"နင်လိုအပ်တဲ့အချိန်တိုင်း. နင်အခက်အခဲကြုံတဲ့အခါတိုင်း.. ငါဘယ်နေရာမှာပဲရှိနေနေ... အပြေးရောက်လာမှာပါ... သူငယ်ချင်းကောင်းတစ်ယောက်အဖြစ်ပေါ့.....။ အသံထွက်ရေရွတ်နေစရာမလိုပဲ.. စိတ်ထဲကတမ်းတလိုက်ရုံနဲ့.. နင့်စိတ်ကို အလွတ်ရနေတဲ့ငါ.. နင့်ရှေ့မှောက်ကို ရောက်လာပါလိမ့်မယ်.."
နှစ်ဦးသဘောတူ.လမ်းခွဲကြတဲ့အချိန်မှာ.. မျက်ရည်တွေနဲ့.. သူပြောခဲ့တဲ့..စကားလုံးတွေပါ...။
တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြပါလျက်နဲ့.. တခါတရံမှာ.. ကံကြမ္မာအလှည့်အပြောင်းကြောင့်.. လက်တွဲဖြုတ်ခဲ့ရတဲ့.. ချစ်သူတွေ.. ဒီကမ္ဘာပေါ်မှာ.. ဘယ်လောက်တောင် များနေပြီလဲလို့.. သူမ တွေးမိတဲ့အခါ.. မျှော်လင့်မထားခဲ့ပါပဲ. အခုအချိန်မှာ.. သူနဲ့သူမကရော... အဲဒီလိုဝေးကွာသွားကြတဲ့. ချစ်သူတွေထဲမှာ.. အပါအ၀င်ဖြစ်သွားခဲ့ပြီပေါ့...။
" ငါနင့်ကို အရမ်းချစ်ခဲ့ပါတယ်... သူငယ်ချင်းလိုရော. အစ်ကိုလိုရော. ချစ်သူလိုရော အချစ်တွေအားလုံးပုံအောပြီး. ၅ နှစ်လုံးလုံး.ငါ့ဘ၀မှာ ချစ်ရမယ့်သူဟာ.. နင်တစ်ယောက်တည်းပဲလို့.. ယုံကြည်ခဲ့ပြီး. အချစ်ကြီးချစ်ခဲ့တယ်.. ရည်မှန်းချက်တွေပြည့်ဝတဲ့တစ်နေ့မှာတော့.. ငါတို့ဘ၀နှစ်ခု ပေါင်းစပ်ကြမှာပဲလို့.. ရိုးရိုးလေးပဲ. ယုံကြည်ထားခဲ့တယ်...
အခုလိုမျိုး.. . ငါတို့ဘ၀မှာ တတိယလူဝင်လာမယ်လို့.. ငါတစ်ခါမှ မတွေးခဲ့ဖူးသလို... နှစ်ယောက်စလုံးရဲ့ အသိုင်းအ၀ိုင်းတွေ.. သူငယ်ချင်းတွေအားလုံးလည်း... ဘယ်လိုမှ မျှော်လင့်မိခဲ့မှာမဟုတ်ပါဘူး..."
