Thursday, 29 March 2012

# My Favorite Songs ^^ # My Own Feelings

ပိတောက်တွေပွင့်ပြီ.. နင့်ကိုလွမ်းလှပြီ.. ♥ ♥ ♥

 
အချိန်မှာ မိုးပြေးလေးရဲ့အနံ့နဲ့ အ၀ါရောင်လတန်ခူးရယ်
ပန်းပိတောက်တို့က မင်းအတွက် အလှဆင်ပေးကြတယ်
ပြီးခဲ့တဲ့နှစ် ပိတောက်ပွင့်တဲ့ ဒီအချိန်နွေဦးအလယ်
ကိုယ့်ရဲ့အနားမှာ… ချစ်သူနင်ရှိခဲ့တယ်…. ♥♥ ♥

အခုနှစ်ကျတော့
ပန်းပိတောက်တို့ ဝေချိန်ရောက်လည်း
ကိုယ့်ရဲ့နံဘေးနား မင်းရောက်မလာခဲ့တော့ကွယ်…………..
သက်ပြင်းလေးများနဲ့… နှုတ်ဆိတ်လို့ မျှော်နေရင်ထဲ
ပိတောက်တွေပွင့်ရင် မင်းကိုသိပ်လွမ်းတယ်…
မြေနီလမ်းလေးထက် ပိတောက်ပန်းပွင့်ပြီကွယ်…♥♥
ပိတောက်တို့မပွင့်ခင် မင်းလာမယ်ပြောခဲ့တယ်.. ♥♥ ♥
မြေနီလမ်းလေးထက်.. အလွမ်းနဲ့မျှော်နေဆဲ
ပိတောက်တွေပွင့်ပြီ… အရောက်နင်လာခဲ့…………………

♥♥ ♥ လမ်းထဲမှာ..
ပိတောက်တွေပွင့်နေကြပြီ.. နင်မရှိလည်း…………..
ပိတောက်တွေပွင့်ပြီ….. နင့်ကိုလွမ်းလှပြီ…. ♥♥ ♥
မိုးပြေးရယ်… ခဏနင်စောင့်တော့ပေးပါ……………..
တောင်းပန်တယ် ……………….မိုးရယ်
သူလေးကိုယ့်အတွက် အရောက်လာလိမ့်မယ်….. ♥♥ ♥

ပန်းပိတောက်ရယ်… ခဏနင်စောင့်လို့ပေးပါ……… မဝေပါနဲ့…………..
ပိတောက်တွေပွင့်ရင် လွမ်းလို့လေ
မိုးပြေးရယ်………. ခဏနင်စောင့်တော့ပေးပါ
တောင်းပန်တယ်…………. မိုးရယ်
အချစ်ဆုံးကိုယ့်အတွက်…. အရောက်လာမယ်…. ♥♥ ♥



 
ဒီသီချင်းကို.. လုံးဝမကြားဖူးတဲ့သူဆို.. စဖတ်ဖတ်ချင်း ကဗျာလိုလို ဘာလိုလိုပေါ့.. အထင်ကြီးခံရနည်းလားဆိုပြီး.. ဘာမှမပြောဘဲ သီချင်းစာသား ကူးချထားတာ… :D
ဒီသီချင်းက ဒီနှစ်သင်္ကြန်အတွက်.. အကြိုက်ဆုံးသီချင်းဖြစ်ပါတယ်..။
ဆုန်သင်းပါရ်ကိုတော့.. အရမ်းကြိုက်တယ်.. သူဆိုတဲ့သီချင်းတိုင်းကြိုက်တယ်..။
သူ့စတိုင်ကိုလည်. ကြိုက်တယ်… သူစကားပြောတာက ချွဲနွဲ့မနေဘဲ… ပွင့်ပွင့်လင်းလင်း.. ပြောတတ်တာကို ကြိုက်တာ..။ စကားပြောရင်.. အီစီအီစီဆို.. သိပ်နားမထောင်တတ်ဘူး…။ သူစကားပြောတာက… အဲလိုပဲမများဘဲ… တိုင်းရင်းသူပီပီ.. ဟန်ဆောင်ပန်ဆောင်တွေ သိပ်မရှိဘူး..။
အဲဒါကြောင့်.. ဒီနှစ်သင်္ကြန်အတွက်.. အကြိုက်ဆုံးသီချင်းအဖြစ် … ဆုန်သင်းပါရ်ရဲ့ "ခဏစောင့်ပေး" ဆိုတဲ့ သီချင်းကို ၂၀၁၂ သင်္ကြန်အမှတ်တရ... ဘလော့ပေါ်မှာ မှတ်တမ်းတင်ထားလိုက်ပါတယ်...။

Photo Credit goes to nmmflowerslovers.blogspot.com

အားလုံးပဲ.. မြန်မာနှစ်သစ်ကို.. ပျော်ရွှင်မှုတွေအပြည့်နဲ့ စောင့်ကြိုဖြတ်သန်းနိုင်ကြပါစေ.. ♥♥ ♥

12 comments:

စံပယ်ချို said...

