Q:
မလေးရှားကိုရောက်ဖူးလား ???
A:
ဟုတ်ကဲ့..ရောက်ဖူးပါတယ်..။
Q:
အော်.. ပိုက်ပိုက်ပေါလွန်းလို့ Shopping သွားတာပေါ့နော်.???
A:
ဟုတ်ဘူး.. အလုပ်ကိစ္စနဲ့.. KL မှာ Training Workshop တစ်ခုသွားတက်တာ..။
Q:
အကြာကြီးနေခဲ့တာပေါ့.
A:
အင်း.. အကြာကြီးပဲ. တစ်ပတ်ကြီးများတောင် :D
Q:
နေရာတော်တော်များများ လျှောက်လည်ခဲ့တယ်ပေါ့..???
A:
လည်ခဲ့ပါတယ်.. KLCC တစ်ခုလုံးအနှံ့ပဲ.. :P
Q:
အော် ဒါဆို နေရာတော်တော်များများ ရောက်ခဲ့တာပဲ :P . KLCC မှာ လည်တယ်ဆိုတော့
ပိုက်ပိုက်တွေ တော်တော်သုံးခဲ့ဖြုန်းခဲ့မှာပေါ့နော်.. ??? ဘာတွေများ ၀ယ်ခဲ့လဲ မမ
??
A:
KLCC မှာ Window shopping တစ်ဝကြီးလုပ်ခဲ့တယ်လေ. ပြီးတော့ ၃ ခုကို တစ်ဒေါ်လာလောက်ပဲ
ပေးရတဲ့.. Key chain တွေအများကြီး ၀ယ်ခဲ့တယ်.။ ပြန်ရောက်တော့ သူငယ်ချင်းတွေ
တစ်ယောက်တစ်ခု လက်ဆောင်ပေးဖို့.. :P
Q:
အော်.. တော်တော်လည်ခဲ့ပတ်ခဲ့ သုံးခဲ့ဖြုန်းခဲ့တာပဲနော်. :P
A:
ဟုတ်ပါတယ်.. ကျမက အဲဒီလို သုံးနိုင်ဖြုန်းနိုင်တယ်လေ.. :P
ကိုယ့်ဘာသာမေး
ကိုယ့်ဘာသာဖြေတဲ့ အင်တာဗျူးတစ်ခုအပြီးမှာ.. ဇာတ်လမ်းတွဲ အပိုင်း-၂ ဆက်ပါမယ်..။
ဒီလိုပို့စ်မျိုးရေးရတာက
ခေါင်းမစားဘူးလေ.. :P
၂၀၀၉
ခုနှစ်က KL ကို Biodiversity Conservation ခေါင်းစဉ်နဲ့ Training Workshop တစ်ခု
သွားတက်ခဲ့တယ်.။ နိုင်ငံခြားသွားတာ ဒုတိယအကြိမ်ပေါ့လေ.. တစ်ခါမှ မသွားဖူးတဲ့
စီနီယာအစ်မ တစ်ယောက်နဲ့သွားခဲ့တာပါ..။ ကျမက
တစ်ခေါက်အတွေ့အကြုံရှိဖူးပြီးသွားပြီဆိုတော့. လူလည်ကြီးပုံစံ နဲ့ပေါ့..။
သွားတာကလည်း
အကြာကြီးပဲ.. တစ်ပတ်တည်း :P..။
ဒါပေမယ့်
ဇာတ်လမ်းတွဲရေးနေတာဆိုတော့လည်း.. တစ်ပတ်ရောက်ဖူး လည်း ရောက်ဖူးတယ်ပဲပေါ့ဆိုပြီး..
ပို့စ်တစ်ပုဒ်အသစ်ထွက်အောင်.. ဦးနှောက်သိပ်မသုံးရတဲ့. ခရီးသွားမှတ်တမ်းတစ်ခုတော့
ရေးလိုက်ပါဦးမယ်..။
မလေးရှားမှသူငယ်ချင်း.
ကိုကို မမ ညီမလေးများ.. မရယ်ကြပါနဲ့နော်..;)
ရောက်ဖူးလား
ရောက်ဖူးတယ်ဆိုတဲ့ခရီးစဉ်တစ်ခုပေါ့ကွယ်..:P နောက်ကြုံရင်လည်းလာလည်ပါဦးမယ်..