သူမရဲ့စကားလုံးတွေကို.. သူတိတ်ဆိတ်စွာပဲ. နားထောင်နေခဲ့တယ်...။ တကယ်တော့.. သူ့မှာ ပြန်ပြောစရာ သူမကို နှစ်သိမ့်စရာ စကားလုံးမရှိလောက်အောင်.. ဆို့နင့်ကြေကွဲနေခဲ့လို့ပါ..။ မှားခဲ့တဲ့အမှားတစ်ခု အတွက်..ခွင့်လွှတ်ပေးပါလို့.. တောင်းပန်ရလောက်အောင် သူ့အသက်ထက်မြတ်နိုးခဲ့တဲ့ .. ဖြူစင်လွန်းတဲ့ ချစ်သူကို.. သူ့ဘ၀အမည်းစက်တွေ.. အစွန်းထင်းမခံစေချင်ခဲ့ပါဘူး...။
သူမကို သူချစ်ခဲ့တာ ရယူပိုင်ဆိုင်ချင်တဲ့အချစ်မဟုတ်ဘဲ.. သူမဘ၀အောင်မြင်နေတာ.. သူမပျော်ရွှင်နေတာ.. သူမဘ၀ရှေ့ရေးအတွက်.. ယုံကြည်ချက်အပြည့်နဲ့.. ကြိုးစားနေတာကိုပဲ.. သူအမြဲလိုလားခဲ့တာပါ...။ တစ်ယောက်နဲ့တစ်ယောက်.. အနေဝေးကြပေမယ့်.. သူမဆီကို... သူအမြဲဆက်သွယ်ခဲ့ပြီး...သူမရဲ့ ရှေ့ဆက်မယ့် ပညာရေးအတွက်.. မျှော်လင့်ချက်တွေ.. ယုံကြည်ချက်တွေနဲ့..ကြိုးစားနေတဲ့အချိန်တိုင်း..သူမရဲ့အောင်မြင်မှုတွေကို..ကလေးတစ်ယောက်လို သူ့ကိုရယ်မောပျော်ရွှင်ပြီး .. ပြောပြတဲ့အခါတိုင်းမှာ.. နှစ်ယောက်အတူ.. ဘ၀တစ်ခုကို တည်ဆောက်ကြရအောင် ဆိုတဲ့စကားကို.. သူပြောဖို့ ဆွံ့အခဲ့ရပါတယ်...။ သူမရဲ့ ရှေ့ဆက်မယ့် ပညာရေးအတွက်.. သူဟာအတားအဆီးတစ်ခုဖြစ်မှာ.. စိုးကြောက်ခဲ့ပြီး... သူမရဲ့ကြိုးစားမှုတွေတိုင်းကို သူအလေးထားခဲ့လို့.. အိမ်ထောင်ရေးဆိုတဲ့.. ကွန်ယက်ထဲကို သူမကို စောစောစီးစီး ခေါ်မသွင်းရက်ခဲ့ပါဘူး..။
![]() | |
ထွက်သွားလို့ နှုတ်ခမ်းက ဆိုပေမယ့်... မထားခဲ့ပါနဲ့လို့ ရေရွတ်နေမိတယ်.. ဒါပေမယ့်.သူမကြားစေရဘူး. |
သူ့ကိုအရမ်းချစ်တဲ့သူမဟာ.. လိုချင်တဲ့ပန်းတိုင်ကို ရောက်ပြီးရင်တော့.. အခက်အခဲမရှိ လက်တွဲသွားနိုင်မှာပဲလို့.. သူဖြေသိမ့်တွေးခဲ့ကာ... သူမရဲ့ အားတက်သရော.. ကြိုးစားမှုတွေကိုပဲ... တစ်ချိန်လုံး.. အားပေးနှစ်သိမ့်ခဲ့ပြီး..သူမအားလျှော့ချင်သလိုဖြစ်လာတဲ့အချိန်မှာတောင်.. သူမရဲ့ ရည်မှန်းချက်တွေ မပျောက်ပျက်သွားဖို့အရေးကို. သူက ပိုစိုးရိမ်တွန်းအားပေးခဲ့ဖူးပါတယ်...။