တစ်ကယ်ပါပဲ ဖြစ်ရမယ်လေ ကဗျာထင်ပြီးဖတ်နေတာပါ
သီချင်းတင်ထားတာ အဲတာသီချင်မှန်လဲမသိပါဘူးဟယ်
((စဖတ်ဖတ်ချင်း ကဗျာလိုလို ဘာလိုလိုပေါ့.. အထင်ကြီးခံရနည်းလားဆိုပြီး)) အဲတာတွေ့မှပဲ အော်သူသီချင်းပါတင်ထားပြီးစာသားလေးပါထဲ့ရေးထားတာပါလား
အတော်ဟုတ်နေသားပဲ အဲဒီသီချင်းလဲ ပထမဦးဆုံးနားထောင်ဖူးတာပဲ
ဟိ

Unknown said...

ပိတောက်ကိုမြင်တော့ သင်္ကြန်တောင်ရောက်တော့မှာပဲလို့ စိတ်ထဲမှာ သတိရသွားမိတယ်....
ကျေးဇူး အမ...
သီချင်းနားထောင်သွားတယ်ဗျ....:)

ရင်ဆူး said...

စနိုးရေ ငါလည်း နင်ကဗျာရေးထားတယ်ထင်သွားတယ် နောက်မှ သိတော့တယ်....တော်တော်ဆိုးပါ့......သီချင်းလေးနားထောင်သွားတယ်နော်......သင်္ကြန်တောင် လွမ်းလာပြီဟာ........

အောင်အောင် said...

အော်...သင်္ကြန်ရောက်တော့မယ် နာလည်းလွမ်းတယ် ...သတိတွေလည်းရနေတယ်...သီချင်းလေးလည်းနားထောင်သွားတယ် အခုလိုဝေးနေရတဲ့ သူအချင်းချင်း စာနာပါတယ် လွမ်းဟေ့ အားရပါးရလွမ်း တစ်ယောက်ထဲလွမ်း...လွမ်း...လွမ်း...

ချစ်စံအိမ် said...

ဟုတ်တယ် စနိုးရေ မမဂျက်ပြောသလိုပဲ ကဗျာထင်လို့ဖတ်နေတာ

မိုးသက် said...

အနော်လည်းကဗျာမှတ်နေတာ.. ဆုန်သင်းပါရ်ဆိုလို့.. ဒီကိုလာခါနီး မျက်ရည်လေးဝဲပြီး ဆိုပြတဲ့.. ချယ်ရီမြို့ သီချင်းလေးကို သတိရပြီးဆွေးသွားတယ်.။

Snow May said...

တူ့ကို သီချင်းဆိုပြတဲ့တူ ရှိတယ်ဆိုပြီး အကွက်ဝင်တုန်းကြွားသွားပါလား..:P

အောင်သက်ခိုင် said...

တယ်ချင်းရေသီချင်းလေးနဲ့လွမ်းသွားပါတယ်:P

နွေလ said...

အောက်က သီချင်းလို့ စာသာ မရေးထားဘူးဆိုရင်
ကဗျာလို့ ထင်လိုက်မိမှာပဲ အစ်မရေ
နားထောင်သွားပါတယ်
အခု ပထမဆုံး ကြားဖူးတာပဲ

ဧဒင်အချစ်ပုံပြင် said...

သူငယ်ချင်းရေသီချင်းလေးရောကဗျာလေးပါခံစားသွားပါတယ်ကျေးဇူးနော်...

ပဥာက် said...

အရမ်းလွမ်းတာပဲ..မြန်မာပြည်ကို...ပြန်ချင်ပါပြီ

Yoemyaykya said...

ကဗျာလေးကောင်းတယ်လို့ရေးမလို့ အဲဒါသီချင်းလား။ကြားဖူးဖူး။ သင်္ကြန်ကိုကြိုက်ပေမယ့် သင်္ကြန်သီချင်းတွေကြိုက်ဖူး။

Follow Us @soratemplates