ရှောင်နိုင်ရင်ရှောင်ကြပါ.. :D
ဟိုတယ်ပေါ်မှ
ရိုက်ထားသော KL ရဲ့မြင်ကွင်းတစ်ချို့
KLCC
ရှေ့က ရေကန်မှာ ရိုက်ခဲ့တဲ့ပုံပေါ့.။
အဲဒီတုန်းက
ရေစိုမှာကြောက်ပြီး ရေထဲမှာတော့ ဓါတ်ပုံဆင်းမရိုက်ခဲ့ရပါဘူး..။
KLCC မှာလည်း ပစ္စည်းတွေက
တော်တော်ဈေးကြီးတယ် ထင်တာပဲ..။ဆိုင်ခန်းခတွေက တော်တော်ပေးရလို့ပဲနေမှာပေါ့လေ..။
တည်းခဲ့တဲ့
Grand Seasons Hotel ရဲ့ရှေ့က လမ်းတစ်လျှောက် ညနေဆိုရင် နှစ်ယောက်သား
လမ်းလျှောက်သွားကြပြီး.. တွေ့တဲ့ Supermarket တွေကိုတော့
အမြဲတမ်းလိုလိုသွားကြည့်လေ့ရှိပြီး.. တစ်ချို့ပစ္စည်းတွေတော့ ၀ယ်ခဲ့ကြတယ်.. ။
ဈေးကတော့.. သိပ်မဆိုးပါဘူး..။ အဲဒီလျှောက်ခဲ့တဲ့လမ်းတောင် ဘာလမ်းလဲတော့
မှတ်မိတော့ပြန်ဘူး..။
အထုပ်အပိုးတွေနဲ့ဆို
တော်တော်သက်သောင့်သက်သာရှိပါတယ်..။ ဂျာမနီက ရထားတွေကတော့ မြန်မာပြည်က
ရထားတွေလိုပဲ .. လှေကားထစ်တွေပါတော့.. ခရီးသွားလို့ အထုပ်အပိုးတွေပါပြီဆိုရင် ရထားပေါ်တက်ဖို့ တော်တော်ဒုက္ခရောက်ပါတယ်..။
Perak
ဆိုတဲ့ ဒေသက Matang Mangrove Forest ကိုလေ့လာရေး သွားခဲ့တာပါ..။ မြန်မာနိုင်ငံက
ဒီရေတောတော့ အဲဒီအရင် တစ်ခေါက်မှ မရောက်ဖူးခဲ့ဘဲ.. မလေးရှားရောက်မှ..
ဒီရေတောအပင်တွေကို လေ့လာခွင့်ရခဲ့ပါတယ်..။ ဆားငန်ရေတွေတစ်ချိန်လုံးလိုလို
နစ်နေတတ်တဲ့ ဒီရေတောမှာတော့. အပင်တွေက လေရဖို့အတွက်.. အမြစ်ဖွဲ့စည်းပုံက
ကုန်းတွင်းပိုင်းအပင်တွေနဲ့.. မတူပဲ ထူးခြားစွာကွဲပြားပါတယ်..။ လမ်းလျှောက်မြစ်၊
လေရှုမြစ် (Pneumatophores)၊ ကိုင်းထောက်မြစ် (Prop Roots) စသဖြင့်.. အမြစ်တွေက
အပင်တွေအတွက် ထူးခြားတဲ့ ဂေဟစနစ်မှာ ရှင်သန်နိုင်ဖို့.. ပုံစံအမျိုးမျိုးနဲ့
စွမ်းဆောင်နေကြပါတယ်..။ Matang ဒီရေတောအုပ်ချုပ်ပုံစနစ်က မလေးရှားမှာ
စနစ်အကျဆုံးအုပ်ချုပ်စနစ်နဲ့.. ကမ္ဘာ့ဒီရေတောအုပ်ချုပ်မှုစနစ်များထဲက
အကောင်းဆုံးတစ်ခုလို့လဲ ဆိုပါတယ်..။ ရေမကူးတတ်တော့ ရေထဲသွားရတာ
ခပ်ကြောက်ကြောက်ပါပဲ. :)
