![]() |
cooolgirls.com |
ကျမ ဂျာမနီကို စရောက်ရောက်ချင်း. မေဂျာဘာသာတွေ စမသင်ရသေးခင်.. ဂျာမာန်ဘာသာ ၂ လ တက်ရပါတယ်..။ မြန်မာနိုင်ငံမှာတုန်းက ၃ လပဲ သင်တန်းတက်ခဲ့တာဆိုတော့.. အခြေခံလောက်ပဲ သိပြီး.. ဘာမှကျွမ်းကျွမ်းကျင်ကျင်မသိလို့.. Basic Level ကနေပဲ စတက်လိုက်ပါတယ်.. ။ အဲဒါမှပဲ စိတ်ချမ်းချမ်းသာသာနဲ့.. စာလိုက်နိုင်မယ်ဆိုတာ.. ကိုယ့်ကိုကိုယ်သေချာသိလို့ပါ.. :D.
အဲဒီမှာ.. တနေ့တော့. ဆရာမက German Vocab တွေအကြောင်းသင်ရင်း.. အားလုံးကို သိတဲ့စကားလုံးတွေ ချရေးခိုင်းပါတယ်..။ ပြီးတော့ မှန်မမှန်စစ်ပေးပြီး.. ဂျာမာန်စကားလုံးတွေထဲမှာ.. အကြိုက်ဆုံးက ဘာလဲလို့.. တစ်ယောက်ချင်းဆီကို မေးပါတယ်..။ လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုတော့. တစ်ယောက်တစ်ပေါက်နဲ့.. မသိတဲ့စကားလုံးတွေလည်း.. အများကြီးသိလာရပါတယ်.. ။ တစ်ချို့က.. “Liebe= အချစ်” ဆိုတာကို ကြိုက်တယ်တဲ့.. “Sehr gut= အရမ်းကောင်းတယ်”.. ဆိုတဲ့စကားကို ကြိုက်တဲ့သူလည်း ရှိပါတယ်.. အဲဒီစကားက ဒီမှာတော့တော်တော်ကို အပြောများတဲ့စကားပါ.. တစ်ခုခုသဘောကျပြီ.. တစ်ယောက်ယောက်ကို ချီးမွမ်းချင်ပြီဆိုတာနဲ့.. Sehr Gut! လို့ပြောကြပါတယ်. ကျမဆို အဲဒီစကားကို ခဏခဏပြောပါတယ်. သူများကို ချီးမွမ်းတာ ပိုက်ဆံမကုန်ပဲနဲ့… တစ်ဖက်သားစိတ်ချမ်းမြေ့စေလို့ပါ.. :P
တစ်ချို့တော့.. “Danke Schön=အရမ်းကျေးဇူးတင်ပါတယ်”.. “Guten tag= မင်္ဂလာပါ.” “Tschüss=bye” “Auf Wiedersehen= good bye, see you” စသဖြင့် စကားလုံးအမျိုးမျိုးပါပဲ..။ ကြာပြီဆိုတော့.. သိပ်မမှတ်မိတော့ဘူး..။ အခုတက်တဲ့ Course က International Course ဆိုတော့.. အင်္ဂလိပ်လိုပဲသင်တာမို့လို့.. ဂျာမာန်စာက နှုတ်ဆက်ရုံလောက်ကလွဲပြီး.. ဘာမှ သိပ်မသိတော့ပါဘူး.. :)
အဲဒါနဲ့ ဆရာမက ကျမကိုမေးပါတယ်. ဘယ်စကားလုံးကို အကြိုက်ဆုံးလဲဆိုတော့.. glücklich ကို အကြိုက်ဆုံးပါလို့ဖြေလိုက်တယ်.။ ဘာကြောင့်အဲဒီစကားလုံးကို ကြိုက်တာလဲလို့ ထပ်မေးပါတယ်..။ အဲဒီတော့ “Da bin Ich immer glücklich” လို့ ပြန်ဖြေလိုက်ပါတယ်..။ because I am always happy လို့ဖြေတာပါ..။ အဲဒီနောက်ပိုင်း.. သူငယ်ချင်းတွေကြားထဲမှာ.. အရမ်းပျော်တာပဲဆိုတဲ့.. glücklich ဆိုတဲ့စကားလုံးက ကျမကို ကိုယ်စားပြုတဲ့စကားလုံးတစ်လုံးလိုဖြစ်သွားပါတယ်..