ရယ်အားသန် ဖြစ်ခဲ့ကြပါသေးတယ်..။ ကျမကတော့.. အိပ်တာကို ကြိုက်တဲ့သူဆိုတော့.. ဆောင်းတွင်းမှာ.. မနက် တစ်နာရီပိုအိပ်ရတာပေါ့လို့...  ပျော်သလိုလိုတော့. ရှိသား.. :D
ဒါပေမယ့်... ညရောက်တာကျတော့. မြန်သွားပြန်ပါရော.. ၄ နာရီခွဲလောက်ဆို မှောင်နေပြီ.. မီးမပျက်လို့သာ တော်ပါသေးရဲ့.. ဂျာမန်သူငယ်ချင်းကို မီးပျက်တာကြုံဖူးလားလို့.. မေးကြည့်တော့... သူတစ်ခါမှ .. မကြုံဖူးဘူးတဲ့.. ဒီမြို့မှာတော့... တစ်ခါကညတစ်ညမှာ နှစ်မိနစ်လောက်မီးပျက်ဖူးတာ ကြုံလိုက်ရလို့.. လူတွေအထူးအဆန်း ဖြစ်ဖူးကြပါသတဲ့..
ကျမကတော့.. ကျမအတွေ့အကြုံကို မပြောဖြစ်လိုက်ပါဘူး... :D တော်ကြာသူ့ခမျာ.. ကျမကို သနားလို့တဲ့.. မိုးကိုသည်းရော.. ဆိုတာလို.. ထိုင်ငိုသွားမှာစိုးလို့ပါ.... :-)
နှင်းတွေကတော့..ဒီဇင်ဘာလလယ်လောက်မှ စကျလာပါတယ်..။ တစ်ခါမှ မမြင်ဖူးတဲ့ နှင်းတွေကို.. ကိုင်တွယ်ထိတွေ့ခွင့်ရတာ... ကျမအတွက်.. အိပ်မက်တွေ အမှန်တကယ်ဖြစ်လာလို့. တကယ်ပျော်ရွှင်ခဲ့ပါတယ်.....ဒါပေမယ့်.. လမ်းသွားရင်.. ခိုက်ခိုက်တုန်အောင် အေးတဲ့.. အအေးဒဏ်ကို ခံရတာတော့... လူကို ရေခဲရိုက်ထားသလိုပါပဲ.. :D ရေကန်တွေလည်း.. ရေတွေတောင် ခဲပြီးတော့. တချို့တွေတော့.. အဲဒီရေကန်တွေပေါ်မှာ... စကိတ်စီးပြီး... အေးမှန်းတောင် မသိ ပျော်နေကြသလိုပါပဲ

အဆောင်ရှေ့က နှင်းတွေပါ.. ကျမရဲ့ စက်ဘီးလေးလည်း ပါပါတယ်.. :)













ဒါနဲ့ပဲ.. အချိန်တွေ.. ကုန်လာလိုက်တာ..
အခုတော့.. ကျောင်းတံခါးပိတ်အိမ်မပြန်ချင်လို့မဟုတ်ပါဘူး.. လေယာဉ်လက်မှတ် ဈေးကြီးလို့ပါ.. :P စာမေးပွဲလဲ တစ်တန်းစာပြီး.. နွေဦးလည်းရောက်.. လူကလည်း အားနေပြီဆိုတော့.. ဘယ်သူမှ မခိုင်းပဲ.. စာတွေဘာတွေ ရေးလို့...
နေရောင်လည်းရောက်.. နှင်းလည်းပျောက် ဖြစ်သွားပါပြီ.. ကျမကတော့... မပျောက်သေးပါဘူး.. :D စာတွေ ဆက်ရေးနေဦးမှာပါ...

ဒါကတော့. မနေ့ကမှ လတ်လတ်ဆတ်ဆတ် ရိုက်ထားတဲ့..နွေဦးရဲ့ အလှအပများပါ.. :)




6 comments:

မိုးသက် said...

နှင်းတွေကလည်း အစပိုင်းကတော့ ချစ်စရာပါပဲ..
နောက်ပိုင်းအမြင်ကတ်လာတာ.. ခုတော့ ပျော်စပြုနေပြီ..
မြန်မာပြည်မှာရေဗွက်.၊ဒီမှာနှင်းဗွက်ပေါ့အစ်မရာ...
ဟဲဟဲ.. တစ်နာရီတိုးသွားတာ..ကျွန်တော်လည်းဒုက္ခရောက်သေးတယ်.။

Snow May said...

မောင်လေးရေ.. ကျေးဇူးပါ လာလည်လို့.. မေမြို့မိုးဘလော့ကိုတော့. ကန်ဒီဘလော့ကနေတဆင့်. အမြဲတမ်းလိုလိုရောက်ဖြစ်ပါတယ်..
ပျော်ရွှင်ပါစေနော်..လိုတာရှိရင်လည်း ပြောပြပါဦး.

Candy said...

ရာသီအလိုက် ဓာတ်ပုံလေးတွေ ရိုက်ထားတာ မိုက်တယ်.. စင်္ကာပူလို တချိန်လုံး မိုးရွာနေတဲ့ နိုင်ငံထက် ပိုလှတယ်နော် :D

စံပယ်ချို said...

ပုံလေးတွေကြည့်ရတာစိတ်ချမ်းသာတယ်
ပုံတွေစာတွေစုံနေပါရောလားcandy မှာတွေ့လို့ဝင်ကြည့်လိုက်တာ
စိတ်ဝင်စားစရာကောင်းနေတော့ဆက်ပြီး ကြည့်မိနေတယ်
ခင်မင်တဲ့ sis jasmine

Snow May said...

ကျေးဇူးပါနော်.. မမရဲ့ဘလော့ကိုလည်း အမြဲတမ်းလာပြီး ကဗျာတွေဖတ်ဖြစ်ပါတယ်.. နောက်လည်း လာလည်ပါလို့.. :D

Anonymous said...

်ဂျာမနီနဲ.ဂျပန်..:D
အဲ့ဒီ၂နိုင်ငံကိုငယ်ငယ်လေးတည်းကရူးနေအောင်ရောက်ဖူးချင်တယ်။ဂျပန်စာကိုတော့သင်နေတယ်။သွားခွင့်ရရင်ကောင်းမှာနော်။
Areal Thu

Follow Us @soratemplates