ဘာပင်လဲတော့ မသိဘူး..။ အဲဒီတုန်းကတော့ ပြောသမျှအကုန်မှတ်တာပဲ..။ ဆေးဖက်ဝင်ပင်တွေ.. အဲဒီဥယျာဉ်ထဲမှာ တော်တော်များများ တွေ့ရတယ်.။
ချစ်သုဝေကတော့
ဘယ်လိုများ တိမ်တွေနေတဲ့အရပ်မှာ နေမှာပါလိမ့်.. :P ပြုတ်ကျမှာ မကြောက်ဘူးထင်တယ်../
မနက်ဖြန် ဒီရေတောနဲ့ပတ်သက်ပြီး Seminar တစ်ခုရှိတာကြောင့် စာတွေပြန်ရှာဖတ်ရင်းကနေ သွားခဲ့တဲ့ ဓါတ်ပုံတွေ ပြန်ကြည့်ပြီး ရေးချင်လာတာနဲ့ ရေးမိတဲ့ ပို့စ်တစ်ပုဒ်ပါ..။
ကျမရဲ့ဘလော့က
ပေါက်ကရ စိတ်ထဲမှာ ရှိတာကို ချရေးတဲ့ဘလော့ဆိုတော့ တခါတလေ.. လာပြီး အားပေးကြတဲ့ သူငယ်ချင်းများကိုလည်း
..အားနာမိပါတယ်..။ အချိန်ပေးပြီး လာဖတ်ကြပေမယ့်.. တစ်ခုခုတော့ မရလိုက်ဘူးဆိုရင်.. အချိန်တွေကို
လုယူလိုက်သလိုဖြစ်မှာလည်း စိုးရိမ်မိတယ်..။ ဒီနေ့တစ်နေကုန်စာဖတ်နေတာနဲ့ ဘယ်မှလည်း မလည်ဖြစ်လိုက်ပါဘူး.။
ရေးတဲ့ပို့စ်ကလည်း ဖတ်တဲ့စာတွေ တစ်ပိုင်းတစ်စ ပါလားပါရဲ့နဲ့.. ဘာတွေရေးနေမှန်းတောင်
မသိတော့ဘူး.. :D
ပြီးတော့ ကွန်ပျူတာထဲမှာ ရှိသမျှအမှိုက်တွေ ရှင်းပါတယ်..။ တွေ့သမျှဗိုင်းရပ်စ်အကုန်သတ်ပါတယ်။
အဲဒါတွေနဲ့ကို အချိန်တော်တော်ပေးလိုက်ရတယ်.။ ဒါပြီးရင်တော့ ဘလော့တွေ လျှောက်လည်ပြီး သူငယ်ချင်းတွေ ရေးသမျှ လိုက်အားပေးပါဦးမယ်.။ သူများရေးထားတာတွေ ဖတ်ပြီးရင် အရမ်းအားကျပါတယ်..။ ကျမက စာရေးကောင်းသူတစ်ယောက်မဟုတ်တော့.. ပျင်းလို့သာ ဘလော့တစ်ခုဖွင့်ပြီး ရေးဖြစ်ခဲ့တာ.. ဘာအကြောင်းအရာရယ်လို့ မယ်မယ်ရရရေးတာလည်း မဟုတ်တော့ ဘာဘလော့လို့ပြောရမှန်းတောင် မသိပါဘူး..။ ဒါပေမယ့်.. နိုင်ငံအသီးသီးမှာ ရောက်ပြီး.. ကိုယ်ပိုင်ဘ၀မျိုးစုံမှာ ကျင်လည်နေကြတဲ့.. သူငယ်ချင်းတွေနဲ့ ခင်မင်ရင်းနှီးခွင့်ရတဲ့အတွက်တော့ အရမ်းဝမ်းသာပါတယ်..။ ကျမကိုလည်း သူငယ်ချင်းအရင်းအချာတစ်ယောက်လို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ခင်မင်နိုင်ပါတယ်.. ။ ကျမကလည်း အခုမှ ဘလော့မှာစရေးစဖြစ်ပေမယ့်.. အားလုံးကို သူငယ်ချင်းအရင်းတွေလို ခင်မင်မိပါတယ်..။
ပြီးတော့ ကွန်ပျူတာထဲမှာ ရှိသမျှအမှိုက်တွေ ရှင်းပါတယ်..။ တွေ့သမျှဗိုင်းရပ်စ်အကုန်သတ်ပါတယ်။