ဘ၀မှာ ဘာတွေဆက်ဖြစ်လာနိုင်မလဲလို့.. ကြိုတင်မျှော်လင့်လို့မရခဲ့တာမို့... သူ့ဘ၀ရဲ့.. ကံဆိုးမိုးမှောင်ကျတဲ့အချိန်ဆိုတာလည်း.. မရည်ရွယ် မမျှော်လင့်ထားပါပဲ... ရောက်လာခဲ့ပြီး.. သူ့ဘ၀မှာ ဖျက်မရတဲ့.. အမည်းစက်တစ်ခု စွန်းထင်းခဲ့ရပါတယ်..။ သူနဲ့ဝေးတဲ့နေရာတစ်ခုမှာ .. ဖြူစင်အပြစ်ကင်းပြီး.. အောင်မြင်စပြုနေပြီဖြစ်တဲ့.. သူမဘ၀ထဲကို. အခုတော့.. သူဝင်လာဖို့. အင်အားမရှိတော့ပါဘူး..။
" ငါတို့နှစ်ယောက်.. ရှေ့ဆက်လက်တွဲဖို့. ဘယ်လိုမှ မဖြစ်နိုင်တဲ့အခါ.. လမ်းခွဲမယ်ဆိုတဲ့စကားကို.. ငါလက်ခံရမှာပေါ့.. . နင့်ရဲ့အားပေးမှုတွေ.. နှစ်သိမ့်စကားတွေ.. ငါ့မျှော်လင့်ချက်တွေ ဖြစ်မလာတဲ့အခါတိုင်း အားမလိုအားမရ. ဝေဖန်ပေးတတ်တာတွေ.. ဆက်မရှိနိုင်တော့ပေမယ့်... ငါ့ဘ၀ကို အကောင်းဆုံးလျှောက်လှမ်းသွားမှာပါ...။ ဘေးနားမှာ အားမလိုအားမရဖြစ်စရာ.. အမြဲတမ်းနှစ်သိမ့်အားပေးနေရတတ်တဲ့.. စကားများတဲ့ကောင်မလေးတစ်ယောက် မရှိတော့အတဲ့အခါ.. ငါမပါတော့မယ့် နင့်ဘ၀ဟာ နည်းနည်းတော့ ပျင်းစရာကောင်းချင်ကောင်းနေလိမ့်မယ်.. ဒါပေမယ့်.. နင်နေတတ်သွားမှာပါ.. "
အဲဒီစကားတွေကို ပြောနေတဲ့အခိုက်မှာ.. သူမဟာ သူသိခဲ့ဖူးတဲ့.. ခံစားချက်ကို ပွင့်ပွင့်လင်းလင်းဖော်ပြလေ့ရှိတဲ့... ထစ်ကနဲဆို ငိုတတ်တဲ့.. ကောင်မလေးတစ်ယောက်မဟုတ်တော့ပဲ.. ရင်ထဲမှာ ခံစားရတာကို မျက်နှာပေါ်မှာ.. မျက်လုံးထဲမှာ..မပေါ်စေပဲ... ဟန်ဆောင်ထိန်းချုပ်နိုင်တဲ့.. မိန်းကလေးတစ်ယောက်ဖြစ်နေပြီမှန်း.. သူသိခဲ့ပါပြီ...။
" အမုန်းတွေနဲ့.. ငါတို့နှစ်ယောက်လမ်းခွဲခဲ့ကြရရင်တောင် .. ဘယ်လောက်ကောင်းမလဲ ကောင်မလေးရယ်.. အချစ်စစ်မှန်ရင်.. ဘယ်တော့မှမဝေးဘူးဆိုတဲ့..စကားအတိုင်းဆို... ငါတို့နှစ်ယောက်က ..ဘာကြောင့်ဝေးခဲ့ကြတာပါလိမ့်.."