။ သူငယ်ချင်းတွေကပြောကြပါတယ်.. နင်အမြဲတမ်းပြုံးနေနိုင်တယ်တဲ့.. နင့်ကိုကြည့်လိုက်ရင် စိတ်ညစ်တာမတွေ့ရပဲ .. အမြဲတမ်းပျော်နေသလိုပဲတဲ့….။ ဟုတ်ပါတယ်.. ကျမက စိတ်ညစ်စရာစိတ်ရှုပ်စရာတွေ ခေါင်းထဲသိပ်မထည့်ပါဘူး..။ အမြဲတမ်းပျော်ပျော်ပဲနေပါတယ်.. ။ ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ.. တခြားသူတွေအတွက်လည်း.. အနည်းနဲ့အများတော့ ကူးစက်စေပြီး.. စိတ်ညစ်နေတဲ့သူ.. စိတ်ရှုပ်နေတဲ့သူဆိုရင်လည်း. နည်းနည်းပဲဖြစ်ဖြစ်.. ဖိအားလျော့သွားစေနိုင်လို့ပါ..။ နောက်ပြီး.. စိတ်ညစ်နေရုံ.. ညည်းတွားနေရုံနဲ့လည်း.. အခက်အခဲပြဿနာတစ်ခုက ပြေလည်သွားနိုင်တာမဟုတ်လို့ပါ..။
လောကဓံဆိုတာ အဆိုးနဲ့အကောင်း ဒွန်တွဲနေတာပါ..။ သဘာဝတရားကြီးကို ကြည့်လိုက်ရင်.. ဘယ်အရာဖြစ်ဖြစ်ဆန့်ကျင်ဘက်နှစ်ခုက ဒွန်တွဲနေတာချည်းပါပဲ.. ယောက်ျား-မိန်းမ၊ အချစ်-အမုန်း၊ အဆိုး-အကောင်း၊ ပျော်ရွှင်စရာ-ကြေကွဲဝမ်းနည်းစရာ၊ အောင်မြင်မှု-ရှုံးနိမ့်မှု၊ အခက်အခဲ-အဆင်ပြေလွယ်ကူသွားတာ..ချီးမွမ်းတာ-ကဲ့ရဲ့တာ စသဖြင့်.. ဒွန်တွဲနေတဲ့လောကကြီးမှာ.. ကျမတို့တွေအားလုံး.. အကောင်းတွေချည်းမတွေ့ရပဲ.. တစ်ခါတစ်ရံအဆိုးတွေလည်း လက်ခံရတာပါပဲ..။ အကောင်းတွေလက်ခံရရှိတုန်းကတော့.. ပျော်ရွှင်ကျေနပ်နေပြီး အဆိုးတွေနဲ့ကြုံတွေ့ရချိန်မှာ.. အားငယ်စိတ်ဓါတ်ကျ..၀မ်းနည်းမယ်ဆိုရင်.. ကျမတို့က လောကဓံတရားအပေါ် မတရားသလိုဖြစ်သွားတော့မှာပေါ့..။
တစ်ခါတစ်ရံ ကျမတို့ကြုံတွေ့ရတတ်ပါတယ်.. အခက်အခဲတစ်ခုဟာ.. ဘေးကနေကြည့်ပြီး.. ကိုယ်တိုင်ရင်မဆိုင်. မကြုံတွေ့ရသေးရင်သာ.. ငါဆိုရင်ရော.. ဒါကို ဖြေရှင်းကျော်လွှားနိုင်ပါ့မလားလို့… တွေးကြောက်တတ်ကြပေမယ့်… တကယ်တမ်းရင်ဆိုင်ရပြီဆို.. ဘေးနားကကြည့်တာထက်စာရင်..ခက်ခဲတယ်လို့မထင်ရပဲနဲ့.. နောက်ဆုံးမှာကျော်ဖြတ်သွားနိုင်ကြပါတယ်.. တချိန်ချိန်ကျတော့.. အဲဒီတုန်းက ခက်ခဲတယ်လို့ ထင်တဲ့အရာတွေဟာ..အတိတ်က ရယ်စရာဟာသတစ်ပုဒ်တောင် ဖြစ်လာကြပါတယ်..။ တစ်ကယ်တော့.. ပြဿနာတိုင်းမှာ အဖြေရှိပါတယ်.. အချိန်အတိုင်းအတာတစ်ခုပဲလိုတာပါ..။ အဲဒီအချိန်ကျော်လွန်သွားရင်တော့.. အခက်အခဲကနေ.. ပျော်စရာအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်..။ အဲဒါကြောင့်.. ကျမကျင့်သုံးတဲ့.. ကိုယ်ပိုင်ဆောင်ပုဒ်တစ်ခုကတော့.. “I believe I can” ဆိုတဲ့စကားစုပါ..