အဲဒါတွေနဲ့ကို အချိန်တော်တော်ပေးလိုက်ရတယ်.။ ဒါပြီးရင်တော့ ဘလော့တွေ လျှောက်လည်ပြီး သူငယ်ချင်းတွေ ရေးသမျှ လိုက်အားပေးပါဦးမယ်.။ သူများရေးထားတာတွေ ဖတ်ပြီးရင် အရမ်းအားကျပါတယ်..။ ကျမက စာရေးကောင်းသူတစ်ယောက်မဟုတ်တော့.. ပျင်းလို့သာ ဘလော့တစ်ခုဖွင့်ပြီး ရေးဖြစ်ခဲ့တာ.. ဘာအကြောင်းအရာရယ်လို့ မယ်မယ်ရရရေးတာလည်း မဟုတ်တော့ ဘာဘလော့လို့ပြောရမှန်းတောင် မသိပါဘူး..။ ဒါပေမယ့်.. နိုင်ငံအသီးသီးမှာ ရောက်ပြီး.. ကိုယ်ပိုင်ဘ၀မျိုးစုံမှာ ကျင်လည်နေကြတဲ့.. သူငယ်ချင်းတွေနဲ့ ခင်မင်ရင်းနှီးခွင့်ရတဲ့အတွက်တော့ အရမ်းဝမ်းသာပါတယ်..။ ကျမကိုလည်း သူငယ်ချင်းအရင်းအချာတစ်ယောက်လို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ခင်မင်နိုင်ပါတယ်.. ။ ကျမကလည်း အခုမှ ဘလော့မှာစရေးစဖြစ်ပေမယ့်.. အားလုံးကို သူငယ်ချင်းအရင်းတွေလို ခင်မင်မိပါတယ်..။
အားလုံးကို
ကျေးဇူးပါ.. နောက်ဆိုရင်. ဖတ်လို့ကောင်းမယ့်.. ဗဟုသုတရမယ့်.. ပျော်ရွှင်စေမယ့် ပို့စ်လေးတွေ
ရေးဖြစ်အောင် ကြိုးစားပါဦးမယ်.. ♥♥
♥
9 comments:
ဒါမျိုးလေးတွေလည်းကောင်းပါတယ်ညီမရေ
ဗဟုသုတလည်းကောင်းပါတယ်..
ဘာမဆိုကောင်းတယ် ဟီ ဘာဖြစ်ဖြစ် ကောင်းတယ် :D
:D အားပေးတာ အရမ်းကျေးဇူးတင်ပါတယ်.. မမလမင်းရေ..။
အခုလို ကိုယ်တိုင်ရေးမှ.. ဘလော့ဆိုတာ စိတ်ထွက်ပေါက်တစ်ခုလိုလည်း.. ရင်ဖွင့်လို့ရတဲ့နေရာတစ်ခုအဖြစ်လည်း အသုံးဝင်တာပါလားလို့ သိလာရတယ်..။
ပုံလေးတွေနဲ့ ဗဟုသုတ တိုးပွားရပါကြောင်း :D
ကောင်းပါအိ..အထူးသဖြင့် ကျနော်တို့လို တောသားများအတွက်.. အမြင်ကျယ်စေပါသည်..။ ဟဲဟဲ..။
ကောင်းပါတယ်သူငယ်ချင်းရေ။ တခါတလေတော့လည်းအပြောင်းအလဲလေးပေါ့။
sweety ရေ
ဟုတ်တယ် ရထားစီးရတာ အရမ်းကိုအဆင်ပြေတယ် ဘာရထားစီးစီးပေါ့နော်
ရေလမ်းခရီးတော့မသွားဖူးသေးဘူး
ပုံပဲကြည့်လိုက်ပြီ စာရေးကောင်းတယ်
ကန်ဒီဆို မလေးနီးနီးလေးတောင် မရောက်ဖူးဘူး အဟင့်
ဗဟုသုတမှတ်သားဖတ်ရှုသွားပါတယ်ဗျာ....:)
မီးသွေးဖုတ်တာကြည့်ရင်း key chain လာတောင်းတာပါ။
Post a Comment