သူမအပေါ်မှာ.. သူ့ထက်ချစ်နိုင်မယ့်သူဆိုတာ.. မရှိနိုင်သလို. သူ့အတွက်လည်း.. သူမထက်ပိုချစ်ရမယ့် မိန်းကလေးဆိုတာ.. ဘယ်လိုမှ .. ရှိမလာနိုင်ပါဘူး..။ နွေ..မိုး.. ဆောင်း.. ဘယ်အချိန်မှာပဲဖြစ်ဖြစ်.. နေ့ဖြစ်ပါစေ.. ညဖြစ်ပါစေ.. နင်လိုအပ်တဲ့အချိန်တိုင်း.. နင့်ရှေ့ကို အရောက်လာခဲ့မှာပါ.. နင့်မျက်ရည်တွေ.. မျက်လုံးအိမ်ထဲက.. မထွက်ကျခင်.. လောကကြီးရဲ့ လှည့်စားမှုတွေကို.. နင်ခံရလို့.. နင်ဝမ်းနည်းအားငယ်နေမယ်ဆိုရင်.. အဖြူစင်ဆုံး..သူငယ်ချင်းတစ်ယောက် အဖြစ်.. နင့်ဘေးမှာ.. တစ်သက်လုံးရှိနေပေးမယ့်.သူပါ..။
(ပထမဆုံး အပြီးထိ ရေးဖူးတဲ့.. အဖြစ်အပျက်ဇာတ်လမ်းတစ်ခုပါ.. :D.. ပုံက Google Image ကနေ ရှာတွေ့ထားတာပါ. ရှာထားတာကြာပြီမို့..ဘယ် website ကလဲ မမှတ်မိတော့ပါဘူး..@^@..အဆုံးထိ ဖတ်ပေးလို့.. ကျေးဇူးအများကြီးတင်ပါတယ်..)
7 comments:
စိတ်ထဲမှာ တစ်ချို့ အပိုင်းအစတွေ ကျန်နေခဲ့တယ်.................................................................။ ဘာလို့လဲတော့မသိဘူး...။ သက်ပြင်းအကြီးကြီးချမိတယ်.။
ထပ်တူခံစားပေးတာ အရမ်းကျေးဇူးတင်ပါတယ်မောင်လေးရေ.. တကယ်တော့.. သူငယ်ချင်းချစ်သူတွေရဲ့ အချစ်တွေက တခြားအချစ်တွေထက် ပိုခိုင်မြဲတယ်လို့ ထင်တယ်..။
ဒါကတော့.. ဖန်းတီးရေးထားတဲ့..ဇာတ်လမ်းတစ်ပုဒ်သက်သက်ပါ.. :)
လာရောက်ခံစားအားပေးသွားပါတယ်ဗျာ......ဖြစ်တတ်တဲ့ အကြောင်းလေးတွေအတွက်......ခံစားသွားရပါတယ်.....
ပိုစ့်လေးဖတ်ပြီ တခုခုကိုသတိရမိပါတယ်ညီမရေ
အားပေးသွားပါတယ်
ခံစားသွားပါတယ်ဗျာ...သူငယ်ချင်းဆိုတဲ့ သံယောဇဉ်ဟာလည်း လွယ်လွယ်နဲ့ မေ့ပျောက်သွားလို့ရတဲ့ အရာတစ်ခု မဟုတ်ဘူးနော်...:)
ဟုတ်တယ်............စာတွေကတော်တော်ကောင်းတယ်.ခံစားချက်ချင်းတွေတောင်တူတယ်
အချစ်ကို အဖြေရှာကြည့်တာ တော်တော်ခက်တယ်နော်။ သက်ရောက်မှုတိုင်းမှာတန်ပြန်သက်ရောက်မှုလဲ မရှိဘူး။ ကိုယ်စိုက်ပျိုးတာလဲ အဖျက်ပိုးဝင်ရင် ကိုယ်ပြန်ရိပ်သိမ်းလို့မရဘူး။ လိုက်တော့ပြေးတယ်။ ကိုယ်က ပြေးပြန်တော့ သူကလိုက်တယ်။ နှစ်ယောက်လုံးပြိုင်ပြေးတော့ ပိုဝေးသွားတယ်။ မျက်နှာချင်းဆိုင်လျှောက်မိပြန်တော့ တစ်ယောက်နှဖူးတစ်ယောက်တိုက်မိရော။ဟားဟား အဲဒီအချစ်ကတော့ခက်တော့ခက်သား
Post a Comment