။ ဘာပဲလုပ်လုပ်အဲဒီဆောင်ပုဒ်ကို ကျမအမြဲလက်ကိုင်ကျင့်သုံးပါတယ်..။ တစ်ခြားသူတွေတောင်.. လုပ်နိုင်ရင်.. ငါကရော.. ဘာလို့မလုပ်နိုင်ရမှာလဲလို့တွေးပြီး.. လုပ်ကိုလုပ်နိုင်ရမယ်လို့.. အမြဲတမ်းစိတ်ထဲမှာတွေးကာ အောင်မြင်အောင်လုပ်ပါတယ်..။လူတစ်ဦးတိုင်းဆီမှာ.. တစ်ခြားသူတွေနဲ့ မတူတဲ့.. ကိုယ်ပိုင်အစွမ်းအစတွေ.ပိုင်ဆိုင်ကြပါတယ်.. အဲဒါကြောင့်.. တစ်ချို့ကိစ္စတွေမှာ.. ကိုယ်မလုပ်နိုင်တာမျိုးတွေ. မတတ်နိုင်တာမျိုးတွေရှိပေမယ့်.. တစ်ချို့နေရာတွေမှာတော့.. တစ်ခြားသူတွေထက် ..ကိုယ်ကပိုကျွမ်းကျင်ပိုင်နိုင်တာတွေလည်း.. ရှိတတ်စမြဲပါ..။
အခက်အခဲဆိုတာတွေ. ပြဿနာတွေ.. စိန်ခေါ်မှုတွေသာမရှိပဲ… အရာရာအဆင်ပြေနေမယ်ဆိုရင်.. ဘ၀က တစ်သမတ်တည်းချည်း သွားနေရပြီး.. ပျင်းစရာကောင်းပါတယ်..။ ဘ၀မှာ.. စိန်ခေါ်မှုတွေကို လက်ခံနိုင်ပြီး.. ကျော်ဖြတ်နိုင်ပြီဆိုရင်.. ဘ၀ကပျော်စရာပိုကောင်းလာပြီး.. ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ .. ပိုတိုးလာပါတယ်..။ အဲဒီအခါ ဖြတ်သန်းရတဲ့ဘ၀က.. ပိုပြီး အဓိပ္မာယ်ရှိလာပါတယ်.. အဆိုးနဲ့အကောင်းဒွန်တွဲနေတဲ့လောကကြီးမှာ.. တခါတလေ.. ကျမတို့ကို ချစ်တဲ့သူတွေရှိသလို… မနာလိုတဲ့သူတွေ.. မုန်းတဲ့သူတွေဆိုတာလဲကြုံရတာပါပဲ..။ ကိုယ့်ဘက်ကကြည့်တော့..ခေါင်း၊ သူ့ဘက်ကကြည့်တော့.ပန်း.. ဆိုတာမျိုးလို.. ကိုယ်မှန်ပေမယ့်လဲ.. တခါတခါ.. အထင်လွဲတာမျိုးတွေလည်း ရှိနိုင်လို့..ကျမကတော့.. မုန်းတဲ့သူ. မနာလိုတဲ့သူတွေနဲ့ကြုံတွေ့ရလဲ.. စိတ်ထဲတော့.. သိပ်ထားလေ့မရှိပါဘူး..။ ဘာကြောင့်လဲဆိုရင်.. “I don’t have time to hate people who hate me back because I have to love people who love me.” ဆိုတဲ့. ကျမရဲ့နောက်ဆောင်ပုဒ်တစ်ခုအတိုင်း.. ကျမကိုမုန်းတဲ့သူတွေကို ပြန်မုန်းဖို့အချိန်မရှိပါဘူး.. ဘာကြောင့်လဲဆိုရင်..ကျမကိုချစ်တဲ့သူတွေကို ပြန်ချစ်ဖို့အတွက်. အချိန်တွေတောင်မလောက်လို့ပါ..။
အပေါ်စကားနဲ့အောက်စကားနဲ့ညီအောင် ညည်းလိုက်ဦးမယ်.. :D
တစ်နေ့က မနိုင်းနိုင်းစနေရဲ့ ဘလော့မှာ.. ပဲပုပ်ချက်တင်ထားတာ.. တို့စရာအသီးအရွက်လေးပါပြပြီး… စားချင်စရာကောင်းလို့.. လာကတည်းကပါလာတဲ့.. ပဲပုပ်ချပ်တွေကို .. အဲဒီလိုအပီအပြင်ချက်စားမယ်ဆိုပြီး.. Oven ထဲမှာထည့်ကင်လိုက်ပါတယ်..။ တစ်ခါမှလည်း မစားဖြစ်မကင်ဖြစ်တော့.. မြန်မြန်ကျက်အောင်ဆိုပြီး အပူချိန်ကို အဆုံးထိတင်လိုက်ပြီး.. ငါးမိနစ်ပဲ Timer ပေးထားတာပါ..။ ရာသီဥတုကအေးနေဆဲမို့.. Heater ဖွင့်ထားရလို့.. အခန်းကလည်း ပြတင်းပေါက်တွေ အကုန်ပိတ်ထားတဲ့အချိန်… ပဲပုပ်တွေ..မီးကျွမ်းပြီး.. တခန်းလုံးကို ပဲပုပ်နံ့တွေ.. ထောင်းထောင်းကိုထလို့ပါပဲ.. :(
၂ ရက်ကြာပြီကို အခုထက်ထိအနံ့တွေက မပျောက်သေးဘူး.. Air Fresher တွေလဲဖျန်း ဖယောင်းတိုင်တွေလဲ ထွန်းပါတယ်..။ အပြင်မှာချိတ်ထားတဲ့ ကုတ်အကျီင်္တွေလည်း.. အနံ့တွေစွဲပြီးတော့.. ပြန်လျှော်ရတာ ခုထိတောင် မခြောက်သေးဘူး..။ အပြင်ကနေပြန်လာပြီး.. အခန်းထဲဝင်ဝင်ချင်းဆို ပဲပုပ်နံ့လေးကိုသင်းလို့ပါပဲ..။ :D ဒီပြဿနာကတော့.. အချိန်ဘယ်လောက်ကြာမလည်း မသိသေးဘူး.. နေရတာတော့.. အနံ့တထောင်းထောင်းနဲ့ပါ… :)
Thanks A Lot to All! Be Always Happyyyy!!♥ ♥♥ ♥ ♥♥ ♥ ♥♥
9 comments:
Snow ရေ အခုတောင် ပဲပုပ်နံ့လေး ရသလားလို့.....ရှမ်းပြည်က အမျိုးသမီးနဲ့ ရှမ်းပြည်ကိုလွမ်းလိုက်တာ.............ပျော်ရွှင်တတ်သူလေး.......အမြဲတမ်းပျော်ရွှင်နိုင်ပါစေ.....ငယ်လား ကြီးလားမသိဘူး....ခေါ်လိုက်ပြီ စနိုးလို့ဘဲနော်.....
အယ်..တူများလွမ်းနေတာကို.ပိုလွမ်းအောင် ပြောမိပြီထင်တယ်.. :). ခေါ်ချင်သလိုခေါ်လို့ရပါတယ်ကွယ်.. :)
အဲဒါကြောင့် ဘလော့ထဲရောက်တာ နဲ့ ပဲပုပ်နံ့လေးရနေပါတယ်ထင်နေတာ. ဟိဟိ..
ပဲပုပ်နံ့ နံရင် မနံအောင် နည်းလေးပေးမယ် မှတ်ထား ဈေးကိုသွား ငါးရောင်းတဲ့သူဆီက ငါးရေဆေးပြီးသားရေတွေယူ တစ်ခန်းလုံး ပတ်လိုက်..နော်(မှတ်ချက်။ ။လူနေလို့မရတော့ပါ ဟီးဟီး စတာနော် တယ်ချင်း..)ပျော်ရွှင်ပါစေ...
အော်.. ချောက်နှုတ်ခမ်းဝရောက်နေတဲ့သူကို သနားလို့ဆိုပြီး တွန်းချတဲ့သူနဲ့တွေ့နေပါလား..ေိေိေိေိေိ
အားပေးဖတ်ရှု့သွားပါတယ်ဗျာ
“I don’t have time to hate people who hate me back because I have to love people who love me.” ..
ကောင်းလိုက်တဲ့ စာသားလေး ကျေးဇူးပါ စနိုးရေ..
အဖိုးတန်တဲ့ ပို့စ်လေးဖတ်လိုက်ရလို့ ကျေးဇူးပါ..
အမြဲပျော်ရွှင်နေတဲ့ သူလို့ သိရတဲ့ အတွက် စိတ်ထားတက်သူလို့ ချီးမွမ်းမိပါတယ်..frankfurt ရောက်ရင် လာလည်နော်..
ချစ်တဲ့
အိမ်မက်
ဟဟဟဟအပြင်ကပြန်လာရင်ပဲပုတ်နံလေးနဲ့ပေါ့...
Da bin Ich immer glücklich
အမရေ..ညီမကဂျာမန်စာလေ့လာနေတာ..ကျေးဇူးပဲ..
Post a Comment